တစ်ပတ်တာ ကံကမ္မာ - Kanbawza Tai News

Breaking

Boxed(True/False)

Friday, March 13, 2020

တစ်ပတ်တာ ကံကမ္မာ


ဆရာယဉ်မင်းအောင်
.
၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၂ ရက်မှ ၁၈ ရက် အထိ
.
တနင်္ဂနွေ
.
အိပ်မက်ကောင်း မက်လိမ့်မည်။ ဝမ်းသာစရာသတင်းစကား ကြားသိရလိမ့်မည်။ ငွေကြေးကိစ္စများ ဖြေရှင်းပြောဆိုရလိမ့်မည်။ အငြင်းပွားခြင်းလည်း ဖြစ်ပေါ်ပါမည်။ စီးပွားရေး အခွင့်အလမ်းများ ကောင်းမွန် ရန် လိုအပ်နေသေးသည်။ စောင်များ အိမ်သို့ အဝင်မခံရ။ သူတစ်ပါးကိစ္စကို ဝင်ရောက်ပြောဆိုပေးရလိမ့် မည်။ ကုန်သည်များမှာ အရောင်းအဝယ်စျေးကောင်းရမည်။ ပစ္စည်း ပြတ်လပ်တတ်ပါသည်။ ဝန်ထမ်းများ မှာ ကြီးသူကြောင့် စိတ်ညစ်ရမည်။ ပွဲစားများမှာ ပြောထားသော ကိစ္စနီးစပ်လာမည်။ ငယ်သူများမှာ အချစ် ရေးကိစ္စတွင် ချစ်သူကို အဖြေပေးရခြင်း၊ တွေ့ဆုံခြင်း ကြုံလိမ့်မည်။ ကျန်းမာရေးကိစ္စများတွင် ချောင်းဆိုး မည်၊ နှာစေးလိမ့်မည်။ ကံကောင်းစေသော ဂဏန်းမှာ (၁/၄/၉)ဖြစ်သည်။
ယတြာ။ ဘုရားတွင် သံပုရာဖျော်ရည် ကပ်လှူပါ။
.
တနင်္လာ
.
အိမ်ဆောက်ခြင်း၊ အိမ်ပြင်ခြင်း၊ အိမ်တိုးချဲ့ခြင်း ကြုံမည်။ အကူအညီကောင်းများ ရလိမ့်မည်။ စိတ် ပျော်ရမည်။ စီးပွားရေး အလုပ်အကိုင်များ နောက်တစ်မျိုး ထူထောင်လုပ်ကိုင်ရမည်။ နေအိမ်အတွက် ဝမ်း သာကျေနပ်ရမည်။ အစားကောင်း စားရမည်။ မရောက်တာကြာသော ဒေသများသို့ သွားရောက်ရမည်။ ပစ္စည်းအထား မှားလိမ့်မည်။ ကုန်သည်များမှာ ဆိုင်နေရာ၊ ဂိုဒေါင်နေရာများ ပြုပြင်ရမည်။ စီစဉ်ရမည်။ ဝန် ထမ်းများမှာ အလုပ် ပိနေတတ်ပြီး အလုပ်ပြောင်းလဲရန် အားထုတ်လိမ့်မည်။ ပွဲစားများမှာ မြေအပေါင်ကိစ္စ များတွင် ပွဲခရကြပါမည်။ ငယ်သူများမှာ အချစ်ရေးတွင် ချစ်သူပေးသော လက်ဆောင်ကောင်း ရပါမည်။ ကျန်းမာရေးကိစ္စများတွင် ယားယံလိမ့်မည်။ ကံကောင်းစေသော ဂဏန်းများမှာ (၁/၃/၇)ဖြစ်သည်။
ယတြာ။ စေတီမှာ ရွှေထီးလှူပါ။
.
အင်္ဂါ
.
မော်တော်ယာဉ်များ ထပ်ဝင်မည်။ ကားအောက်ပိုင်း ပြုပြင်ရမည်။ အခက်အခဲ ရှိသူများ လွတ်မြောက်မည်။ ရေကိစ္စ ဆောင်ရွက်ရမည်။ ပြုပြင်ရတတ်ပါသည်။ ရွှေ၊ စက်များ ဝင်လာမည်။ မိတ်ဆွေများ ဆွေမျိုးများအတွက် ငွေကုန်တတ်ပါသည်။ အလုပ်သမား အောက်လူကြောင့် စိတ်နည်းနည်းညစ်ရမည်။ မိတ် ဆွေသစ် တွေ့ပါမည်။ ကုန်သည်များ အရောင်းအဝယ် ကောင်းမွန်လာမည်။ အမြတ်ရမည်။ ဝန်ထမ်းများမှာ အခွင့်အရေးကောင်း ရလိမ့်မည်။ ပွဲစားများမှာ စကားများမည်။ အငြင်းပွားလိမ့်မည်။ အလိမ်လည်းခံရတတ် ပါသေးသည်။ ငယ်သူများမှာ အချစ်ရေးတွင် ချစ်သူအဝေးရောက်နေပါက ပြန်လာမည်။ အဆက်အသွယ်ရ မည်။ မတည့်သော ချစ်သူများပြန်တည့်ပါလိမ့်မည်။ ကျန်းမာရေးကိစ္စများတွင် ခါးနာခြင်း၊ အကြောတင်ခြင်း စသည်တို့ ကြုံမည်။ ကံကောင်းစေသော ဂဏန်းများမှာ (၃/၄/၈)ဖြစ်သည်။
ယတြာ။ သံဃာကို ပျားရည်လှူပါ။
.
ဗုဒ္ဓဟူး
.
အစားအသောက်များ လက်ဆောင်ရမည်။ ကြွေးကိစ္စနည်းနည်း စကားများရတတ်ပါသည်။ ခရီးတို ရှိသည်။ တောင်ပေါ်ဒေသများသို့လည်း သွားလာရမည်။ ပစ္စည်းအထားမှားမည်။ အကြံအစည်သစ် ပေလာ မည်။ စက်ပစ္စည်းကောင်း ဝင်မည်။ နိုင်ငံခြားအချို့ သွားရလိမ့်မည်။ သူခိုးဘေး၊ လူလိမ်ဘေး နည်းနည်း ကြုံပါမည်။ သတိထားပါ။ ကုန်သည်များမှာ အကြွေးဆုံးလိမ့်မည်။ ငွေလာချေးပါက မပေးသင့်ပါ။ ဝန်ထမ်း များမှာ အလုပ်များကြောင့် စိတ်ရှုပ်နေရလိမ့်မည်။ ပွဲစားများမှာ မြေအရောင်း၊ ကားအရောင်း တည့်ကြလိမ့် မည်။ ငယ်ရွယ်သူများမှာ အချစ်ရေး အသစ်တွေ့မည်။ နှစ်ယောက်ကြား ဗျာများရမည်။ ကျန်းမာရေးကိစ္စ များတွင် ဝမ်းချုပ်မည်။ ဗိုက်နာမည်။ ကံကောင်းစေသောဂဏန်းမှာ (၂/၃/၇)ဖြစ်သည်။
ယတြာ။ စေတီမှာ အလံလှူပါ။
.
ကြာသပတေး
.
စာချုပ်စာတမ်း ပြုလုပ်ရမည်။ မိမိလိုချင်သောပစ္စည်းများ ဝင်လာမည်။ လိုချင်သောစက်ပစ္စည်းများ ဝင်လာလိမ့်မည်။ ငယ်သူအတွက် ငွေကုန်ခြင်း၊ အပူနည်းနည်းတွေ့ခြင်း ကြုံမည်။ မထင်မှတ်သော စီးပွား ရေး အခွင့်အလမ်းများ ပေါ်လာမည်။ နေအိမ်ပြုပြင်ရမည်။ ကားနည်းနည်း ပွတ်မိခြင်း၊ တိုက်မိခြင်း၊ ကြုံ မည်။ ကုန်သည်များမှာ အရောင်းဆက်လက်ကောင်းနေမည်။ ဝန်ထမ်းများ စိတ်ပျော်ရွှင်ကျေနပ်ရမည်။ ပွဲစားများ အလုပ်နည်းနည်းဖြစ်လာမည်။ ငယ်သူများမှာ အချစ်ရေးကိစ္စတွင် ချစ်သူတွေ့ခြင်း၊ ကမ်းလှမ်း သူလာခြင်းတို့ ကြုံမည်။ ကျန်းမာရေးကိစ္စတွင် မျက်ရိုးကိုက်မည်။ လည်ပင်းနာမည်။ ကံကောင်းစေသော ဂဏန်းမှာ (၀/၃/၇)ဖြစ်သည်။
ယတြာ။ ဘုရားမှာ ရွှေလှူပါ။
.
သောကြာ
.
ကားဝင်ခြင်း၊ အသစ်လဲလှယ်ခြင်း၊ ကားမောင်းရခြင်း ကြုံမည်။ ငွေပျောက်ဆုံးမည်။ သတိထားပါ။ ဝမ်းသာကြည်နူးစရာ ပေါ်ပေါက်လိမ့်မည်။ ငယ်သူအတွက် ဆောင်ရွက်ပေးနိုင်မည်။ လူယုံများက တော် လှန်တတ်သည်။ အလုပ်အကိုင်များ လွဲချော်မှု ရှိသော်လည်း ပြန်ကောင်းလာမည်။ လှပသော ပစ္စည်းများ ဝင်လာမည်။ ကုန်သည်များမှာ အရောင်းအဝယ် ကောင်းသော်လည်း ငွေအကြွေးကျလိမ့်မည်။ ဝန်ထမ်း များ အငြင်းပွားခြင်း၊ ရန်ပေါ်ခြင်း ကြုံမည်။ ပွဲစားများ မြေအရောင်းတည့်မည်။ ငယ်သူများမှာ အချစ်ရေး ကိစ္စတွင် ချစ်သူနဲ့ မိမိကြားမှာ အနှောင့်အယှက်ပေါ်လာမည်။ ကျန်းမာရေးကိစ္စများတွင် လျှာနာမည်။ သွားဖြင့် ကိုက်မိလိမ့်မည်။ ကံကောင်းစေသော ဂဏန်းမှာ (၁/၃/၆)ဖြစ်သည်။
ယတြာ။ စေတီမှာ နှင်းဆီအဖြူလှူပါ။
.
စနေ
.
အမွေကိစ္စ ပြောဆိုရလိမ့်မည်။ ပစ္စည်းဆန်းများ ဝင်လာမည်။ ကောင်းမွန်သော စီးပွားရေးများ ပေါ်လာ မည်။ မစကူညီသူလည်း တွေ့လိမ့်မည်။ ဖုန်းများ အထားမှားလိမ့်မည်။ အပူသည် အိမ်ပေါ်ရောက်လာမည်။ ခရီးကောင်း သွားလာရလိမ့်မည်။ စိတ်ပျော်ရခြင်း ကြုံမည်။ မိတ်ဆွေများက အကျိုးပြုလိမ့်မည်။ ထီးနဲ့ရွှေ အဝင်မခံသင့်ပါ။ ကုန်သည်များမှာ မိတ်ဟောင်းပြန်ရောက်လာမည်။ ကြွေးဟောင်းလည်း ပြန်ရမည်။ ဝန် ထမ်းများအပြင်လူက မိမိအပေါ် ဒုက္ခပေးလိမ့်မည်။ ပွဲစားများမှာ အလုပ်ရပ်တန့်နေမည်။ ငယ်ရွယ်သူများ မှာ အချစ်ရေးတွင် ချစ်သူနှင့် လမ်းခွဲခြင်း၊ ယာယီခွဲနေခြင်းတို့ ကြုံမည်။ ကျန်းမာရေးတွင် လေပူထမည်။ ရင်ပြည့်နေမည်။ ကံကောင်းစေသော ဂဏန်းမှာ (၀/၄/၈)ဖြစ်ပါသည်။
ယတြာ။ စေတီတွင် ပေါက်စီလှူပါ။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)