တာကော်တံတားအနီးတွင် ကုန်တင်ယာဉ်မှ ခရီးသည်တင်ယာဉ် ၃ စီးကို ကြိတ်နင်းမိ၍ လူ ၁၄ ဦး ဒဏ်ရာရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာကော်တံတားအနီးတွင် ကုန်တင်ယာဉ်မှ ခရီးသည်တင်ယာဉ် ၃ စီးကို ကြိတ်နင်းမိ၍ လူ ၁၄ ဦး ဒဏ်ရာရ

ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နယ်၊ တာကော် သံလွင်မြစ်ကူးတံတား အနီး၌ တံတား ကူးရန်အတွက် ‌စောင့်ဆိုင်းနေသည့် ခရီးသည်တင်ယာဉ် ၃ စီးအား တောင်ပေါ်လမ်းအတိုင်း ဘရိတ် ပေါက်လာသည့် ကုန်တင်ယာဉ်မှ မတ်လ၂၄ ရက်၊ နံနက်တွင် ကြိတ်နင်းမိသဖြင့် ခရီးသည် ၁၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
.
ခရီးသည်တင် ယာဉ်များကို ကြိတ်နင်းခဲ့သည့် ကုန်တင်ယာဉ်အား မောင်းနှင်သူမှာ အောင်ခိုင်မျိုး ဆိုသူ ဖြစ်ပြီး တာကော်တံတားကို ဖြတ်ကူးရန် စောင့်ဆိုင်းနေသည့် ခရီးသည်တင်ယာဉ် ၃ စီးကို ဖြတ်ကြိတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.

"ကံကောင်းလို့ တစ်ယောက်မှ မသေတာကို အံ့သြပါတယ်။ ရွှေခိုလမ်ယာဉ်လိုင်းက ၂ စီးနဲ့ ရွှေဥဒေါင်းယာဉ်လိုင်းက ၁ စီးကို ဖြတ်နင်းအကြိတ်ခံရတာ ဖြစ်ပါတယ်"ဟု ကျိုင်းတုံမြို့နယ် ယာဉ်လိုင်းပေါင်းစုံ ကြီးကြပ်ရေးကော်မတီ ဥက္ကဌ ဦးဟန်သင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းကဲ့သို့ ကုန်တင်ယာဉ် ဘရိတ်ပေါက်၍ ဖြတ်ကြိတ်ခံရခြင်းကြောင့် ခရီးသည်တင် ယာဉ်များတွင် လိုက်ပါလာသည့် ခရီးသည်များ အနက် ဒဏ်ရာရရှိခဲ့သူ ၁၄ ဦးကို မိုင်းပျဉ်းမြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ပေးနေလျက် ရှိကြောင်း သိရသည်။
.
အဆိုပါ ခရီးသည်တင်ယာဉ်များကို ဖြတ်ကြိတ်နင်းမိသည့် ကုန်တင်ယာဉ်အား မောင်းနှင်သူ ယာဉ်‌မောင်း အောင်မျိုးခိုင်အား မိုင်းပျဉ်းမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Journal Download

Photo of three cats