ဗဟိုဘဏ်မှ ဘဏ်တိုးနှုန်းများကို လျှော့ချပြင်ဆင်သတ်မှတ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဗဟိုဘဏ်မှ ဘဏ်တိုးနှုန်းများကို လျှော့ချပြင်ဆင်သတ်မှတ်


ထက်တိုင်းကျော်
.
ဗဟိုဘဏ်၏ ဘဏ်တိုးနှုန်း အပ်ငွေများအပေါ် ပေးသည့် ဘဏ်တိုးနှုန်းများကို လျှော့ချပြင်ဆင်သတ်မှတ် ကြောင်း မတ်လ ၁၂ ရက်စွဲပါ ညွှန်ကြားချက်အမှတ် (၁/၂၀၂၀) ဖြင့် ဗဟိုဘဏ်က ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရ သည်။
.
 
.
ယင်းညွှန်ကြားချက်တွင် မြန်မာနို်ငငံတော်ဗဟိုဘဏ်သည် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူပြုစေရန် ရည်ရွယ်၍ ၂၀၁၃ ခုနှစ်၊ မြန်မာနို်ငငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ ၄၁ (ဈ) အရ ဘဏ်အတိုးနှုန်းကို တစ် နှစ်လျှင် ၁၀ ရာခိုင်နှုန်းမှ ၉ ဒသမ ၅ ရာခိုင်နှုန်းသို့ ပြောင်းလဲပြင်ဆင်သတ်မှတ်လိုက်ကြောင်း ဖော်ပြပါရှိသည်။
.
ထို့အပြင် ဘဏ်များ၏ အပ်ငွေများအပေါ် ပေးသည့် အတိုးနှုန်းနှင့် ချေးငွေများအပေါ် တောင်းခံသည့် အတိုး နှုန်းများနှင့် ပတ်သက်၍ ငွေစာစာရင်းအပ်ငွေ၊ ငွေစုလက်မှတ်နှင့် အချိန်စေ့မှ ထုတ်ရသည့် အပ်ငွေတို့အပေါ်တွင် အနည်းဆုံး အတိုးနှုန်းကို ဗဟိုဘဏ်အတိုးနှုန်းအောက် ၂ ရာခိုင်နှုန်း (၉.၅%-၂%=၇.၅%) ထက် မနည်းစေရဟု ဖော် ပြထားသည်။
.
အလားတူ အာမခံပစ္စည်းရယူ၍ ထုတ်ချေးသည့် ချေးငွေများအပေါ်တွင် တောင်းခံနိုင်သည့် အများဆုံးအတိုး နှုန်းကို ဗဟိုဘဏ်အတိုးနှုန်းအထက် ၃ ရာခိုင်နှုန်း (၉.၅%+၃%=၁၂.၅%) ထက် ကျော်လွန်၍ ကောက်ခံခြင်းမပြုရန် ညွှန်ကြားထားပြီး မြေနှင့် အဆောက်အဦ၊ ရွှေ၊ ရွှေထည်ပစ္စည်း၊ စိန်နှင့် အဖိုးတန်ကျောက်မျက်ရတနာများ၊ ငွေစုလက် မှတ်၊ အစိုးရငွေတိုက်စာ ချုပ်၊ စာရင်းသေအပ်ငွေ၊ အပေါင်ပြုနိုင်သည့် ငွေချေးသက်သေခံလက်မှတ်များနှင့် လွှဲပြောင်း နိုင်သော စာချုပ်စာတမ်း များ၊ လက်ရောက်အပေါင်၊ ချေးငွေအာမခံဖြင့် ထုတ်ချေးသည့် ချေးငွေများနှင့် မြန်မာနို်ငငံ တော်ဗဟိုဘဏ်မှ အခါ အားလျော်စွာ သတ်မှတ်သည့် အာမခံပစ္စည်းများ စသည်တို့ကို အခြေပြု၍ ထုတ်ချေးသည့် ချေးငွေများမှအပ အခြား သော အာမခံပစ္စည်းများ ရယူ၍ဖြစ်စေ၊ မရယူဘဲဖြစ်စေ ထုတ်ချေးသည့် ချေးငွေများအပေါ် တွင် တောင်းခံနိုင်သည့် အများဆုံးအတိုးနှုန်းကို ဗဟိုဘဏ်အထက် ၆ ရာခိုင်နှုန်း (၉.၅%+၆%=၁၅.၅%) ထက် ကျော် လွန်ကောက်ခံခြင်း မပြုရန် ညွှန်ကြားထား ကြောင်း သိရသည်။
.
ဘဏ်များမှ ကောက်ခံနိုင်သည့် အများဆုံးအတိုးနှုန်းတွင် ကတိကြေး၊ စီမံခန့်ခွဲမှုစရိတ် စသည့်အခကြေးငွေ များ ပါဝင်ပြီးဖြစ်သည်ဟု သိရသည်။
.
အဆိုပါ ညွှန်ကြားချက်သည် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁ ရက်တွင် စတင်အကျိုးသက်ရောက်မှုရှိမည်ဖြစ် ကြောင်း သိရသည်။
.

Journal Download

Photo of three cats