.
၁၉၇၀ ပြည့်လွန်နှစ် နောက်ပိုင်းတွင် ကမ္ဘာ့နိုင်ငံအများစု တို့သည် အာဏာရှင်စနစ်မှသည် ဒီမိုကရေစီစနစ်သို့
အသွင် သဏ္ဍာန်အားဖြင့် ကူးပြောင်းကာ စနစ်သစ် တစ်ခုဆီသို့ သက်
ဆိုင်ရာ နိုင်ငံအနေအထား၊ ရာသီဥတု အခြေအနေ၊ ရေမြေ
တောတောင် သဘာဝဖြစ်တည်မှုအပေါ် အခြေခံကာ ကျင့်သုံး လာကြသည်ကို
တွေ့ရှိလာရသည်။ တစ်နည်းအားဖြင့် ဆိုပါ လျှင် တတိယလှိုင်း
(Third Wave) ဖြစ်တည်လာသည်ဟု
ဆို နိုင်ပေသည်။ ဤကဲ့သို့
အသွင်ကူးပြောင်းသွားခြင်း ဖြစ်စဉ်အ တွင်းတွင် အရေးပါကာ
ရှေ့တန်းသို့ ရောက်ရှိလာသည့် အချက် တစ်ခုသည်ကား "အရပ်ဘက်
စစ်ဘက်ဆက်ဆံရေးသစ်" ပင် ဖြစ်တော့သည်။ စစ်အေးသော်
နောက်ပိုင်း စစ်သားများနှင့် အ ရပ်သားများအကြား
ပြောင်းလဲလာနေသည့် ဆက်ဆံရေးနှင့် ပတ်သက်သော ကျယ်ပြန့်မှုနှင့် လိုက်ဖက်ကာ
ကမ္ဘာလုံးဆိုင်ရာ တိမ်းညွတ်မှုက အခြေအနေများကို မျက်ဝါးထင်ထင် မြင်တွေ့ လာရသည်။ တစ်နည်းပြောရလျှင်
ပြီးဆုံးခဲ့သည့် ဆယ်စုနှစ် ၃ ခုအတွင်း
ဒီမိုကရေစီ လှုပ်ရှားမှုများ အုပ်ချုပ်ရေး ပြုပြင်ပြောင်း လဲမှုများကြောင့် "အရပ်သားနှင့် စစ်သားများ"အကြား ထပ်မံ ပေါ်ပေါက်လာသော
စိန်ခေါ်မှုများပင် ဖြစ်ပေသည်။ တတိယ လှိုင်း ဒီမိုကရေစီနိုင်ငံတိုင်းတွင်
ယေဘုယျအားဖြင့် "အရပ်ဘက် စစ်ဘက်ဆက်ဆံရေး"သည်
လွန်ခဲ့သည့် အာဏာရှင်အစိုးရ ထက် ပိုမိုတိုးတက်ကောင်းမွန် လာသည်ကိုတွေ့ရသည်။
.
နိုင်ငံအများစုတွင်
နိုင်ငံရေး ရာထူးကြီး ဟူသရွေ့အား မြင့်
မားစွာ ရယူထားသည့် စစ်အရာရှိကြီးများကို ဖယ်ရှားပစ်နိုင်ခဲ့ သည်။ အချို့နိုင်ငံများ၌ စစ်တပ်အီလစ်
(Army Elite)များ၏ နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှုကို တစ်စုံတစ်ရာထိ ဟန့်တား နိုင်ခဲ့သည်။ တစ်ချိန်တည်းမှာပင်
စစ်တပ်မှ ချုပ်ကိုင်ထားသည့် ထောက်လှမ်းရေးကဲ့သို့သော အထူးတပ်ဖွဲ့၊ အဖွဲ့အစည်းများ ကိုလည်း ဖျက်သိမ်းခြင်း (သို့မဟုတ်)အသွင်ပြောင်းခြင်းများ ပြုလုပ်နိုင်ခဲ့သည်။ အချို့သော နိုင်ငံအနည်းအကျဉ်းတွင် အ ရပ်သား
ဦးဆောင်သော ကာကွယ်ရေးဝန်ကြီးဌာနကဲ့သို့သော စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများကိုပင် ထူထောင်နိုင်သည်အ ထိ ဖွဲ့စည်းပုံဆိုင်ရာ
အပြောင်းအလဲများကို ပြုလုပ်နိုင်ခဲ့ကြသည်။
.
ဤကဲ့သို့
ဆက်ဆံရေးပုံစံဖြင့် ဖွဲ့စည်းပုံဆိုင်ရာ အပြောင်း အလဲများကို ပြုလုပ်ရာတွင်
အရေးပါသည့် လုပ်ရပ်သည်ကား စစ်တပ်၏ အဓိက လုပ်ငန်းတာဝန်များ
ဖြစ်သည်။ နို်င်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေး တာဝန်များ ထမ်းဆောင်နိုင်ရေး
အ တွက် စစ်မှန်သော
(Professional Army) တပ်မတော်တစ်ရပ်
ထူထောင်နိုင်ရန်ကား ပေးသွားရမည် ဖြစ်ပေသည်။ တပ်မတော် တွင် Professional Policy အား ကောင်းစေရေးအတွက်
အ လေးအနက်ထား တည်ဆောက်ရာ၌
စစ်သင်တန်းကျောင်းများ၊ အကယ်ဒမီ စစ်တက္ကသိုလ်များတွင် အဓိကထားကာ
ပြုပြင် ပြောင်းလဲပေးရမည် ဖြစ်ပါသည်။ ယင်းတက္ကသိုလ်တို့တွင် စစ် ရေးသဘောတရား၊ စစ်ပညာကျွမ်းကျင်ရေးသာမက
ဒီမိုကရေ စီတပ်မတော် ထူထောင်ရေးဆိုင်ရာ သဘောထား အယူအဆ များပါ
သင်ရိုးညွှန်းတမ်း၌ ထည့်သွင်းရေးဆွဲကာ ပညာပေးသွား ရမည် ဖြစ်ပါသည်။
.
ထို့ပြင်
ဒီမိုကရေစီအသွင် ကူးပြောင်းရေးဖြစ်စဉ်အတွင်း တွင် အရပ်ဘက် စစ်ဘက်ဆက်ဆံရေး
အဆင်ပြေချောမွေ့ပြီး ချစ်ကြည်ရင်းနှီးမှု ရရှိရန်အတွက် အခြေခံ လိုအပ်ချက် ၃
ခုဖြင့် အကောင်အထည် ဖော်သွားရမည် ဖြစ်ပါသည်။
.
အခြေခံလိုအပ်ချက်
၃ ခုသည်ကား- စစ်ရေးကျွမ်းကျင်သူ
များအဖြစ် အသက်မွေးဝမ်းကြောင်း ပြုသည့် Professional Army တပ်မတော် ဖြစ်ထွန်းရေးအတွက် ထူထောင်ရန်၊
အရပ် ဘက် စစ်ဘက်ဆက်ဆံရေးဆိုင်ရာ သတ်မှတ်ထားသည့်
နိုင်ငံ တကာ စံနှုန်းများကို နားလည်သဘောပေါက်မှု
အပြန်အလှန် တည်ဆောက်ရေး၊ နိုင်ငံရေးနှင့် စစ်ရေး အီလစ်များ အနေဖြင့်
အပြန်အလှန် အသိအမှတ်ပြုပြီး လက်တွေ့အလုပ်ဖြစ်သည့် "ပကတိ သဘာဝကျသော အရပ်ဘက်
အုပ်ချုပ်ရေး"
(Objec-tive Civilian Administration တစ်ရပ်ကို
Institulion တစ်ခု ဖြစ်ထွန်းလာစေရန် ပူးပေါင်းတည်ဆောက်ရေး တို့ပင် ဖြစ်ပေ သည်။
ယင်းလုပ်ငန်းစဉ်များကို ကောင်းမွန်စွာ သဘောပေါက် နားလည်ပြီး လက်တွေ့နယ်ပယ်တွင်
အကောင်အထည်ဖော် ရေး၌ အနည်းဆုံးအားဖြင့် ဖွံ့ဖြိုးပြီး
ဒီမိုကရေစီနိုင်ငံကြီးတို့၏ အတွေ့အကြုံ ဗဟုသုတများကို ရယူကာ မိမိနိုင်ငံနှင့် သင့်
လျော်သည့် စနစ်ဖြင့် ဆောင်ရွက်သွားရမည် ဖြစ်ပေသည်။
.
အမှန်တကယ်ဆိုရလျှင်
အရပ်ဘက်နှင့် စစ်ဘက်တို့တွင် ပါ တိုင်းပြည်တည်ဆောက်ရေး
နိုင်ငံထူထောင်ရေးနှင့် ပတ် သက်၍ တူညီမှု
မရှိသော အတွေ့အကြုံများ ရှိခဲ့ကြပြီးဖြစ်သည်။ စစ်ဘက်အီလစ်များ အနေဖြင့် မိမိတို့၏ အတွေ့အကြုံကို
ပြန် လည်သုံးသပ်ကြည့်မည်ဆိုပါက အာဏာကို သိမ်းပိုက်နိုင်သော် လည်း
ရှုပ်ထွေးလှသော လူ့အဖွဲ့အစည်းအတွင်း စစ်တပ်ထဲမှာ ကဲ့သို့ အမိန့်ပေးကာ ဖြေရှင်းနိုင်ခြင်း
မရှိသည်ကို တိုင်းပြည်အုပ် ချုပ်ဖူးသည့် ဗိုလ်ချုပ်များ ကောင်းစွာ သိရှိပြီးဖြစ်သည်။ နိုင်ငံ
ရေးတွင် ပါဝင်ပတ်သက်ခြင်းကြောင့် စစ်တပ်၏ စုစည်းညီညွတ် မှု
ထိရောက်စွာ စွမ်းဆောင်နိုင်မှု အရည်အသွေးများကိုပါ ထိ ခိုက်စေရုံမျှမက
အနိမ့်ဆုံးအားဖြင့် စည်းကမ်းစနစ် လျော့ရဲလာ သည်ထိ ဖြစ်ပေါ်လာနိုင်သည်။
တစ်ဖက်တွင်လည်း နို်င်ငံရေး သမားများအနေဖြင့်လည်း အာဏာရရှိရေးအတွက် စစ်တပ် ကို နိုင်ငံရေးထဲသို့
ဆွဲသွင်းမိ၍ တန်ဖိုးကြီးမားစွာ ပေးဆပ်ရ သည့် ဒုက္ခပေါင်းစုံ
ပြဿနာမျိုးစုံတို့ကိုလည်း ကြုံတွေ့ခဲ့ကြရ ပြီ ဖြစ်ပါသည်။
.
နိုင်ငံတစ်နိုင်ငံတွင်
အရပ်ဘက်နှင့် စစ်ဘက်ဆက်ဆံရေး မကောင်းပါက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိခိုက်ပျက်ပြားစေ သည်သာမက နိုင်ငံရေးအရလည်း တည်ငြိမ်မှုများ
ဆိတ်သုဉ်း ကာ ပြည်သူလူထုများမှ
မျက်ရည်ကြီးငယ်ကျခြင်းများကို
ခံစား ရမည်သာ ဖြစ်သည်။ အရပ်ဘက်
စစ်ဘက်ညံ့ဖျင်းမှုကြောင့် နို်င်ငံတစ်ဝန်း ပြဿနာအမျိုးမျိုးဖြင့် ရင်ဆိုင်ရကာ စားဝတ်နေ ရေးလည်း ပျက်ယွင်းလာရတော့သည်။
ဤဖြစ်စဉ်မျိုးကို ကြည့် မည်ဆိုပါက စာရေးသူတို့
နိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံရေး လောကသည် မျက်မြင်သက်သေပင် ဖြစ်သည်။
ပြည်သူလူထုနှင့် တပ်မတော်အကြား၌ အမုန်းတရားများ ကြီး ထွားလာပြီဆိုလျှင် အာရပ်နွေဦး၏
နောက်ဆက်တွဲ ဖြစ်ရပ်များ ကို မြင်တွေ့နိုင်ပေသည်။
.
.
ထို့ကြောင့်
နိုင်ငံအေးချမ်းတည်ငြိမ်စေလိုလျှင်
ဖွံ့ဖြိုးတိုး တက်စေလိုလျှင် တရားဥပဒေ စိုးမိုးစေချင်လျှင် အရပ်ဘက်
စစ်ဘက်ဆက်ဆံရေး ကောင်းမွန်သင့်မြတ်မှသာ ငြိမ်းချမ်းရေး ရရှိပြီး တည်တံ့ခိုင်မြဲမည် ဖြစ်သည်။
စစ်အသုံးစရိတ်များလည်း လျော့ကျလာမည်။ စီးပွားရေးလုပ်ငန်းများလည်း ပြည်သူ့လက် ဝယ်သို့ ရောက်ရှိလာမည် ဖြစ်ပြီး
ဤပြုပြင်ပြောင်းလဲရေး ဖြစ် စဉ်အတွင်း၌ပင် လူထုနှင့်
တပ်မတော်အကြား အမုန်းတရား များ မယုံကြည်မှုများ သံသယစိတ်ထားများ
လျော့ပါးကာ ပြည် သူများ၏ ပျိုတိုင်းကြိုက်သည့်
နှင်းဆီခိုင် ဖြစ်လာပေမည်။
.
သမိုင်းပြဿနာ
တစ်ချိန်တည်းတွင်
"အရပ်ဘက် စစ်ဘက် ဆက်ဆံရေး" ဖြောင့်ဖြူးကောင်းမွန်စေရန်
ကြိုးပမ်းအားထုတ်ရာ၌ စိန်ခေါ်မှု အမျိုးမျိုးနှင့် ရင်ဆိုင်လျက် ရှိနေဆဲပင် ဖြစ်သည်။ စစ်အာဏာ ရှင်စနစ်အောက်တွင်
ပြည်သူလူထုများ ဆင်းရဲမွဲပြာကျကာ ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်ခဲ့ရသည့် ပြဿနာကို နောင်တက်လာသည့် အရပ်သား
အစိုးရမှ သိသာထင်ရှားစွာ အောင်မြင်တိုးတက်စေ ရေးအတွက် စွမ်းဆောင်ပေးနိုင်မှု မရှိပါက
အာဏာပြန်လည် သိမ်းနိုင်သည်များ ရှိနိုင်ပေသည်။ ပိုမို၍ အရေးကြီးသည်ကား စစ်ဘက်အုပ်စိုးမှု
ကာလအတွင်းတွင် စစ်အာဏာပိုင်များ ကျူး လွန်ခဲ့သော ပြစ်မှုများကို
နောက်ကြောင်းပြန် ဥပဒေဖြင့် အရေး ယူခံရမည်ကို
အကြောက်ဆုံး ဖြစ်နေသည်။ အရပ်ဘက်မှ ဥပ ဒေဖြင့်
နောက်ကြောင်းပြန်ခဲ့မည် ဆိုပါက ယင်းတို့ကလည်း လက်နက်များဖြင့်
နောက်ကြောင်းပြန်ကြမည်သာ ဖြစ်သည်။ ယင်းတို့သည် ပြည်သူများ
အနေဖြင့် အခံရလည်းခက်၊ အစိုးရ အနေဖြင့်လည်း ကိုင်တွယ်ရခက်သည့်
သမိုင်းပြဿနာပင် ဖြစ် သည်။
.
စစ်အေးခေတ်ကြီး၏
အဆုံးသတ်မှုနှင့် ဒီမိုကရေစီ ထွန်း ကားပြန့်ပွားလာခြင်း၏ အဓိပ္ပါယ်တစ်ရပ်သည်ကား
ကမ္ဘာတစ် ဝှမ်းလုံးရှိ နိုင်ငံများအပေါ် ပြည်သူခြိမ်းခြောက်မှု အန္တရာယ်များ လျော့ပါးကျဆင်းလာသည့် သဘောပင် ဖြစ်သည်။ ၎င်းအနေ
အထားအောက်တွင် တပ်မတော်၏ အဓိက လုပ်ငန်းတာဝန်များ
ဖြစ်ကြသော ပြည်ပကျူးကျော်မှု တွန်းလှန်ရေးနှင့် လုံခြုံရေး တာဝန်များ ဖြစ်ကြသော ပြည်ပကျူးကျော်မှု
တွန်းလှန်ရေးနှင့် လုံခြုံရေးတာဝန်များ၏ အခန်းကဏ္ဍကလည်း မလွဲမသွေလျော့ ပါးကျဆင်းလာမည် ဖြစ်သည်။ ထိုအခါ တပ်မတော်၏
လုပ်ငန်း တာဝန်များကို အသစ်တဖန် ပြန်လည်ဖွင့်ဆိုခြင်းနှင့် သတ်မှတ် ပြဌာန်းတို့သည်လည်း
မလွဲမသွေ ရှိလာမည် ဖြစ်သည်။ အ
ကယ်၍သာ တပ်မတော်အား ပြည်တွင်း လုံခြုံရေးအတွက် အ
ဓိကထားမည်ဆိုလျှင် ရဲလုပ်ငန်းအဆင့်များမှာ လျော့ကျသွား နိုင်သည် သို့မဟုတ် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင်
တပ်မတော်အား ပြည်တွင်းလုံခြုံရေးအတွက် အဓိကထားမည်ဆိုလျှင် ရဲလုပ်ငန်း အဆင့်များမှာ လျော့ကျသွားနိုင်သည် သို့မဟုတ် ဖွံ့ဖြိုးရေးလုပ် ငန်းများတွင်
တပ်မတော်အား နစ်ထားလျှင်လည်း တိုက်ခိုက် ရေး အရည်အသွေးများ လျော့ကျလာကာ
လိုအပ်ချက်ရှိလာချိန် တွင် နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို
အပြည့်အဝ ထမ်း ဆောင်နိုင်ခြင်း မရှိတော့ဘဲ
လစ်ဟင်းကာ နိုင်ငံတော်သည် လည်း ဒုက္ခတွင်းသို့ ကျဆင်းသွားစေနိုင်ပါသည်။
ထို့ကြောင့် နို်င်ငံဖွံ့ဖြိုးတိုးတက် စည်ပင်သာယာရေးနှင့် စစ်တပ်တာဝန် ၂ မျိုးစလုံး
ပူးတွဲထမ်းဆောင်ရမည့် နိုင်ငံတကာ ငြိမ်းချမ်းမှု ထိန်း သိမ်းရေး တပ်ဖွဲ့များတွင်
ပူးပေါင်းပါဝင်ရန် အထူးလိုအပ်လှပေ သည်။
နို်င်ငံဖွံ့ဖြိုးတိုးတက် စည်ပင်သာယာရေးနှင့် စစ်တပ်တာဝန် ၂ မျိုးစလုံး ပူးတွဲထမ်းဆောင်ရမည့် နိုင်ငံတကာ ငြိမ်းချမ်းမှု ထိန်း သိမ်းရေး တပ်ဖွဲ့များတွင် ပူးပေါင်းပါဝင်ရန် အထူးလိုအပ်လှပေ သည်။
.
မျက်မှောက်ခေတ်တွင်
နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရေး ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီတည်တံ့ခိုင်မာရေးတို့အတွက်
အ ရပ်ဘက် စစ်ဘက်ဆက်ဆံရေး
အဆင်ပြေချောမွေ့ ဟန်ချက် ညီစေရန် အထူးအရေးကြီးလှသည်။
ထိုသို့ အဆင်ပြေချောမွေ့ ပြီး ဟန်ချက်ညီစေရေးအတွက် ဖိလစ်ပိုင်နိုင်ငံမှ
စစ်ရေးလေ့ လာသုံးသပ်သူ ပညာရှင် ဖိလစ်အကွီရို (Philip Agurio)က ဤသို့
သတိပေးထားသည်ကို တွေ့ရှိရသည်။
.
"အခြေအနေ
အချိန်အခါ မရင့်မှည့်သေးဘဲ စစ်တပ်ပြုပြင် ပြောင်းလဲရေးကို အလျင်အမြန် ဆောင်ရွက်ရင် တန်ပြန်ဆန့် ကျင်တုံ့ပြန်မှုကို မလွဲမသွေ ရင်ဆိုင်ရနိုင်ပါတယ်။ ဒီမိုကရေစီ
ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ရဲ့ အဦးအစ ကာလပိုင်းမှာ စစ်တပ်
ရဲ့ ယုံကြည်မှု တည်ဆောက်ရေးအတွက်
အထူးသဖြင့် သူတို့ရဲ့ အာဏာလုပ်ပိုင်ခွင့်၊ အကျိုးစီးပွားနဲ့
ပတ်သက်ပြီး အထိအရှ မခံနိုင်တဲ့ နယ်ပယ်မှာ
အချိန်ရွေ့ဆိုင်းထားရန် လိုအပ်ပါလိမ့် မယ်။ အရပ်အာဏာပိုင်များနဲ့ စစ်တပ်တို့အကြား
အနိမ့်ဆုံးအား ဖြင့် အတိုင်းအတာတစ်ခုအထိ ယုံကြည်မှု
ဖွံ့ဖြိုးလာချိန်ရောက် မှသာ စစ်တပ်မှာ အရပ်ဘက်အုပ်စိုးမှု
ထူထောင်နိုင်ပြီး ဒီမိုက ရေစီ တပ်မတော်တစ်ရပ်ကို
တည်ဆောက်သွားနိုင်မှာ ဖြစ်ပါ တယ်။"ဟု
ဆိုသည်။
.
သို့ဖြစ်ပါ၍
မြန်မာနိုင်ငံတော် အနေဖြင့် အရပ်ဘက်နှင့် စစ်
ဘက်ဆက်ဆံရေး ခိုင်မြဲတည်တံ့စေရန်အတွက် မေတ္တာအရင်း ခံကာ ကရုဏာတရား အပြည့်ထားလျက်
ဝမ်းမြောက်ခြင်း မုဒိ တာများဖြင့် အရင်းတည်ပြီး
စွန့်လွှတ်ခြင်းဟူသော ဥပေက္ခာတ ရား လက်ကိုင်ထားပြီး
ရေရှည်တည်တံ့မှုများဖြင့် နိုင်ငံတော် အား ကောင်းမွန်တိုးတက်သည်ထက် ပံ့ပိုးထမ်းဆောင်သွားကြ ပါစို့။