.
ရှမ်းပြည်နယ်
အတွင်း ပြေးဆွဲနေသော မော်တော်ယာဉ်လိုင်းများအား COVID -19 ထိန်းချုပ် ကာကွယ်သော
အနေဖြင့် မတ်လ ၂၈ ရက်မှ စတင်၍ ခရီးသည်များ တစ်ဝက် လျော့ချရန် ရှမ်းပြည်နယ် အစိုးရမှ
ညွန်ကြားထားကြောင်း သိရသည်။
.
"
Bus ကားတွေနဲ့ လိုင်းကားတွေ အားလုံးပေါ်မှာ တစ်ဝက်လောက်ပဲ တင်ဖို့၊ ၃ ပေခြားစီ ၂ ပေ
ခြားစီ ခြားပြီး နေရာ ကျဲကျဲနဲ့ တင်ဖို့ ညွန်ကြားထားပါတယ်။” ဟု ရှမ်းပြည်နယ် အစိုးရ
ပြောရေးဆိုခွင့်ရှိသူ ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးညွန့်လွင်မှ ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
ထို့အပြင်
ရှမ်းပြည်နယ်အစိုးရအနေဖြင့် ရှမ်းပြည်နယ်အတွင်း၌ ကုန်စျေးနှုန်းများ မြင့်တက်မှု
မရှိစေရေးအတွက် ဆောင်ရွက်ထားပြီး ဖြစ်ကာ စားနပ် ရိက္ခာများကိုလည်း အရေးပေါ် ဖြန့်ဝေ
ပေးနိုင်ရေးအတွက် စီစဉ် ထားရှိပြီး ဖြစ်ကြောင်းကိုလည်း ဝန်ကြီး ဦးစိုးညွန့်လွင်မှ ဆက်လက်
ပြောကြားသည်။
.
COVID
19 နှင့် ပတ်သက်၍ မြို့နယ်အလိုက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ဦးဆောင်သော အဖွဲ့များမှ
ကျန်းမာရေးနှင့် ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန် အချက်များအား အသံချဲ့စက်ဖြင့် လိုက်လံ
ဆော်သြမှုများ ပြုလုပ်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ညွှန်ကြားထားကြောင်း သိရသည်။
.
ရှမ်းပြည်နယ် အတွင်းရှိ ဆေးရုံ ၁၆ ခုတွင် COVID-19
နှင့် ပတ်သက်၍ စောင့်ကြည့်လူနာ ၅၉ ဦး၊ သံသယလူနာ ၁ ဦး၊ စုစုပေါင်း လူနာ ၆၀ ဦး ရှိပြီး
ယင်းတို့အား ဓါတ်ခွဲ စမ်းသပ်ချက်အရ လူနာ ၅၂ ဦးတွင် ပိုး တွေ့ရှိခြင်း မရှိဘဲ ဓါတ်ခွဲ
အဖြေစောင့်ဆိုင်းဆဲလူနာ ၈ ဦး ရှိကာ ပိုးတွေ့လူနာ မရှိသေးကြောင်း ကျန်းမာရေးနှင့် အားကစား
ဝန်ကြီးဌာနက ယနေ့ (မတ်လ ၂၈ ရက်)၊ နံနက်ပိုင်း၌ ထုတ်ပြန်ထားသော အချက်အလက်များအရ သိရသည်။