ဆရာယဉ်မင်းအောင်
.
၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၉ ရက်မှ ၂၅ ရက် အထိ
.
တနင်္ဂနွေ
.
ကိစ္စဟောင်း
ဖြေရှင်းရလိမ့်မည်။ စာရွက်စာတမ်းများ၊ စာချုပ်များ ဆောင်ရွက်ရမည်။ မိသား စုအတွင်း
တစ်ယောက်တစ်မျိုး ရှုပ်ထွေးနေမည်။ စီးပွားရေးတွင် ငွေအထွက်များပြီး ဝင်လာသောငွေ
များ မလုံလောက်ခြင်းကြုံမည်။ ဆောင်ရွက်လိုသော အကြံအစည်များလည်း များပြားသလောက်
ဘာမှအကောင်အထည် မဖော်နိုင်ဘဲ ရှိမည်။ ကုန်သည်များမှာ အရောင်းကောင်းမွန်နေမည်။
ဝန်ထမ်းများ အလုပ်ပိနေမည်။ ပွဲစားများမှာ အရောင်းအဝယ်ကိစ္စ ပြောဆိုပြီး
နှောင့်နှေးနေမည်။ အိမ်အရောင်းတည့်မည်။ ငယ်သူများမှာ အချစ်ရေးကိစ္စတွင်
ချစ်သူကျန်းမာရေး အနည်းငယ်ညံ့ မည်။ ကျန်းမာရေးကိစ္စတွင် ရင်ကြပ်မည်။
ကံကောင်းစေသောဂဏန်းမှာ (၀/ ၃/ ၇)ဖြစ်သည်။
ယတြာ။ စေတီတွင် ကံ့ကော်ညွှန့်လှူပါ။
တနင်္လာ
.
လုပ်ငန်းများ အသစ်ထူထောင်ရန်၊
ပြောင်းလဲရန်အားထုတ်မည်။ ငွေကြေးချေးငှားရလိမ့်မည်။ မိတ်ဆွေတွေ့ပြီး
အကူအညီရလိမ့်မည်။ နေအိမ်အတွက် စာရွက်စာတမ်းကိစ္စ ပြုလုပ်ရမည်။ ဖုန်းပျက်မည်။
ပြင်ရမည်။ မိခင်ကြောင့် ပူပန်မှု များမည်။ မြေအပိုရှိသောသူများ ရောင်းထွက်မည်။
ကုန်သည်များမှာ ဆိုင်အတွက်၊ လုပ်ငန်းအတွက် စာရင်းသေ ရင်းနှီးမြုပ်နှံရမည်။
ဝန်ထမ်းများမှာ ခွင့်ယူရမည်။ ပွဲစားများမှာ အလုပ် ရပ်တန့်နေမည်။
ငယ်သူများအချစ်ရေးတွင် ချစ်သူကြောင့် အံ့ သြဝမ်းသာရမည်။ ကျန်းမာရေး ကိစ္စတွင်
သွားကိုက်မည်။ ကံကောင်းစေသော ဂဏန်းမှာ (၁/ ၆/ ၈)ဖြစ်သည်။
ယတြာ။ စေတီမှာ သြဇာညွှန့် လှူပါ။
.
အင်္ဂါ
.
ယာဉ်မော်တော်ကားများ
ဝင်လာမည်။ ရွှေထွက်လိ့မ်မည်။ စုထားသောငွေ ပြန်ထွက်နေမည်။ စိတ်ရှုပ်ထွေးစရာ
များနေမည်။ အချို့မှာ အလှူလုပ်ရမည်။ ဆွေမျိုးကိစ္စများ ဆောင်ရွက်ပေးရ မည်။
သတင်းဆိုးကြားရတတ်ပါသည်။ နေအိမ်သို့ လှပဆန်းသစ်သော ပစ္စည်းများ ဝင်လာမည်။ ခက်ခဲသော
မိတ်ဆွေကိစ္စများ ပါဝင်ပတ်သက်ရမည်။ ကုန်သည်များ ဖောက်သည်သစ်တွေ့မည်။
ဝန်ထမ်းများမှာ အခွင့်အရေးကောင်းကြုံခြင်း၊ ဝမ်းသာရခြင်း ဖြစ်မည်။ ပွဲစားများ
အပေါင်ကိစ္စအ ဆင်ပြေမည်။ ငယ်သူများ အချစ်ရေးတွင် ချစ်သူနဲ့အတူ လည်ပတ်ရမည်။
ရုပ်ရှင်ရုံရောက်မည်။ ကျန်းမာရေး ကိစ္စတွင် ဖျားနာမည်။ ကံကောင်းစေသောဂဏန်းမှာ (၂/
၅/ ၇)ဖြစ်သည်။
ယတြာ။ စေတီတွင် ခရေညွှန့်လှူပါ။
.
ဗုဒ္ဓဟူး
.
စိတ်ညစ်စရာပေါ်မည်။
ခရီးစဉ်ပျက်လိမ့်မည်။ နေအိမ်သို့ ဧည့်သည်လာမည်။ ငွေကြေးအ ထွက်များမည်။ မင်္ဂလာပွဲ၊
အလှူပွဲများ သွားရမည်။ မစားဖူးသော အစားအစာစားရမည်။ မရဖူး သောငွေများဝင်လာမည်။
ကုန်သည်များမှာ အရောင်းအဝယ်ကောင်းမွန်သော်လည်း ကြွေးကျ လိမ့်မည်။ ဝန်ထမ်းများ
ပစ္စည်းပျောက်ဆုံးမည်။ ငွေပျောက်မည် သတိထားပါ။ ပွဲစားများ အသေး စားပွဲခရမည်။
ငယ်ရွယ်သူများမှာ အချစ်ရေး ကမ်းလှမ်းခံရမည်။ ကမ်းလှမ်းထားသူကလည်း အဖြေရမည်။
ကျန်းမာရေး ကိစ္စတွင် အကြောတင်မည်။ ကံကောင်းစေသောဂဏန်းမှာ (၁/ ၃/ ၄)ဖြစ်သည်။
ယတြာ။ ဘုရားတွင် စံပယ်ညွှန့်လှူပါ။
.
ကြာသပတေး
.
ခြံ၊ မြေ၊ အိမ်၊
တိုက်ခန်း စသည်တို့ အရောင်းထွက်မည်။ အိမ်သို့ကော်ဇောများဝင်မည်။ လုပ်
ငန်းသစ်အကျိုးရှိခြင်းကြုံမည်။ စီးပွားရေးသိပ်မကောင်းပါ။ ငွေအထွက်များမည်။ စုထား
သောငွေများ ပြန်လည်ထွက်သွားလိမ့်မည်။ သူခိုးကပ်မည်။ သတိထားပါ။ ယခုကာလတွင်
အစားအသောက် သတိထားပါ။ အစားမှားမည်။ ကုန်သည်များ အရောင်းအဝယ်ကိစ္စ ခရီး သွားရမည်။
ဝန်ထမ်းများ ညစာစားပွဲကြုံခြင်း၊ စားသောက်ဆိုင်ကောင်းရောက်ခြင်းကြုံမည်။
ပွဲစားများ အမြတ်ရမည်။ ငွေများများရလိမ့်မည်။ ငယ်သူများ အချစ်ရေးကိစ္စတွင် ချစ်သူက
အခြားတစ်ယောက်နှင့် အထင်လွဲမည်။ ကျန်းမာရေး ကိစ္စတွင် ခေါင်းကိုက်မည်။ ကံကောင်း
စေသောဂဏန်းမှာ (၂/ ၃/ ၈)ဖြစ်သည်။
ယတြာ။ စေတီတွင် သပြေပန်းလှူပါ။
.
သောကြာ
.
မြုပ်နေသောငွေ
ပြန်ပေါ်မည်။ စိတ်ပျော်ရွှင်ကျေနပ်စရာ ကြုံမည်။ ကောင်းသောလက်ဆောင် ရခြင်း ကြုံမည်။
စက်ပစ္စည်းကောင်းကောင်း ဝင်မည်။ ကောင်းသောခရီး သွားလာရမည်။ အခက် အခဲနည်းနည်းရှိသော်လည်း
လွတ်မြောက်ပါမည်။ စီးပွားရေး လုပ်ငန်းများ မတိုးချဲ့သင့်ပါ။ ဆွေ မျိုးများကို
ကူညီဖြေရှင်းပေးရတတ်ပါသည်။ ကုန်သည်များ အရောင်းအဝယ်တိုးချဲ့မည်။ ပစ္စည်း
သိုလှောင်ရတတ်သည်။ ဝန်ထမ်းများ အလုပ်များပြားနေလိမ့်မည်။ ပွဲစားများအလုပ်ရပ်တန့်နေ
လိမ့်မည်။ ငယ်သူများ အချစ်ရေးတွင် ချစ်သူက လက်ဆောင်ပေးမည်။ အစားကောင်းကျွေးမည်။
ကျန်းမာရေး ကိစ္စတွင် နားအူခြင်းကြုံမည်။ ကံကောင်းစေသောဂဏန်းမှာ (၂/ ၅/ ၆)ဖြစ်သည်။
ယတြာ။ ဘုရားတွင် ရွက်လှလှူပါ။
.
စနေ
.
အိမ်တွင်း တစ်ဦးဦး
ကျန်းမာရေးညံ့မည်။ အလုပ်အကိုင်မရှိသေးသူများ အလုပ်ရှာဖွေမရ ဖြစ်နေမည်။
သို့သော်ရုတ်တရက် ကံကောင်းပြီး ငွေများများရတတ်ပါသည်။ အတိုက်အခံများ ပေါ်ပေါက်မည်။
အတွင်းလူသစ္စာဖောက်မည်။ အိမ်ထဲသို့ စာများ၊ စာအုပ်များ ဝင်လာတတ်ပါသည်။
စိတ်မပျော်ရွှင်သော ကာလများ ဖြတ်သန်းနေရလိမ့်မည်။ ကုန်သည်များမှာ အရောင်းအဝယ်မှား
တတ်သည်။ ငွေကွာတတ်ပါသည်။ ဝန်ထမ်းများ အောက်လူအတွက် ငွေကုန်မည်။ ပွဲစားများ အ
ပေါင်ဖြစ်သော ကာလဖြစ်သည်။ ငယ်သူများ အချစ်ရေးတွင် ချစ်သူဟောင်းနှင့် ချစ်သူသစ်ကြား
စိတ်ညစ်ရမည်။ ချစ်သူမရှိသေးသူများ ကမ်းလှမ်းခံရမည်။ ကျန်းမာရေး ကိစ္စတွင်
အအေးမိမည်။ ကံကောင်းစေသောဂဏန်းမှာ (၃/ ၄/ ၈)ဖြစ်သည်။
ယတြာ။ ဘုရားတွင် အုန်းညွှန့်လှူပါ။
.