အဖိတ်အစင်ကို အရိပ်မြင်တတ်ပါစေ - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Wednesday, March 4, 2020

အဖိတ်အစင်ကို အရိပ်မြင်တတ်ပါစေ


ဆဏ်းမောင်(ကွတ်ခိုင်)
.
"ကား ပြေးရတာလည်း အဆင်မပြေတော့ပါဘူး။ အိမ်စီး ဝပ်သောက်ကားတွေပါ။ လိုင်းဝင် ထိုးဆွဲနေတော့ ခရီးသည်လာ ရင်ကို လုယက်ခေါ်နေရတာ စိတ်ပျက်စရာကြီးဗျာ"
.
လက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဉ် ယာဉ်မောင်းမိတ်ဆွေ တစ်ဦးက ကျွန်တော့်ကို ငြီးတွားရင်ဖွင့်လာခြင်း ဖြစ်သည်။ ကွတ် ခိုင်-လားရှိုးသည် ၄၈ မိုင် ကွာဝေးသော နေ့ချင်းပြန်ယာဉ်ငယ် မောင်းသူပင် ဖြစ်သည်။ ပြည်ထောင်စု လမ်းမကြီးပေါ်တွင် စစ် ရေးတင်းမာစဉ် မငြိမ်မသက်ဖြစ်စဉ်က ခရီးသည်တစ်ယောက်၏ ပေါက်စျေးနှုန်းထားအတိုင်း လက်ရှိယာဉ်ငယ်များ ပြေးဆွဲနေကြ သောကြောင့် ယာဉ်ငယ်မောင်းနှင်သူ အများစု နေ့ထွက် စီလှ ပေသည်။
.
သည်တော့ မိမိအိမ်တွင် ကားရှိသူတိုင်း အလုပ်အကိုင်အ ခွင့်အလမ်းအဖြစ် ယာဉ်လိုင်းပြေးဆွဲဖို့ မျက်စိကျလာသည်။ ထို့ ကြောင့် မူလယာဉ်မောင်းအဖြစ် ရပ်တည်သူများ အခက်တွေ့ရ တော့သည်။ မြို့အနေအထားနှင့် လိုင်းပြေးဆွဲသည့် ကားများက မမျှမတ ဖြစ်ရတော့သည်။ ခရီးသည်တစ်ယောက် ရောက်ရှိလာ ပြီဆိုပေက ကြက်တစ်အုပ်အကြား ဆန်တစ်စေ့ကျသကဲ့သို့ အ လုအယက် ရှိလှသည်။ သည်အထိ ပြဿနာမရှိ။ ပြဿနာရှိ သည်ကား ယာဉ်မောင်း ငြီးတွားသည့် စကားလုံးထဲက ကားဝပ် သောက်များ ပါလာသည့်ကိစ္စ။
.
သမုဒ္ဒရာရေ၊ တစ်ယောက်တည်း ခပ်သောက်လျှင် မကုန် ဟု ပြောကြဆိုကြသည်။ အလုပ်အကိုင်တူသော်လည်း ဝေမျှ လုပ်ကိုင်စိတ် ယာဉ်မောင်းတွင် ရှိဟန်တူသည်။ ဆက်လက် နောက်ဆက်တွဲ ပြောလာသည်မှာ
.
"ခရီးသည်ကတော့ ဘယ်ရရ ဝမ်းသာပါတယ်ဗျာ။ ခက် တာက ဒီလမ်းကြောင်းမှာ ကျွန်တော်တို့လည်း မောင်းစားလာ တာ ကြာပါပြီ။ ကျွန်တော်တို့က နိုင်ငံတော်ကို အခွန်ထမ်းထား တဲ့ လိုင်စင်ကားဗျ။ သူတို့က လိုင်စင်မဲ့ကားတွေ များတယ်။ ပြီး တော့ ကိုယ့်စားခွက်ထဲကတောင် လုလု ယူသွားတာ ခံရသေး တယ်။ ဟူး  အခုချိန်ထိ ခရီးသည် တစ်ယောက်မှ မရသေးဘူး ဗျာ"
.
လက်မှ နာရီကို တစ်ချက်ကြည့်ကာ ယာဉ်မောင်းက ပြော ပါသည်။ ကျွန်တော် ကား မပိုင်ဆိုင်ထားသကဲ့သို့ ယာဉ်မောင်း လောကနှင့် စိမ်းလှပါသည်။ ယခုဖြစ်ပျက်နေသော ယာဉ်မောင်း အခက်အခဲကို ကိုယ်ချင်းစာပါသည်။
.
မြန်မာနိုင်ငံတဝန်းလုံးတွင် လိုင်စင်မဲ့ယာဉ်များ (ကား၊ဆိုင် ကယ်) ပေါများစွာ သွားလာနေကြသည်။ ခပ်တည်တည်ပင် နံ ပါတ်ပြား အတုများကို ကပ်ဆွဲကာ မောင်းနှင်နေကြသည်။ နံ ပါတ်ပြားဆိုသည်မှာလည်း နံပါတ်ပြား ထုရိုက်သည့်ဆိုင်တွင် ကြိုက်ရာနံပါတ်ပြားကို လက်ညှိုးထိုး ဝယ်ယူရရှိနိုင်ပေသည်။ မိမိကြိုက်နှစ်သက်ရာ နံပါတ်ကိုပင် အော်ဒါရိုက်နှိပ်ခိုင်း၍ ရ သေးပေ၏။ အလွယ်တကူပင် ဝယ်ယူတပ်ဆင်ကာ သွားလာနေ သည့် နံပါတ်ပြား ချိတ်ဆွဲ ကား၊ ဆိုင်ကယ်များသည် မူရင်း က ညနရုံးတွင် အမည်ပေါက် လိုင်စင်နံပါတ်ပြားများနှင့် ရောထွေး တူညီလာပေက နောက်ဆက်တွဲ ပြဿနာများ ရှိလှပေတော့ မည်။ ဥပမာ ဆိုကြပါစို့။ လိုင်စင်မဲ့ယာဉ် (ကား၊ ဆိုင်ကယ်) တစ် စီးက ယာဉ်တိုက်မှုတစ်ခု ကျူးလွန်ပြီး ကိုယ်လွတ်ရုန်း မောင်း ပြေးသွားပါဘိ။ အခင်းဖြစ်ပွားပုံကို မျက်မြင်တွေ့ရှိလိုက်ရသူ တစ်ဦးတစ်ယောက်လည်း ရှိနေပေမည်။ သူက ပြစ်မှုကျူးလွန် ပြီး ထွက်ပြေးသွားသော ယာဉ်နံပါတ်ကို စိတ်နှင့် မှတ်ထားလိုက် ခြင်း(သို့မဟုတ်) ဖုန်း ကင်မရာဖြင့် ဓာတ်ပုံရိုက်ယူထားခြင်းဖြင့် ကျူးလွန်သော ယာဉ်ကို ဖမ်းဆီးမိစေရန် ကူညီသော်လည်း အ ရာမရောက်ပေ။
.
သက်ဆိုင်ရာအား သက်သေအဖြစ် ပေးအပ်သောအခါ သက်ဆိုင်ရာမှလည်း ထိုယာဉ်နံပါတ် လိုင်စင်အမည်ပေါက်ယာဉ် ပိုင်ရှင်ကို ပထမဆုံး လိုက်လံစုံစမ်းမည်။ မဟုတ်သည့်တိုင် အ မည်ပေါက် လိုင်စင်ပြုလုပ်ထားသည့် ယာဉ်ပိုင်ရှင်လည်း ကျူး လွန်သွားခဲ့သူ ယာဉ်၏ နံပါတ်နှင့် လာတူနေ၍ စစ်ဆေးမေးမြန်း မှုကို အချိန်ကုန်ခံ ဖြေရှင်းနေရတော့သည်။ ကျူးလွန်သည့်ယာဉ် ၏ အရောင်နှင့် ပျက်စီးမှုကို အတည်ယူသော်လည်း အချိန်အ တွင်း ပြောင်းလဲလိုက်ပေက အချည်းအနှီး ဖြစ်ချေတော့သည်။ ကျူးလွန်သည့် ယာဉ်နှင့် နံပါတ်ပြား အလားတူ ယာဉ်များလည်း ရှာဖွေလျှင် တပုံတပင် စစ်ဆေး၍ ကုန်ဆုံးတော့မည် မဟုတ်ပါ။ တရားခံ အစစ်သည်ကား သဲလွန်စ ပျောက်သွားလေတော့ သည်။ ယခုကာလ၌ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့၍ တရားခံများကို လိုက်လံဖမ်းဆီးရာတွင် မဖမ်းဆီးမိသော အမှုများက ပိုမိုများ လာပေသည်။
.
ကျွန်တော်တို့မြို့မှာ ဖြစ်ရပ်သာဓက တစ်ခုရှိသည်။ ညအ ချိန်ကာလ၌ မြို့လယ်ခေါင် မီးပွိုင့်အနီးတွင် ယာဉ်တစ်စီးက အ ရှိန်များ လမ်းချော်ကာ လမ်းဘေးမြောင်းကျော်ပြီး အိမ်တံခါးဝင် တိုက်သည်။ ဖြစ်ဖြစ်ချင်း ယာဉ်မောင်းက ကားကို ထားရစ်ကာ ထွက်ပြေးတိမ်းရှောင်သွားသည်။ သက်ဆိုင်ရာက ကားနှင့် ပတ် သက်၍ အထောက်အထားများ ရှာဖွေသည်။ တစ်စုံတစ်ရာမျှ မတွေ့ရ။ လိုင်စင်မဲ့ကားအဖြစ် ပိုင်ရှင်မဲ့ ဖြစ်ရတော့သည်။
.


.
သိန်း ၂၅ ၊ ၃၀ ဆိုလျှင် ကားတစ်စီး ဝယ်ယူစီးနိုင်သောခေတ် တွင် ပြေလည်သူများအဖို့ ထည်လဲစီးနိုင်အောင် ကားစျေးက ချိုသာလှပေသည်။ တစ်စုံတစ်ရာ ဖြစ်ပါက ပစ်စလက်ခတ် စွန့် ပစ်ထားခဲ့လည်း ရပေသည်။ ကားဖြစ်စေ၊ ဆိုင်ကယ်ဖြစ်စေမည် သည့် စက်တပ်ယာဉ်ဟူမဆို နိုင်ငံတော်က လိုင်စင်လုပ် အခွန် ဆောင်ဖို့ ဥပဒေတစ်ရပ် အနေဖြင့် အခိုင်အမာ ပြဋ္ဌာန်းထားပေ သည်။ သည်လိုဆိုလျှင် အဘယ့်ကြောင့် ယာဉ်ပိုင်ရှင်များက လိုင်စင် မလုပ်ကြသနည်း။ မေးစရာ ရှိလာပေပြီ။
.

မြန်မာစကားပုံ အနေနှင့် အနီးစပ်ဆုံး ပြောရလျှင် ထမ်းပိုး နီးနီးမျှ လက်ခက ကြီးနေ၍ ဖြစ်သည်။ ကားလောကကတော့ ကျွန်တော့်ဘဝနှင့် ဝေး၍ ထားချေတော့။ ကျွန်တော်တို့ မြို့တွင် ခရိုင်က လာရောက်ကာ ဆိုင်ကယ်လိုင်စင်များ လုပ်ကိုင်ပေး သည်။ ပြုလုပ်ရာတွင် ကုန်ကျစရိတ်မှာ ၁ သိန်း ၂ သောင်းမျှ ကုန်ကျလေသည်။ အဆင်ပြေလျှင် လုပ်ကြပါက ကောင်းပါ သည်။ အဆင်မပြေလို့ မလုပ်ရသည့် ဆိုင်ကယ်ရှင်များက ပိုများ လေသည်။ ဆိုင်ကယ် ဖြစ်တည်မှု အခက်အခဲ ကဲ့သို့ပင်ကား များလည်း အလားတူ အခက်အခဲမျိုး ရှိလိမ့်မည်ဟု မှန်းဆ၍ရ ပါသည်။
.
ရှုပ်ထွေးလှသော ရာဇဝတ်ပြစ်မှုများနှင့် တာဝန်မဲ့ ယာဉ် တိုက်မှုများ၏ တရားခံ ဖမ်းမိဖို့ မလွယ်ကူစေခြင်းများတွင် လိုင် စင်မဲ့ ဖြစ်နေရခြင်းသည် ငြင်းဆိုမရသော အချက်တစ်ခုအဖြစ် ပါဝင်ပတ်သက်နေလေသည်။ မြန်မာနိုင်ငံတဝန်းတွင် ဥဒဟို သွားလာနေသော ယာဉ်များကိုသာ ယာဉ်ပိုင်ရှင်၏ အထောက် အထား ခိုင်လုံမှု စာရွက်စာတမ်း ရှိသူတိုင်း သင့်တင့်သော အ ခွန်ထမ်းစနစ်ဖြင့် လိုင်စင်ပြုလုပ်ပေးမည်ဆိုပါက နိုင်ငံတော် ဘဏ္ဍာအတွက် အထောက်အကူဖြစ်မည် ဖြစ်လေသည်။
.
ယာဉ်လိုင်စင် လာရောက်ပြုလုပ်သူ မည်သူမဆို ခိုင်လုံ သော စာရွက်စာတမ်းများ ရှိပေက နိုင်ငံတော်အဆင့် သက်ဆိုင် ရာဝန်ကြီးဌာန အနေဖြင့် အများသူငှာ လူတန်းစားမရွေး ပြုလုပ် နိုင်အောင် အခွန်ထမ်းနှုန်းထား ပြုလုပ်ပေးဖို့ လိုအပ်ပေသည်။ နိုင်ငံတော်အနေဖြင့် ယာဉ်လိုင်စင်များကို အဆင်ပြေ ချောမွတ် အောင် လုပ်ကိုင်ပေးနေပါလျက် ပြုလုပ်ရာတွင် အထောက်အ ထား စာရွက်စာတမ်း မရှိ၍သော်လည်းကောင်း၊ ရှိနေပါလျက် တမင်အခွန်ရှောင်ရည်ရွယ်ချက်ဖြင့် လိုင်စင်မလုပ်ဘဲ လိုင်စင်မဲ့ ယာဉ်များကို မောင်းနှင်နေသူများကို ထိရောက်စွာ အရေးယူရ ပေမည်။
.
လိုင်စင်မဲ့ ကား၊ ဆိုင်ကယ်များသည် မြန်မာနိုင်ငံတဝန်း တွင် သိန်း၊ သန်းချီ အရေအတွက်ဖြင့် မောင်းနှင်သွားလာနေကြ သည်။ ထို အရေအတွက်မှ ရရှိလာမည့် အခွန်ထမ်း နိုင်ငံတော် ဘဏ္ဍာငွေများကိုသာ ရရှိနိုင်မည် ဆိုလျှင်ဖြင့်-

လိုင်စင်မဲ့ ကား၊ ဆိုင်ကယ်များသည် မြန်မာနိုင်ငံတဝန်း တွင် သိန်း၊ သန်းချီ အရေအတွက်ဖြင့် မောင်းနှင်သွားလာနေကြ သည်။ ထို အရေအတွက်မှ ရရှိလာမည့် အခွန်ထမ်း နိုင်ငံတော် ဘဏ္ဍာငွေများကိုသာ ရရှိနိုင်မည် ဆိုလျှင်ဖြင့်-

.
နိုင်ငံ့ဘဏ္ဍာအတွင်းသို့ အဖိတ်အစင်မရှိ ဝင်ရောက်လာ မည် ဖြစ်သည်။ ထိုသို့သော အလဟဿဖြစ်နေသည့် အဖိတ် အစင်များကို အရိပ်မြင်ကာ အကောင်အထည်ပေါ်လာစေ ကြောင်း ရေးသားလိုက်ရပေသည်။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)