တစ်ပတ်တာ ကံကြမ္မာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တစ်ပတ်တာ ကံကြမ္မာ


ဆရာ ယဉ်မင်းအောင်
.
၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၆ ရက်မှ ဧပြီလ ၁ ရက် အထိ
.

တနင်္ဂနွေ
.
ကြီးမားသောငွေ ဝင်လာမည်။ ကောင်းသောသတင်း ကြားသိရလိမ့်မည်။ လုပ်ငန်းတိုးချဲ့စရာများ ပေါ်ပေါက်မည်။ ဆွေမျိုးအတွက် ပူပန်ခြင်းများ ပြီးဆုံးသွားလိမ့်မည်။ အခက်အခဲ ကျော်လွှားနိုင်မည်။ ခရီး ယာယီသွားလာရလိမ့်မည်။ ကား၊ ဆိုင်ကယ်ပျက်လိမ့်မည်။ ပြုပြင်ရကိန်း ကြုံနေသည်။ မနာလိုသူများ မိမိ ကို အရှုံးပေးရလိမ့်မည်။ ကုန်သည်များမှာ ပစ္စည်းအချို့ ပြတ်လပ်မည်။ ဝန်ထမ်းများမှာ စိတ်မတည်မငြိမ် ဖြစ်လိမ့်မည်။ ပွဲစားများမှာ အလုပ်နည်းနည်း ဖြစ်မည်။ အပေါင်အနှံကိစ္စများ တည့်လာလိမ့်မည်။ ငယ်သူ များ အချစ်ရေးကိစ္စတွင် ချစ်သူ၏ အောင်မြင်မှု ကြုံတွေ့လိမ့်မည်။ ကျန်းမာရေးကိစ္စများတွင် ရေချိုးမှား တတ်ပါသည်။ ကံကောင်းစေသော ဂဏန်းမှာ (၀/၂/၅)ဖြစ်သည်။
ယတြာ။ သံဃာတော်ကို ထီးလှူပါ။
.

တနင်္လာ
.
ကောင်းမွန်သော အကြံအစည်များ ပေါ်ပေါက်လိမ့်မည်။ မိတ်ဆွေကောင်းများက ကူညီပေးခြင်း ကြုံ လိမ့်မည်။ ငွေကြေးအနည်းငယ် ကြပ်တည်းစေသော ကာလဖြစ်သည်။ မလိုအပ်သော ပစ္စည်းများကို ဝယ် ယူမိတတ်ပါသည်။ သတိပြုပါ။ ထီတစ်မျိုးမျိုး ပေါက်မည့်ကံ ရှိနေပါသည်။ တစ်စုံတစ်ရာ ပွပေါက်တိုးသော အလုပ်လည်း ဖြစ်နိုင်ပါသည်။ ကုန်သည်များမှာ အရောင်းအဝယ် ပြန်ကောင်းမွန်လာမည်။ ဝန်ထမ်းများမှာ အတွင်းပူ မိမည်။ အထင်လွဲ ခံနေရမည်။ ကုန်လှောင်ထားသူများ အခက်အခဲတွေ့နေလိမ့်မည်။ ပွဲစားများမှာ အလုပ်ယာယီ ပြတ်နေမည်။ ငယ်သူများ အချစ်ရေးတွင် ချစ်သူအသစ်တွေ့ခြင်း၊ ကမ်းလှမ်းခံရခြင်း ကြုံမည်။ ကျန်းမာရေးကိစ္စများတွင် အထူးညံ့မရှိပါ။ မျက်စိထဲ ဖုန်ဝင်မည်။ ကံကောင်းစေသော ဂဏန်း များမှာ (၃/၄/၇) ဖြစ်သည်။
ယတြာ။ စေတီမှာ အလံ ၅ ချောင်း လှူပါ။
.

အင်္ဂါ
.
နေအိမ်သို့ ဧည့်သည်လာမည်။ ကွဲကွာနေသော မိသားစုဝင်များလည်း ပြန်လည်ဆုံတွေ့လိမ့်မည်။ ဘာသာရေးကိစ္စများ ဆောင်ရွက်ရမည်။ ငွေကြေးအထွက် များနေလိမ့်မည်။ အိပ်ယာသုံးပစ္စည်း ပြောင်း လဲရတတ်ပါသည်။ ဖုန်းအသစ် ဝင်မည်။ မိတ်ဆွေ တိုးမည်။ စိတ်ထဲ မွန်းကြပ်နေသောအရာများ သက်သာ လာမည်။ ကုန်သည်များ လှောင်ကုန်စျေးကောင်း ရလိမ့်မည်။ စျေးပြန်တက်လာလိမ့်မည်။ ဝန်ထမ်းများ ခွင့်ယူရခြင်း၊ အခြား တာဝန်တစ်ခု ပေးခံရခြင်း ကြုံမည်။ ပွဲစားများ အရောင်းနည်းနည်း တည့်မည်။ ငယ် သူများ အချစ်ရေးတွင် ချစ်သူကြောင့် စိတ်ညစ်ရမည်။ အငြင်းပွားလိမ့်မည်။ ကျန်းမာရေးတွင် ခါးနာမည်။ နောက်ကျောတက်မည်။ ကံကောင်းစေသော ဂဏန်းမှာ (၀/၆/၉) ဖြစ်သည်။
ယတြာ။ ဘုရားမှာ သပြေလှူပါ။
.

ဗုဒ္ဓဟူး
.
ဖုန်းအသစ် လဲလှယ်ရမည်။ အိမ်အနီး ပြုပြင်ရလိမ့်မည်။ အဆုတ်ကြောင့် ထိတ်လန့်နေရာမှ ပြန် ကောင်းမွန်လာလိမ့်မည်။ ကုသိုလ်ကောင်းမှု ပြုရလိမ့်မည်။ ခရီးတို သွားလာရလိမ့်မည်။ အဝေးရောက်နေ သူ ပြန်လာမည်။ ထူးခြားသော ပစ္စည်းများ လက်ဆောင်ရမည်။ အဝတ်အစားသစ်လည်း ဝင်လာမည်။ သ တင်းကောင်း ကြားသိရမည်။ ကုန်သည်များ အရောင်းအဝယ်ကောင်းမည်။ ပစ္စည်းထပ်မှာရလိမ့်မည်။ ဝန် ထမ်းများ အပိုငွေ ဝင်မည်။ စိတ်ပျော်ရွှင်ရမည်။ ပွဲစားများမှာ မြေအရောင်းတည့်လိမ့်မည်။ ပွဲခရလိမ့်မည်။ ငယ်ရွယ်သူများမှာ ချစ်သူ၏ ဖုံးကွယ်ထားသော ကိစ္စများ သိလာမည်။ ပေါ်ပေါက်လာမည်။ ကျန်းမာရေးတွင် မူးမည်။ ခေါင်းကိုက်မည်။ ကံကောင်းစေသော ဂဏန်းမှာ (၁/၇/၉)ဖြစ်သည်။
ယတြာ။ စေတီမှာ စံပါယ်လှူပါ။
.

ကြာသပတေး
.
စိတ်ပျော်ရွှင်စရာသတင်းနဲ့ စိတ်ညစ်စရာသတင်းတစ်နေ့ထဲ ပြိုင်တူကြားသိရလိမ့်မည်။ နိုင်ငံခြား ရောက်နေသူအတွက် စိတ်ပူရမည်။ မိမိနေအိမ်သို့ ဆန်းသစ်သော စက်ပစ္စည်းများ ဝင်လာလိမ့်မည်။ အ လုပ်များပြားနေတတ်ပါသည်။ ငွေကြေး အနည်းငယ် ခက်ခဲနေလိမ့်မည်။ ရွှေများ ပြန်ထွက်သွားလိမ့်မည်။ ချေးငွေများ ဝင်လာမည်။ ကုန်သည်များပစ္စည်း ပြတ်လပ်သည်အထိ ရောင်းအားကောင်းမွန်နေမည်။ ဝန် ထမ်းများမှာ ကြီးသူမှ အမြင်စောင်းလိမ့်မည်။ ပွဲစားများမှာ အလုပ်ရပ်တန့်နေလိမ့်မည်။ ငယ်သူများမှာ အ ချစ်ရေးကိစ္စတွင် အတူလည်ရမည်။ စားသောက်ဆိုင်ကောင်း ရောက်လိမ့်မည်။ ကျန်းမာရေးကိစ္စတွင် ဝမ်း ပျက်မည်။ အစားမှားမည်။ ကံကောင်းစေသောဂဏန်းမှာ (၁/၂/၆)ဖြစ်သည်။
ယတြာ။ ဘုရားမှာ မုန့်လက်ဆောင်း လှူပါ။
.

သောကြာ
.
နေအိမ်ပြုပြင် ဆေးသုတ်ရလိမ့်မည်။ သူတစ်ပါးကိစ္စ ဝင်ရောက်ကူညီရလိမ့်မည်။ မိတ်ဆွေ အခက်အ ခဲ ပြေလည်သဖြင့် ဝမ်းသာရမည်။ လိုချင်သောပစ္စည်း ဝင်လာမည်။ စီးပွားရေးကောင်းမွန် တိုးတက်လိမ့် မည်။ ကြီးမားသော အမြတ်အစွန်းလည်း ရလိမ့်မည်။ အခက်အခဲများ ကျော်ဖြတ်နိုင်ပါမည်။ စက်ပစ္စည်း ဝင်မည်။ ကုန်သည်များမှာ လှောင်ကုန်မြတ်မည်။ ရောင်းမထွက်ဘဲ ကြာနေသောပစ္စည်း အရောင်းထွက် မည်။ ဝန်ထမ်းများ ပုံမှန်အတိုင်း သွားနေလိမ့်မည်။ ပွဲစားများ အလုပ်သိပ်မကောင်းသေးပါ။ ငယ်သူများမှာ အချစ်ရေးကိစ္စတွင် ချစ်သူအတွက် စိတ်ပူပေးရမည်။ ကျန်းမာရေးကိစ္စများတွင် သွားကိုက်မည်။ သွားနာ မည်။ ကံကောင်းစေသော ဂဏန်းမှာ (၃/၆/၉)ဖြစ်သည်။
ယတြာ။ စေတီမှာ ပန်းအဖြူလှူပါ။
.

စနေ
.
အဝေးခရီး သွားလာရမည်။ ကြီးသူအတွက် အပူတွေ့မည်။ ငွေများ ပြန်လည်ထွက်လိမ့်မည်။ ငွေစု ထားသည်များ ပြန်ထုတ်သုံးရလိမ့်မည်။ စိတ်ပျော်ရွှင်ရလိမ့်မည်။ ယာဉ်အနည်းငယ် ပျက်လိမ့်မည်။ ကောင်း သော လက်ဆောင်ရမည်။ အလုပ်နှေးကွေးနေလိမ့်မည်။ မိတ်ဆွေထောက်ပံ့မှု ရမည်။ အကြံအောင်ပါမည်။ ကုန်သည်များ ပစ္စည်းပျောက်ဆုံးလိမ့်မည်။ ဝန်ထမ်းများ ခွင့်ယူခြင်း၊ အလုပ်မှ သက်သာရာ ရနေခြင်းကြုံ မည်။ ပွဲစားများ အပေါင်ကိစ္စတည့်ပြီး ပွဲခများများရမည်။ ငယ်ရွယ်သူများမှာ အချစ်ရေးတွင် ချစ်သူဘက်မှ ကြီးသူကြောင့် စိတ်ညစ်ရမည်။ ကျန်းမာရေးတွင် လျှာနာမည်။ သွားနာမည် သတိထားပါ။ ကံကောင်းစေ သော ဂဏန်းမှာ (၄/၆/၉)ဖြစ်ပါသည်။
ယတြာ။ စေတီမှာ ကံ့ကော်ညွန့်လှူပါ။
.

Journal Download

Photo of three cats