စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊
ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာအနီးတွင် ယနေ့ မတ်လ ၂၅ ရက်က ယာဉ်တစ်စီး တိမ်းမှောက်၍
ယာဉ်နောက်လိုက် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
မကွေးတိုင်းဒေသကြီး၊
မကွေးမြို့နေ ယာဉ်မောင်း ကျော်စိုးဝင်း (၄၄ နှစ်) မောင်းနှင်ပြီး ယာဉ်နောက်လိုက် နောင်လေး
(၃၀ နှစ်) လိုက်ပါလာသည့် ၁၂ ဘီး မော်တော်ယာဉ်သည် ကလောဘက်မှ သာစည်ဘက်သို့ မောင်းနှင်လာစဉ်
မိုင်တိုင်အမှတ် (၆၀/၄)နှင့် (၆၀/၅)ကြား
အရောက်တွင် လမ်း၏ ယာဘက် အနက် ပေ ၅၀ ခန့် ရှိ ချောက်ထဲသို့ ထိုးကျ
တိမ်းမှောက်သွားခဲ့ပြီး ယာဉ်မောင်း ကျော်စိုးဝင်း တွင် ယာပါးပေါက်ပြဲ ဒဏ်ရာ
နှာခေါင်းသွေးထွက်ဒဏ်ရာ ယာနားရွက် ပေါက်ပြဲဒဏ်ရာ ယာပေါင်ပွန်းပဲ့ ဒဏ်ရာ စိုးရိမ်ရ
နှင့် နောင်လေးတွင် ဝဲဘက်ခြေသလုံး ပြတ်ရှ ဒဏ်ရာ နာခေါင်းသွေးထွက်ဒဏ်ရာ
ခါးပေါက်ပြဲဒဏ် ရာ ဝမ်းဗိုက် ပွန်းပဲ့ ဒဏ်ရာများ ရရှိပြီး အခင်းဖြစ်ပွားရာ
နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
" ယာဥ်ထိန်းက
လာပြီး အမှုဖွင့် ထားလို့ ၃၀၄ (က) နဲ့ အမှုဖွင့် ထားပါတယ်” ဟု ကလောမြို့မ ရဲစခန်း
မှ ဒုရဲမှူး လှနိုင် မှ ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
အဆိုပါအမှုမှ ယာဉ်မဆင်မခြင်မောင်းနှင်သူ
ယာဥ်မောင်း ကျော်ဝင်းစိုး အား ယာဥ်မဆင်မခြင် မောင်းနှင်မှုကြောင့် မိမိနှင့်
အခြားသူများအား ထိခိုက်ဒဏ်ရာရရှိစေမှုဖြင့် ကလောမြို့မ ရဲစခန်းတွင် ယာဥ် (ပ)
၁၃/၂၀၂၀ ရာဇသတ်ကြီး ပုဒ်မ ၂၇၉/၃၃၈/၃၀၄(က)ဖြင့် အမှုဖွင့် အရေးယူ
စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.