ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့်သာ - Kanbawza Tai News

Breaking

Boxed(True/False)

Sunday, March 8, 2020

ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့်သာ

တိုက်မောင်း
.
တစ်ယောက်အားနှင့် ယူသော်မရ၊ တစ်သောင်းအားနှင့် ယူ သော်ရ၏ဆိုသော ဆိုရိုးစကားသည် ပူးပေါင်းဆောင်ရွက်မှု၏ ပြယုဂ်၊ ညီညွတ်ခြင်း၏ စွမ်းပကားကို ဖော်ညွှန်းနေသည်။ တစ် ယောက်တစ်လက် ကျောင်းသားလက်၊ စုပေါင်းညီညာအောင် ကြောင်းဖြာ စသည့် ကြွေးကြော်သံများကိုလည်း အဖွဲ့အစည်း များတွင် ယနေ့တိုင် အသုံးပြုနေသည်ကို တွေ့ရပါသည်။ အား လုံးကို ခြုံကြည့်သော် ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ခြင်းဖြင့်သာ အောင်မြင်မှုကို ရရှိနိုင်မည် ဖြစ်သည်။
.
မြန်မာ့လူ့အဖွဲ့အစည်းသည် တစ်ဦးတစ်ယောက်ချင်း လိုက် ထူးချွန်ထက်မြက်ကြသည်မှာ အငြင်းပွားဖွယ်ရာ မရှိပါ။ သို့သော် အစုအဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်မှုတွင် အားနည်း နေသေးသည်ကို နေရာတိုင်းလိုလို၌ တွေ့မြင်နေရ၏။ နိုင်ငံတ ကာနှင့် ယှဉ်လျှင် မိမိတို့နိုင်ငံမှာ နောက်ကောက် ကျနေသေး သည်ကို အားမလို အားမရ ဖြစ်မိ၏။ ဘောလုံးပွဲများကို ကြည့် ပါ။ အခြားမည်သည့်နိုင်ငံနှင့် ကစား ကစား မြန်မာကိုနိုင်စေ ချင်ကြ၏။ အမျိုးသားရေးစိတ်ဓာတ် ကြောင့်ဖြစ်၏။ အမျိုးသား ရေးစိတ်ဓာတ် ရှိရုံသက်သက်နှင့် ကျွန်တော်တို့ ထိပ်ဆုံးသို့ ရောက်နိုင်သေးပါ။ ဘောလုံးကစားနည်းသည် တစ်ဦးကောင်း တစ်ယောက်ကောင်းနှင့် မရသည်ကို အားလုံးအသိ ဖြစ်၏။ ပူးပေါင်းဆောင်ရွက်မှု ကောင်းပြီး အသင်းအဖွဲ့နှင့် လိုက်ပါက စားရသဖြင့် တစ်ကိုယ်ကောင်းဆန်၍ မရ။ အဖွဲ့အစည်းများ အောင်မြင်မှု ရရှိစေရန်အတွက် ပူးပေါင်းဆောင်ရွက်လုပ်ကိုင် တတ်မှုသည် အဓိကသော့ချက် ဖြစ်ပါသည်။
.
ယနေ့ခေတ် ကလေးများကို စုပေါင်းလုပ်ကိုင်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ငယ်စဉ်မှ စ၍ ပြုစုပျိုး ထောင်ပေးကြရန် လိုအပ်ပါမည်။ အခြေခံပညာအဆင့်မှာပင် သင်ရိုးညွှန်းတမ်း၌ ထည့်သွင်းရေးဆွဲပြီး တက္ကသိုလ်ရောက် သည်အထိ လူငယ်များကို အလေ့အကျင့် ပြုလုပ်ပေးရန် လိုအပ် ပါသည်။ ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍမှာ အလွန်အရေး ကြီးပါသည်။ ပညာရေးဝန်ကြီးဌာနမှ သင်ရိုးဇယားများကို ပြင် ဆင် ရေးဆွဲထားရမည်။ အတန်းတွင်း၊ အတန်းပြင် စုပေါင်း လုပ်ဆောင်နိုင်မည့် အကြောင်းအရာများ၊ လေ့ကျင့်ခန်းများ ပါ ဝင်ရမည်။ အားကစားနည်းများနှင့် ပတ်သက်၍လည်း တစ်ဦး ချင်းမှသည် အသင်းအဖွဲ့လိုက် ကစားနည်းများကို ကျောင်း သင်ခန်းစာ အချိန်ဇယားများ၌ ထည့်သွင်းထားသင့်သည်။ ကဲ့သို့ အတန်းစဉ်လိုက် လေ့ကျင့်ပေးခြင်းအားဖြင့် စုပေါင်းလုပ် ကိုင် ဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများကိုလုပ် ငန်းခွင်အထိ ကျွဲကူးရေပါ တစ်ပြိုင်တည်း ပါဝင်လာမည်ဖြစ်ပါ သည်။
.
တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရန်မှာ မြန်မာပြည်အတွင်းမှီတင်း နေကြသော တိုင်းရင်းသား အားလုံးက ညီညွတ်သောစိတ်ဓာတ်၊ စည်းလုံးသောခွန်အားတို့ဖြင့် တည်ဆောက်ကြမှသာ ဖြစ်နိုင်ပါ သည်။ နိုင်ငံတည်ဆောက်ရာတွင် Stateholder အားလုံးပါဝင် သင့်သည်။ ဒီမိုကရေစီစနစ် တည်ဆောက်နေသော နိုင်ငံတွင် နိုင်ငံသားအားလုံးက အသိစိတ်ဓာတ် ရှိစွာဖြင့် ကိုယ့်တာကို လုံ ဖို့လို၏။ သန့်ရှင်းရေးသမားကလည်း မိမိအလုပ်ကို ဂုဏ်ယူစွာ ဖြင့် ကျေပွန်ရမည် ဖြစ်သလို ဆုံးဖြတ်ချက် ချနေသောဝန်ထမ်း အကြီးအကဲကလည်း မိမိအလုပ်ကို တာဝန်ယူ၊ တာဝန်ခံရဲရ မည်ဖြစ်ပါသည်။
.
ယနေ့ ကျွန်ုပ်တို့ ပတ်ဝန်းကျင်တွင် မြင်တွေ့နေရသောမြင် ကွင်းများကို ကြည့်လိုက်ပါ။
.

.
လူကူးမျဉ်းကျားမှာ မီးစိမ်းနေတုန်းကူးကြရဲ့လား။ အမှိုက် တွေကို အမှိုက်ပုံးထဲကို ထည့်ကြရဲ့လား။ အမှိုက်ပုံး၊အမှိုက်ကန် တွေပြည့်နေတာကိုရော သက်ဆိုင်ရာဌာနက အချိန်မီလာသိမ်း ရဲ့လား။ အများပြည်သူ သွားလာနေတဲ့ လမ်းမတွေပေါ်ထွက်ပြီး စျေးဗန်းခင်းနေတာကရော ဒီမိုကရေစီ ကျင့်ဝတ်နှင့်ညီရဲ့လား။ အဲလို လမ်းမပေါ် သူတို့စိတ်ထင်ရာစိုင်းနေသူများကို စည်ပင် သာယာမှ တာဝန်ရှိသူတွေက အမြဲတစေ ကြည့်ရှုကြပ်မတ်နေ ရဲ့လား။ ကျူးကျော်တွေ တစ်စတစ်စ တိုးပွားလာတာ တားဆီးဖို့ ဘယ်သူတွေက ပျက်ကွက်နေတာလဲ။ မကောင်းမှုဘက်တွင် ကျွန်တော်တို့  ညီနေကြသလား။ မီးနီနီ ၊မနီနီ သူများတွေတောင် ဖြတ်ကူးနေကြတာ ငါက ဘာလို့ စောင့်နေရမှာလဲ။ လမ်းပိတ် ပိတ်၊ မပိတ်ပိတ်သူများတွေတောင် စျေးဗန်းချပြီး ခင်းရောင်းနေ တာ ငါလည်း ရောင်းမှာပဲ။ ကျူးကျော်ရပ်ကွက်ထဲမှာ အိုးပိုင် အိမ်ပိုင် ရှိသူတွေတောင် လာကျူးပြီး မြေကွက်ရောင်း အိမ်ငှား စားနေကြတာ ငါတစ်ယောက်ထပ်ကျူးလိုက်လို့ ဘာဖြစ်သွား မှာမို့လဲ စသဖြင့် မဟုတ်ရာမှာ ညီညွတ်နေကြသော ကျွန်တော် တို့ တိုင်းပြည်သည် စနစ်ကျသော ဒီမိုကရေစီနိုင်ငံကို မည်ကဲ့သို့ တည်ဆောက်ကြမည်နည်း။
.

သန့်ရှင်းထားသောအိမ်သာကို လူတိုင်းတက်ချင်ကြသည်။ သို့သော် အများသုံးအိမ်သာ သုံးပြီးတိုင်း စနစ်တကျသန့်ရှင်းခဲ့ ကြရဲ့လား။ လျှပ်စစ်မီးတွေ ထိန်ထိန်ညီးနေအောင် နေချင်ကြ သည်။ ရေတွေ ဖောဖောသီသီ သုံးချင်ကြသည်။ သို့သော်ဖြုန်း တီးနေကြသလား။ မလိုအပ်ဘဲ မီးတွေ ဖွင့်ပြီး သုံးနေတာလား။ လျှံနေသော ရေဘားတွေကိုမြင်ရင် အလိုက်တသိ ပိတ်ခဲ့ကြရဲ့ လား။ သက်တောင့်သက်သာဖြင့် ခရီးသွားလိုကြသည်။ အခါ ကြီးရက်ကြီးဆိုလျှင် ယာဉ်စီးခစျေးနှုန်းတွေ ပုံမှန်ရောင်းကြရဲ့ လား၊ နာရီကျော်လျှင် ဟိုအရင်လို အောက်ဆိုက်ကားဆိုပြီး ဆွဲချင်နေကြတုန်း။ လစ်ရင်လစ်သလို လုပ်တတ်သော အကျင့် များကို ကျွန်တော်တို့ အရင်ပြင်ရမည် ထင်ပါသည်။ ကောင်းသည့် နေရာများတွင် ညီအောင် ကျွန်တော်တို့ တစ်ယောက်ချင်းမှ စပြု၍ အချိန်မီ ပြုပြင်သင့်ပါပြီ။ ကျွန်တော်တို့ ပြည်သူအားလုံး ညံ့မနေ၊ဆိုးမနေပါ။ စည်းကမ်းလိုက်နာပြီး အများကောင်းကျိုး ကို သယ်ပိုးနေသူများလည်း ဒုနှင့်ဒေး ရှိနေပါသည်။ ကောင်း သောသူများ များလာဖို့ လိုပါသည်။ ကောင်းသောသူများ ညီ ညွတ်လာဖို့ လိုပါသည်။ နေ့စဉ် လမ်းပေါ်တွင် အမှိုက်ကောက် နေသူ တစ်ဦးတွေ့ပြီး အဆိုပါလမ်းမှာ သန့်ရှင်းသပ်ရပ်နေ ပါက သင့် အနေဖြင့် အဆိုပါလမ်းပေါ်တွင် စည်းကမ်းမဲ့စွာ အမှိုက်ပစ်နေပါဦးမည်လား။ ဆေးလိပ်မသောက်ရဟု ရေးထား သောနေရာတွင် သင်တစ်ဦးတည်း ဆေးလိပ်သောက်နေပါက သင့်ကိုယ့်သင် လိပ်ပြာလုံပါမည်လား။ စည်းကမ်းသည် လူ၏ တန်ဖိုးဟု ကျွန်တော်တို့ ငယ်စဉ်ကတည်းက သိခဲ့ကြသည်။ ဒီမို ကရေစီစနစ်၏ အခြေခံသည် စည်းကမ်းရှိခြင်း ဖြစ်သည်။ လွတ် လပ်မှုသည် ဗရမ်းဗတာ ပြုမူနေထိုင်ခြင်း မဟုတ်။ ထို့ကြောင့် ကျွန်တော်တို့ပြည်သူအားလုံး စည်းကမ်းဘောင်အတွင်း၌ ညီ ညွတ်စွာဖြင့် နေထိုင်လုပ်ကိုင်ကြဖို့ အချိန်တန်နေပါပြီ။
ကျွန်တော်တို့ ပြည်သူအားလုံး ညံ့မနေ၊ဆိုးမနေပါ။ စည်းကမ်းလိုက်နာပြီး အများကောင်းကျိုး ကို သယ်ပိုးနေသူများလည်း ဒုနှင့်ဒေး ရှိနေပါသည်။ ကောင်း သောသူများ များလာဖို့ လိုပါသည်။ ကောင်းသောသူများ ညီ ညွတ်လာဖို့ လိုပါသည်။ နေ့စဉ် လမ်းပေါ်တွင် အမှိုက်ကောက် နေသူ တစ်ဦးတွေ့ပြီး အဆိုပါလမ်းမှာ သန့်ရှင်းသပ်ရပ်နေ ပါက သင့် အနေဖြင့် အဆိုပါလမ်းပေါ်တွင် စည်းကမ်းမဲ့စွာ အမှိုက်ပစ်နေပါဦးမည်လား။
.
စုပေါင်းလုပ်ကိုင်တတ်မှုကို အခြေခံကျောင်းများတွင် ရာ ဆရာမများက စနစ်တကျ လေ့ကျင့်သင်ကြား ပေးလိုက်ကြ ရမည်။ အိမ်တွင်လည်း ဝိုင်းလုပ်ဝိုင်းစား သဘောမျိုး ရုံးပိတ် ရက်၊ အလုပ်ပိတ်ရက်များတွင် စုပေါင်းချက်ပြုတ် စားသောက် ခြင်း၊ မိသားစုအလိုက် လမ်းလျှောက်ခြင်း၊ ရံဖန်ရံခါ ခရီးထွက် ခြင်း၊ ဘုရားပေါ်တက်၍ ကုသိုလ်ယူခြင်းများကို ပြုလုပ်နိုင်ပါ သည်။ ယနေ့လူငယ်များသည် အတုမြင်အတတ်သင်လွယ်ကြ သူများဖြစ်သည်။ အစ်ကိုဖြစ်သူက ဖုန်းတစ်လုံးနှင့် ဂိမ်းဆော့နေ ပါက ညီငယ်ဖြစ်သူက လည်း အခြားဖုန်း တစ်လုံးကိုင်၍ ဂိမ်းဆော့ ချင်လာသည်။ ထိုနည်းတူ အမေဖြစ်သူက ဘုရားစဉ်ရှေ့တွင် နေ့စဉ် ဘုရား ရှိခိုးတာ မြင်တွေ့လာရင်း သားငယ်လေးပါ ဘုရား ရှိခိုးရန် ရောက်ရှိလာတတ်ပါသည်။ အဖေဖြစ်သူက ညနေပိုင်း အိမ်တွင် အရက်ကလေး တမြမြနှင့် ဇရက်မင်းစည်း စိမ်ခံနေတာကို အရွယ်ရောက်လာပြီးသော သားကြီးက အား ကျလာနိုင်သည်။ ကွယ်ရာတွင် သူငယ်ချင်းနှင့် သွေးတိုးစမ်း၍ သောက်ကြည့် နေနိုင်သည်။ အိမ်တွင် မိဘများသည် သင်ဆရာ မြင်ဆရာများ ဖြစ်သကဲ့သို့ ကျောင်းတွင် ဆရာ ဆရာမများ သည် စံနမူနာကောင်းများ ဖြစ်ကြပါသည်။ ကျွန်တော်တို့ မိဘ ကောင်း၊ဆရာ ဆရာမကောင်းများ ဖြစ်ကြရပါမည်။ သို့မှသာ အနာဂတ် တိုင်းပြည်သည် စည်းကမ်းရှိပြီး လိမ္မာယဉ်ကျေးသော လူငယ်များလက်ထဲတွင် စည်ပင်သာယာ ဖွံ့ဖြိုးလာမည် ဟုတ်ပါလား။
.
အစိုးရသည် ငြိမ်းချမ်းရေးရရန် စတင်တာဝန်ယူစဉ် က တည်းကပင် ကြိုးပမ်းအားထုတ်ခဲ့သည်ကို တွေ့ရသည်။ ငြိမ်း ချမ်းရေးခရီးသည် ရေရှည်ခရီးဖြစ်၏။ သို့သော် ပန်းတိုင်မရှိ သော ခရီးတော့မဟုတ်။ စိတ်ရှည်ရမည်။ သည်းခံရမည်။ ယုံ ကြည်မှုရအောင် တည်ဆောက်ရသည်။ နှစ်ဖက်လိုလားချက် များ အချိန်ယူ ညှိနှိုင်းရသည်။ ဤနေရာတွင် မိမိတို့ကိုယ်ကျိုး စီးပွားထက် တစ်တိုင်းပြည်လုံး၏ တိုးတက်ရာ တိုးတက်ကြောင်း ကို ဦးစားပေးပြီး ညီညီညွတ်ညွတ် စဉ်းစားဆောင်ရွက် လာနိုင် ပါက ငြိမ်းချမ်းရေးချိုးကူသံသည် မိုးယံသို့ ညံလာမည်မဟုတ် ပါလား။ တစ်ကျောင်းတစ်ဂါထာ ၊တစ်ရွာတစ်ပုဒ်ဆန်း လုပ်နေ ဖို့ အချိန် မရှိတော့ပါ။ ကျွန်တော်တို့ လျှောက်ချင်သော ဒီမိုက ရေစီ ခရီးလမ်းသည် ချောမွေ့နေဖို့ လိုသည်။  ရေကြည်ကို သောက်ချင်မှတော့ နောက်နေတဲ့ ရေတွေကို ကုန်အောင် မြန် မြန်ခပ်ထုတ်ရုံက လွဲလို့ တစ်ခြားရှိပါဦးမည်လား အခုပဲ ကျွန် တော်တို့ လက်ချင်းချိတ် လိုက်ရအောင်။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)