ရှမ်းပြည်နယ်အတွင်းရှိ အကျဉ်းထောင်အသီးသီးတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေရန် စာရင်းပေးထားသူ ၇ ဦး ရှိနေ - Kanbawza Tai News

Breaking

Boxed(True/False)

Friday, March 6, 2020

ရှမ်းပြည်နယ်အတွင်းရှိ အကျဉ်းထောင်အသီးသီးတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေရန် စာရင်းပေးထားသူ ၇ ဦး ရှိနေ


စုလှိုင်
.
ရှမ်းပြည်နယ်အတွင်းရှိ အကျဉ်း ထောင် အသီးသီးတွင် အကျဉ်းကျ နေသူများအနက်မှ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆို ရန် စာရင်းပေးထားသူ စုစုပေါင်း ၇ ဦး ရှိနေကြောင်း သိရသည်။
.
 
.
အဆိုပါ စာရင်းပေးသွင်းထားသူ များမှ ညောင်ရွှေအကျဉ်းထောင်မှ အကျဉ်းကျ ၃ ဦးနှင့် ကျိုင်းတုံအကျဉ်း ထောင်မှ အကျဉ်းကျ ၄ ဦးတို့ဖြစ် ကြောင်း သိရသည်။
.
“သူတို့ဆီမှာ စာစစ်ဌာန သီးသန့် လုပ်ထားပေးပြီး မေးခွန်းကို နီးစပ်ရာ ကျောင်းကနေ ပို့ပေးရမှာပါ” ဟု ရှမ်း ပြည်နယ်ပညာရေးမှူး ညွှန်ကြားရေး မှူး ဦးဝင်းမောင်က ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုခွင့် ကတ်ပြားများကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်မှ စတင်၍ ထုတ်ပေးလျက်ရှိပြီး စာမေး ပွဲမကျင်းပမီရက်အထိ ထုတ်ယူနိုင် မည်ဖြစ်ကြောင်း သိရသည်။
.
အခြေခံပညာ အထက်တန်း ကျောင်း၊ ကျောင်းခွဲများနှင့် တွဲဖက် အထက်တန်းကျောင်း၊ ကိုယ်ပိုင်အ ထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများသည် ဖြေဆိုခွင့်ကတ် ပြားများကို သက်ဆိုင်ရာကျောင်း အုပ်ကြီးများထံမှ ထုတ်ယူရမည်ဖြစ် ပြီး ပြင်ပဖြေဆိုသူများ အနေနှင့် ဖြေ ဆိုရမည့် စာစစ်ဌာန ကြီးကြပ်ရေးမှူး ထံမှ ထုတ်ယူကြရမည်ဖြစ်ကြောင်း သိရသည်။
.
ယခုနှစ် တက္ကသိုလ်ဝင် စာမေး ပွဲကို မတ်လ ၁၁ ရက်မှ မတ်လ ၂၀ ရက်အထိ ကျင်းပသွားမည် ဖြစ်ပြီး စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်း ထားသူဦးရေသည် တစ်နိုင်ငံလုံးအ တိုင်းအတာ အနေဖြင့် ၉၇၀၀၀၀ ကျော်ရှိကာ ရှမ်းပြည်နယ်တောင် ပိုင်းတွင် ဖြေဆိုရန် စာရင်းပေးထား သူ ၄၀၂၃၇ ဦး၊ ရှမ်းမြောက်တွင် ၁၉၂၂၈ ဦး ရှမ်းရှေ့တွင် ၅၄၅၇ ဦး ရှိနေကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)