ယာဉ်လိုင်းတွေကို ခရီးသည် တစ်ဝက် လျောတင်ဖို့ ရှမ်းပြည်နယ်အစိုးရ ညွှန်ကြား (ရုပ်သံ) - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ယာဉ်လိုင်းတွေကို ခရီးသည် တစ်ဝက် လျောတင်ဖို့ ရှမ်းပြည်နယ်အစိုးရ ညွှန်ကြား (ရုပ်သံ)

ရှမ်းပြည်နယ် အတွင်းမှာ ပြေးဆွဲနေတဲ့ မော်တော်ယာဉ်လိုင်းတွေကို COVID -19 ထိန်းချုပ် ကာကွယ်တဲ့ အနေနဲ့ မတ်လ ၂၈ ရက်က စတင်ပြီး ခရီးသည်တွေကို တစ်ဝက် လျော့ တင်ဖို့ ရှမ်းပြည်နယ် အစိုးရက ညွှန်ကြားထားပါတယ်။
.

Bus ကားတွေနဲ့ လိုင်းကားတွေ အားလုံးပေါ်မှာ တစ်ဝက်လောက်ပဲ တင်ဖို့၊ ၃ ပေခြားစီ ၂ ပေ ခြားစီ ခြားပြီး နေရာ ကျဲကျဲနဲ့ တင်ဖို့ ညွန်ကြားထားတယ်လို့ ရှမ်းပြည်နယ် အစိုးရ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးညွန့်လွင်က ပြောပါတယ်။
.
ရှမ်းပြည်နယ်အစိုးရအနေနဲ့ ရှမ်းပြည်နယ်အတွင်း ကုန်စျေးနှုန်းတွေ မြင့်တက်မှု မရှိစေဖို့အတွက် ဆောင်ရွက်ထားပြီး စားနပ် ရိက္ခာတွေကို အရေးပေါ် ဖြန့်ဝေ ပေးနိုင်ဖို့အတွက် စီစဉ် ထားရှိပြီး ဖြစ်တယ်လို့လည်း ဝန်ကြီး ဦးစိုးညွန့်လွင်က ပြည်သူတွေကို အသိပေး ပြောဆိုခဲ့ပါတယ်။

Journal Download

Photo of three cats