အေးသာယာမှ သိမ်းဆည်းခံမြေများအား လျော်ကြေးပေးမှု အပေါ် ကျေနပ်မှု မရှိ၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အေးသာယာမှ သိမ်းဆည်းခံမြေများအား လျော်ကြေးပေးမှု အပေါ် ကျေနပ်မှု မရှိ၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်


စိုင်းရာဇာ
.
တောင်ကြီးမြို့နယ်၊ အေးသာ ယာမြို့၊ အမှတ် (၂)နှင့် အမှတ် (၃) ရပ်ကွက်ရှိ သိမ်းဆည်းခံ လယ်ယာ မြေများနှင့် ပတ်သက်၍ လျော်ကြေး ပေးအပ်မှုအပေါ် ကျေနပ်မှု မရှိသဖြင့် မြေသိမ်းခံရသူများက ၁၀ ရက်တွင် တောင်ကြီး မြို့၊ တော်ဝင်ပုလဲနှင်းဆီ စားသောက်ဆိုင်၌ သတင်းစာရှင်း လင်းပွဲ ပြုလုပ်ခဲ့သည်ဟု သိရသည်။
.
 
.
ကျွန်တော်တို့က အရမ်းနစ် နာတယ်။ ရွှေညောင်မှာ ပေ ၄၀x၆၀ မြေတစ်ကွက်ပဲပေးတယ်။ အဲဒါက မမျှတဘူး။ သက်ဆိုင်ရာက မျှမျှ တတ လုပ်ပေးစေချင်တယ်။ ကာလ ပေါက် စျေးနဲ့အညီ ပေးစေချင်တယ်။ နစ်နာတဲ့ဟာကို ပြန် တင်ပြတဲ့အခါ အမှုကိုပါ ပိတ်သိမ်းလိုက်တယ်ဆို တာက ဥပဒေဘောင်ကို ကျော်နေ တယ်လို့ ယူဆပါတယ်” ဟု မြေသိမ်း ခံတောင်သူ ဒေါ်နန်းလောဝ်ဟိန်း၏ ခင်ပွန်း ဦးခင်မောင်အေးက ပြော သည်။
.
အေးသာယာမြို့သစ် တည် ဆောက်စဉ် ၁၉၉၀ ခုနှစ်ခန့်က ဒေါ် နန်းလောဝ်ဟိန်း၏ ဖခင် ဦးစိုင်းစံရီ ပိုင်ဆိုင်သော ထုံးဖိုကျေးရွာရှိ ဥ ယျာဉ်ခြံမြေ ၁၄ ဒသမ ၂၈ ဧကအား သိမ်းဆည်းခဲ့မှုအပေါ် ပြန်လည် စိ စစ် အရေးယူဆောင်ရွက်ပေးပါရန် နှင့် ကာလပေါက်စျေးဖြင့်လျော်ကြေး နစ်နာမှုများ ရရှိရန်သက်ဆိုင်ရာ ဌာ နများသို့ အကြိမ်ကြိမ် တင်ပြတောင်း ဆိုခဲ့ကြကြောင်း သိရသည်။
.
သက်ဆိုင်ရာ နိုင်ငံတော်အကြီး အကဲတွေ၊ ရှမ်းဝန်ကြီးချုပ်နဲ့ သက် ဆိုင်ရာဌာနတွေကို အကြိမ်ကြိမ်စာ တင်ပြခဲ့တယ်။ ဒါကို မြေကွက်အ သေးလေးပဲ ပြန်လျော်ပေးတယ်။ ဒါ ကြောင့် ကျေနပ်မှုမရှိပါဘူး” ဟု နစ် နာသူ ဒေါ်နန်းလောဝ်ဟိန်းက ပြော သည်။
.
အဆိုပါ သိမ်းဆည်းခံထားရ သော မြေများနှင့် ပတ်သက်၍ ရွှေ ညောင်မြို့တွင် ပေ ၄၀x၆၀ မြေတစ် ကွက် အစားထိုး ပြန်လည်ပေးအပ်ခဲ့ သော်လည်း မြေပိုင်ရှင်များမှ ကျေနပ် မှုမရှိသဖြင့် ထပ်မံတင်ပြခဲ့ရာ ရှမ်း ပြည်နယ်အစိုးရ အဖွဲ့၏ အစည်းအ ဝေးဆုံးဖြတ်ချက်အရ မတ်လ ၃ ရက် တွင် အမှုပိတ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats