ရှမ်းပြည်နယ်အတွင်း၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဒုတိယနေ့ ဖြေဆိုရန် ပျက်ကွက်သူ ၂၀ ကျော် ရှိ - Kanbawza Tai News

Breaking

Boxed(True/False)

Thursday, March 12, 2020

ရှမ်းပြည်နယ်အတွင်း၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဒုတိယနေ့ ဖြေဆိုရန် ပျက်ကွက်သူ ၂၀ ကျော် ရှိ

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ အင်္ဂလိပ်ဘာသာရပ် ဖြေဆိုသည့် ဒုတိယနေ့ မတ်လ ၁၂ ရက်တွင် ရှမ်းပြည်နယ်၌ စာမေးပွဲဖြေဆိုရန် ပျက်ကွက်သူ စုစုပေါင်း ၂၃ ဦး ရှိကြောင်း သိရသည်။
.
ရှမ်းပြည်နယ်၌ ပထမနေ့ မြန်မာစာဘာသာရပ်တွင် ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူ ၄၀၇၂ ဦး ပျက်ကွက်ခဲ့ပြီး ယခု ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်တွင် ၂၃ ဦး ထပ်မံ ပျက်ကွက်ခဲ့ခြင်း ဖြစ်၍  စုစုပေါင်း ပျက်ကွက်သူမှာ ၄၀၉၅ ဦး ရှိနေကြောင်း သိရသည်။
.

.
ရှမ်းပြည်နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲသို့ ဖြေဆိုရန် လျှောက်ထားခဲ့သော ကျောင်းသား/ကျောင်းသူ ၆၆၄၉၅ ဦး ရှိသည့်အနက် စာမေးပွဲ ဒုတိယနေ့ ဖြစ်သော အင်္ဂလိပ်စာဘာသာရပ် ဖြေဆိုသည့်နေ့တွင် ကျောင်းသား/ကျောင်းသူ ၆၂၄၀၀ ဦး စာရင်းရှိကြောင်း ရှမ်းပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။
.

ရှမ်းပြည်နယ်တောင်ပိုင်းတွင် စာစစ်ဌာန ၁၀၀ ရှိပြီး၊ စာရင်းရှိ ကျောင်းသား/ကျောင်းသူ ၄၁၇၅၈ ရှိကာ ဖြေဆိုသူ ၃၉၂၄၄ ဦး၊ ပျက်ကွက်သူ ၂၅၁၄ ဦးရှိကြောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စာစစ်ဌာန ၄၀ ရှိပြီး၊ စာရင်းရှိ ကျောင်းသား/ကျောင်းသူ ၁၉၂၆၈ ရှိကာ ဖြေဆိုသူ ၁၈၁၂၂ ဦး၊ ပျက်ကွက်သူ ၁၁၄၆ ဦးရှိကြောင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် စာစစ်ဌာန ၁၇ ရှိပြီး၊ စာရင်းရှိ ကျောင်းသား/ကျောင်းသူ ၅၄၆၉ ရှိကာ ဖြေဆိုသူ ၅၀၃၄ ဦး၊ ပျက်ကွက်သူ ၄၃၅ ဦးရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲကို ဆေးရုံမှ ဖြေဆိုသူ တောင်ကြီးစာစစ်ဌာနတွင် ဦး၊ ဟိုပုံးစာစစ်ဌာနတွင် ဦး စုစုပေါင်း ဦး ရှိကြောင်း ရှမ်းပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။
.
၂၀၂၀ ပြည့်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ်လ ၁၁ ရက်မှ စတင်ဖြေဆိုကာ ၂၀ ရက်အထိ ဖြေဆိုရမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)