COVID-19 ကူးစက်ရောဂါကြောင့် ဗိုလ်မှူးကြီး ဗထူး အထိမ်းအမှတ်ကျောက်တိုင် ရင်ပြင် ဖွင့်ပွဲ မလုပ်ဖြစ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, March 20, 2020

COVID-19 ကူးစက်ရောဂါကြောင့် ဗိုလ်မှူးကြီး ဗထူး အထိမ်းအမှတ်ကျောက်တိုင် ရင်ပြင် ဖွင့်ပွဲ မလုပ်ဖြစ်


စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ က လောမြို့နယ်၊ အောင်ပန်းမြို့ရှိ ဗိုလ် မှူးကြီးဗထူး အထိမ်းအမှတ်ကျောက် တိုင်နှင့် ရင်ပြင်ဖွင့်ပွဲကို ဖက်ဆစ်ဂျပန် တော်လှန်ရေးနေ့ (တပ်မတော်နေ့) ဖြစ်သော မတ်လ ၂၇ ရက်တွင် ပြု လုပ်ရန် လျာထားသော်လည်း ကမ္ဘာ တစ်ဝှမ်း ဖြစ်ပွားနေသည့် လတ်တ လော အသက်ရှူလမ်းကြောင်းဆိုင် ရာရောဂါ COVID-19 ကူးစက်မှု မရှိ စေရေးအတွက် ဖွင့်ပွဲပြုလုပ်ဖြစ်မည်မဟုတ်ကြောင်း သိရသည်။
.
 
.
ရှမ်းပြည်နယ်အစိုးရက လူစုလူ ဝေးပွဲတွေ ပေးမလုပ်တာကြောင့် ဖွင့် ပွဲမလုပ်ဖြစ်တော့ပါဘူး”ဟု ကလော မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ အောင်ပန်းမြို့၊ ဗိုလ်မှူး ကြီးဗထူး အထိမ်းအမှတ်ရင်ပြင် တည်ဆောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းခိုင်ကလည်း“ဆောက် လုပ်ရေးအပိုင်းကတော့ ပြီးသွားပါ ပြီ။ ဖွင့်ပွဲရက်ကတော့ အုပ်ချုပ်ရေး ပိုင်းကို မေးမှပဲ သိမှာပါ”ဟု ပြော သည်။
.
အဆိုပါ ဗိုလ်မှူးကြီးဗထူး အ ထိမ်းအမှတ် ကျောက်တိုင်ကို ၁၉၄၅ ခုနှစ်မှ စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး မူလတည်ဆောက်စဉ်က ၄ ဘက်မြင့် ပုံသဏ္ဍာန်ဖြစ်သော်လည်း ၁၉၆၅ ခုနှစ်က မူလကျောက်တိုင် ကို ငုံပြီး ၃ ဘက်မြင်ပုံစံအဖြစ် ပြန် လည် တည်ဆောက်ခဲ့ပြီးနောက် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အတွင်းက ယင်း ၃ ဘက်မြင် ကျောက်တိုင်ကို ဖြိုဖျက်ပြီး အသစ် ပြန်လည်တည် ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။
.
မိတ္ထီလာ-သာစည်-ကလော-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စု လမ်းမကြီး၊ အောင် ပန်းလမ်းပိုင်းအား လမ်းအဆင့်မြှင့် တင်ရာတွင် ယခင် ဗိုလ်မှူးကြီးဗထူး အထိမ်းအမှတ် ကျောက်တိုင်မှာ လမ်းနယ်နှင့် မလွတ်ကင်းသည့် အတွက် ဖြိုဖျက်ခဲ့ခြင်း ဖြစ်ကြောင်း သိ ရသည်။
.
တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှ စတင် ကူးစက်ပြန့်နှံ့ခဲ့သည့် လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ COVID-19 အား မတ်လ ၁၁ ရက်တွင် ကမ္ဘာ့ကျန်းမာရေး အ ဖွဲ့ကြီးမှ  ကမ္ဘာလုံးဆိုင်ရာ ကပ်ရော ဂါအဖြစ် ထုတ်ပြန်ကြေညာထား သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About