တောင်ကြီး စဝ်စံထွန်းဆေးရုံသို့ COVID- 19 စောင့်ကြည့်လူနာ အမျိုးသားတစ်ဦး ရောက်ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီး စဝ်စံထွန်းဆေးရုံသို့ COVID- 19 စောင့်ကြည့်လူနာ အမျိုးသားတစ်ဦး ရောက်ရှိ

စုလှိုင်
.
တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံသို့၊ ယနေ့ မတ်လ ၃၀ ရက်တွင် ရက်က COVID-19 စောင့်ကြည့်လူနာ အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သိရသည်။
.
" မိုင်းပွန်ကပါ စောင့်ကြည့်လူနာ ဖြစ်ပါတယ်။ အမျိုးသား၊ အသက် ၃၀ ပါ။ ”ဟု ရှမ်းပြည်နယ်  ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ  လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာ နှင်းအိဖြူက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.


.
 အဆိုပါ လူနာအမျိုးသားသည် လွန်ခဲ့သော ၈ နှစ်ခန့်က ထိုင်းနိုင်ငံရှိ တည်းခိုခန်းတစ်ခုတွင် မန်နေဂျာအဖြစ် အလုပ် လုပ်ကိုင်ခဲ့သူဖြစ်ပြီး မတ်လ ၁၇ ရက်တွင် ထိုင်းနိုင်ငံမှ မော်တော်ယာဉ်ဖြင့် တာချီလိတ်မြို့မှတစ်ဆင့် ပြန်လည်ရောက်ရှိခဲ့ပြီးနောက် မတ်လ ၂၆ ရက်တွင် လည်ချောင်းနာ ဝေဒနာကို ခံစားရသဖြင့် လွိုင်လင်ပြည်သူ့ဆေးရုံသို့ သွားရောက်ပြသခဲ့ကာ ထိုင်းနိုင်ငံသို့  ခရီးသွား ရာဇဝင် ရှိခြင်းကြောင့် COVID-19 စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍  တောင်ကြီး စဝ်စံထွန်းဆေးရုံသို့ လွှဲပြောင်းပြီး သီးခြားထားရှိ၍ ဆေးကုသမှု ခံယူနေခြင်း ဖြစ်ကြောင်း သိရသည်။
.

ပြည်ပနိုင်ငံများမှ ရှမ်းပြည်နယ်အတွင်းသို့ ပြန်လည် ဝင်ရောက်လာသူ မတ်လ ၂၉ ရက်အထိ ၉၀၀၀ ကျော် ရှိနေပြီ ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

Journal Download

Photo of three cats