အောင်ပန်းတွင် အမျိုးသားတစ်ဦး ရေမြောင်းအတွင်း ပြုတ်ကျသေဆုံး - Kanbawza Tai News

Breaking

Boxed(True/False)

Thursday, March 12, 2020

အောင်ပန်းတွင် အမျိုးသားတစ်ဦး ရေမြောင်းအတွင်း ပြုတ်ကျသေဆုံး


စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ မြို့ဟောင်းရပ်ကွက်တွင် ယနေ့ မတ်လ ၁၂ ရက် နံနက်ပိုင်းက အမျိုးသားတစ်ဦး ရေမြောင်းအတွင်း ပြုတ်ကျသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
 
.
အောင်ပန်းမြို့၊ မင်္ဂလာရပ်ကွက်၊ နယ်မြေ (၅) နေ သန်းစိုးအောင် (ခ) အရှည်ကြီး ၃၆ နှစ်သည် မြို့ဟောင်းရပ်ကွက်၊ နယ်မြေ (၂)၊ ဘဝသစ်လမ်းရှိ လူမနေသည့်အိမ်ရှေ့မှ အကျယ် ၂ ပေ၊ အနက် ၃ ပေခန့်ရှိ လမ်းဘေး ကွန်ကရစ် ရေမြောင်းအတွင်း ‌ဇောက်ထိုးပြုတ်ကျကာ ရေမွန်းသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ သန်းစိုးအောင် (ခ) အရှည်ကြီး သည် အရက်အလွန်အကျွံသောက်သုံးတတ်သူတစ်ဦး ဖြစ်ကြောင်း သိရှိရပြီး ၎င်းသေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် သိရှိ နိုင်ရန် အောင်ပန်းနယ်မြေရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၅/၂၀၂၀ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)