အောင်ပန်းတွင် အမျိုးသမီးတစ်ဦး နွားလှည်းပေါ်မှ ပြုတ်ကျသေဆုံးမှုဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အောင်ပန်းတွင် အမျိုးသမီးတစ်ဦး နွားလှည်းပေါ်မှ ပြုတ်ကျသေဆုံးမှုဖြစ်ပွား


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် ယနေ့ မတ်လ ၂၁ ရက်နံနက်ပိုင်က အမျိုသမီတစ်း နွားလှည်းပေါ်မှ ပြုတ်ကျသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
 
.
အောင်ပန်းမြို့၊ ကမ်းပါးနီကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာနေ မပြုံးဆွေ (၃၀ နှစ်) သည် မတ်လ ၂၁ ရက်၊ နံနက် ၈ နာရီခွဲခန့်က အသက် ၂ နှစ်အရွယ် သမီးဖြစ်သူအား ကျောပိုး၍ တောင်ယာခင်းအတွင်း ဂျင်း (ချင်း) စိုက်ရန်အတွက် နွားလှည်းမောင်း၍ နေအိမ်မှ ထွက်လာစဉ် ရွာတောင်ဘက် ၃ ဖာလုံခန့် အရောက်၌ လှည်း၏ယာဘက်ရှိ နွားမှ မေးသိုင်းကြိုးပြတ်ကာ ထွက်ပြေးသွားခဲ့သဖြင့် ဝဲဘမ်းခြမ်းရှိ နွားမှာ လန့်၍ လှည်းအားဆွဲပြေးရာ လှည်းမောင်းလာသူ မပြုံးဆွေနှင့် သမီးဖြစ်သူတို့ လှည်းပေါ်မှ လွင့်စင်ကျခဲ့ပြီး သမီးဖြစ်သူတွင် ဒဏ်ရာရရှိမှု မရှိသော်လည်း မပြုံးဆွေတွင် ဝဲ/ယာနား သွေးထွက်ဒဏ်ရာ၊ နှာခေါင်း သွေးထွက်ဒဏ်ရာ၊ ပါးစပ်သွေးထွက်ဒဏ်ရာ၊ ယာနားထင် ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်၍ သေဆုံးသူ မပြုံးဆွေအား အောင်ပန်းတိုက်နယ်ဆေးရုံသို့ ရဲဆေးစာဖြင့် ပို့ဆောင်ခဲ့ပြီး သမီးဖြစ်သူအားလည်း ကလေးသူငယ်ဖြစ်နေသဖြင့် ဆေးရုံတွင် ၂၄ နာရီ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိကြောင်း သိရသည်။
.
အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ နွားလှည်းအား မဆင်မခြင်မောင်းနှင်ပြီး လှည်းပေါ်မှပြုတ်ကျ၍ မိမိကိုယ်ကိုယ် သေဆုံးစေသူ မပြုံးဆွေအား အောင်ပန်းနယ်မြေရဲစခန်းတွင် (ပ)၅၀/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats