ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်းကျေးရွာတွင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်း ၄၀ ဘီလီယံကျော် ထပ်မံသိမ်းဆည်းရမိ - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Friday, March 13, 2020

ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်းကျေးရွာတွင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်း ၄၀ ဘီလီယံကျော် ထပ်မံသိမ်းဆည်းရမိ

မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာနှင့် လွယ်ခမ်းကျေးရွာအနီးတွင် နယ်မြေလုံခြုံရေးနှင့် ရှာဖွေစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်း ငွေကျပ် ၄၀ ဘီလီယံကျော်ကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မတ်လ ၁၂ ရက်တွင် သတင်းထုတ်ပြန် ကြေညာ ထားသည်။
.
 
.
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မတ်လ ၁၂ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်က လွယ်ခမ်းကျေးရွာနေ ဦးလောက်ဖူးချန် ပိုင်ဆိုင်သည့် တစ်ထပ်တိုက် နေအိမ် အောက်ထပ်ရှိ မြေအောက်ခန်းအတွင်းမှ 88/1 စာတမ်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၁၄၃၀၀၀၀ ပြား၊ ဘိန်းဖြူဆပ်ပြာခွက် ၆၅၄၅ ခွက် (၆၅ ဒသမ ၄၅ ကီလို)၊ ဘိန်းဖြူဘလောက်တုံး ၁ တုံး (၀ ဒသမ ၃၃ ကီလို)၊ ICE  ၇ ကီလို၊ ကော့စတစ်ဆော်ဒါအမှုန့် ၃၆၀ ကီလို၊ ဆေးပြားရိုက်စက် ၁ လုံး၊ ဆေးပြားမွှေစက် ၁ လုံး၊ စတီးကန်တော့ချွန် ၂ ခု၊ ဆေးပြားအခြောက်ခံဗန်း ၁ ခု၊ ဒီဂျစ်တယ်ကတ္တား ၁ ခု၊ ဖန်ပြွန် ၁ ခုနှင့် ဆေးပြားရိုက်တံ ၁၅၁ ချောင်းတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ကွတ်ခိုင်မြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့၀င်များ၏ ရှာဖွေဖော်ထုတ်သိမ်းဆည်း ရရှိမှုအနေဖြင့် ဖေဖော်ဝါရီ ၂၈ ရက်မှ မတ်လ  စိတ်ကြွရူးသွပ်ဆေးပြားမျိုးစုံ ၁၃၁၃၀၃၀၀၀ ပြား၊ ဘိန်းဖြူ ၂၅၈ ဒသမ ၇ ကီလို ၊ ဘိန်းညို ၂၇၁ ကီလို၊ ဘိန်းဖြူခဲ ၁ ဒသမ ၆ ကီလိုဂရမ်၊ ဘိန်းဆီခဲ ၁၆ ကီလို၊ ဆေးပြားအကြေမှုန့် ၂ ဒသမ ၆၅ ကီလို၊ ဘိန်းစိမ်း ၁၀ ကီလိုနှင့် ICE  ၄၄၀ ဒသမ ၅ ကီလို၊ စုစုပေါင်းမူးယစ်ဆေးဝါးများ၏ ခန့်မှန်း တန်ဖိုးမှာငွေကျပ် ၂၈၇ ဘီလီယံကျော်နှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း ၁၉၃ မျိုး၏ကာလတန်ဖိုးမှာ ငွေကျပ် ၁ ဘီလီယံ ကျော်ဖြစ်ရာ စုစုပေါင်းငွေကျပ် ၂၈၈ ဘီလီယံကျော် ရှိပြီဖြစ်ကြောင်း သိရှိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများ သိမ်းဆည်းရရှိမှုနှင့် ပတ်သက်၍ အဓိကတရားခံများ နှင့် ပါ၀င်ပတ်သက်သူများအား ဖမ်းဆီးရမိရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ၎င်းနယ်မြေတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့၀င်များက နယ်မြေလုံခြုံရေးလုပ်ငန်းများနှင့် ရှာဖွေစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)