၂၀၁၉ သည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် ပတ်သက်၍ စိန်ခေါ်မှု အလွန်ကြီးမားခဲ့ကြောင်း အသံအဖွဲ့ ထုတ်ပြန် - Kanbawza Tai News

Breaking

Boxed(True/False)

Thursday, March 5, 2020

၂၀၁၉ သည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် ပတ်သက်၍ စိန်ခေါ်မှု အလွန်ကြီးမားခဲ့ကြောင်း အသံအဖွဲ့ ထုတ်ပြန်


ကမ္ဘောဇတိုင်း
.
၂၀၁၉ ခုနှစ်သည် မြန်မာနိုင်ငံ အတွက် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နှင့် ပတ်သက်၍ စိန်ခေါ်မှု အလွန်ကြီးမားခဲ့သည်ဟု လွတ်လပ် စွာ ထုတ်ဖော်ပြောဆိုခွင့် အသံအဖွဲ့ က ဖေဖော်ဝါရီလ၂၇ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
.
.
ယင်း ထုတ်ပြန်ချက် အစီရင်ခံ စာသည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ ၁၂ လတာ ကာလအတွင်း နိုင်ငံအဝှမ်း ဖြစ်ပွားခဲ့သည့် လွတ်လပ်စွာ ထုတ် ဖော်ပြောဆိုခွင့် ချိုးဖောက်ခံရမှုများ ကို စောင့်ကြည့် သုတေသနပြုထား ခြင်းဖြစ်သည်ဟု ဖော်ပြပါရှိသည်။
.
၂၀၁၉ ခုနှစ်အတွင်း လွတ်လပ် စွာ ထုတ်ဖော်ပြောဆိုခွင့်ကို တည်ဆဲ ဥပဒေဖြင့် ချိုးဖောက်မှု အနည်းဆုံး ၁၅၆ မှုဖြစ်ပွားခဲ့ပြီး လူဦးရေ ၃၃၁ ဦးထက်မနည်း တရားစွဲဆိုခံခဲ့ရပြီး အရပ်သားပြည်သူ၊ တက်ကြွလှုပ်ရှား သူ၊ နိုင်ငံရေးပါတီဝင်နှင့် ထောက် ခံသူ၊ သတင်းမီဒီယာ၊ ဘာသာရေး ဆိုင်ရာပုဂ္ဂိုလ်များ၊ အစိုးရဝန်ထမ်း၊ အနုပညာရှင်၊ စီးပွားရေးလုပ်ငန်းရှင်၊ လွှတ်တော်ကိုယ်စားလှယ်နှင့် အ ခြားပုဂ္ဂိုလ်များ ထိခိုက်နစ်နာမှု ရှိခဲ့ သည်ဟု သိရသည်။
.
ယင်း တရားစွဲဆိုမှုများတွင် အ စိုးရမှ တရားစွဲဆိုမှု ၃၇ မှု၊ တပ်မ တော်မှ ၃၇ မှု၊ နိုင်ငံရေးပါတီများမှ ၁၇ မှု၊ အရပ်သားပြည်သူများက ၁၇ မှု၊ လွှတ်တော်ကိုယ်စားလှယ်များ က ၁၁ မှု၊ စီးပွားရေးလုပ်ငန်းရှင် ၁၁ မှု၊ အနုပညာရှင် ၄ မှုနှင့် အခြား ၃ မှု၊ စုစုပေါင်း ၁၅၆ မှု ဖြစ်သည်ဟု သိရ သည်။
.
၂၀၁၉ ခုနှစ်အတွင်း လွတ်လပ် စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုး ဖောက်မှု အမြင့်ဆုံးမှာ အစိုးရနှင့် တပ်မတော်ဖြစ်ပြီး ချိုးဖောက်မှု စုစုပေါင်း၏ ၃၈ ရာခိုင်နှုန်းကို အ စိုးရက ကျူးလွန်ခဲ့ခြင်း ဖြစ်ကာ ၂၅ ရာခိုင်နှုန်းကို တပ်မတော်က ကျူး လွန်ခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။
.
လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ခွင့်ကို ချိုးဖောက်ရာတွင် အသုံးပြု သည့် ဥပဒေများမှာ ဆက်သွယ်ရေး ဥပဒေဖြင့် ၄၉ မှု၊ နိုင်လွတ်လုံ ဥပဒေ ဖြင့် ၃၇ မှု၊ ငြိမ်းစုစီဖြင့် ၁၄ မှု၊ ရာဇ သတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ) ဖြင့် ၁၂ မှု၊ ၅၀၅(က) ဖြင့် ၁၁ မှု၊ ပုဒ်မ ၅၀၀ ဖြင့် ၅ မှု၊ ၁၂၄(က)ဖြင့် ၃ မှု၊ အီလက်ထရောနစ် အက်ဥပဒေ ဖြင့် ၂ မှု၊ မတရားအသင်း ဆက်သွယ်မှု အပါအဝင် အခြားဥပဒေများဖြင့် ၂၃ မှု ရှိခဲ့ကြောင်း သိရသည်။
.
အစီရင်ခံစာ၏ အကြံပြုချက် တွင်  အားနည်းနေသောဥပဒေများ ကို ပြင်ဆင်ရန်လိုအပ်ပြီး အချို့ကို အပြီးတိုင် ဖျက်သိမ်းရန် လိုအပ် ကြောင်း၊ အသရေဖျက်မှု ပုဒ်မ ၅၀၀ အား ရာဇဝတ်မှုဆိုင်ရာ ဥပဒေအ ဖြစ်မှ တရားမမှုဆိုင်ရာ ဥပဒေအဖြစ် ပြင်ဆင်ပြဋ္ဌာန်းပြီး ကျန်ဥပဒေများ ပါ အသရေဖျက်မှုပုဒ်မများ အားလုံး ကို ဖျက်သိမ်းသင့်ကြောင်းနှင့် ဒီမို ကရေစီစနစ်တွင် ခြွင်းချက်အနေဖြင့် လူထုကိုယ်စားပြု ခေါင်းဆောင်များ၊ နိုင်ငံရေးသမားများ၊ အစိုးရအဆင့် မြင့်အရာရှိများ၊ ဝန်ကြီးဌာနများ၊ နိုင် ငံတော်နှင့် အများပြည်သူဆိုင်ရာ အ ဖွဲ့အစည်းများသည် ၄င်းတို့အားပြော ဆိုဝေဖန်ခြင်း၊ ရေးသားခြင်း၊ လှောင် ပြောင်ခြင်း၊ သရော်ခြင်းများကို တုံ့ ပြန်တရားစွဲဆိုမှု မပြုလုပ် သင့် ကြောင်း၊ တရားစီရင်ရေးမဏ္ဍိုင် သည် လွတ်လပ်သောမဏ္ဍိုင်အဖြစ် ရပ်တည်၍ လူ့အခွင့်အရေးနှင့် လူ့ ဂုဏ်သိက္ခာကို ထည့်သွင်း စဉ်းစား ကာ တရား မျှတစွာ စီရင်ဆုံးဖြတ် သင့်ကြောင်း ဖော်ပြပါရှိသည်။
.
အသံအဖွဲ့သည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို မြှင့်တင်နိုင် ရန်အတွက် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်က ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး နှစ် စဉ် လွတ်လပ်စွာ ထုတ်ဖော် ပြောဆို ခွင့်ဆိုင်ရာ အစီရင်ခံစာများကို ပြုစု ထုတ်ပြန်ပေးလျက်ရှိသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)