နိုင်ငံရေး စာမေးပွဲ - Kanbawza Tai News

Breaking

Boxed(True/False)

Saturday, March 7, 2020

နိုင်ငံရေး စာမေးပွဲ


စိုင်းသိင်္ခသူ
.
ကဗျာဆရာ သစ္စာနီက ပန်းများသည် အရောင်စုံသော် လည်း ရန်မဖြစ်ကြပေတဲ့။
.
နိုင်ငံရေးပန်းတွေကတော့ -
၂၀၂၀ နှစ်ကုန်ပိုင်းဆို ပါတီနိုင်ငံရေးသမားတွေ လူထုက စစ်တဲ့ စာမေးပွဲ ဖြေရပါတော့မယ်။ ဒီစာမေးပွဲကို လူထုက စစ် ရတာဟာ သူတို့ရဲ့ အနာဂတ်၊ တိုင်းပြည်ရဲ့အနာဂတ်ဖြစ်လို့ သိပ်အရေးကြီးတာပါ။ စာမေးပွဲဆိုတဲ့အတိုင်း အရည်အချင်း တွေကို ခိုးချခြင်း၊ မသမာမှုနဲ့ အောင်စေခြင်းတို့ မပါဖို့ကလည်း အစွမ်းကုန် ကာကွယ်ကြရမှာပါ။ ဒါမှသာ တော်တည့်မှန်ကန် တဲ့ အရည်အချင်း ပြည့်သူတွေ စာမေးပွဲအောင်ပြီး တိုင်းပြည် ကို ဦးဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒီမိုကရေစီကို ဖော်ဆောင်နိုင် မှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းသာယာတဲ့ ဖက်ဒရယ်နိုင်ငံတော်ကို တည်ဆောက်နိုင်မှာ ဖြစ်တယ်။ ဒါပေမဲ့ အလိုအလျောက်အောင် ကြတဲ့ သူတွေကလည်း ၂၀၀၈ အရတော့ ပါလာဦးမှာပါ။
.
လာမယ့် ၂၀၂၀ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကာလ နီးလာလေလေ နိုင်ငံရေးကျားကွက်တွေ ရွှေ့လာလေလေ ဆို တော့ခြေလှမ်းတွေ ခပ်စိပ်စိပ် လှုပ်ရှားလာကြသလို ပွတ်တိုက် မှုတွေလည်း များလာတော့မှာ ဖြစ်ပါတယ်။ ခုတောင် စည်းရုံး ရေးသဏ္ဍာန် ဖော်ဆောင်တဲ့ ဗီနိုင်းတွေကိစ္စ၊ ဘာသာရေး ကြောင်းပြ လှုပ်ရှားမှုတွေသာမက အချို့သော နေရာတွေမှာ စည်းရုံးရေးကာလ မသတ်မှတ်သေးပေမယ့် တစ်နည်းတစ်ဖုံ စည်းရုံးနေကြတယ်ဆိုတာ ကြားလာနေရပါပြီ။
.
ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းများအရ ယှဉ်ပြိုင်မှု ဥပဒေများအရ တရားမျှတသော ရွေးကောက်ပွဲစံနှုန်းတွေ အတိုင်း လက်ရှိအစိုးရအနေနဲ့ ပွင့်လင်းမြင်သာစွာ ဆောင်ရွက် မယ်လို့ ယုံကြည်ပါတယ်။ ဒီလိုယုံကြည်တဲ့အတွက် လာမယ့် ရွေးကောက်ပွဲကို ထင်ကြေးအနေနဲ့ မှန်းဆ ဆန်းစစ်ကြည့်ရ အောင်ပါ။
.
ဒီတော့ ဆန်းစစ်ကြည့်မယ်ဆိုရင် လက်ရှိ မြန်မာနိုင်ငံမှာ လွှတ်တော် အမျိုးအစား ()ရပ်ရှိတော့ ပြည်သူ့လွှတ်တော်၊အမျိုးသားလွှတ်တော်နဲ့ အဲဒီလွှတ်တော် နှစ်ရပ်ပေါင်းထားတဲ့ ပြည်ထောင်စုလွှတ်တော်တို့မှာ တစ်ခုချင်းစီ ဆန်းစစ်ကြည့်မယ် ဆိုရင် ပြည်သူ့လွှတ်တော်မှာက ကိုယ်စားလှယ်ပေါင်း ၄၄၀ ရှိ ပါတယ်။ ထိုအထဲမှာမှ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို ကိုယ်စားပြုတဲ့ ထိုင်ခုံ ၁၁ဝရှိတာဖြစ်လို့ ကျန်တာက မြို့နယ် အသီးသီးက ပြည်သူလူထုတွေရဲ့ဆန္ဒမဲနဲ့ တက်လာတဲ့ မြို့ နယ်ပေါင်း ၃၃၀ က မဲဆန္ဒနယ် ပြည်သူတွေကို ကိုယ်စားပြုတဲ့ ပြည်သူ့ကိုယ်စားလှယ်က ၃၃၀ ရှိမှာ ဖြစ်ပါတယ်။ ပြည်သူ့လွှတ် တော်မှာ အကြောင်းခြင်းရာတစ်ခုကို မဲခွဲ ဆုံးဖြတ်ရမယ်ဆိုရင် ၄၄၀ ရဲ့ တစ်ဝက် ၂၂၁ မဲ ရဖို့ လိုအပ်မှာဖြစ်လို့ ၂၂၁ ရတဲ့ ပါတီက ပြည်သူ့လွှတ်တော်ကို လွှမ်းမိုးမှာ ဖြစ်ပါတယ်။
.
ဒါက လက်ရှိ NLD အနေဖြင့် တွက်ချက်မှုပါ။ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအတွက်ကတော့ တပ်ကမွေးထုတ် ထားတဲ့ ပါတီဖြစ်လို့ တပ်က ၁၁၀ က ကြိမ်းသေပေါက် နေရာ ယူထာပြီးဖြစ်လို့ ပါတီအတွက် ၁၁၁ မဲသာ လိုအပ်မှာ ဖြစ်ပါ တယ်။ ဆိုတော့ ပြည်ခိုင်ဖြိုးနိုင်ရင် တပ်နိုင်တာပါပဲ။ သူနိုင်ရင် တော့ စစ်တစ်ပိုင်း အုပ်ချုပ်ရေး ပြန်ခိုင်မာမှာပေါ့။
.
အမျိုးသားလွှတ်တော်ကိုကြည့်ရင် ကိုယ်စားလှယ်ပေါင်း ၂၂၄ နေရာ ရှိပါတယ်။ အဲဒီမှာလည်း တပ်ကိုယ်စားပြု ၅၆ ခုံ ကိုဖယ်ရင် တို်င်းဒေသကြီး ခု၊ ပြည်နယ် ခု စုစုပေါင်း ၁၄ခု မှာရှိတဲ့ ခရိုင်ကိုယ်စားပြုပြီး ရွေးကောက်ပွဲအရ မဲအနိုင်ရပြီး ပြည်သူက ရွေးချယ်တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်က ၁၆၈ ဦး ရှိမှာဖြစ်ပါတယ်၊။ ဒီတော့၂၂၄ နေရာရဲ့တစ်ဝက် ၁၁၃ နေရာရတဲ့ပါတီက အမျိုးသားလွှတ်တော်ကို လွှမ်းမိုးမှာ ဖြစ် ပါတယ်။
.
အဲဒီတော့ ပြည်သူ့လွှတ်တော်က ၄၄၀ နဲ့ အမျိုးသားလွှတ် တော် ၂၂၄  ()ရပ်ပေါင်းရင် ထိုင်ခုံပေါင်း တပ်+အရပ် စုစု ပေါင်း ၆၆၄ ခုံ ရပါတယ်။ အဲဒီထဲက ၆၆၄ ရဲ့ တစ်ဝက် ၃၃၃ မဲရတဲ့ ပါတီက သမ္မတကို ရွေးကောက်တင်မြှောက်နိုင်မှာ ဖြစ် ပြီး အစိုးရလည်း ဖွဲ့နိုင်မှာ ဖြစ်ပါတယ်။
.
ဒီတော့ လက်ရှိ NLD အနေနဲ့ ဆန်းစစ်ကြည့်ပါက၂၀၁၅ မှာ ပြည်ထောင်စုလွှတ်တော်အတွင်း ၃၉၀ ဦး ရောက်ရှိခဲ့တာ ဖြစ်လို့ အစိုးရတစ်ရပ်ကို ပြတ်ပြတ်သားသား ရွေးချယ်တင် မြှောက် ဖွဲ့စည်းနိုင်ခဲ့တာပါ။ ၂၀၁၅ ရဲ့ ရလဒ်အရဆိုရင် အစိုးရ ဖွဲ့ရန် လိုအပ်ချက် ၃၃၃ ဦးထက် ၅၇ ဦး ပိုခဲ့တာ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်မှာ ၂၅၅ ဦးက လိုအပ်ချက် ၂၂၀ ဦးထက် ၃၅ ဦးပိုပြီး အမျိုးသားလွှတ်တော်မှာတော့ ၁၃၅ ဦးနိုင်တာ ဖြစ် လို့ လိုအပ်ချက် ၁၁၃ ဦး ထက် ၂၂ ဦး ပိုခဲ့တာဖြစ်လို့ရလဒ် အလွန်ကောင်းခဲ့တာ ဖြစ်ပါတယ်။ ဆိုတော့ လာမယ့် ၂၀၂၀ မှာ ဒီလို အပြတ်အသတ် နိုင်ခဲ့တဲ့ ၅၇ နေရာကို ရှုံးနိမ့်ခဲ့မယ်ဆိုရင် တောင် အစိုးရဖွဲ့နိုင်ဦးမယ်လို့ ပြောလို့ရပါတယ်။
.
ဒါပေမဲ့ ခပ်ကွင်းပြင်နေတဲ့ သတင်းတွေမှာ ရှမ်းပြည်မှာ ရှိ တဲ့ လက်နက်ကိုင်တပ်ဖွဲ့အချို့က ကိုယ့်တိုင်းရင်းသားပါတီကို တောင် အားမပေးဘဲ weapon with Weapon အချင်းချင်း အား ပေးမယ်ဆိုတဲ့ အသံတွေ ကြားလာရတော့ နိုင်ငံရေးကြွေအံ က စားနည်း ပြောင်းပြန် ဖြစ်သွားမှလားလို့ ထင်မိပါတယ်။
.
ဒီနေရာမှာ တိုင်းရင်းသားတွေ ၂၀၁၅ မှာ အနိုင်ရခဲ့တဲ့ နေ ရာ ၆၀ ကို အနည်းနဲ့အများ လက်လွှတ်ရမယ်လို့မှန်းကြည့်ရင် ၂၀၁၅ မှာ  ပြည်ခိုင်ဖြိုးပါတီက စုစုပေါင်း ၄၁ ဦး နိုင်ခဲ့တာဖြစ် တယ်။ တပ်က စုစုပေါင်း ၁၆၆ နဲ့ပေါင်းရင်၂၀၇ ဦး ရှိခဲ့တာဖြစ် လို့ နိုင်မဲ ၃၃၃ ပြည့်ဖို့ကို ၁၂၆ ကျန်တာ ခု တိုင်းရင်းသားဒေသ တွေရဲ့ ၆၀ ကိုပါ အလွန်အကျွံ( တိုင်းရင်းသားပါတီတွေ၊ တစ် သီးပုဂ္ဂလတွေကတော့ ဒီယူဆချက်ကို လုံးဝကြိုက်မည် မဟုတ် ပါ၊ မှန်းဆချက် ဖြစ်ပါတယ်ခင်ဗျား)ထည့်စဉ်းစားရင် ၂၀၇+ ၆၀ =၂၆၇ ဦး ဖြစ်ပါတယ်၊ အစိုးရဖွဲ့နို်င်ဖို့ ၆၆ ဦး လိုအပ်နေပါ သေးတယ်။ အဲဒီတော့ နိုင်ငံရေးပါတီအတွေနဲ့ အခြေခံစဉ်းစား လုပ်ဆောင်ဖြစ်မယ့် နိုင်ငံရေး စာမေးပွဲအခင်းအကျင်းရဲ့ ၂၀၁၅ မေးခွန်းဟောင်းကို လေ့လာမှုပါ။
.
ဒါက တစ်နိုင်ငံလုံး အနေနဲ့ သုံးသပ်တာပါ။ ဒါပေမဲ့ ရှမ်း ပြည်နယ်မှာတော့ NLD မနိုင်ပါဘူး၊ တတိယနေရာမှာသာ ရှိပါ တယ်။ ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်မှာ ပြည်ထောင် စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ၃၁ နေရာနဲ့ ပထမရပြီး ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က ၂၇ ဦးနဲ့ ဒုတိယ၊ NLD က ၂၄ ဦးနဲ့ တတိယသာ ရထားပါတယ်၊ အောင်း(ပလောင်) အမျိုးသားပါတီက ဦး၊  ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်က ဦး၊  လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါ တီနဲ့ `` ဒီမို ကရက်တစ်ပါတီတို့က ဦးစီ၊ ရှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ်ပါတီ၊ ကိုးကန့်ဒီမိုကရေစီနဲ့ ညီညွတ် ရေးပါတီ၊ ``အမျိုးသား စည်းလုံးညီညွတ်ရေး ပါတီ၊ လီဆူအ မျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့က ဦးစီ၊ တစ်သီးပုဂ္ဂလ က ဦးနဲ့ တပ်ကိုယ်စားပြု ၃၆ ဦး စုစုပေါင်း ၁၄၀ နဲ့ ဖွဲ့စည်း လုပ်ဆောင်နေတာပါ။
.
ဒါကို ကြည့်ရင် ရှမ်းပြည်မှာ NLD အားနည်းခဲ့တာဖြစ်လို့ ညွန့်ပေါင်းအစိုးရ ပုံစံနဲ့ နီးစပ်ပါတယ်။ အစိုးရဝန်ကြီးနေရာ တွေကို မျှချေနဲ့ စီမံခန့်ခွဲခဲ့တာလို့ လေ့လာမိပါတယ်။
.

.
အချို့ မဲဆန္ဒနယ်တွေမှာ ပြည်နယ်ကိုယ်စားလှယ် () နေ ရာကို မတူတဲ့ပါတီတွေက ခွဲဝေယူသလို အမျိုးသားနဲ့ ပြည် သူ့လွှတ်တော်တွေမှာလည်း ပါတီမတူ၊ မူမတူတဲ့ကွဲပြားမှုတွေ နဲ့ ညှိနှိုင်းရတာတွေ များကြမှာပါ။ တစ်သွေးတစ်သံ တစ်မိန့် ဆိုတာက အာဏာလမ်းကြောင်းက လက်သုံးစကား ဖြစ်လို့ ဒီမိုကရေစီဆိုတာ သဘောတူညီခြင်းများအကြောင်း သက် သက်သာမဟုတ် အငြင်းပွားမှုများကို ဘယ်လို ကိုင်တွယ်ဖြေ ရှင်းသည်ဆိုတဲ့ အချက်ကသာ ဒီမိုကရေစီ ဖြစ်တယ်ဆိုတဲ့ ချက်နဲ့ပြဒါးတစ်လမ်း သံတလမ်း ဆိုတာပါပဲ။  ဒါ့အပြင် ဒီမို ကရေစီဆိုတာ အများဆန္ဒအရ အုပ်ချုပ်ခြင်းဆိုတဲ့ အယူအဆ သက်သက်သာလည်း မဟုတ်သလို ရွေးကောက်ပွဲ နည်းအရ အုပ်ချုပ်ခြင်း ဆိုတာလည်း ဒီမိုကရေစီရဲ့ အရေးပါတဲ့ အစိတ် အပိုင်းတစ်ခုသာဖြစ်ပြီး အများပြည်သူ ဆွေးနွေးငြင်းခုံခြင်းဆို တဲ့ နောက်ခံကားမှာ မတူညီတဲ့ အမြင်အမျိုးမျိုးကို မျှမျှတတ ဖော်ပြတာ၊ လူနည်းစုရဲ့ ရပ်တည်ချက်နဲ့ အကျိုးစီးပွားကို ကာ ကွယ် စောင့်ရှောက်ပေးတာ စတာတွေဟာ ဒီမိုကရေစီဆိုတာ သိပြီးကြမှာပါ။
.

ဆိုရရင် အခြေခံပြည်နယ်/တိုင်းတွေရဲ့အားနဲ့ ပြည်သူ့နဲ့  အမျိုးသားလွှတ်တော်မဲတွေ အထောက်အပံ့ရတာဖြစ်လို့ အဲဒီ အထောက်အပ့ံတွေ ဆုံးရှုံးရမယ်ဆိုရင် NLD ကို ထိခိုက်မှာ ဖြစ်ပါတယ်။ အခုဆိုရင်ပဲ ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ် တော်(၁၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ တပ်ကိုယ်စား ပြုကိုယ်စားလှယ်တွေက ပြည်သူကိုယ်စားပြုသူ အနေအထား ရယူပြီး မေးခွန်းတွေ မေးမြန်းလာနေတာ ထူးခြားချက် ဖြစ်သလို စည်းရုံးရေး လုပ်ငန်းစဉ်ကို လွှတ်တော်တစ်ရပ်အတွင်းမှာ ရားဝင် လုပ်ဆောင်လာနေတာ ဆိုတာကို လေ့လာမိပါတယ်။ သူတို့ဟာ သက်ဆိုင်ရာ မဲဆန္ဒနယ်ကို ကိုယ်စားပြုသူတွေ ဟုတ်ဘူး ဆိုပေမယ့် ဒေသခံတွေကိုတော့ မဲဆွယ်ရာရောက် သွားမှာဖြစ်ပြီး သူတို့တောင်းတာတွေ ရခဲ့ရင်လည်း မဲပေးမယ့် ရာခိုင်နှုန်း တက်လာမှာ ဖြစ်ပါတယ်။
.
တိုင်းရင်းသားဒေသခံ ပြည်သူအများစုမှာ ဒေသအတွင်း ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ၊ ဆက်ကြေးပေးနေရ တာ၊ လူတွေ စစ်စည်းရုံးခံနေရတာတွေကို ကာကွယ်ပေးနိုင်မဲ့ ဘယ်သူ ဘယ်ပါတီကိုမဆို ကယ်တင်ရှင်အနေနဲ့မဲထည့်ကြမှာ ပါ။ ဒါ့အပြင် နီးရာဓါးကြောက်ရတဲ့သူတွေ အနေနဲ့လည်း ခြားပါတီတွေကို အမိန့်အရ မဲထည့်နိုင်ပါသေးတယ်။ ဒီလို ပြောရတာက ၂၀၁၅ မှာ ဟိုပါတီကို မဲမတည့်ရ ဒီပါတီကိုပဲ မဲ ထည့်ရမယ်ဆိုပြီး ပြောခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အ ဖွဲ့ ရှိခဲ့တာဖြစ်လို့ပါ။ ခုတော့ တစ်မျိုးပြောင်းပြီး ပြောလာနေ တယ်လို့ တိုင်းရင်းသားတွေက စိတ်ပျက်လက်ပျက် ဆိုလာနေ ကြတာ ဒီရက်ပိုင်း ကြားလာ နေရတာသာ မှန်တယ်ဆိုရင် ရွေး ကောက်ပွဲဟာ အနည်းနဲ့ အများ လူထုဆန္ဒအမှန်ကို ထိခိုက် တော့မှာပါ။
.
ဖတ်မိတဲ့ ရှင်သန်ခွင့်ဆိုတဲ့ စာအုပ်ထဲမှာ မြောက်ကိုရီးယား နိုင်ငံက ခက်ခဲကြမ်းတမ်းမှု အမျိုးမျိုးနဲ့ တောင်ကိုရီးယားကို ထွက်ပြေးလာခဲ့ရတဲ့ နိုင်ငံရေးရဲ့ သားကောင် ယွန်မီပက်က in order to live ရှင်သန်ခွင့်သာ အဓိကလို့ဆို ထားသလို ရှင်သန် ခွင့်ရရန် အလို့ငှာ ကျွန်မတို့ ကိုယ့်အကြောင်းကိုယ်ပြောကြ သည်လို့ဆိုတဲ့ (ဂျုံးဒီဒီယွန်)ရဲ့ အညွှန်းလို မြန်မာနိုင်ငံ လူထု ကလည်း ရှင်သန်ခွင့်အတွက် ရွေးကောက်ပွဲတွေက တစ်ဆင့် ပြောကြမှာပါ။
.
အပေါ်မှာ မှန်းဆမိသလိုဆိုရင် ရှမ်းပြည်နယ်တိုင်းရင်းသား မဲဆန္ဒနယ်တွေမှာ ဒေသခံတိုင်းရင်းသားပါတီတွေအဖို့ လူထု မဲကိုရဖို့ အတော် အကြပ် ရိုက်မယ်လို့ ယူဆရတယ်။ အဲဒီအ ကြပ်အတည်းက တစ်ကျော့ပြန် အခွင့်အရေးရဖို့လုံးပန်းနေတဲ့ ပါတီအတွက်တော့ အကွက်ကောင်း ဖြစ်ဖို့ များပါတယ်။၂၀၂၀ ရွေးကောက်ပွဲမှာ ရှုံးကြွေး ပြန်တောင်းမယ်လို့ ပြည်ခိုင်ဖြိုးက  ဖေဖော်ဝါရီလ၂၁ ရက်က ဒီလိုပြောလာပါပြီ "၂၀၂၀ ရွေး ကောက်ပွဲ နီးလာတဲ့အချိန်မှာ ယခင်အစိုးရလက်ထက်က သမ္မ တရုံးဝန်ကြီးကို ဒုဥက္ကဌ ခန့်အပ်တာကတော့ ကျွန်မတို့က တော့ ကျွန်မတို့က ကြွေး လာတောင်းတာပါ။ အကြွေးဆပ်ရ မယ်ဆိုတာ ပြောလိုပါတယ်"ဟု ပြည်ခိုင်ဖြိုးပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဒေါ်နန်းမြမြမီမီဇော်က ပါတီမှာ ဒုဥက္ကဌ နောက်တစ်ဦး အဖြစ် ဦးလှထွန်းကို တိုးချဲ့ခန့်အပ်တာနဲ့ ပတ်သက်ပြီး ဆက် စပ်ပြောလိုက်တာဖြစ်တယ်လို့ သတင်းမှာ ပါရှိလာတာပါ။
.
အာရှဖောင်ဒေးရှင်းက မြန်မာနိုင်ငံပြောင်းလဲနေသော လူ့အဖွဲ့အစည်းအတွင်းရှိ နိုင်ငံသားများရဲ့အသိပညာနဲ့ တန် ဖိုးထားမှုများ စစ်တမ်း(၂၀၁၄)နဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြည် သူ့လှုပ်ရှားမှုအဖွဲ့က ရွေးကောက်ပွဲအပေါ်သဘောထား မြင်နှင့် အစိုးရသစ်အပေါ် မျှော်မှန်းချက်များ စစ်တမ်း(၂၀၁၆) မှာ နိုင်ငံရဲ့လေးပုံ တစ်ပုံကသာ ယုံကြည်တယ်လို့ ပြောဆိုခဲ့ ကြတာကိုလည်း သတိမူမိစေချင်ပါတယ်။ ဒါ့အပြင် ယင်းအဖွဲ့ ကပဲ-
.
၂၀၁၉ ခုနှစ် မတ်လက လုပ်တဲ့စစ်တမ်းမှာ လူ့အဖွဲ့အ စည်းအတွင်း၊ လူအချင်းချင်း အကြား(ယေဘုယျ)ယုံကြည်မှု၊ အတိုင်းအတာအပြင် နိုင်ငံရေး အင်စတီကျူးရှင်းများ ခေါင်း ဆောင်များ ရာထူးတာဝန်စတဲ့ အဖွဲ့အစည်းအများအပေါ် ယုံ ကြည်မှုကိုပါ ထပ်မံမေးမြန်းခဲ့တာမှာ နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ၇၀ ရာခိုင်နှုန်း၊ နိုင်ငံတော်သမ္မတ ၆၉ ရာခိုင်နှုန်းတို့က ယုံကြည်မှု အမြင့်ဆုံး နိုင်ငံရေး အင်စတီကျူးရှင်းများဖြစ်ပြီး Facebook က ၁၈ ရာခိုင်နှုန်းနဲ့ ယုံကြည်မှု အနိမ့်ဆုံးဖြစ်ပြီး၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ၂၁ ရာခိုင် နှုန်းနဲ့ ဒုတိယအနိမ့်ဆုံးဖြစ်သည်ကို တွေ့ရတယ််။ ဘာသာရေး ခေါင်းဆောင်များအပေါ်တွင် ၂၀၁၆ က ၈၀ ရာခိုင်နှုန်း ဖြစ် သော်လည်း ၂၀၁၉ တွင်မူ ၄၈ ရာခိုင်နှုန်းသို့ ထူးထူးခြားခြား ကျဆင်းသွားတာ တွေ့ရပါတယ်။ လူ့အခွင့်အရေးကော်မရှင် ဆိုလျှင် မသိပါဟု ဖြေသူက ၅၀ ရာခိုင်နှုန်းပါ။ ယခု ၂၀၂၀ အတွင်း ယင်း ကော်မရှင်ကို လူထုဆန္ဒ ကောက်မည်ဆိုပါက မသိပါအ ပြင် မယုံကြည်ပါ ဆိုသည်က ရာခိုင်နှုန်းတက်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သမ္မတအမိန့်နဲ့ ခန့်အပ်လိုက်တဲ့သူ တွေထဲမှာ ယခင်အစိုးရများလက်ထက်က တပ်/ထောင်/စစစ စတဲ့ ဌာနဆိုင်ရာက လူဟောင်းတွေသာ ပါဝင်ဖွဲ့စည်းထားပြီး အရပ်ဖက်မှာ လူ့အခွင့်အရေးကို ထဲထဲဝင်ဝင် လုပ်နေတဲ့ အင် စတီကျူးရှင်းတွေတစ်ခုမှ မပါဝင်လို့ လူ့အခွင့်အရေးချိုးဖောက် မှုကို မသိနိုင်တဲ့အပြင် ချိုးဖောက်တာတွေကို အကာအကွယ် ပေးမယ့် အဖွဲ့ဆိုပြီး AAPP အသံ စတဲ့ အဖွဲ့တွေက ဝေဖန် ထောက်ပြထားတာ တွေ့ရပါတယ်။
.
ပြိုင်ဖက်ရဲ့ လက်ရည်ကို လျှော့မတွက်ဖို့တော့ ဘယ်ပါ တီမဆို လိုပါတယ်။ Free from Fear မကြောက်ရဘူးဆိုရင် လူထုဟာ အသဲကြားက မဲတစ်ပြားကို သူတို့ရဲ့ အသက်အိုး အိမ်စည်းစိမ်ကို ကာကွယ်ပေးနိုင်တဲ့ ပါတီကို မဲထည့်မယ်ဆို တာ သိထားရတော့ အဲဒါကို ဖြည့်ဆည်းပေးနိုင်ဖို့ ပါတီတွေက အထူး ကြိုးစားရမှာပါ။ ရွာတွေမှာ ကွင်းဆင်းရင် ဘာလုပ်ပေး နိုင်မလဲ၊ ဘာပေးမလဲဆိုတာ မျှော်လင့်ကြတဲ့ ရွာတွေက များသားမလား၊ သူတို့ ချို့ယွင်းချက်လည်း မဟုတ်ဘူး၊ လမ်းမ ကောင်းလို့ မီးမရှိလို့ စတဲ့ ဒေသန္တရ လိုအပ်ချက်တွေအပြင် ဆက်ကြေး၊ လူကောက်၊ တိုက်ပွဲ စတာတွေကိုလည်း လူထုက ရှောင်ရှားချင်တာ ဓမ္မတာပဲလေ၊ ဘယ်သူက သေကြေဒဏ်ရာ ဒုက္ခရချင်ပါ့ မလဲ။ အလုပ်အကိုင်က ရှားပါး၊ တိုက်ပွဲတွေဖြစ်လို့ အလုပ်အကိုင်တွေ မလုပ်နိုင်၊ ဝင်ငွေက နည်းပါး၊ ရပ်တည်ဖို့ မလုံလောက်လို့ သင့်တဲ့ နီးစပ်ရာ နိုင်ငံတွေမှာ ကျွန်သွားခံနေ ကြရတာ ရင်နာဖို့ ကောင်းပါတယ်။ အခုလည်း ဝူဟန်ဗိုင်းရပ်စ် ကြောင့် တရုတ်က ပြန်ဖို့ အခက်အခဲဖြစ်ပြီး စားစရာတောင် မရှိတော့လို့ ရွှေလီက မိုးမခဖောင်ဒေးရှင်းက နေ့စဉ် ထောက် ပံ့ကူညီပေးနေရာတာ ဦးရေ ရာချီရှိလာနေတဲ့ သတင်းတွေ လည်း ကြားသိနေရတယ်လေ။
.
အမျိုးသားနိုင်ငံရေးသမားအစစ်က တိုင်းပြည်ရဲ့အနာဂတ်ကို တွေးတယ်၊ ပါတီနိုင်ငံရေးသမားက ကိုယ့်ပါတီ အာဏာရ ရေးကို အရင်တွေးတယ် ဆိုတာလည်း ခုတလော လူထုကြား ထဲမှာ ရေပန်းစားနေတာပါ။ ဒါပေမဲ့ အာဏာရမှ လုပ်ပေးနိုင်မှာ ဖြစ်တယ်လို့ ပြောရင် နှစ် သက်တမ်းအတွင်းမှာ လုပ်ပေး နိုင်သလောက် လုပ်ပေးနိုင်သလို အနာဂတ်အတွက်လည်း ကောင်းမွေတွေ ချပေးခဲ့ဖို့ လိုပါ့မယ်။ ကောင်းမွေပေးတဲ့ ဘယ် ပါတီကိုမဆို နိုင်ငံရေး ရေချိန်ရှိတဲ့ ပြည်သူပြည်သား မှန်သမျှ က ရွေးချယ်ကြမှာပါ။

အမျိုးသားနိုင်ငံရေးသမားအစစ်က တိုင်းပြည်ရဲ့အနာဂတ်ကို တွေးတယ်၊ ပါတီနိုင်ငံရေးသမားက ကိုယ့်ပါတီ အာဏာရ ရေးကို အရင်တွေးတယ် ဆိုတာလည်း ခုတလော လူထုကြား ထဲမှာ ရေပန်းစားနေတာပါ။ ဒါပေမဲ့ အာဏာရမှ လုပ်ပေးနိုင်မှာ ဖြစ်တယ်လို့ ပြောရင် နှစ် သက်တမ်းအတွင်းမှာ လုပ်ပေး နိုင်သလောက် လုပ်ပေးနိုင်သလို အနာဂတ်အတွက်လည်း ကောင်းမွေတွေ ချပေးခဲ့ဖို့ လိုပါ့မယ်။ 

.
မြန်မာ့နိုင်ငံရေး အနေနဲ့ကတော့ ၂၀၀၈ ပြင်ဆင်နိုင်ရေး အပေါ် အခြေခံတာဖြစ်လို့ လူထုကို ဗဟိုပြုတဲ့ လူထုအကျိုးကို အပြည့်အဝ ဖော်ဆောင်နိုင်တဲ့ အခြေခံဥပဒေဖြစ်ဖို့ အသည်း အသန် ကြိုးစားနေရတဲ့ကာလ ဖြစ်တာဖြစ်လို့  ဒီမိုကရေစီ ပြောင်းပြန်မဖြစ်ဖို့လိုအပ်ကြောင်း ကွယ်လွန်သူ တောင်ကြီး ဦးထွန်းမြင့် စကားကို ညွှန်းချင်ပါတယ်။
.
ဒီမိုကရေစီ ဆိုတဲ့စကားကို ဘေးကင်းရန်ကွာ ပြောခွင့်ရတဲ့ အချိန်ကစပြီး လူတိုင်းပါးစပ်ဖျားမှာ သီးနေကြရုံမျှမက စာနယ် ဇင်း စာမျက်နှာတွေပေါ်မှာလည်း အဆက်မပြတ် ဖော်ပြနေတာ ပါ။ ဒီမိုကရေစီဆိုတာ မဟာသြသဓ နတ်ဆေးကြီးတစ်ပါးလို့ ထင်မြင်ပြောဆိုကြတာ ခံယူကြတာတွေလဲ ရှိမှာပါ။ သူတို့မ မှားပါဘူး အကြပ်အတည်း ဒုက္ခဆင်းရဲအောက်မှာ ဆယ်စုနှစ် များစွာ ခံစားလာကြရတာဖြစ်လို့ ဒီမိုကရေစီကို ဒီလိုပဲ ယူဆ ကြတာ ဖြစ်တာပါ။ ထင်တာနဲ့မြင်တာ လွဲခဲ့ရင် စိတ်ပျက်ကြ တာလည်း လူ့သဘာဝပါ။
.
သတင်းစာဆရာကြီး လူထုစိန်ဝင်းက လူသားအားလုံးမျှော် လင့်ချက်ပန်းတိုင်ဟာ မတရားမှု၊ ဒုစရိုက်မှုတွေ၊ ရက်စက်ကြမ်း ကြုတ်မှုတွေ လူသတ်စစ်ပွဲတွေ လုံးဝကင်းစင်တဲ့ ဗြဟ္မပါလ နိုင်ငံတော်ကြီးဆီ အရောက်လှမ်းဖို့သာ ဖြစ်တယ်။ အဲဒီနိုင်ငံ တော်ကြီးဆီသွားဖို့ စနစ်အမျိုးမျိုးနဲ့ နည်းလမ်းအသွယ်သွယ် ရှိတယ်။ ဒီမိုကရေစီဆိုတာ နည်းလမ်းတစ်ခုသာ ဖြစ်တယ်။ သူ့အပြင် အခြားနည်းလမ်းတွေ အများကြီး ရှိပါသေးတယ်။ ဒီမိုကရေစီဆိုတာ နောက်ဆုံးပန်းတိုင် မဟုတ်လို့ ဆိုထားပါ တယ်။
.
ဥပမာ ပြရရင် ရန်ကုန်မြို့ကို သွားတဲ့ နေရာမှာ ရေကြောင်း၊ လေကြောင်း၊ ကားလမ်းစတဲ့ မတူညီတဲ့ လမ်းကြောင်းစုံက သွားကြတာမှာ လမ်းမတူတာနဲ့ ရန်သူ မဟုတ်ဘူး၊ ရည်မှန်း ချက်၊ ရည်ရွယ်ချက်တူရင် ရန်သူ မဟုတ်ဘူး၊ ခံယူချက်တွေ ကွဲ လွဲတာနဲ့ ရန်သူမဟုတ်ဘူးလို့ ဆိုချင်တာပါ။ ဒါပေမဲ့ ရည် မှန်းချက်၊ ရည်ရွယ်ချက်တွေ မတူညီကြရင်တော့ မတူကွဲပြား မှုတွေကို လက်တွဲကြဖို့ ခက်ခဲနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ပတ်သက်လို့ လမ်းကြောင်းမှန်အတိုင်း သွားနေတယ်လို့ မြင်တာက နိုင်ငံရဲ့ ၃၇ ရာခိုင်နှုန်းသော လူ ထုကသာ မြင်ထားကြောင်း ၂၀၂၀ ပြည့်နှစ်အတွက် နိုင်ငံသား များရဲ့ နိုင်ငံရေးမျှော်မှန်းချက် စစ်တမ်းမှာ ပါရှိကြောင်းနဲ့ အဆုံး သတ်ပါရစေ။
.
မြန်မာ့နိုင်ငံရေး ပန်းခင်းကြီး လှပစွာဖြင့် နိုင်ငံကို အလှဆင် နိုင်ပါစေ။ နိုင်ငံရေး ပန်းရောင်စုံများ ရန်မဖြစ်ကြဘဲ အသီးသီး အသက အသက ဖူးဖွင့်ဝေဆာကာ နိုင်ငံအတွက် မွှေးရနံ့ထုံစွာနဲ့အလှဆင်နိုင်ကြပြီး  မြန်မာပြည်အတွက် ငြိမ်းချမ်းရေးအတွက် ဒီမိုကရေစီအတွက် လက်တွဲမြဲခိုင်ကြပါစေ။ လူထုရည်မှန်းတဲ့ အရည်အချင်းအပြည့်ဝတဲ့ နိုင်ငံခေါင်ဆောင်ဖြစ်မယ့်သူများ နိုင်ငံရေး စာမေးပွဲများကို ဂုဏ်ထူးများနဲ့အောင်ကြပါစေ။
.
ငြိမ်းချမ်းရေးသည် လူသားတို့၏ အစွမ်းအထက်ဆုံး လက်နက် ဖြစ်သည်။ (မဟတ္တမဂန္ဓီ)

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)