အသံအဖွဲ့က အမျိုးသမီးများ၏ ရာသီသွေးဆင်းသော ပထမရက်ကို ခွင့်အဖြစ် တရားဝင်အသိအမှတ်ပြု - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Monday, March 9, 2020

အသံအဖွဲ့က အမျိုးသမီးများ၏ ရာသီသွေးဆင်းသော ပထမရက်ကို ခွင့်အဖြစ် တရားဝင်အသိအမှတ်ပြု


မင်းဇော်မင်း
.
အသံအဖွဲ့တွင် အလုပ်လုပ်ကိုင်နေသည့် အမျိုးသမီးဝန်ထမ်းများအား ၂၀၂၀ ပြည့်နှစ်၊ မတ်လမှ စတင်၍ ရာသီ သွေးဆင်းသော ပထမရက်ကို လိုအပ်ပါက Paid Leave ခံစားခွင့် ရယူနိုင်ကြောင်း မတ်လ ၄ ရက်တွင် ထုတ်ပြန်ကြေ ညာခဲ့သည်။
.
 
.
အဆိုပါထုတ်ပြန်ချက်တွင် ရာသီသွေးဆင်းသော ပထမရက်သည် အမျိုးသမီးများ၏ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ လို အပ်ချက်၊ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်နှင့် တစ်ကိုယ်ရည် သန့်ရှင်းမှုအတွက် အနားယူရန် လိုအပ်ကြောင်း၊ ရာသီသွေး လာနေချိန်တွင် ခံစားရသော ခန္ဓာကိုယ် နာကျင်မှုများသည် ပုံမှန်သဘာဝ ဖြစ်လေ့ဖြစ်ထရှိပြီး ပုံမှန်လည်ပတ်သည့် ဖြစ်စဉ်တစ်ခုသာဖြစ်ကာ ခန္ဓာကိုယ် ကျန်းမာရေးကို အထောက်အကူပြုသည့်အတွက် အမျိုးသမီးများ ကျန်းမာရေး အတွက် ခွင့်ခံစားပိုင်ခွင့်ရှိရမည်ဟု အသံအဖွဲ့က ထုတ်ပြန်ကြေညာထားသည်။
.
ထို့အပြင် ရာသီသွေးလာချိန်တွင် ဖြစ်ပေါ်လေ့ရှိသည့် စိတ်အဆင်မပြေမှုများကြောင့် ၎င်းတို့အနေဖြင့် လုပ် ငန်းခွင်အတွင်း အလုပ်လုပ်ရာတွင် အဆင်မပြေမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ သို့အတွက် စိတ်ပိုင်းဆိုင်ရာ အနားယူ ပြင်ဆင်ရန် လိုအပ်သည့်အတွက် ခွင့်အဖြစ် တရားဝင်သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
.
အလားတူ ၎င်းတို့၏ မိတ်ဘက်အဖွဲ့အစည်းများကိုလည်း ခွင့်အဖြစ် သတ်မှတ်ပေးရန် တိုက်တွန်းကြောင်း ဖော်ပြပါရှိသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)