တစ်ပတ်တာ ကံကြမ္မာ - Kanbawza Tai News

Breaking

Boxed(True/False)

Thursday, March 5, 2020

တစ်ပတ်တာ ကံကြမ္မာ


ဆရာ ယဉ်မင်းအောင်
.
၂၀၂၀ ပြည့်နှစ်၊ မတ်လ ၅ ရက်မှ ၁၁ ရက် အထိ
.

တနင်္ဂနွေ
.
ရှင်းလင်းပြောဆိုရန် ကိစ္စများ ပြီးပြတ်သွားမည်။ မိတ်ဆွေအားပေး ကူညီခံရမည်။ အကြံအစည်ကြီး ကြီးမားမား ပေါ်မည်။ အကွက်ကောင်း တွေ့မည်။ အဝတ်အစားသစ် ဝင်မည်။ အလှကုန်ပစ္စည်း ဝင်လာ မည်။ နေအိမ်ကိစ္စ ဆောင်ရွက်ရမည်။ မနာလိုသူ ရန်တော့ပေါ်တတ်သည်။ မိတ်ဆွေတစ်ယောက်အတွက် စိတ်ညစ်ရမည်။ ကုန်သည်များမှာ အရောင်းအဝယ် နှေးကွေးနေလိမ့်မည်။ ဖြေရှင်းရမည်။ ဝန်ထမ်းများမှာ ဝမ်းသာစရာ သတင်းကောင်း ကြားရမည်။ ပွဲစားများ အိမ်အပေါင်ကိစ္စ အောင်မြင်မည်။ ငယ်သူများ အချစ် ရေးကိစ္စတွင် ချစ်သူကြောင့် ဝမ်းနည်းရမည်။ ကျန်းမာရေးကိစ္စများတွင် ဖျားချင်သလို ဖြစ်လိမ့်မည်။ ကံ ကောင်းစေသော ဂဏန်းမှာ (၂/၆/၈)ဖြစ်သည်။
ယတြာ။ စေတီတွင် နှင်းဆီပန်းလှူပါ။
.

တနင်္လာ
.
ရေကိစ္စများကို ပြုပြင်ရမည်။ ကားအရောင်းအဝယ် လုပ်သူများ အရောင်းတည့်ခြင်း ဝယ်ယူရရှိခြင်း ကြုံမည်။ အခြားမြို့သို့ အလည်သွားရောက်ရမည်။ သားသမီးရှိသူများ အပူအပင်များနေရလိမ့်မည်။ စီးပွား ရေး အခက်အခဲ နည်းနည်းရှိသော်လည်း ကျော်လွှားနိုင်ပါမည်။ ငယ်သူအလုပ်အတွက် စိတ်မောရမည်။ ကုန်သည်များ အရောင်းအဝယ်တွင် အမြတ်များများရမည်။ ဝန်ထမ်းများ အလုပ်တွင် သောကနည်းနည်း ကြုံပါမည်။ ပွဲစားများမှာ အလုပ်မဖြစ်သေးဘဲ ကြန့်ကြာနေမည်။ ငယ်သူများမှာ အချစ်ရေးတွင် ချစ်သူက အထင်လွဲလိမ့်မည်။ ကျန်းမာရေးကိစ္စတွင် သွားနာမည်။ သွားဖုံးရောင်မည်။ နာလိမ့်မည်။ ကံကောင်းစေ သော ဂဏန်းများမှာ (၀/၄/၉)ဖြစ်သည်။
ယတြာ။ ဘုရားမှာ စပယ်ပန်းလှူပါ။
.

အင်္ဂါ
.
အလုပ်တိုးချဲ့ရန် တွေးတောလိမ့်မည်။ အလုပ်မရှိသူများ အလုပ်ရမည်။ စီးပွားရေး အကြံအစည် ကောင်း ပေါ်မည်။ အိမ်တွင်းရေး အပူသောက နည်းနည်းပေါ်ပါမည်။ ရွှေပြန်ထွက်လိမ့်မည်။ အခက်အခဲ ရှိသော်လည်း အထူးမညံ့ပါ။ မြှုပ်နေသော ငွေများလည်း ပြန်ရတတ်ပါသည်။ အိမ်သို့ ညအိပ်ဧည့်သည်လာ မည်။ ကုန်သည်များမှာ လှောင်ကုန်စတင် ဝယ်သင့်ပါသည်။ ဝန်ထမ်းများ အပိုဝင်ငွေ တိုးလိမ့်မည်။ အဝေး မှ သတင်းစကား ကြားရမည်။ ပွဲစားများ ချေးငွေကိစ္စမှ ပွဲခရမည်။ ငယ်သူများ အချစ်ရေးတွင် ချစ်သူက နောက်တစ်ယောက်နဲ့ သတင်းထွက်လိမ့်မည်။ ကျန်းမာရေးကိစ္စတွင် အစားမှားမည်။ ဗိုက်နာတတ်သည်။ ကံကောင်းစေသော ဂဏန်းမှာ (၀/၆/၉)ဖြစ်သည်။
ယတြာ။ စေတီမှာ သစ္စာပန်းလှူပါ။
.

ဗုဒ္ဓဟူး
.
ကားဝင်မည်။ ကားအလဲအထပ် ပြုရမည်။ ကားလမ်းမှာ ပျက်တတ်သည်။ သတိထားပါ။ မိတ်ဆွေ သစ်တွေ့မည်။ သတင်းကောင်း ကြားသိရမည်။ အသုံးအဆောင်ကောင်း ဝင်မည်။ အစားကောင်း စားရ မည်။ လက်ဆောင်များရမည်။ ငယ်သူအတွက် စိတ်ပူပန်ရလိမ့်မည်။ အဝေးမှ ဧည့်လာမည်။ မိမိအိမ်သို့ လင်ဗန်းများ အဝင်မခံရ။ ကုန်သည်များမှာ ဖောက်သည်အသစ် ရလာမည်။ ဝန်ထမ်းများ အပိုဝင်ငွေရမည်။ ပွဲစားများမှာ အရောင်းအဝယ်ထက် အပေါင်အနှံက ပိုအောင်မြင်နေလိမ့်မည်။ ငယ်ရွယ်သူများမှာ ချစ်သူ နဲ့ ပြန်ခေါ်မည်။ ပြန်တွေ့မည်။ ပြန်လည်အဆင်ပြေမည်။ ကျန်းမာရေးကိစ္စတွင် ခါးနာကျောနာလိမ့်မည်။ ကံကောင်းစေသော ဂဏန်းမှာ (၂/၄/၇)ဖြစ်သည်။
ယတြာ။ ဘုရားမှာ သပြေလှူပါ။
.

ကြာသပတေး
.
ထူးခြားသော အခွင့်အလမ်းပေါ်ပါမည်။ ငွေကြေးကိစ္စများ ချောင်လည်လာလိမ့်မည်။ ဆုံတွေ့လိုသူ ကို မတွေ့သောကြောင့် စိတ်ညစ်ရမည်။ သူများအတွက် ဝင်ရောက်ကူညီဖြေရှင်းပေးရမည်။ အလုပ်အောင် မြင်လာမည်။ စိတ်ပျော်ရွှင်ကျေနပ်ရမည်။ သားသမီး အပူများနေလိမ့်မည်။ ရွှေအသေးစား ဝင်လာမည်။ ခရီးတို သွားလာရမည်။ ကုန်သည်များမှာ အရောင်းအား ပြန်ကောင်းလာမည်။ လှောင်ကုန်များ မြတ်လာ လိမ့်မည်။ အလုပ်ကိစ္စ အဆင်ပြေမည်။ ပွဲစားများမှာ ငွေအနည်းငယ်ရလိမ့်မည်။ ငယ်သူများမှာ အချစ်ရေး ကိစ္စတွင် ချစ်သူအသစ်တွေ့မည်။ ချစ်သူအဟောင်းကြောင့် စိတ်မပျော်ရွှင်နိုင်ပါ။ ကျန်းမာရေးကိစ္စများတွင် သွေးတက်မည်။ မူးဝေလိမ့်မည်။ ကံကောင်းစေသော ဂဏန်းမှာ (၂/၄/၉)ဖြစ်သည်။
ယတြာ။ ဘုရားတွင် ဂန္ဓာမာပန်းလှူပါ။
.

သောကြာ
.
မိတ်ဆွေဟောင်း၊ ကိစ္စဟောင်း ဆက်စပ်ပြီး ငွေအသင့်သင့် ထပ်မံဝင်လာမည်။ မြှုပ်နေသောပစ္စည်း အရောင်းထွက်လိမ့်မည်။ ရှင်းလင်းပြောဆိုရန် ကိစ္စများ ပြီးပြတ်လိမ့်မည်။ ရွှေရတနာဝင်မည်။ အိမ်အနည်း ငယ် ပြင်ရမည်။ ဆေးသုတ်ရလိမ့်မည်။ ထီတစ်မျိုးမျိုး ပေါက်လိမ့်မည်။ ပျော်ရွှင်ရသော ခရီးတိုသွားလာရ မည်။ အလုပ်ရှုပ်ထွေးနေမည်။ ကုန်သည်များ အရောင်းအဝယ် ကောင်းမွန်လာမည်။ ဝန်ထမ်းများ ကြီးသူ မစခံရလိမ့်မည်။ ပွဲစားများမှာ ပွဲခကောင်းကောင်းရတော့မည်။ ငယ်သူများ အချစ်ရေးတွင် ချစ်သူကို မိမိ က ကူညီပေးရလိမ့်မည်။ ကျန်းမာရေးကိစ္စများတွင် အားနည်းခြင်း၊ ညောင်းညာခြင်း၊ မောပန်းလွယ်ခြင်း စသည်တို့ အသေးစားဖြစ်လိမ့်မည်။ ကံကောင်းစေသော ဂဏန်းမှာ (၀/၄/၈)ဖြစ်သည်။
ယတြာ။ စေတီတွင် ပိန်းပန်းလှူပါ။
.

စနေ
.
ကျန်းမာရေးအသေးစား ညံ့မည်။ စိုးရိမ်ဖို့တော့ မလိုပါ။ မိမိလိုချင်နေသော အရာများ ဝင်လာလိမ့်မည်။ မိမိအပေါ် ယှဉ်ပြိုင်နေသူအား အနိုင်ရလိမ့်မည်။ အဝတ်အစားသစ် ဝင်လာမည်။ စီးပွားရေး ပြန်ကောင်းလာတော့ မည်။ အခက်အခဲများ လွတ်လာမည်။ သတင်းကောင်း  ကြားသိရမည်။ ခရီးသွားလာပျော်ရွှင်ရမည်။ ငယ် သူအတွက် ဝမ်းသာရလိမ့်မည်။ ကုန်သည််များမှာ အကြွေးဟောင်း ပြန်ရလာမည်။ ဝန်ထမ်းများ ခရီးထွက် ရမည်။ အချို့ အလုပ် ခွင့်ယူရမည်။ ပွဲစားများမှာ အပေါင်ကိစ္စ ဖြစ်လာလိမ့်မည်။ ငယ်သူများမှာ အချစ်ရေး တွင် ချစ်သူ၏ မိဘဆွေမျိုးများနဲ့ တွေ့ရလိမ့်မည်။ ကျန်းမာရေးကိစ္စတွင် ခေါင်းကိုက်မည်။ ခေါင်းမူးလိမ့်မည်။ ကံကောင်းစေသော ဂဏန်းမှာ (၀/၇/၈)ဖြစ်သည်။
ယတြာ။ ဘုရားမှာ မေမြို့ပန်းလှူပါ။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)