ရှမ်းပြည်နယ်အတွင်း၌ တက္ကသိုလ််ဝင်တန်းစာမေးပွဲ ဖြေဆိုသူ ၆ သောင်းကျော် ရှိ - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Wednesday, March 11, 2020

ရှမ်းပြည်နယ်အတွင်း၌ တက္ကသိုလ််ဝင်တန်းစာမေးပွဲ ဖြေဆိုသူ ၆ သောင်းကျော် ရှိ

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ်လ ၁၁ ရက်မှ စတင်၍ မြန်မာနိုင်ငံတစ်ဝှမ်းတွင် တစ်ပြိုင်နက်တည်း စတင်ဖြေဆိုလျက်ရှိရာ မြန်မာစာဘာသာရပ် ဖြေဆိုသော ပထမနေ့တွင် ရှမ်းပြည်နယ်၌ စာမေးပွဲဖြေဆိုသူ စုစုပေါင်း ၆ သောင်းကျော် ရှိခဲ့ကြောင်း သိရသည်။
.


.
ရှမ်းပြည်နယ်တောင်ပိုင်းတွင် စာစစ်ဌာန ၁၀၀ ရှိပြီး၊ စာရင်းရှိ ကျောင်းသား/ကျောင်းသူ ၄၁၇၅၈ ရှိကာ ဖြေဆိုသူ ၃၉၂၆၃ ဦး၊ ပျက်ကွက်သူ ၂၄၉၅ ဦးရှိကြောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စာစစ်ဌာန ၄၀ ရှိပြီး၊ စာရင်းရှိ ကျောင်းသား/ကျောင်းသူ ၁၉၂၆၈ ရှိကာ ဖြေဆိုသူ ၁၈၁၂၃ ဦး၊ ပျက်ကွက်သူ ၁၁၄၅ ဦးရှိကြောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စာစစ်ဌာန ၁၇ ရှိပြီး၊ စာရင်းရှိ ကျောင်းသား/ကျောင်းသူ ၅၄၆၉ ရှိကာ ဖြေဆိုသူ ၅၀၃၇ ဦး၊ ပျက်ကွက်သူ ၄၃၂ ဦးရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲကို ဆေးရုံမှ ဖြေဆိုသူ တောင်ကြီးစာစစ်ဌာနတွင် ၁ ဦး၊ ဟိုပုံးစာစစ်ဌာနတွင် ၁ ဦး စုစုပေါင်း ၂ ဦး ရှိကြောင်း ရှမ်းပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။
.

ရှမ်းပြည်နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲသို့ ဖြေဆိုရန် လျှောက်ထားခဲ့သော ကျောင်းသား/ကျောင်းသူ ၆၆၄၉၅ ဦး ရှိသည့်အနက် စာမေးပွဲ ပထမနေ့ ဖြစ်သော မြန်မာစာဘာသာရပ် ဖြေဆိုသည့်နေ့တွင် ကျောင်းသား/ကျောင်းသူ ၆၂ ၄၂၃ ဦး ဖြေဆိုခဲ့၍ ၄၀၇၂ ဦး ဖြေဆိုရန် ပျက်ကွက်ခဲ့ကြောင်း သိရသည်။
.
၂၀၂၀ ပြည့်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ်လ ၁၁ ရက်မှ ၂၀ ရက်အထိ ဖြေဆိုရမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)