အသက် ၂၅ နှစ်အောက် တိုင်းနှင့် ပြည်နယ် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ရှမ်းအသင်း ပထမဆုရ - Kanbawza Tai News

Breaking

Boxed(True/False)

Thursday, March 5, 2020

အသက် ၂၅ နှစ်အောက် တိုင်းနှင့် ပြည်နယ် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ရှမ်းအသင်း ပထမဆုရ


၂၀၁၉ -၂၀၂၀ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၂၅ နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းမှ ပထမဆု ရရှိခဲ့ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အသင်းသည် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် မတ်လ ရက်၊ ညနေပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိကွင်း၌ ဗိုလ်လုပွဲအား ယှဉ်ပြိုင်ကစားခဲ့ရာ ရှမ်းပြည်နယ်အသင်းမှ ဂိုး ဂိုးဖြင့် အနိုင် ရရှိပြီး ပထမဆုအား ရရှိခဲ့ခြင်း ဖြစ်သည်။
.

.
ထို့အတူ ပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းမှ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ကစားသမားဆုကို ကြယ်စင် (ဖယ်ခုံ)က လည်းကောင်း၊ အလယ်တန်း အကောင်းဆုံးဆုကို နန်းချိုမွှေး (ဟိုပုံး)က လည်းကောင်း အသီးသီး ရရှိခဲ့သည်။
.

ဗိုလ်လုပွဲကို တက်ရောက် အားပေးခဲ့ပေးခဲ့ပါတယ်။ ပထမဆု ရတဲ့ ရှမ်းပြည်နယ်အသင်းကို ဂုဏ်ပြုပါတယ်။ဟု ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာ မျိုးထွန်းက ပြောသည်။
.
ပထမဆုရ ရှမ်းပြည်နယ်အသင်းအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ုဒုတိယဝန်ကြီး ဒောက်တာ မြလေးစိန်မှ ပထမတံခွန်စိုက် ဆုဖလားနှင့် ငွေကျပ် ၁၅ သိန်းအား လည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၂၀၊ ရှမ်းပြည်နယ်အား/ကာဦးစီးဌာနမှ ကျပ် ၅သိန်း၊ ပြည်နယ်ဘောလုံး ဆပ်ကော်မတီမှ ကျပ် ၂သိန်း၊ဖြူစိမ်းအားကစားပစ္စည်းဆိုင်မှ ကျပ် သိန်းအား ပေးအပ်ချီးမြှင့်ခဲ့ပြီး ရှမ်းပြည်နယ်လူမှုရေးဝန်ကြီးမှ နေပြည်တော်ဇဝန restaurant တွင် ဂုဏ်ပြုညစာဖြင့် ဧည့်ခံခဲ့ကြောင်း သိရသည်။
.
တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၂၅ နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၉ ရက်မှ မတ်လ ရက်ထိ ကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အသင်းပေါင်း ၁၃ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြခြင်း ဖြစ်သည်။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)