အကျဉ်းထောင်များ၌ ဧည့်တွေ့ခွင့်ကို ပြောင်းလဲ ကန့်သတ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, March 26, 2020

အကျဉ်းထောင်များ၌ ဧည့်တွေ့ခွင့်ကို ပြောင်းလဲ ကန့်သတ်


မင်းဇော်မင်း
.
မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် COVID-19 အား ကြိုတင်ကာကွယ်သည့် အနေဖြင့် ဧည့်တွေ့ခွင့်ကို ကန့်သတ်လိုက်ကြောင်း အကျဉ်းဦးစီးဌာနက သိရသည်။
.
ယခင်က အကျဉ်းထောင် ဧည့်တွေ့ချိန်တွင် လူ ၃ ဦးအထိ ခွင့်ပြုခဲ့သော်လည်း ယခုအခါ တစ်ဦးကိုသာ ဧည့် တွေ့ခွင့် ပြုမည်ဖြစ်ပြီး အကျဉ်းထောင်ဧည့်တွေ့ခွင့်ကိုလည်း ၂ ပတ်ခြား တစ်ခါသာ ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။
.

အကျဉ်းထောင်များတွင် ယနေ့အထိ COVID-19 သံသယလူနာ တွေ့ရှိခြင်း မရှိသေးသော်လည်း စီမံချက်များ ချမှတ်၍ ကျန်းမာရေးဌာန၏ ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်နေကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ခံရသူ ၃ ဦး တွေ့ရှိပြီးနောက် အကျဉ်းထောင်အသီးသီး၏ ကျန်းမာရေး ကာကွယ်စောင့်ရှောက်မှုကို အရှိန်အဟုန် မြှင့်၍ ပြုလုပ်ထားကာ အကျဉ်းသားများအား ဂျင်းပြုတ်ရည် တိုက်ခြင်း၊ ထောင်ဝင်စာ လာတွေသူများအတွက် လက်ဆေးနိုင်ရန် ပြုလုပ်ထားခြင်း၊ ၆ ပေခန့် အကွာမှ စကားပြောစေခြင်း၊ ထောင်ဝင်စာ ပစ္စည်းများကို သေချာစွာ စစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About