အနက်ရောင် ဆိုင်ကယ်လေး တစ်စင်းနှင့် သူတို့ကို ဘယ်မှာ ရှာရမလဲ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အနက်ရောင် ဆိုင်ကယ်လေး တစ်စင်းနှင့် သူတို့ကို ဘယ်မှာ ရှာရမလဲ

တိုက်မောင်း
.
ယခုရက်ပိုင်းအတွင်း ရုံးပိတ်ရက်တွေမှာ နားရတယ်လို့ မရှိပါဘူး။ အစိုးရရုံးလုပ်ငန်း တွေကြောင့်တော့ မဟုတ်။ နေ၊ တနင်္ဂနွေရက်များတွင် မိမိ၏ကိုယ်ရေး ကိုယ်တာကိစ္စ များ ဆောင်ရွက်ရန်အတွက် ရန်ကုန်မြို့သို့ နေပြည်တော်မှ အပတ်စဉ် သောကြာနေ့ညတိုင်း သွားဖြစ်နေ၏။ မိမိမှာမူလ ကတည်းက ခရီးသွားလာရသည်ကို ပျော်ရွှင်နှစ်သက်သူဖြစ် သဖြင့် ပင်ပန်းလှသည်ဟုတော့ မခံစားရပါ။ အိပ်ရေးအနည်း ငယ်ပျက်ရုံနှင့် ခရီးစရိတ် ကုန်ကျငွေမှလွဲ၍ ကျန်တာအဆင် ပြေပါသည်။
.
လူ့ဘဝသည် အချိန်တိုင်း အခါတိုင်းချည်း အဆင်ပြေနေ သည်တော့လည်းမဟုတ်ပါ။ အဆင်မပြေမှုများနှင့် ရံခါကြုံ တွေ့ရတတ်သည်မှာလည်း လောက၏ သဘာဝပင် မဟုတ်ပါ လား။ ယခု စာစုကို ရေးဖြစ်လာအောင် အကြောင်းအရာ တစ်ခု က မိမိ ခရီးသွားနေစဉ်အတွင်း ဖြစ်ပေါ်လာခဲ့ပါပြီ။ မိမိ ခရီးသွား စဉ်အခါတိုင်း နံနက်မိုးလင်းလျှင် မိသားစုထံသို့ ဖုန်းဖြင့် “Good morning” ဟု လည်းကောင်း၊မင်္ဂလာပါ၊ နေကောင်းလားစသဖြင့် လည်းကောင်း သတိတရ နှုတ်ဆက် စကား ပြောဖြစ် သည်မှာ အလေ့အကျင့် တစ်ခုကဲ့သို့ ဖြစ်နေသည်။ လွန်ခဲ့သည့် စနေနေ့ ၂၂--၂၀၂၀ မနက်က ထုံးစံအတိုင်း ဇနီးဖြစ် သူထံသို့ ဖုန်းဆက်လိုက်သည်။ သူမဘက်၌ ခါတိုင်းလို တိတ်ဆိတ် နေပဲ ဆူဆူညံညံအသံများ ကြားနေရသည်။ မိမိ စတင်နှုတ် ဆက်လျှင် အမြဲတမ်း ပြန်နှုတ်ဆက်တတ်သော ဇနီးသည်မှာ ဒီနေ့ကျမှ ဘာဖြစ်နေပါလိမ့်။ အခြားသူများ၏ အသံမှတစ်ပါး သူမ၏ အသံကို မကြားရသေး။ ခဏလောက်ကျမှယောကျ်ား ရေ.. တိုက်အောက်မှာ ထားတဲ့ ဆိုင်ကယ်လေး ပျောက်သွား ပြီတဲ့။ မိမိလည်း ရုတ်တရက် ကြောင်သွားပြီးဘယ်သူ့ ဆိုင်ကယ် ပါသွားတာလဲဟု ဆက် မေးလိုက်ရာအိမ်က ဆိုင်ကယ်လေတဲ့။ ဇနီးဖြစ်သူ၏အသံမှာ အခါတိုင်းလို ကြည် လင်မနေ။ မိန်းမတို့သဘာဝ မိမိ၏ပစ္စည်း ပျောက်ဆုံးသွား သဖြင့် နှမျှောတသ ဖြစ်နေပေလိမ့်မည်။ 
.
အဆိုပါ ဆိုင်ကယ်သည် ဇနီးသည်က နေ့တစ်ဓူဝဆိုသလို သူမ အသုံးပြုနေခဲ့တာမို့ သံယောဇဉ် တွယ်နေပေလိမ့်မည်။ တွယ်မယ်ဆိုလျှင် တွယ်လောက်စရာ နောက်ခံသမိုင်း ကြောင်း များက ရှိနေသည်။ အဆိုပါ ဆိုင်ကယ်လေးကို ၂၀၁၆ ခုနှစ် တုန်းက ပျဉ်းမနားမြို့ရှိ ဆိုင်ကယ် ရောင်းသည့် ကုမ္ပဏီမှ  တိုက်ရိုက် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ မိမိမှာ အစိုးရ လခစား အရာရှိပေါက်စပီပီ  အပိုဝင်ငွေအတွက် အခြားစီးပွားရေးက လည်း မရှိ။ မိမိလစဉ် ရရှိသည့် လစာများထဲမှ နည်းနည်းချင်း စုဆောင်း၍ ဝယ်ယူခဲ့ရသဖြင့် သူမ၏ တန်ဖိုးထားမှုမှာ မိမိ ထက် ပိုပေလိမ့်မည်။ ဆိုင်ကယ် ဝယ်ယူခဲ့သော နှစ်သည် သား အကြီးဖြစ်သူ တန်း တက်ရောက်နေသဖြင့် ကျူရှင် ပို့/ ကြို ရန် သူမအတွက် အဓိက အသုံး တည့်ခဲ့လေသည်။ သားငယ် ဖြစ်သူအား မူကြို သွားရောက် ကြိုရာတွင် လည်းကောင်း၊ စျေးသွားရာတွင် လည်းကောင်း အဆိုပါ ဆိုင်ကယ်ကို အား ကိုးခဲ့ရသည် မဟုတ်ပါလား။ လူသည် သူ့အထွာနှင့် သူဖြစ် သည်။ ကျားကြီးတော့ ခြေရာကြီးသည်ဟု ဆိုစမှတ် ပြုကြ သည်။ သားရှိတော့ သားအတွက်ပူပန်ရသလို ကားရှိသူတွေ ကျတော့လည်း ကားအတွက် ပူပန်ရပြန်ပါသည်။ မိမိတို့ မိ သားစုတွင် အရေးအကြောင်း သွားလာစရာရှိပါက အဆိုပါ ဆိုင်ကယ်လေးသာရှိ၏။ ယခုပျောက်ဆုံးသွားပြီဖြစ်ရာ သူမအ တွက် ဆိုင်ကယ်တစ်စီး ချက်ချင်းပြန်ဝယ်မပေးနိုင်သေး၍ ကျွန် တော်စိတ်မကောင်းပါ။ မိမိမှာ ရုံးသို့ဖယ်ရီဖြင့် အသွားအပြန် လုပ်နေ၍ စိတ်မပူရသော်လည်း နေပြည်တော်မှာ ရန်ကုန် မြို့ကြီးလို ဘတ်စ်ကားသွားလာမှု မပေါများသေးသဖြင့် အနီး အနားသွားလာရန် သူမအတွက် အခက်အခဲဖြစ်သွားခဲ့ရပြီ။  ပစ္စည်းသင်္ခါရ လူသင်္ခါရပဲလေဟု မိမိမှာ တရားသဘော၊ သင်္ခါရ သဘောကို စောကြောမိသော်လည်း ဇနီးဖြစ်သူအတွက် ပြန် ရလိုရငြား နီးစပ်ရာရဲစခန်းသို့ ပစ္စည်းပျောက်ဆုံးကြောင်း တိုင် ချက်ဖွင့်ထားရန် တယ်လီဖုန်းဖြင့် မှာလိုက်ရသည်။ နောက်မှ သိရသည်မှာ မိမိဖုန်းမဆက်ခင် နယ်မြေရဲများလည်း ရောက်ရှိ စစ်ဆေးနေကြောင်းသိရ၏။
.
မည်သို့ပင်ဆိုစေ ဥစ္စာပျောက်ငရဲရောက်လို့ ဆိုကြတယ် မဟုတ်လား။ ပစ္စည်းဥစ္စာ တစ်ခုခု ပျောက်ဆုံးလျှင် ပိုင်ရှင်မှာ လည်း အထိုက်အလျှောက် တာဝန်ရှိပါသည်။ မိမိတို့ တိုက် ခန်းမှ မဟုတ် နေပြည်တော်ရှိ အစိုးရဝန်ထမ်းများ နေထိုင်ရာ အိမ်ရာများတွင် ဆိုင်ကယ် မပျောက်ဖူးသောတိုက်ခန်းဟူ၍ မရှိသလောက်ဖြစ်မည်။ သို့သော် တိုက်ခန်းများအောက်တွင် ရပ်ထားသည့် ဆိုင်ကယ်တိုင်းတော့ မပျောက်။ အဘယ် ကြောင့်နည်း။ အချို့ဆိုင်ကယ်ပိုင်ရှင်များသည် မိမိတို့ဆိုင် ကယ်ကို သာမန်ဇက်သော့ ခတ်ထားရုံမျှမကပဲ ဆိုင်ကယ် ဘီးများကို သံကြိုးများဖြင့် တွဲ၍ အလွယ်တကူ မယူနိုင် အောင် ပြုလုပ်ထားကြသည်။ အချို့ကျတော့တိုက်ခန်း၏ အောက်ဆုံးထပ် လှေကားဘေးနှင့် အောက်တွင် စနစ်တကျ ထားသိုကြသည်။ အဆိုပါ နေရာကို လူတိုင်းတော့ထားခွင့် မရကြ။ အောက်ဆုံးထပ်တွင် နေထိုင်ခွင့် ရရှိသူများသာ များစုရကြသည်ကို တွေ့ရ၏။ မိမိတို့လည်း ဆိုင်ကယ်စတင် ဝယ်ယူစဉ်ကာလက ဇက်သော့အပြင် နောက်ဘီးကို ကြိုးနှင့် ပါ သိုင်း၍ခတ်ခဲ့သော်လည်း နောက်ပိုင်းကာလကြာမြင့်လာ သောအခါ ဘီးကိုကြိုးနှင့်တွဲ၍မခတ်ဖြစ်တော့ပါ။ ဤကားမိမိ တို့၏အားနည်းချက်တည်း။ တစ်ဖက်က ပြန်စဉ်းစားသော် ဝန် ထမ်းအိမ်ရာ တိုက်ခန်းများအောက်ရှိ ဆိုင်ကယ်တိုင်းကို သံ ကြိုးဖြင့် မခတ်ထားသလို၊ အဆိုပါ ဆိုင်ကယ်တိုင်းကိုလည်း သူခိုးက ခိုး မသွားပါ။
.
ပစ္စည်းဥစ္စာ အခိုးခံရခြင်းနှင့် ပတ်သက်၍ ဆရာတော် ကြီး တစ်ပါးပြောပြခဲ့သည်ကို ပါမောက္ခချုပ်ဆရာတော်ဘုရား ကြီး ဟောကြားတော်မူထားသည့် တရားတော်ထဲတွင် နာယူ မှတ်သားခဲ့ဖူးသည့် အကြောင်းကို ပြောပြပါဦးမည်။ တစ်ခါ တော့ ဆရာတော်ဘုရားကြီး တစ်ပါးက ၎င်းကျောင်း၏ ကျက် သရေတိုက်ထဲတွင် ထားရှိသောအဖိုးတန်ပစ္စည်းများ ပျောက် ဆုံးသွားသည့်အခါ ကျောင်းမှာအတူနေသည့် ကိုရင်နှင့် ကပ္ပိ များကို ကျောင်း၌ပစ္စည်းများ ပျောက်ဆုံးကြောင်းကို အခြား မည်သူ့ကိုမျှ မပြောပြကြရန် တားမြစ်သတဲ့။ အဲဒီလို ကျောင်း ထိုင်ဘုန်းကြီး တားမြစ်တာကို ကိုရင်နှင့် ကပ္ပိယများက အံ့သြ ကြီးစွာနှင့် အဘယ်အတွက်ကြောင့် ဆိုင်ရာကို မတိုင်ကြား ဘဲ အခုလို တားမြစ်ရသည်ကို ပြန်လည်မေးမြန်း လျှောက် ထားသတဲ့။ အဲဒီအခါမှာ ကျောင်းထိုင်ဘုန်းကြီးက ဒီဘဝမှာ ကိုယ့်ပစ္စည်း အခိုးခံရတယ်ဆိုတာ အရင်ဘဝက သူတစ်ပါး ပစ္စည်းကိုလည်း မိမိက ခိုးယူခဲ့လို့သာ ပြန်ခံရတာ။ ဒါ့ကြောင့် ကိုယ်သူခိုး ဖြစ်ခဲ့တယ်ဆိုတာ သူများသိသွားတော့ ရှက်စရာ ကောင်းတာပေါ့လို့ ပြောသတဲ့။ အခုလည်း မိမိအနေဖြင့် ဇနီး ဖြစ်သူအား အဲဒီဆရာတော်ကြီး မိန့်ကြားခဲ့တာကို ပြန်ပြော ဖြစ်ခဲ့ပေမယ့် တကယ်တမ်း လက်တွေ့မှာတော့ ခေတ်ရေ စီးကြောင်းကို မကျော်လွှားနိုင်ခဲ့ပါဘူး။ နည်းပညာကို ပြည့်အဝ အသုံးချပြီး ကမ္ဘာသိအောင် လုပ်လိုက်မိတယ်။ စိတ်ထဲက မည်သို့ပင် တရားသဘောကို စောကြောမိသည် ဖြစ်စေ ဇနီးဖြစ်သူစိတ်ကျေနပ်အောင် ပြန်ရလိုပြန်ရငြား နေ ပြည်တော် အသိုင်းအဝိုင်းဆိုသည့် ဖေ့စ်ဘုတ်ပေ့ (Facebook Page) ကနေ အဲဒီနေ့ နေ့လယ်ပိုင်း လောက်မှာပဲ  ဆိုင်ကယ် ပျောက်ဆုံးသွားကြောင်း တင်လိုက်ပါတယ်။ ဆရာတော်ကြီး လို မရှက်တတ်လို့တော့ မဟုတ်ပါဘူး။ ပုထုဇဉ်ပီပီ ဇနီးဖြစ်သူ ကို ကူညီချင်ရုံသက်သက်ပါပဲ။
.

.
နေပြည်တော်အသိုင်းအဝိုင်း Page ကလည်း အဖွဲ့ဝင် နှစ် သိန်း လေးသောင်းကိုးထောင် ကျော်ရှိတာမို့  လူအသုံးများ၊ အသိ များတဲ့ Facebook  Page တစ်ခုဆိုရင်လည်း မမှားပါဘူး။ မိမိဆိုင် ကယ်ပျောက်ဆုံးတဲ့အကြောင်း တင်ပြီး တစ်ရက်အကြာမှာ Like ပေးတဲ့သူ ၄၀၀ ကျော်ပြီး မှတ်ချက်ရေးတဲ့သူ ၃၅ ဦး ရှိပါတယ်။ တော်တော်များများက အကောင်းမြင်နဲ့ မှတ်ချက်ပေးကြပါ တယ်။ အကြံဉာဏ်လည်း ပေးကြပါတယ်။ ရေစက်ချပြီး သာ ဓု ခေါ်လိုက်တာ ကောင်းမယ်ဆိုတဲ့ မှတ်ချက်တွေလည်း ဖတ် ရပါတယ်။ မိမိတို့ အိမ်ရာမှာ နေထိုင်သူ ဝန်ထမ်းအားလုံး စုပြီး အိမ်ရာပတ်လည်ကို ခြံစည်းရိုး ကာဖို့ ပြောတဲ့သူလည်း ပါ တယ်။ ဆိုင်ကယ်ကို GPS တပ်ဖို့ အကြံပေးတဲ့သူလည်း ပါရဲ့။ ပြန်မရဖို့ များတယ် ဆိုတဲ့ မှတ်ချက်တွေလည်း ဖတ်ရတယ်။ Comment  ရေးကြတဲ့သူတွေထဲမှာ ထူးခြားတာက ရဲစခန်း ကို အားကိုးပြီး တိုင်တန်းခိုင်းတဲ့သူ မရှိသလောက် ဖြစ်နေ တာပဲ။ ဘာကြောင့်လဲ။ ပြည်သူတွေ ပစ္စည်းပျောက်ရင် အဓိ က တာဝန်ယူ ဖြေရှင်းပေးရမယ့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ဘာ ကြောင့် ယုံကြည်ပြီး အားမကိုးကြတာလဲ။ ဒီမေးခွန်းကို  ကျွန် တော်တို့ မဲပေးရွေးချယ်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးက လွှတ်တော်မှာ ဆွေးနွေးပေးစေချင်တယ်။ သို့သော်လည်း ရွေး ကောက်ခံ လွှတ်တော်ကိုယ်စားလှယ်ကြီးကို ကျွန်တော်တို့ ဝန် ထမ်းအိမ်ရာမှာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ် စည်းရုံးချိန်တုန်းက တစ်ခါပဲ မြင်ဖူးလိုက်တယ်။ မဲနိုင်ပြီးနောက် ပိုင်း မတွေ့ရတော့ဘူး။ ဒါဟာအခြားမဲဆန္ဒနယ်တွေနဲ့ မတူတဲ့ နေပြည်တော် ဝန်ထမ်းရပ်ကွက်ရဲ့ ပကတိအရှိတရားပဲ။
.

နေပြည်တော်ဆိုတာ အားလုံးသိရှိထားပြီး ဖြစ်တဲ့အတိုင်း အစိုးရရဲ့ ဗဟိုချက်မတည်ရှိတဲ့နေရာ မင်းနေပြည်တော်။ နိုင်ငံ တော်သမ္မတရုံးအပါအဝင် ပြည်ထောင်စုအဆင့် ဝန်ကြီးရုံးတွေ စိုက်တဲ့နေရာ၊ ဥပဒေပြုတဲ့နေရာမှာ အမြင့်ဆုံးဖြစ်တဲ့ ပြည် ထောင်စုလွှတ်တော်နှင့် အမတ်တွေရှိတဲ့နေရာ၊ ပြည်ထောင် စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော် မရှင်စတဲ့ ပြည်ထောင်စုအဆင့် ရုံးတွေစိုက်တဲ့ မြန်မာနိုင်ငံ မြို့တော်သစ်။ ဒီလိုအရေးကြီးတဲ့ လူပုဂ္ဂိုလ်တွေနဲ့ တန်ဖိုး ကြီးမားတဲ့ အဆောက်အဦတွေရှိတဲ့ မင်းနေပြည်တော်ဟာ လုံခြုံမှု မရှိတော့ဘူးလား။ တရားဥပဒေ စိုးမိုးမှုမရှိတော့ဘူး လား။ ဖေဖော်ဝါရီလ၂၄ ရက်နေ့က နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ်ဟာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ ကရင်နှစ် သစ်ကူးကွင်းမှာ ကော့ကရိတ် ခရိုင်အတွင်းရှိ ဒေသခံပြည်သူ တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ တရားဥပဒေစိုးမိုး ရေးနှင့် ပတ်သက်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ခုလိုပြောကြားခဲ့ပါတယ်။ကျွန်မပြောချင်တဲ့ တရားဥပဒေ စိုး မိုးရေးဆိုတာ ပြည်သူလူထုတွေကို လုံခြုံမှုပေးတဲ့ တရားဥပ ဒေ စိုးမိုးရေး ကိုပြောတာပါ။ လုံခြုံမှုဆိုတာရုပ်ပိုင်းနဲ့ စိတ်ပိုင်း ဆိုင်ရာလုံခြုံမှုပါ။ တရားဥပဒေစိုးမိုးရေးရှိတာကို ကျွန်မအ နေနဲ့ ပြည်သူတွေကို ရိုးရိုးလေးပြောရမယ်ဆိုရင် အိပ်နိုးချမ်း သာပါ။ အိပ်တဲ့အခါကျရင် စိတ်ချမ်းသာသာနဲ့ အိပ်နိုင်တယ်။ နိုးလာတဲ့အခါကျရင်လည်း စိတ်ချမ်းချမ်းသာသာနဲ့ နိုးနိုင် တယ်။ ညအိပ်တဲ့ အခါမှာ ငါ့အိမ်က လုံခြုံတယ်။ ငါ့ဝင်းက လုံခြုံတယ်။ ငါဘာမှ စဉ်းစားစရာ မရှိဘူး။ လုံခြုံရေး ရှိလား၊ မရှိလား စဉ်းစားဖို့ မလိုပါဘူး ဆိုတဲ့ စိတ်ဓာတ်၊ ပြည်သူတွေ ထဲမှာ ဖြစ်ပြီ ဆိုရင် တရားဥပဒေ စိုးမိုးရေး ရှိလို့ပါ။ ကိုယ့်ရဲ့ အိမ်ထဲမှာ လုံခြုံမှု ရှိတဲ့အပြင် အိမ်အပြင် ထွက်ပြီး အလုပ် လုပ်တဲ့အခါ၊ ကျောင်းသွားတဲ့အခါ၊ ဈေးသွားတဲ့အခါ လုံခြုံ တယ်ဆိုတဲ့ စိတ်က တရားဥပဒေ စိုးမိုးမှု ရှိလို့ပါ။ ဒါတွေကို ကျွန်မတို့ ဦးတည်ပါတယ်လို့ပြောကြားခဲ့တာပါ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ကြားခဲ့သလို ကျွန်တော်တို့ နေထိုင်ရာ မင်းနေပြည်တော်မှာ အိပ်ကောင်းခြင်း၊ စားကောင်းခြင်းနှင့် မပူမပင်၊ လုံလုံခြုံခြုံ နေနိုင်နေပြီလား။ နေချင့်စဖွယ် မြို့ဖြစ် အောင်၊ အစိမ်းလန်းဆုံးမြို့ဖြစ်အောင် ပညာရေးမှာ Hub ဖြစ်လာအောင် နိုင်ငံတကာနဲ့ပူးပေါင်းပြီး တက္ကသိုလ်တွေ တည်ဆောက်တော့မယ်စတဲ့ စီမံကိန်းတွေရှိနေပြီလို့ ကြား နေရတဲ့ နေပြည်တော်မှာ မိမိတို့လို သာမန် ဝန်ထမ်းတွေ မရှိမဲ့ ရှိမဲ့ စုပြီး ဝယ်ထားရတဲ့ ဆိုင်ကယ်ပျောက်ဆုံးမှုတွေ နေပြည်တော်ဆိုပြီး ပေါ်လာကတည်းက ဘယ်နှစ်မှု ဖြစ်ခဲ့ ပြီး ဘယ်လောက် ဖမ်းဆီးရမိခဲ့ပြီလဲ။ အဲလို ဖြစ်စဉ်မျိုးတွေ ထပ် မဖြစ်အောင် ဘယ်လိုကာကွယ်မှုမျိုးတွေ၊ ဘယ်လိုအ စီအမံတွေ လုပ်ထားပြီးပြီလဲ။ ဘယ်သူက တာဝန်ယူပြီး ဖြေ ရှင်းပေးမှာလဲ။ ပြည်သူတွေ အားကိုး ယုံကြည်ရတဲ့ အမှု လိုက် စုံစမ်းစစ်ဆေး ဖော်ထုတ်နေသူတွေ၊ ဘယ်အဆင့်ထိ ဘယ်လိုလုပ်ကိုင် နေပါတယ်ဆိုတာ ပြည်သူတွေ အချိန်နှင့် တစ်ပြေးညီ သိခွင့်ရနေပြီလား။ ဒီမိုကရေစီ အုပ်ချုပ်ရေး ယန္တ ရား ကောင်းမွန်စွာ လည်ပတ်နေလားစတဲ့ မေးခွန်းတွေကို ကျွန်တော်တို့ရဲ့ မြို့နယ်လွှတ်တော် ကိုယ်စားလှယ်ကိုလည်း မေးချင်ပါတယ်။ သူတို့ကို ဘယ်မှာ ရှာရမလဲ။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ကြားခဲ့သလို ကျွန်တော်တို့ နေထိုင်ရာ မင်းနေပြည်တော်မှာ အိပ်ကောင်းခြင်း၊ စားကောင်းခြင်းနှင့် မပူမပင်၊ လုံလုံခြုံခြုံ နေနိုင်နေပြီလား။ နေချင့်စဖွယ် မြို့ဖြစ် အောင်၊ အစိမ်းလန်းဆုံးမြို့ဖြစ်အောင် ပညာရေးမှာ Hub ဖြစ်လာအောင် နိုင်ငံတကာနဲ့ပူးပေါင်းပြီး တက္ကသိုလ်တွေ တည်ဆောက်တော့မယ်စတဲ့ စီမံကိန်းတွေရှိနေပြီလို့ ကြား နေရတဲ့ နေပြည်တော်မှာ မိမိတို့လို သာမန် ဝန်ထမ်းတွေ မရှိမဲ့ ရှိမဲ့ စုပြီး ဝယ်ထားရတဲ့ ဆိုင်ကယ်ပျောက်ဆုံးမှုတွေ နေပြည်တော်ဆိုပြီး ပေါ်လာကတည်းက ဘယ်နှစ်မှု ဖြစ်ခဲ့ ပြီး ဘယ်လောက် ဖမ်းဆီးရမိခဲ့ပြီလဲ။ အဲလို ဖြစ်စဉ်မျိုးတွေ ထပ် မဖြစ်အောင် ဘယ်လိုကာကွယ်မှုမျိုးတွေ၊ ဘယ်လိုအ စီအမံတွေ လုပ်ထားပြီးပြီလဲ။ ဘယ်သူက တာဝန်ယူပြီး ဖြေ ရှင်းပေးမှာလဲ။
.
ခင်ဗျားတို့ သိရင် ပြောပြပါ။ ကျွန်တော့်ချွေးနဲစာနဲ့ ဝယ်ယူ ထားတဲ့ဆိုင်ကယ်လေး ပြန် မရရင်တောင် နောက်နောင် ကျွန် တော်တို့ ဝန်ထမ်းရပ်ကွက်မှာ အလားတူဖြစ်စဉ်မျိုး ထပ်မဖြစ် တော့ပဲ လုံလုံခြုံခြုံနဲ့ နေရရင်ကို ကျေနပ်လှပါပြီ။ စေတနာ ထားပြီး ကူညီကြပါဗျာ။

Journal Download

Photo of three cats