တောင်ကြီးမြို့အရှေ့ဘက်တောင်ကြောမှာ ‌‌တောမီးတွေ‌ကြောင့် သစ်တော‌တွေ ဆုံးရှုံးနေရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့အရှေ့ဘက်တောင်ကြောမှာ ‌‌တောမီးတွေ‌ကြောင့် သစ်တော‌တွေ ဆုံးရှုံးနေရ



တောင်ကြီးမြို့ရဲ့ အရှေ့ဘက်တောင်ကြော တစ်လျှောက်မှာ နှစ်စဉ် နွေရာသီ ရောက်တိုင်း တောမီး လောင်ကျွမ်းတာတွ ဖြစ်ပေါ်တာကြောင့် သစ်တောသစ်ပင်တွေ ဆုံးရှုံးနေရတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။
.
အဲဒီလို သစ်တောသစ်ပင်တွေ လျော့နည်းလာတဲ့အတွက် မြို့တော်တောင်ကြီးမှာ တစ်နှစ်ထက် တစ်နှစ် အပူချိန် တိုးလာနေပြီး ရေရှည်မှာ သစ်တောသစ်ပင်တွေကို ထိန်းသိမ်းနိုင်မှု အားနည်းရင် ရေ ရှားပါးတဲ့ ပြဿနာကို အခုထက် ပိုပြီး ကြုံတွေ့လာရနိုင်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြတာပါ။
.
မြို့တော်ရဲ့ အရှေ့ဘက် တောင်ပေါ်မှာ နွေရာသီ ရောက်လာတိုင်း တောမီး လောင်တာကို တွေ့မြင်နေရပြီး တောမီးကြောင့် တောင်ပေါ်မှာရှိ တဲ့ သစ်ပင်ကြီးတွေ မီးလောင် ဆုံးရှုံး ရသလို အသစ်ပေါက်လာတဲ့ အပင်ငယ်တွေလည်း မီးထဲကို ပါသွားနေတာ ဖြစ်လို့ အားလုံး ပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်မှာ နေထိုင်တဲ့ ကိုမင်းမင်းက ပြောပါတယ်။
.
အဲဒီလို တောမီးလောင် ကျွမ်းတာတွေကြောင့် သစ်တောသစ်ပင်တွေ ဆုံးရှုံးတဲ့အပြင် စည်းကမ်းမဲ့တ ရားမဝင် ခုတ်ယူမှုတွေကြောင့်လည်း သစ်ပင်တွေ လျော့နည်းလာနေတာ ဖြစ်လို့ သစ်ပင်ခုတ်သူတွေကို တားမြစ် အရေးယူဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။
.
တောင်ကြီးမြို့ရဲ့ အရှေ့ဘက် တောင်တန်း တစ်လျှောက်မှာ တောင်ပေါ် တောစိမ်းသစ်တော၊ တောင်ပေါ် တောခြောက်သစ်တော၊ ထင်းရှူးတောတွေ ပေါက်ရောက် ရှင်သန်ပြီး သစ်တောပြုန်းတီးမှု မရှိစေဖို့အတွက် ကြိုးဝိုင်း/ကြိုးပြင် သစ်တောတွေ တိုးမြှင့်ထိန်းသိမ်းစောင့်ရှောက်တာ၊ မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲတော်တွေ ပြုလုပ်တာတွေကို ဆောင်ရွက်နေတယ်လို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရဲ့ ဒေသဆိုင်ရာ အချက် အလက်တွေမှာ ဖော်ပြထားပါတယ်။

Journal Download

Photo of three cats