အသက်ကယ် ဦးထုပ်နဲ့ အသက်ကယ်ကြပါ - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Friday, March 6, 2020

အသက်ကယ် ဦးထုပ်နဲ့ အသက်ကယ်ကြပါ


အောင်ဆန်းဝင်း
.
ဆိုင်ကယ်တက္ကစီသမားနှစ်ယောက် ကတောက်ကဆဖြစ် ကြတယ်။ တဖြည်းဖြည်း စကားများတဲ့ဘက် ရောက်လာတယ်။ ဇာတ်ရှိန်တက်လာတော့ နင်ပဲငဆ ဖြစ်ကုန်ပါလေရော။ အ ကြောင်းရင်းက ဆိုင်ကယ်စီးတဲ့အချိန် ဆောင်းရတဲ့အသက် ကယ် ဦးထုပ်ကိစ္စနဲ့။ တစ်ယောက်က ဆိုင်ကယ်စီး ခရီးသည်ရ တာနဲ့ ဂိတ်ကထွက်ဖို့ ပြင်တယ်။ ခရီးသည်ဆောင်းဖို့ ဦးထုပ်ပါ မလာတော့ ဘေးဆိုင်ကယ်မှာ ချိတ်ထားတဲ့ ဦးထုပ်ကိုယူပြီး ထွက်သွားတယ်။ ဦးထုပ်ပိုင်ရှင် ဆိုင်ကယ်သမားက ကွမ်းယာ သွားဝယ်နေတဲ့အချိန် ဖြစ်တဲ့အတွက် သူ့ဦးထုပ်ကို တစ်ခြား တစ်ယောက် ယူသွားတာ မသိလိုက်ဘူး။ သူပြန်ရောက်တဲ့အ ချိန် ဆိုင်ကယ်စီးမယ့် ခရီးသည် ရောက်လာတယ်။ ဆိုင်ကယ် မှာချိတ်ထားတဲ့ ဦးထုပ်မရှိတော့ ထွက်မရဘူး။ သွားရင်းလာရင်း တည့်တည့်တိုးရင် အမှုကြီးသွားနိုင်တဲ့အတွက် တစ်ခြားတစ် ယောက်ကို လက်လွဲလိုက်ရတယ်။
.
၂၀၀၀ တန် ခရီးဆိုတာ ဆိုင်ကယ်သမားတွေအတွက် အ ခေါက်ကြီး။ အဆွဲပါးတဲ့နေ့ဆို ၅၀၀ တစ်ခေါက်ရဖို့တောင် မ လွယ်တော့ နှစ်ထောင်တန် ခရီးမျိုး ဘယ်သူမှ လက်လွတ်မခံ ချင်ကြဘူး။ ဆိုင်ကယ်ပေါ် ခရီးသည်ရောက်ပြီးမှ ဦးထုပ်မရှိလို့ ထွက်မရတော့ တော်တော်တင်းသွားတယ်။ လက်သည် တရား ခံကို တဗြစ်တောက်တောက် လုပ်တယ်။ ဦးထုပ်ယူသွားတဲ့ဆိုင် ကယ်သမား ပြန်ရောက်တော့ ခွန်းကြီးခွန်းငယ် ပေါက်ပေါက် ဖောက်ကုန်ကြရော။ အသိမပေးဘဲ ယူသွားရကောင်းလားဆို ပြီး ပြဿနာရှာတယ်။ အခေါက်ကြီး လွတ်သွားတဲ့အတွက် ပြ ဿနာလုပ်တယ်။ အစပိုင်းတော့ ဦးထုပ်ယူသွားတဲ့ ဆိုင်ကယ်  သမားက လေပြေထိုးတယ်။ ပြောလွန်းမက ပြောလာတော့ ဇာတ်ရှိန်မြင့်ပြီး စကားများကြတာပေါ့။ နောက်တော့ ၂ စီးလုံး တပ်ခေါက်ပြီး ပြန်သွားကြတယ်။ ရေချိန်လွန် ဖြစ်ကုန်မှာစိုးလို့ လမ်းခွဲလိုက်ကြတာ။
.

ဆိုင်ကယ်တက္ကစီက ဟိုနားဒီနား ခရီးတိုလေးဆို ၅၀၀၊ ဝါး ပြားလမ်းဆုံကနေ မြို့မစျေးကြီးကို တစ်ထောင်ကျပ်ရတယ်။ ရှုခင်းသာပန်းခြံအထိ ၁၅၀၀၊ ၂၀၀၀ ယူတာရှိတယ်။ အများဆုံး ဆွဲရတာက ၅၀၀ ခရီး။ အခေါက်ကြီးက တစ်ခါတလေမှ ရတတ် တယ်။ အလှည့်ကျရယ်လို့ မဟုတ်ဘူး။ သူ့မိတ်ကိုယ့်မိတ် အ ဆင်ပြေသလို ဆွဲကြတာ။ မိတ်များတဲ့လူကတော့ သာသာယာ ယာပေါ့။ တယ်လီဖုန်း ဆက်လာတာနဲ့ ကောက်ထွက်သွားရုံပဲ။ အတည်တကျ သတ်မှတ်ထားခြင်း မရှိတဲ့ ဂိတ်ကနေ ခရီးသည် ရဖို့ စိတ်ရှည်လက်ရှည် စောင့်ရတယ်။ ခရီးသည် လာတာနဲ့ချက် ချင်း ထွက်နိုင်အောင် အဆင်သင့်လုပ်ထားရတယ်။ ဆိုင်ကယ် တိုင်ကီထဲ ဓာတ်ဆီဖြည့်ထားဖို့ မေ့လို့မရဘူး။ ဘီးပေါက်လား လေလျော့နေလား စစ်ရတယ်။ အရေးကြီးဆုံးက မော်တော်ဆိုင် ကယ်စီးတဲ့ချိန် ဆောင်းရတဲ့ အသက်ကယ်ဦးထုပ်။
.
တစ်ခါတလေ ဆိုင်ကယ်သမားကိုယ်တိုင် ပေါ့ဆပြီး ဦးထုပ် ဆောင်းဖို့ မေ့တတ်တယ်။ နောက်က ခရီးသည်ကလည်း ဂိုက် ပေးကြမ်းပြီး ဦးထုပ်ကို လက်ထဲကိုင်ထားတယ်။ သွားရင်းလာ ရင်း တွေ့တော့ ရုံးရောက် ဂတ်ရောက်ဖြစ်တာတွေ ကြုံရတယ်။ ဖြစ်တဲ့နေရာမှာ အသနားခံစာတင်ပြီး နောက်ကြောင်းပြန်လို့ ရ တာလည်း ရှိတယ်။ ဆိုင်ကယ်မောင်း ဆိုင်ကယ်စီးပြီဆိုတာနဲ့ အသက်ကယ်ဦးထုပ်က အရေးကြီးပါတယ်။ မတော်တဆမှု ကြုံ ရင် အသက်ကို ကယ်မယ့် အသက်ကယ်ဦးထုပ် ဖြစ်နေလို့ပါ။ ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့မှာ မော်တော်ဆိုင်ကယ် မောင်းနှင်စီးနင်းသူတွေကြား အသက်ကယ်ဦးထုပ် မဆောင်း တာ များလာပါတယ်။ ဆိုင်ကယ်နဲ့ ပတ်သက်တဲ့ ယာဉ်တိုက် မှုတွေလည်း နေ့စဉ် နေရာစုံမှာ ဖြစ်နေပါတယ်။ ဆေးရုံဆေးခန်း ရောက်တာတွေ ရှိတယ်။ တချို့ခြေလွန် လက်လွန်ဖြစ်ပြီး အ သက်ဆုံးရှုံးကြတယ်။
.

မော်တော်ဆိုင်ကယ် မတော်တဆမှုကြောင့် အသက်ဆုံးရှုံးတဲ့ဖြစ်စဉ်၊ ဆိုးဆိုးဝါးဝါး ဖြစ်သွားတဲ့ဖြစ်စဉ် အများစုကို လေ့ လာကြည့်မယ်ဆိုရင် အသက်ကယ်ဦးထုပ် မဆောင်းလို့ ဖြစ်တာကို တွေ့ရတယ်။

မော်တော်ဆိုင်ကယ် မတော်တဆမှုကြောင့် အသက်ဆုံးရှုံးတဲ့ဖြစ်စဉ်၊ ဆိုးဆိုးဝါးဝါး ဖြစ်သွားတဲ့ဖြစ်စဉ် အများစုကို လေ့ လာကြည့်မယ်ဆိုရင် အသက်ကယ်ဦးထုပ် မဆောင်းလို့ ဖြစ်တာကို တွေ့ရတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ အရပ် ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းပြီး အသက်ကယ် ဦးထုပ်တွေ အခမဲ့ပေးဝေတယ်။ ဆိုင်ကယ်စီးတဲ့အချိန် ဦးထုပ်ဆောင်းတာနဲ့ ပတ်သက်ပြီး အသိပညာပေးမှုတွေ မကြာခဏ ပြုလုပ်ပါတယ်။ လမ်းမကြီးတွေပေါ်မှာ ပြုလုပ်တာရှိသလို အစိုးရစာသင်ကျောင်း တွေမှာလည်း အသိပညာပေးမှုတွေ လုပ်ပါတယ်။ အကြိမ်ကြိမ် အခါခါပြုလုပ်နေပေမယ့် လိုက်နာမှုပိုင်း အားနည်းတာကိုလည်း မြင်တွေ့နေရပါတယ်။ အများစုက လူငယ်လူရွယ်နဲ့ ကျောင်း သားလေးတွေပါ။ ယာဉ်တိုက်မှု ဆိုင်ကယ်မတော်တဆမှု ဖြစ် တာလည်း ကျောင်းသားနဲ့ လူငယ်လူရွယ်ကြား အဖြစ်များပါ တယ်။
.
အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာ ယာဉ်ထိန်း တပ်ဖွဲ့တွေ ပူးပေါင်းပြီး အသက်ကယ်ဦးထုပ် အခမဲ့ပေးတာ၊ ဆိုင်ကယ် မတော်တဆမှု မဖြစ်အောင် ပညာပေးစည်းရုံးတာ တွေ မကြာခဏဆိုသလို လုပ်ပါတယ်။ လမ်းမကြီးတွေပေါ်မှာ လုပ်တာရှိသလို စာသင်ကျောင်းတွေမှာလည်း လုပ်ပါတယ်။ ဒါပေမဲ့ လိုက်နာမှု အပိုင်းမှာတော့ အားနည်းတာကို တွေ့ရတယ်။ အရှေ့အနောက် မြို့ပတ်လမ်းနဲ့ ရပ်ကွက်လမ်းသွယ်တွေမှာ မောင်းတဲ့အချိန် ဆိုင်ကယ်စီးဦးထုပ် မဆောင်းကြတာများတယ်။ ညပိုင်းအချိန်ဆို မိန်းလမ်း(ဗိုလ်ချုပ်အောင်ဆန်းလမ်း)ပေါ်မှာ တောင်မဆောင်းကြတော့ဘူး။ အများစုက လူငယ်လေးတွေ ပေါ့။ ဦးထုပ်ဆောင်းတယ်ဆိုတာ ဆိုင်ကယ်မောင်းသူတွေရဲ့ အန္တရာယ်ကို ကာကွယ်ဖို့ပါ။ မတော်တဆမှု ဖြစ်ပွားတဲ့အချိန် အသက်အန္တရာယ် လွတ်ကင်းအောင် ဦးထုပ်ဆောင်းသင့်တယ် လို့ ကျောင်းကြီးစုရပ်ကွက်အတွင်း နေထိုင်သူတစ်ယောက်က ပြောပါတယ်။
.
ဖြစ်စဉ် ၁

၂၀၂၀၊ ဖေဖော်ဝါရီ ၁ ရက်၊ ညနေ ၄ နာရီ ခွဲလောက် တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်း၊ တရုတ်ဘုံကျောင်း မြောက်ဘက်၊ ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားပါတယ်။ ကားနဲ့ဆိုင် ကယ် တိုက်တဲ့ဖြစ်စဉ်ပါ။ လမ်းမှန်အတိုင်း မောင်းတဲ့ဆိုင်ကယ် ကို အနောက်မြို့ပတ်လမ်းအတိုင်း မြောက်ဘက်မောင်းလာတဲ့ ကားလမ်းကြောင်း မှားပြီး ဝင်တိုက်တာ ဖြစ်ပါတယ်။ ဆိုင်ကယ် ရှေ့တစ်ခြမ်းလုံး ပျက်စီးသွားပြီး မောင်းနှင်သူ အမျိုးသမီးငယ် လက်နဲ့ ဝမ်းဗိုက်မှာ ဒဏ်ရာတချို့ ရသွားပါတယ်။ ဝင်တိုက်တဲ့ ကားက ထွက်ပြေးသွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြော ပါတယ်။ ကားနဲ့ ဝင်တိုက်မိတဲ့ အရှိန်ကြောင့် အမျိုးသမီးငယ် ဟာ ကတ္တရာလမ်းပေါ် ခေါင်းနဲ့ဆောင့်မိတယ်လို့ ဆိုပါတယ်။ အသက်ကယ်ဦးထုပ် စနစ်တကျ ဆောင်းထားတဲ့ အတွက် အ သက်အန္တရာယ်က လွတ်ကင်းခဲ့ပါတယ်။
.
ဖြစ်စဉ် ၂၊ (နေ့ရက်တူ) ညပိုင်း
 
ညပိုင်း ၈ နာရီလောက်မှာ ယာဉ်တိုက်မှု တစ်ခု ထပ်ဖြစ်ပါ တယ်။ အနောက်မြို့ပတ်လမ်းအတိုင်း အမျိုးသမီးတစ်ယောက် မောင်းလာတဲ့ ဆိုင်ကယ်ကို ဂနိုင်ကန်လမ်းဘက်က တက်လာ တဲ့ကားက ဝင်တိုက်မိတာပါ။ တိုက်တဲ့အကြောင်းရင်းထဲမှာ မော်တော်ဆိုင်ကယ်ရှေ့ မီးတပ်ဆင်ထားခြင်း မရှိတာလည်း အဓိကအချက်အနေနဲ့ ပါဝင်ပါတယ်။ ကားနဲ့ ဆိုင်ကယ်တိုက် ပြီဆိုတာနဲ့ ဆိုင်ကယ်မောင်းနှင်သူတွေသာ ထိခိုက်ဒဏ်ရာ ရရှိ တာဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာ ရရှိတဲ့ အမျိုးသမီးကို ဝင်တိုက် တဲ့ကားက တာဝန်ယူဆေးရုံပို့ပေးတဲ့အတွက် နှစ်ဦးနှစ်ဖက် ပြေ လည်မှု ရသွားပါတယ်။ ဒီဖြစ်စဉ်မှာလည်း ဆိုင်ကယ်မောင်းနှင် သူ အမျိုးသမီး အသက်ကယ်ဦးထုပ်ဆောင်းထားတဲ့အတွက် ထိခိုက်ဒဏ်ရာ ရရှိတာကလွဲပြီး အသက်အန္တရာယ် ကင်းလွတ် ခဲ့ပါတယ်။
.
ဖြစ်စဉ် ၃

ဖြစ်စဉ်ကတော့ တော်တော်ဆိုးတယ် ပြောရပါလိမ့်မယ်။ ကျောင်းသားအရွယ် လူငယ်လေး ၂ ယောက်မောင်းတဲ့ ဆိုင် ကယ်မတော်တဆ တိမ်းမှောက်မှုပါ။ အရှိန်ပြင်းနဲ့ မောင်းလာတဲ့ ဆိုင်ကယ် စလစ်ဖြစ်ပြီး ကတ္တရာလမ်းပေါ် လျှောတိုက်ပါသွား ပါတယ်။ ဆိုင်ကယ်စီးတဲ့ လူငယ် ၂ ယောက်လုံး အသက်ကယ် ဦးထုပ် မဆောင်းထားတဲ့အတွက် ဆေးရုံအရေးပေါ်ကို ရောက် သွားပါတယ်။ ဆိုင်ကယ်မောင်းတဲ့ လူငယ် အခြေအနေ အဆိုး ဆုံး မရောက်ပေမယ့် နောက်က ထိုင်စီးတဲ့ လူငယ်ကတော့ မန္တ လေးမြို့က ဆေးရုံတစ်ခုကို ပြောင်းရတဲ့အထိ ဖြစ်သွားပါတယ်။ ခေါင်းမှာ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရသွားတဲ့အတွက် မန္တ လေးပို့တယ်လို့ ဆိုကြပါတယ်။ လက်ရှိ (စာရေးနေတဲ့ အချိန် ထိ)လည်း သတိရတစ်ချက် မရတစ်ချက်လို့ နီးစပ်သူတွေက ပြောကြတယ်။ ဆိုင်ကယ်စီးတဲ့အချိန် အသက်ကယ်ဦးထုပ်က အရေးကြီးပါတယ်။
.
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့ပေါ်မှာ မော်တော် ဆိုင်ကယ်နဲ့ ပတ်သက်တဲ့ မတော်တဆမှု ယာဉ်တိုက်မှုတွေ နေ့စဉ်လို ဖြစ်ပေါ်နေပါတယ်။ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာ ရရှိသွားတာရှိသလို အသက်ဆုံးရှုံးတဲ့ ဖြစ်စဉ်တွေလည်း စိတ်မ ကောင်းစွာ ကြားသိနေရပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူ တွေအနေနဲ့ အခုထက်ပိုပြီး အသိပညာပေးမှုတွေ လုပ်ဆောင် ဖို့ လိုအပ်သလို၊ ဆိုင်ကယ်မောင်းနှင်စီးနင်းသူတွေ အနေနဲ့ လည်း ကိုယ့်အသက်အန္တရာယ် ကာကွယ်ဖို့ အသက်ကယ်ဦး ထုပ်ဆောင်းဖို့ လိုအပ်ပါတယ်။ တောင်ကြီးမြို့ပေါ်မှာ မော်တော် ဆိုင်ကယ် မောင်းနှင်သူ ၉၀ ရာခိုင်နှုန်းကျော် အသက်ကယ်ဦး ထုပ် ဆောင်းတယ်လို့ ဆိုထားပါတယ်။ ကျန်တဲ့ ၁၀ ရာခိုင်နှုန်း နဲ့ အသက်တွေဟာ အသက်ကယ်ဦးထုပ်ထဲမှာ ရှိနေတဲ့အတွက် ဆိုင်ကယ်စီးဦးထုပ်ဆောင်းခြင်းနဲ့ အသက်တွေ ကယ်နိုင်ကြပါ စေလို့ မီးမှောင်းထိုး တင်ပြလိုက်ရကြောင်းပါ။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)