ကမ္ဘောဇဘဏ်မှ လုပ်ငန်းခွင်အတွင်း ကျားမတန်းတူညီမျှမှု မြှင့်တင်ရန် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် ပါဝင်ဆင်နွှဲ - Kanbawza Tai News

Breaking

Boxed(True/False)

Tuesday, March 10, 2020

ကမ္ဘောဇဘဏ်မှ လုပ်ငန်းခွင်အတွင်း ကျားမတန်းတူညီမျှမှု မြှင့်တင်ရန် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် ပါဝင်ဆင်နွှဲ


ကမ္ဘောဇတိုင်း
.
မတ်လ ၈ ရက်က ကျရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသ မီးများနေ့ ၂၀၂၀ ကို ကမ္ဘောဇဘဏ် မှ လုပ်ငန်းခွင်အတွင်း ကျားမတန်း တူညီမျှမှု မြှင့်တင်ဖို့အပြင် လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် နိုင်ငံရေး နယ်ပယ် အသီးသီးက အမျိုးသမီး များ၏ စွမ်းဆောင်နိုင်မှုကို ဂုဏ်ပြု သည့်အနေဖြင့် ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
.
 
.
 “ ဒီနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ Theme ဖြစ်တဲ့ #EachforEqual ဟာ ကမ္ဘောဇ ဘဏ်ရဲ့ ဝန်ထမ်းတစ်ဦးချင်းစီက စလို့ ဝန်ထမ်းပေါင်း ၁၈၀၀၀ ကျော် တို့ရဲ့ စုပေါင်းပါဝင်မှုနဲ့အတူ ကျား၊မ တန်းတူညီမျှတဲ့ လုပ်ငန်းခွင် ပိုမိုအား ကောင်းစေဖို့ အစဉ်တစိုက် ကြိုးပမ်း ဆောင်ရွက်မှုတွေကို ထင်ဟပ်နေ တာလည်း ဖြစ်ပါတယ်"ဟု ကမ္ဘောဇ ဘဏ်က ထုတ်ပြန်ခဲ့ပါသည်။
.
ကမ္ဘောဇဘဏ်သည် ကျား မ တန်းတူ ညီမျှရေးဆိုင်ရာ ကမ္ဘာ့အ ဆင့် အသိအမှတ်ပြု လက်မှတ် (EDGE)ကို ရရှိထားသည့် ဘဏ် တစ်ခုဖြစ်ကာ စီးပွားရေးဆိုင်ရာ ရည်မှန်းချက်များတွင် ကျား၊မ တန်း တူညီမျှရန် အချက်ကို အလေးထား ၍ ထည့်သွင်း ထားကြောင်းလည်း သိရသည်။
.
“ လုပ်ငန်းခွင်တွင်း ကျား/မ တန်း တူ ညီမျှမှုကို အလေးပေးခြင်းဟာ လုပ်ငန်းအတွက် သာမကဘဲ လူမှုအ ဖွဲ့အစည်း တစ်ရပ်လုံးအတွက် အ ကျိုးဖြစ်ထွန်းစေသည်ကို ယုံကြည် ထားသည့်အလျောက် ကမ္ဘောဇ ဘဏ် အနေနဲ့ အလုံးစုံ တန်းတူညီမျှ မှုရှိသော လုပ်ငန်းခွင်ကို အထူးအ လေးပေးရခြင်း ဖြစ်ပါတယ်။” ဟု လည်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
.
အပြည်ပြည်ဆိုင်ရာ အမျိုးသမီး များနေ့ အထိမ်းအမှတ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန် ကြီး ဒေါ်နော်ပန်းသ ဉ္ဇာမျိုး၊ BCGE အဖွဲ့ဝင် ကုမ္ပဏီများ၊ စိတ်ပါဝင်စား သော အခြား ပြည်တွင်းကုမ္ပဏီများ၊ partner များနှင့်အတူ Business Coalition for Gender Equality Association အသင်း၏ ပွဲကို ကျင်း ပပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)