၂၁ ရာစု နိုင်ငံရေး ဖတ်စာ - Kanbawza Tai News

Breaking

Boxed(True/False)

Sunday, March 15, 2020

၂၁ ရာစု နိုင်ငံရေး ဖတ်စာ

ဇန်
.
နိုင်ငံရေးဆိုလျှင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသားအ များစုတို့သည် ထိတ်လန့်စရာ၊ ကြောက်ရွံစရာ၊ ကြီးကျယ်လွန်း သော ပြဿနာ၊ လမ်းမပေါ်ထွက်ကာ ပြုလုပ်ရသောအရာ၊ လက်သီးလက်မောင်းတန်းကာ အံ့ကြိတ် လုပ်ဆောင်ရသော အ ရာ၊  လူအများနှင့်သာ ပြုလုပ်ဆောင်ရွက်ရသောအရာ၊ ထောင် တန်းရဲစခန်းနှင့် အချုပ်ခန်း တရားရုံးများပေါ်မှာ လမ်းလျှောက် ရသော ပြဿနာဟုသာ ထင်မြင်ယူဆမိတတ်ကြကာ ခပ်မ ဆိတ် ရှောင်ဖယ်ရှောင်ဖယ် ပြုမူ နေထိုင်လိုကြသည်သာများ လေသည်ဟု သတ်မှတ်ရမလောက်ပင် ဖြစ်သည်။
.
နိုင်ငံရေးသည် ကြီးမားသည်ကား မှန်သည်။ ကျယ်ပြန့် သည်ကား မှန်သည်။ နက်ရှိုင်းသည်ကား ဟုတ်သည်။ ကိစ္စ များမြောင် ရှုပ်ထွေးလျှို့ဝှက်ပြီး ပရိယာယ်မာယာ ရှည်လျားဝေ ဝါးဆန်းပြား ခမ်းနားတာလည်း အမှန်ပင် ဖြစ်ပေသည်။ သို့သော် နိုင်ငံရေးဆိုသည်မှာကား နိုင်ငံ့အရေး၊ နိုင်ငံတော်အရေး၊ နိုင်ငံ သားများအရေး၊ ပြည်သူလူထုများ အရေး၊ နိုင်ငံသား တစ်ဦး ချင်းစီတို့၏ နေ့စဉ်လုပ်ကိုင်၊ နေထိုင်၊ ပြောဆို၊ ပြုမှု၊ ကျင့်ကြံ၊ ကြိုးစား၊ အားထုတ်၊ ကြံစည်နေကြသော ဆင်းရဲ၊ ချမ်းသာ၊ သုခ၊ ဒုက္ခအရာများနှင့် ကိစ္စကြီးငယ်တို့၏ခရေစေ့တွင်းကျ အ ရေးကိစ္စများသာ ဖြစ်လေသည်။ ထို့ကြောင့် မည်သူမဆိုသည် နိုင်ငံရေးနှင့် ကင်းကွာကာ မပတ်သက် မဆက်ဆံဘဲ နေထိုင် သည်ဟု ထင်မြင်ယူဆကာ နေထိုင်နိုင်ပါသော်လည်း နေ့စဉ် ဘဝတွင် ဖြစ်ပျက်နေသမျှ အားလုံးတို့သည်ပင်လျှင် မွေးဖွား ခြင်းနှင့် သေဆုံးခြင်းအထိ နိုင်ငံရေး သဘောသဘာဝနှင့် ယင်းသဘောတရားတို့၏ သက်ရောက် အုပ်စိုးမှု၊ ထိန်းချုပ် ကွပ်ကဲမှု၊ လာရောက် ပတ်သက် စပ်ယှက်မှုများကို မဖြစ်မနေ ကြုံတွေ့ခံစားပွားများ ထိတွေ့ကာ ရှင်သန်နေထိုင်ကြရမည်သာ ဖြစ်လေသည်။ ယင်းသည်ပင်လျှင် နိုင်ငံရေး၏ အဓိကအဓိပ္ပာယ် သို့မဟုတ် ဖွင့်ဆိုချက် သို့မဟုတ် ဖြစ်တည်မှု သို့မဟုတ် ဦး တည်ချက် လားရာသို့မဟုတ် အဓိက ဆိုလိုရင်းပင်ဖြစ်လေ သည်။
.
နိုင်ငံရေးသည် လူတစ်ဦး တစ်ယောက်၊ အိမ်ထောင်စုတစ် စု၊ မိသားစုကြီး တစ်ဆက်၊ ဆွေမျိုးစု တစ်စု၊ လမ်းတစ်လမ်း၊ရပ် ကွက်တစ်ခု၊ ရွာတစ်ရွာ၊ မြို့တစ်မြို့၊ ခရိုင်တစ်ခရိုင်၊ တိုင်းနယ် ပြည်နယ်တစ်ခုမှသည် လူမျိုးနွယ်တစ်စု၊ နိုင်ငံတစ်နိုင်ငံမှသည် ကမ္ဘာ့အရေးများစွာတို့အထိ အဆင့်ဆင့်မြင့်တက်ကာ ဖြစ်ပွား လာသော ကိစ္စကြီးငယ်များ၊ ပြဿနာများ၊ အရေးကိစ္စများပင် ဖြစ်သည်။
.
လူတစ်ဦးတစ်ယောက်သည် မမွေးဖွားမီကတည်းကပင် ကိုယ်ဝန်ဆောင်ထားသော မိခင်ဖခင်တို့၏ မျိုးရိုးစဉ်ဆက်၊ အ မည်နာမ၊ ပိုင်ဆိုင်မှု၊ သွေးအမျိုးအစား၊ ကိုးကွယ်ရာ ဘာသာတ ရား၊ ပြောဆိုသုံးနှုန်းသော ဘာသာစကား၊ တတ်မြောက်ထား သော အတတ်ပညာနှင့် စာပေ၊ ရိုးရာယဉ်ကျေးမှုများ၊ စောင့်ထိန်း ရမည့် ဓလေ့စရိုက် အမွေအနှစ်များ၊ မွေးဖွားနေထိုင်ရှင်သန် ကြီးပြင်းသည့် ဇာတိနှင့် အခြေစိုက်ရာ နိုင်ငံ၊ တိုင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ နေရပ်လိပ်စာများက စတင်ကာ နိုင်ငံရေး သ ဘောတရားများ ထပ်ပြီး မွမ်းထုံကာ မွေးဖွားရတော့မည်ဖြစ် သည်။ မွေးဖွားသည်နှင့် လူမျိုး၊ ဘာသာ၊ သွေး အမျိုးအစား၊ မိ ဘ၊ ခံယူမည့်နိုင်ငံသား၊ မွေးဖွားစာရင်းစသည့် အရေးကိစ္စများ ပေါ်ပေါက်လာမည် ဖြစ်ကာ ရှေ့သို့ကျော်ခြင်း နောက်သို့ ရစ် ခြင်းရပ်တန့်ခြင်းများ ပြုလုပ်ရန် ရနိုင်မည် မဟုတ်ပေ။ ယင်းတို့ ကို မပတ်သက်လိုဘဲ ငြင်းဆိုမည်ဆိုလျှင် ထိုပုဂ္ဂိုလ်သည် နိုင်ငံ မဲ့ဖြစ်ကာ မွေးရာပါ ဒုက္ခသည်ဖြစ်ကာ လူအခွင့်အရေး၊ နိုင်ငံ သား အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာအားလုံး ကင်းမဲ့ကာ နိုင်ငံမဲ့၊ ဘာသာမဲ့၊ လူမျိုးမဲ့၊ ဂုဏ်သိက္ခာမဲ့၊ စားရမဲ့၊ သောက်ရမဲ့၊ အိုးအိမ် မဲ့ လူတစ်ဦးအဖြစ်နှင့်သာ ဒုက္ခသည် စခန်းများတွင် သက်တမ်း ကုန်ရပေလိမ့်မည် ဖြစ်သည်။
.
နိုင်ငံရေးဆိုသည်မှာကား သမ္မတဖြစ်မှ မဟုတ်၊ ဝန်ကြီးချုပ် ဖြစ်မှ မဟုတ်၊ လွှတ်တော်ကိုယ်စားလှယ် အမတ်ဖြစ်မှ မဟုတ်၊ ဘာဘာညာညာ နေရာဌာနတွေမှာ ဥက္ကဌအတွင်းရေးမှူး၊ အ လုပ်အမှုဆောင် အဖွဲ့ဝင်တွေ ဖြစ်မှမဟုတ်၊ ရပ်ကွက်အုပ်ချုပ် ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေဖြစ်မှ မဟုတ်၊ လူအများ ကိစ္စများကို ဦးဆောင်ထမ်းရွက်မှ မဟုတ်၊ လူတွင်ကျယ် ဖြစ်မှ မဟုတ်ပေ။
.


.
ပရဟိတလုပ်ခြင်းသည်လည်း နိုင်ငံရေးဖြစ်သလို မိမိ၏စား ဝတ်နေရေး ကိစ္စများသည်လည်း နိုင်ငံရေးပင် ဖြစ်သည်သာ။ လူတစ်ဦးတစ်ယောက်သည် စားစရာ မရှိခြင်း၊ ဝတ်စရာမရှိခြင်း၊ နေစရာမရှိခြင်း၊ သောက်စရာ ရေမရှိခြင်း၊ လုပ်စရာ အလုပ် အ ကိုင် မရှိခြင်း၊ အသုံးပြုစရာပစ္စည်း၊ အရာဝတ္ထု၊ ငွေကြေး၊ အသုံး အဆောင်များ မရှိခြင်းသည် တစ်ကိုယ်စာနိုင်ငံရေးဖြစ်ပြီး ထိုမှ တစ်ဆင့် တက်လျှင် မိသားစုအရေး၊ ရပ်ရေးရွာရေး၊ လူမျိုးစုအ ရေး၊ ပြည်သူ့အရေး၊ အမျိုးသားရေး၊ နိုင်ငံရေး စသည်ဖြင့် ကြီး မားကျယ်ပြန့်ကာ နိုင်ငံရေးပြဿနာ ဖြစ်လာခြင်းပင် ဖြစ်သည်။
.

အစားအသောက်များကို အကြွင်းအကျန်မဖြစ်အောင် ကုန် စင်အောင် စားသောက်ခြင်းသည် နိုင်ငံရေး ဖြစ်သည်။ ညအိပ် လျှင် မလိုအပ်သော လျှပ်စစ်ပစ္စည်းများကို ပိတ်ထားခြင်းသည် နိုင်ငံရေး ဖြစ်သည်။ ကျသင့်သော အခွန်ကို ထမ်းဆောင်ခြင်း သည် နိုင်ငံရေး ဖြစ်သည်။ ခြိုးခြံချွေတာ သုံးစွဲတတ်ခြင်းသည် နိုင်ငံရေး ဖြစ်သည်။ ပညာများကို လိုလိုချင်ချင် ကြိုးစားသင်ယူ ကာ အသိပညာရှင်၊ အတတ်ပညာရှင်ဖြစ်အောင် ကြိုးစားခြင်း သည် နိုင်ငံရေး ဖြစ်သည်။ အကျင့်စာရိတ္တ၊ ကိုယ်ကျင့် သိက္ခာ၊ ကိုယ်ချင်းစာတရား၊ တရားမျှတမှု၊ စည်းကမ်းတကျ နေထိုင်သွား လာ စားသောက်တတ်ခြင်းသည် နိုင်ငံရေး ဖြစ်သည်။ ရေအရင်း အမြစ်ကို မဖြုန်းတီးခြင်းသည် နိုင်ငံရေးဖြစ်သည်။ မိဘ၊ ဆွေမျိုး အသိုင်းအဝိုင်း၊ ဇနီးမယား၊ သားသမီး၊ ပတ်ဝန်းကျင်၊ ဘာသာ၊ သာသနာ၊ ဘာသာစကား၊ ရိုးရာ ယဉ်ကျေးမှု၊ ဓလေ့စရိုက်၊ ထုံး တမ်းစဉ်လာ၊ စာပေ၊ ဂီတ၊ အနုပညာ၊ မွေးဖွားရာဇာတိ၊ သဘာ ဝပတ်ဝန်းကျင်၊ မြေပေါ်မြေအောက် သယံဇာတ၊ သဘာဝ သားရဲတိရစ္ဆာန် စသည်ဖြင့် လူ့ဘောင် လောက၊ တရားဥပဒေ စိုးမိုးရေးနှင့် လောကပါလ တရားများနှင့် ကမ္ဘာကြီးကို စောင့် ရှောက်ခြင်းသည် အထက်တန်းကျသော အလွန်အဆင့်အတန်း မြင့်သော ပရဟိတ နိုင်ငံရေး၊ အဓိပတိနိုင်ငံရေး၊ အထက်တန်း စား နိုင်ငံရေးပင် ဖြစ်သည်။
.
ထို့ကြောင့် တစ်ဦးတစ်ယောက်ချင်းစီတို့၏ တစ်ကိုယ်စာ နိုင်ငံရေး၊ တစ်အိမ်ထောင် နိုင်ငံရေး၊ တစ်မိသားစု နိုင်ငံရေးများ အဆင့်အတန်း မြင့်ပါမှ အထက်တန်းကျပါမှ လူမျိုးအလိုက် နိုင်ငံအလိုက် အဆင့်အတန်းမြင့်မည်၊ အထက်တန်းကျမည် သာ ဖြစ်လေသည်။ မလိုအပ်သည့်အခါ အလျင်စလို မဖြစ်ဘဲ စိတ်ရှည်သည်းခံခြင်းသည် နိုင်ငံရေးပင်ဖြစ်သည်။ စနစ်တကျ အလှည့်ကျ တန်းစီစောင့်ဆိုင်းပြီး အခွင့်ထူး မခံခြင်း၊ ရာထူး၊ အာဏာ၊ ပါဝါ၊ လုပ်ပိုင်ခွင့်များကို အသုံးမချခြင်းသည် နိုင်ငံ ရေးဖြစ်သည်။ တာဝန်သိတတ်ခြင်း၊ တာဝန်ကျေပွန်ခြင်း၊ တာ ဝန်ယူမှု၊ တာဝန်ခံမှုရှိခြင်းသည် နိုင်ငံရေးပင် ဖြစ်သည်။ မည် သည့်ပညာရပ်တစ်ခုကို ဖြစ်စေ ကျွမ်းကျင်ပိုင်နိုင်စွာ ဂဃဏန တတ်မြောက်အောင်မြင် ဖြစ်ထွန်းခြင်းသည် နိုင်ငံရေးဖြစ်သည်။ အများသူငှါအပေါ် တာဝန်ဝတ္တရားနှင့်ဝန်မပိအောင် နေထိုင်ပြု မူ ကျင့်ကြံတတ်ခြင်းသည် နိုင်ငံရေး ဖြစ်သည်။ ကျန်းမာသန် စွမ်းအောင် ကြိုးစားနေထိုင်ခြင်းသည် နိုင်ငံရေးဖြစ်သည်။ လာဘ်ပေး လာဘ်ယူ မပြုလုပ်ခြင်း၊ အဂတိ တရားမလိုက်စား ခြင်းသည် နိုင်ငံရေး ဖြစ်သည်။ တစ်နေ့ ပုဆိုးသုံးခါလဲခြင်းသည် နိုင်ငံရေး ဖြစ်သည်။ အိမ်နောက်ဖေး စျေးဆိုင်တည်ခြင်းသည် နိုင်ငံရေး ဖြစ်သည်။ ခေါင်းတစ်ရာသားကို စားခြင်းသည် နိုင်ငံ ရေး ဖြစ်သည်။ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားများကို ကျင့်သုံး ခြင်းသည် နိုင်ငံရေး ဖြစ်သည်၊ မွေးဖွားခြင်း၊ အသက်ရှင်သန် နေထိုင်ခြင်း၊ သေဆုံးခြင်း အားလုံးတို့သည်ပင်လျှင် နိုင်ငံရေး ဖြစ်သည်။ နိုင်ငံရေးတွင် အဆိုးနှင့် အကောင်းနှစ်မျိုးသာရှိပြီး အများအကျိုးကို သယ်ပိုးထမ်းရွက်နိုင်လေ အဆင့်အတန်းမြင့် လေ အထက်တန်းကျလေ ဖြစ်ပြီး ယင်းနှင့် ဆန့်ကျင်ဘက်ဖြစ် သော အများအကျိုးပျက်စီးလေ မိမိအကျိုး များလေဆိုလျှင် အောက်တန်းစား နိုင်ငံရေး၊ ဇာတ်တူသား စားနိုင်ငံရေး၊ တော ကြောင်နိုင်ငံရေး၊ ငတေနိုင်ငံရေး၊ အဆိပ်ပင်နိုင်ငံရေး၊ အက် စစ်နိုင်ငံရေး၊ ပဒိုင်းသီး နိုင်ငံရေးမျိုးသာလျှင် ဖြစ်ပေလိမ့်မည်။

နိုင်ငံရေးတွင် အဆိုးနှင့် အကောင်းနှစ်မျိုးသာရှိပြီး အများအကျိုးကို သယ်ပိုးထမ်းရွက်နိုင်လေ အဆင့်အတန်းမြင့် လေ အထက်တန်းကျလေ ဖြစ်ပြီး ယင်းနှင့် ဆန့်ကျင်ဘက်ဖြစ် သော အများအကျိုးပျက်စီးလေ မိမိအကျိုး များလေဆိုလျှင် အောက်တန်းစား နိုင်ငံရေး၊ ဇာတ်တူသား စားနိုင်ငံရေး၊ တော ကြောင်နိုင်ငံရေး၊ ငတေနိုင်ငံရေး၊ အဆိပ်ပင်နိုင်ငံရေး၊ အက် စစ်နိုင်ငံရေး၊ ပဒိုင်းသီး နိုင်ငံရေးမျိုးသာလျှင် ဖြစ်ပေလိမ့်မည်။

.
လူတို့သည် မိမိစည်းကမ်း မိမိပြဋ္ဌာန်းကာ မိမိဘဝလမ်း မိမိ ဖောက်၊ မိမိခြေထောက်ပေါ် မိမိလျှောက်၊ မိမိသမိုင်း မိမိရေး၊ မိမိနာမည်ကို မိမိကဗျည်းထိုး၊ မိမိဘဝ မိမိထုဆစ်၊ မိမိအနာဂတ် မိမိပုံဖော်ရသည်ဖြစ်ရာ ပရဟိတ နိုင်ငံရေးသမားလား အတ္တဟိ တနိုင်ငံရေးသမားလား၊ အထက်တန်းစား နိုင်ငံရေးလုပ်မလား၊ အောက်တန်းစား နိုင်ငံရေးလုပ်မလား၊ အဓိပတိနိုင်ငံရေး ဖော် ဆောင်မလား၊ အယုတ်တမာနိုင်ငံရေးကို ဖော်ဆောင်မလားဆို တာ ကွဲပြားစွာ သိမြင်ဖို့လိုအပ်သလို မိမိတို့လုပ် ရပ်မှန်သမျှကို လက်ဗွေတံဆိပ် ခပ်နှိပ်ရဲဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
.
အဆင့်အမြင့်ဆုံး နိုင်ငံရေးဟာ သက်ရှိအများဆုံးနဲ့ ကမ္ဘာ့ ပတ်ဝန်းကျင် တစ်ခုလုံးကို အကျိုးစီးပွားအများဆုံး ပြည့်ဝလွန် မြောက်ကာ ဖွံ့ဖြိုးပြီးဖြစ်စေမှာ ဖြစ်သလို အဆင့်အနိမ့်ဆုံး နိုင်ငံ ရေးဟာ ကိုယ်ကျိုးစီးပွားကိုသာ ဖော်ဆောင်နိုင်မှာဖြစ်သလို အောက်တန်းစား နိုင်ငံရေးကတော့ သက်ရှိသက်မဲ့ ပတ်ဝန်းကျင် အားလုံးကို အကျိုးပျက်စီးစေမှာ ဖြစ်ပါတယ်။ မိမိရဲ့ မွေးဖွားရှင် သန်သေဆုံးခြင်းဟာ အထက်တန်းစား နိုင်ငံရေးလား အောက် တန်းစားနိုင်ငံရေးလားဆိုတာ ဂဃဏနသိရှိဖို့ရာ လိုအပ်မှာဖြစ် ပါကြောင်း အသိပေးတင်ပြအပ်ပါသည်။ ။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)