.
ရှမ်းပြည်နယ်အတွင်း၌
COVID—19 ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ဆေးနှင့် ဆက်စပ်ပစ္စည်းများအား KINCAID Group နှင့် တောင်ကြီးကျောက်မျက်ကုမ္ပဏီလိမိတက်တို့မှ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ မတ်လ ၃၁ ရက်က
လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
“အဓိက ကတော့ အရေးပေါ် သုံးဖို့အတွက်
Mask ကလည်း တကယ့် ဆေးရုံ/ဆရာဝန်
သုံး Mask မျိုးကို တရုတ်ကနေ တိုက်ရိုက်
မှာယူပြီး လှူဒါန်းတာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး ဖြစ်နေတဲ့ ပြဿနာကို Mask နဲ့
အကာကွယ် အဖြစ် အသုံးပြုနိုင်အောင် ဒီထက်
ပိုပြီးလည်း ပြည်သူလူထု အသုံးပြုနိုင်အောင် ကျယ်ပြန့်အောင် အားလုံး ဝိုင်းပြီး လုပ်တဲ့
သဘောပါ” ဟု တောင်ကြီးကျောက်မျက်ကုမ္ပဏီမှ
ဦးစိုးလှိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
.
ရှမ်းပြည်နယ်အတွက်
COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို Mask ၁၈၀၀၀ ခု၊ စဝ်စံထွန်းဆေးရုံကို
၅၄၀၀ ခု၊ အမျိုးသမီးနှင့် ကလေးဆေးရုံကို
၁၈၀၀ ခု စုစုပေါင်း
Mask ၂၅၂၀၀ ခု၊ (တန်ဖိုးငွေ
ကျပ်သိန်း ၁၁၀) အား လှူဒါန်းခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။
.
ထို့အတူ
KINCAID Group မှ Mr.Baiyan ကလည်း “ COVID-19 ရောဂါနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ်အစိုးရကို
PPE ဝတ်စုံက အစုံ ၂၀၀၊ သိန်းတစ်ထောင်
တန်ဖိုးရှိတဲ့ ဆက်စပ်ပစ္စည်းတွေ လှူဒါန်းတယ်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတာ တစ်နှစ်ရှိပြီ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံသားလို့ ခံယူပြီး လှူဒါန်းတာပါ” ဟု
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ လှူဒါန်းမှုအား ဂုဏ်ပြုသောအနေဖြင့် KINCAID Group နှင့် တောင်ကြီးကျောက်မျက် ကုမ္ပဏီလိမိတက်တို့အား
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ ပြည်နယ်ဝန်ကြီးများမှ ဂုဏ်ပြုမှတ်တမ်းလွှာများ
ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။