ပေါင်းလောင်းမြို့ရှိ နမ့်မွန်ကြီး ရေတံခွန်ကို ခရီးစဉ်ဒေသအသစ် အဖြစ် ဖော်ဆောင်သွားမည် - Kanbawza Tai News

Breaking

Boxed(True/False)

Wednesday, March 11, 2020

ပေါင်းလောင်းမြို့ရှိ နမ့်မွန်ကြီး ရေတံခွန်ကို ခရီးစဉ်ဒေသအသစ် အဖြစ် ဖော်ဆောင်သွားမည်

စိုင်းရာဇာ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ အိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့ရှိ နမ့်မွန်ကြီးရေတံခွန်ကို ခရီးစဉ် ဒေသအသစ်အဖြစ် ဖော်ဆောင်သွား ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီ စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
.
နမ့်မွန်ကြီးရေတံခွန်က သဘာ ပတ်ဝန်းကျင်တွေ မပျက်စီးသေး ဘူး။ အဲဒီဒေသကို ခရီးစဉ်အသစ် ဖော်ဆောင်မယ်။ အဲဒီမှာ ပြဿနာ က ရေလမ်းကြောင်းမှာ အရင်တုန်း က ပေါင်းလောင်းဆည် တည်တုန်း က ကျေးရွာ ၂၃ ရွာက ရွှေ့ပြောင်း ပေးထားတော့ သစ်ငုတ်တိုတွေ ရှိ နေတယ်။ အဲဒါတွေကို ရှင်းရမယ်။ ခရီးသွားဒေသ အသစ်တစ်ခုဖြစ် မယ်။ ခရီးသွားလုပ်ငန်း မြှင့်တင်ခြင်း ဆောင်ရွက်တာ ဖြစ်ပါတယ်ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေး ဆိုခွင့်ရှိသူ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ခရီးစဉ်ဒေသ အသစ် ဖော်ဆောင်မည့် နမ့်မွန်ကြီးရေတံ ခွန်အား ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်က ခရီးသွားလုပ်ငန်း မြှင့်တင် ရေးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော် ဒု တိယသမ္မတ () ဦးဟင်နရီဗန်ထီး ယူနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ မှ သွားရောက် စစ်ဆေးကြည့်ရှုခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
.

.
ယင်းခရီးစဉ်ဒေသအသစ် ဖော် ဆောင်ရေးအတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် အိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့နှင့် ဟိုတယ်ခရီးသွား ညွှန် ကြားမှု ဦးစီးဌာနတို့ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
.

ယင်း နမ့်မွန်ကြီး ရေတံခွန် နီး၊ ဖယ်ခုံဘက်သို့ သွားရာလမ်း ကြောင်းတွင်လည်း သဘာဝရေပူ စမ်းတစ်ခု ရှိနေကြောင်း သိရသည်။
.
ပင်လောင်းမြို့ရှိ ယင်းနမ့်မွန် ကြီး ရေတံခွန်သည် ရေပြင်ပြာဖြင့် လှပကျော်ကြားပြီး လက်ရှိတွင် ပြည် တွင်း ခရီးသွားအချို့ သွားရောက် လည်ပတ်မှုများ ရှိနေကာ ရေတံခွန် အနီး၊ ဖယ်ခုံဘက်သို့သွားရာ လမ်း ကြောင်းတွင်လည်း သဘာဝရေပူ စမ်းတစ်ခု ရှိနေကြောင်း သိရသည်။
.
အဆိုပါ နမ့်မွန်ကြီး ရေတံခွန် သည် မိုးရာသီတွင် သွားရောက်ရန် မလွယ်ကူဘဲ နွေရာသီနှင့် ဆောင်း ရာသီများတွင်သာ သွားရောက်နိုင် ပြီး သဘာဝအတိုင်း မပျက်စီးသေး သည့် ရေတံခွန်ဖြစ်ကာ လက်ရှိတွင် ခရီးသွား ကုမ္ပဏီ တစ်ခုက Eco Resort တည်ဆောက်ခွင့် ရရန် ဝန် ကြီးဌာနသို့ တင်ပြထားကြောင်း သိ ရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)