တပ်မတော်နေ့ စိန်ရတုသဘင် စစ်ရေးပြအခမ်းအနားကို ခေတ္တဆိုင်းငံ့ထားမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, March 2, 2020

တပ်မတော်နေ့ စိန်ရတုသဘင် စစ်ရေးပြအခမ်းအနားကို ခေတ္တဆိုင်းငံ့ထားမည်


ထက်တိုင်းကျော်
.
နေပြည်တော်တွင် ပြုလုပ်မည့် တပ်မတော်နေ့ စိန်ရတုသဘင် စစ်ရေးပြအခမ်းအနားကို ခေတ္တဆိုင်းငံ့ထားမည် ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က မတ်လ ၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
.
.
ယင်းထုတ်ပြန်ချက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အနေဖြင့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလက စတင်ဖြစ်ပွား ခဲ့သည့် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ကူးစက်မှုနှင့် ပတ်သက်၍ ဇန်နဝါရီလ ၃၀ ရက်တွင် အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ခဲ့ပြီး မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း ဖေဖော်ဝါရီလ ၂၈ ရက်တွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ရောဂါ ကြိုတင်ကာကွယ်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက် ခြင်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် တိုင်ကြားရမည့် ကူးစက်ရောဂါအဖြစ် သတ်မှတ်ခဲ့ခြင်းကြောင့် မတ်လ ၂၇ ရက်တွင် ကျင်းပမည့် တပ်မတော်စိန်ရတုသဘင် စစ်ရေးပြအခမ်းအနားကို ခေတ္တ ဆိုင်းငံ့ထားမည်ဖြစ်ပြီး WHO နှင့် နိုင်ငံတကာမှ ရောဂါထိန်းချုပ်မှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ပြန်မှသာ ကျင်းပနိုင်ရေး ဆက်လက် စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
.
“စစ်ရေးပြလေ့ကျင့်တာကိုတော့ လောလောဆယ်မှာ ရပ်နားထားပါတယ်” ဟု ကျိုင်းတုံမြို့အခြေစိုက် တြိဂံ ဒေသတိုင်းစစ်ဌာနချုပ်အောက်ရှိ တပ်ဖွဲ့တစ်ခုမှ တပ်မတော်သားတစ်ဦးက ကမ္ဘောဇတိုင်းသို့ အတည်ပြုပြောကြားခဲ့ သည်။
.
တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်၊ ဝူဟန်မြို့တွင် စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်သည် ကမ္ဘာ့နိုင်ငံအများ အပြားသို့ ကူးစက်ပျံ့နှံ့လျက်ရှိသောကြောင့် စိုးရိမ်မှုများမြင့်တက်နေပြီး မြန်မာနိုင်ငံအရှေ့ဘက်နှင့် အရှေ့မြောက်ဘက် ဒေသတို့သည် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသဖြင့် ရောဂါကူးစက်ခံရမည့် အန္တရာယ်ကို ထိထိရောက် ရောက် ဟန့်တားထိန်းကွပ်မှုများ ပြုလုပ်ရန် လိုအပ်သည်ဟု ဒေသခံများက ပြောဆိုလျက်ရှိသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About