ရုရှား- တူရကီ ဆက်ဆံရေး အလားအလာ - Kanbawza Tai News

Breaking

Boxed(True/False)

Monday, March 9, 2020

ရုရှား- တူရကီ ဆက်ဆံရေး အလားအလာ

စိုင်းကွမ်းမိုင်း
.
ဆီးရီးယားနိုင်ငံအတွင်း ပြည်တွင်းစစ်သည် နှစ်ကြာမြင့် ခဲ့ပြီဖြစ်ပြီး ယင်းစစ်ပွဲသည် ဂျီဟတ်ဒ် အကြမ်းဖက်အဖွဲ့၊ အမေ ရိကန်၊ ရုရှားနှင့် တူရကီနိုင်ငံများ အပါအဝင် ပြင်ပအင်အားစုများ က ဝင်ရောက်စွက်ဖက် စေခဲ့သည်။ အမေရိကန် ပြည်ထောင်စု သည် မကြာမီက ဆီးရီးယားမှ ယင်းတို့၏ စစ်အင်အားကိုလျှော့ ချခဲ့သည်။ ရုရှားနှင့် တူရကီသည် ကြားခံဇုန်ချမှတ်၍ လက်တွေ့ သဘောတူညီမှု ရယူခဲ့သည်။ တူရကီသမ္မတ ရီဆက်တာသစ် အာဒိုဂန်သည် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဆီးရီးယား အစိုးရတပ်ဖွဲ့များ၏ အမြောက်များဖြင့် ပစ်ခတ်မှု ကြောင့် အီဒလစ်ပြည်နယ်တွင် တူရကီစစ်သား ယောက်သေ ဆုံးမှုကို တုံ့ပြန်သည့် အနေဖြင့် တူရကီနယ်စပ်အနီး ဆီးရီးယား အနောက်မြောက်ပိုင်းရှိ ဆီးရီးယားစစ်တပ်အား တိုက်ခိုက်ရန် အမိန့်ပေးခဲ့သည်။ ဆီးရီးယား အစိုးရတပ်ဖွဲ့များသည် သူပုန်တို့ နောက်ဆုံးအခြေစိုက် စခန်းအား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ သည်။
.
သူပုန်တို့သည် အယ်ကိုင်ဒါအဖွဲ့ခွဲ ဂျီဟတ်ဒ်အကြမ်းဖက် အုပ်စု Hayat Tahrir al-Sham ဖြစ်သည်။ အီဒလစ်ပြည်နယ်အ တွင်း တူရကီတို့၏ စစ်ရေးလှုပ်ရှားမှု တိုးမြင့်လာသည့်အပေါ် ရုရှားက ဝေဖန်သုံးသပ်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ လောဗ့်က နှစ်ဦးပိုင်းသမ္မတများ ချုပ်ဆိုခဲ့သည့် သဘောတူညီ ချက်ကို တိကျစွာ လို်က်နာရန် တူရကီအား တိုက်တွန်းလိုက် သည်။ ထိုသဘောတူညီချက်တွင် စစ်မဲ့ဇုန်တည်ဆောက်ရေး နှင့် ဂျီဟတ်ဒ်ဖြိုခွင်းရေး ဟူ၍ပါရှိသည်။ အပြန်အလှန်အနေဖြင့် ဆီးရီးယားအစိုးရအား မြောက်ပိုင်းပြည်နယ်အတွင်း ထိုးစစ်ဆင် ခြင်းအား ရပ်ဆိုင်းရေးအတွက် ဖိအားပေးရမည်ဖြစ်သည်။
.
နီးစပ်လာသည့် အလုံးစုံစစ်ရေး
အပြည်ပြည်ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက် ပြိုကွဲပျက်စီးသွားပြီးနောက် ဆီးရီးယားနိုင်ငံ အီဒလစ်ပြည် နယ်တွင် တူရကီနှင့် အစိုးရအဖွဲ့များအကြား အလုံးစုံစစ်ပွဲ ဖြစ် ပွားရန် ပိုမိုနီးစပ်လာပြီဖြစ်သည်။ အီဒလစ်ပြည်နယ်၌ တူရကီ နှင့် ဆီးရီးယားတပ်ဖွဲ့များအကြား ပြင်းထန်စွာ တိုက်ခိုက်လျက် ရှိသဖြင့် လူသားများ ဘေးဒုက္ခရောက်ရှိစေမည့် အခြေအနေသို့ ရောက်ရှိနေကြောင်း သိရှိရသည်။ အီဒလစ်ပြည်နယ် ကောင်း ကင်ယံတွင် ပျံသန်းနေသော ဆီးရီးယားပို်င် ရဟတ်ယာဉ်တစ် စီးအား တူရကီတပ်မှ ပစ်ချခဲ့သည်ကို ရိုက်ကူးထားသည့် ဗီဒီယို ပုံရိပ်များသည် ဖေဖော်ဝါရီလ ၂၀ ရက်၌ ပေါ်ထွက်လာခဲ့သည်။ ဆီးရီးယား တပ်ဖွဲ့များအနေဖြင့် တန်ဖိုးကြီးမားစွာ ပေးဆပ်ရ မည်ဖြစ်ကြောင်း တူရကီသမ္မတ အာဂန်ဒိုက ခြိမ်းခြောက်ခဲ့ သည်။ ဆီးရီးယားအစိုးရ တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် တူရကီစစ်သား ဦးသေဆုံး သွားပြီးနောက် အာဂန်ဒိုက ဤကဲ့သို့ ခြိမ်းခြောက်လိုက်ခြင်း ဖြစ်သည်။ အမေရိကန် တပ်ဖွဲ့များ ဆီးရီးယားတူရကီနယ်စပ်မှ ထွက်ခွာခဲ့ပြီးနောက် အာလက်ပိုပြည်နယ်နှင့် အီဒလစ်ပြည်နယ် တို့တွင် အခြေအနေများ ပိုမိုဆိုးရွားလာတော့သည်။ အီဒလစ် ပြည်နယ်မှ အကြမ်းဖက်တပ်ဖွဲ့များ သုတ်သင်ရှင်းလင်းရေးအ တွက် တူရကီစစ်တပ်မှ ထိုးစစ်ဆင်နိုင်ရန်အတွက် လမ်းပွင့်သွား ခဲ့သည်။ ဆီးရီးယားနိုင်ငံတစ်ဝှမ်းတွင် ရုရှားနှင့် ဆီးရီးယား ပူး ပေါင်းပါဝင်နိုင်ရန်လည်း အကွက်ကောင်းရရှိစေသည်။ ဆီးရီး ယားတွင် နှစ်ကြာကာလ ပြည်တွင်းစစ်ဖြစ်ပွားပြီးနောက် အီ ဒလစ်ပြည်နယ်ရှိ သူပုန်များ သိမ်းပိုက်ထားသော နယ်မြေအများ စုကို ဆီးရီးယားအစိုးရမှ ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ ဆီးရီး ယားတွင် ပဋိပက္ခများ ဖြစ်ပွားနေသည်ကို ပိုမိုဆိုးရွားလာစေရန် ခြိမ်းခြောက်လျက်ရှိပြီး ထိုဒေသ၌ တူရကီတပ်ဖွဲ့များသည် စစ် ရေးဆိုင်ရာ လုပ်ငန်းတာဝန်များကို ကြီးကျယ်စွာတိုးချဲ့လာနေ ကြပြီဖြစ်ကြောင်းကို စစ်ရေးခွဲခြမ်းစိတ်ဖြာသူများမှ သုံးသပ်ထား သည်။ ထို့အပြင် ဆီးရီးယားနှင့် တူရကီတပ်ဖွဲ့များအကြား လုံးစုံစစ်ပွဲဖြစ်ပွားခြင်းမရှိစေရန် ရုရှားသမ္မတပူတင်က အင်အား ကြီးမားသည့် ကြားဝင်စေ့စပ်သူဖြစ်ကြောင်း ခွဲခြမ်းစိတ်ဖြာသူ များကဆိုသည်။ တူရကီတပ်ဖွဲ့များက ဆီးရီးယားနိုင်ငံအတွင်း သို့ ဝင်ရောက်ခဲ့ခြင်းသည် တူရကီသမ္မတ အာဂန်ဒို၏ အတ္တလွန် ကဲမှုနှင့် အဆိုးမြင် အကြောင်းတရားများကြောင့် ဖြစ်ကြောင်း၊ အီဒလစ်ပြည်နယ်မှ တူရကီတပ်များ ထွက်ခွာသွားခြင်းထက် ပိုမို၍ လွယ်ကူစွာ ဝင်ရောက်လာနိုင်ကြောင်းကို ယခုအခါ၌ တွေ့ရှိနေရခြင်းကို အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာန ရာရှိဟောင်း မိုက်ကယ်ရှုဗင်ကပြောဆိုခဲ့သည်။
.

.
နှစ်နိုင်ငံ ဆက်ဆံရေးသည် အန္တရာယ်ဖြစ်စေမည့် အလားလာ
ရုရှား-တူရကီသည် ရာစုနှစ်နှင့်ချီ၍ ပဋိပက္ခဖြစ်ခဲ့သည့် မှတ်တမ်းများ ရှိခဲ့သည်။ ရုရှားဘုရင်ပီတာသည် ဂရိတ်အုပ်ချုပ် စနစ်မှ ပထမကမ္ဘာစစ်ပြီးဆုံးသည်အထိ ရုရှားနှင့် အော်တိုမင် အင်ပိုင်ယာတို့သည် စစ်ပွဲ ၇၈ ကြိမ်ဖြစ်ပွားခဲ့သည်။ စစ်အေး ခေတ်ကာလအတွင်း NATO အဖွဲ့ဝင် နိုင်ငံများနှင့် အရှေ့ဘက် တွင် ဆိုဗီယက်ယူနီယံ၏ ကော့ကေးဆပ်နိုင်ငံများနှင့် ရင်ဆိုင်ခဲ့ ရသည်။ မော်စကိုနှင့် အင်ကာရာနိုင်ငံ ဆက်ဆံရေး၌ ပူးတွဲအ ကျိုးစီးပွားများ ရှိနေသည်။ အရှေ့အလယ်ပိုင်းတွင် အမေရိကန် သြဇာအာဏာ လျှော့ကျလာခဲ့သည်။ တူရကီသည်၎င်းကိုယ် တိုင်က NATO နှင့် ကင်းရှင်းစွာနေနိုင်ခြင်းက ရုရှားအစိုးရအ တွက် အခွင့်အလမ်းတစ်ခုဖြစ်စေသည်။ အင်ကာရာသည် ရုရှား ထံမှ S-400 ခေတ်မီလေကြောင်း ကာကွယ်ရေးစနစ်ဝယ်ယူခဲ့ သည်။ NATO အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံမှ ရုရှားလေကြောင်းကာ ကွယ်ရေးစနစ် ဝယ်ယူလိုက်ခြင်းသည် အမေရိကန် အပါအဝင် အခြားအဖွဲ့ဝင်နိုင်ငံများအား အမျက်ဒေါသများ ထွက်စေခဲ့ သည်။ ဝါရှင်တန်သည် တူရကီ၏ လုပ်ရပ်ကို တုံ့ပြန်သည့်အနေ ဖြင့် တူရကီနိုင်ငံအား ၎င်း၏ F-35 ကိုယ်ပျောက်တိုက်ခိုက်ရေး လေယာဉ်အစီအစဉ်၌ ပါဝင်ခွင့်ရပ်ဆိုင်းခဲ့သည်။
.

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တူရကီသမ္မတ အာဒိုဂန် တို့သည် ဆီးရီးယားနှင့် လစ်ဗျားနိုင်ငံ ဖြစ်စဉ်များကြောင့် နှစ်နိုင် ငံဆက်ဆံရေးသည် အန္တရာယ်ဖြစ်စေမည့် အလားအလာများ ပေါ်ထွက်လာတော့သည်။ အာဒိုဂန်သည် အစ္စလာမ်မစ်လွမ်းမိုး သည့် ထရီပိုလီအစိုးရကို ထောက်ခံအားပေးသည့် ထရီပိုလီအ စိုးရကို ကုလသမဂ္ဂအဖွဲ့ဝင် အနောက်နိုင်ငံများက ထောက်ခံ သည်။ ရုရှားသည် ဖီးလ်မာရှယ်ခါလီမာယက်စ်တာဦးဆောင် သည့် သူပုန်အဖွဲ့ကို ထောက်ခံသည် တူရကီသည် လစ်ဗျားသို့ ဆီးရီးယားအာရပ်စစ်သားများကို စေလွှတ်ခဲ့သည်။ ရုရှားတို့ သည်လည်း ဗို်လ်ချုပ်ကြီး ဟက်စ်တာဦးဆောင်သော သူပုန် တပ်ဖွဲ့များအား ငွေကြေးနှင့်လက်နက်များစွာ ထောက်ပံ့ခဲ့ သည်။ လစ်ဗျားအရေးတွင် ရုရှားနှင့် ဆက်ဆံရေး ဆိုးရွားနေ သည့်အပြင် အာဒိုဂန်၏ လစ်ဗျားသို့ ဝင်ရောက်စွက်ဖက်မှု အား ပြင်သစ်၊ အီဂျစ်နှင့် အာရပ် စော်ဘွားများ ပြည်ထောင်စုနှင့် ထိပ် တိုက်တွေ့စေခဲ့သည်။ ထိုနိုင်ငံအားလုံးသည် ဟက်ဒ်တာအား ထောက်ခံသည့် နိုင်ငံများ ဖြစ်နေကြသည်။ မော်စကိုအား မြင်ကို ပိုမိုဆိုးရွားစေသည်မှာ အာဂန်ဒိုသည် ယူကရိန်းဂုဏ်ပြု တပ်ဖွဲ့၏ အလေးပြုမှုကို ခံယူစဉ်တွင် ကရိုင်းမီးယားပြဿနာ၌ ယူကရိန်း၏ အချုပ်အခြာနယ်မြေ ပိုင်ဆိုင်မှုအတွက် ထောက်ခံ ကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။
.
တာတပ်စ်မြေထဲပင်လယ် ဆိပ်ကမ်းပြဿနာ
ဆီးရီးယား မြောက်ပိုင််းသို့ တူရကီ၏ စစ်ဆင်ရေးသည်။ ရုရှားအစိုးရ၏ ဆီးရီးယားသမ္မတ ကာရှာအယ်လ်အာဆက်ကို ထောက်ခံနေခြင်းအား ဆန့်ကျင်သကဲ့သို့ ဖြစ်စေသည်။ တူရကီ တို့က ခြိမ်းခြောက်နေသော်လည်း အီဒလစ်ပြည်နယ်နှင့့် လက်ပို ပြည်နယ်အတွင်းရှိ အကြမ်းဖက်အုပ်စုများကို တိုက် ခိုက်နေသော ဆီးရီးယားအစိုးရကို ပြတ်သားစွာ ထောက်ခံ လျက်ရှိရာ ယင်းပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ရှုကောဗ့်က ဆီးရီးယားအစိုးရသည် ယင်းနယ်မြေအတွင်း အကြမ်းဖက်သ မားများ စစ်ဆင်ရေးဆင်နွဲရန် အခွင့်အရေးရှိကြောင်း ပြောကြား ခဲ့သည်။ အခြားတစ်ဖက်တွင်လည်း အာဒိုဂန်သည် နေရာတိုင်း မွတ်စလင်များကို ခိုင်မာစွာထောက်ခံသော အစိုးရဖြစ်နေ သည်။ အမေရိကန်၏ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး စီမံ ကိန်းအား ဝေဖန်ပြစ်တင်ခြင်းမှသည် တရုတ်နိုင်ငံ ရှန်ကျန်း ပြည်နယ်အတွင်းရှိ ဗီဂါလူနည်းစုအား တရုတ်အစိုးရ၏ ဖိနှိပ်မှု အထိတိုင် အာဒိုဂန်က ဝေဖန်ခဲ့သည်။ ရုရှားသည် ၂၀၁၅ ခုနှစ် စက်တင်ဘာလ ကတည်းကပင် ဆီးရီးယားပြည်တွင်း စစ်အ တွင်း စစ်ရေးအရ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ဆီးရီးယား၏ တာတပ်စ်မြေထဲပင်လယ် ဆိပ်ကမ်းကို ရုရှားက ဆီးရီးယားအ စိုးရနှင့် ၄၉ နှစ် အငှားစာချုပ်ချုပ်ဆိုခဲ့သည်။ ထိုသင်္ဘောဆိပ်၌ ရုရှားတို့က စစ်စခန်း တည်ဆောက်ထားခြင်းသည် ကြီးမားသည့် ပြဿနာတစ်ရပ်ဖြစ်နေခဲ့သည်။
.
ဆုံးစမရှိသည့် တုံ့ပြန်မှုများ
တူရကီအစိုးရက အီဒလစ်ပြည်နယ်တွင်ရှိသည့် အကြမ်း ဖက်သမားများကို တိုက်ခိုက်ရန်နှင့် ငြိမ်းချမ်းရေး ရရှိရန် မိမိ၏ တပ်ဖွဲ့များကို စေလွှတ်ရခြင်း ဖြစ်ကြောင်းကို ထပ်တလဲလဲ ပြောကြားလျက်ရှိသည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဆီးရီး ယားစစ်သား ၇၆ ဦးကို သတ်ဖြတ်နိုင်ခဲ့ကြောင်း တူရကီအစိုးရ က ကြေညာခဲ့သည်။ သို့ရာတွင် ဆီးရီးယား တပ်ဖွဲ့များက ဖေ ဖော်ဝါရီလ ၁၃ ရက်နေ့၌ တိုက်ခိုက်မှုကြောင့် တူရကီစစ်သား များ သေဆုံးခဲ့ရသည်။ ထို့ကြောင့် တူရကီတို့၏ ဆုံးစမရှိသည့် တုံ့ပြန်မှုများကို ပိုမိုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သမ္မတ အာဒိုဂန်က ပြောကြားခဲ့ခြင်းဖြစ်သည်။ မိမိတို့သည် ဆီးရီးယား အစိုးရ တပ်ဖွဲ့များအား ဆက်လက်တိုက်ခိုက်သွားမည် ဖြစ် ကြောင်း အီဒလစ်ပြည်နယ်သို့ ချီတက်လာသည့် ဆီးရီးယားအ စိုးရ တပ်ဖွဲ့များကို ပြင်းထန်စွာ အပြစ်ပေးရမည်ဖြစ်ပြီး တူရကီ တပ်ဖွဲ့များမှ အီဒလစ်ပြည်နယ်သို့ ပိုမိုဝင်ရောက်လာမည်ဖြစ် ကြောင်း ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် အာဒိုဂန်က ပြောကြား ခဲ့သည်ဟူ၍ အနာဒိုလူသတင်းအေဂျင်စီက ရေးသားဖော်ပြခဲ့ သည်။ အီဒလစ်ပြည်တွင် တိုက်ခိုက်မှုများ တားဆီးနိုင်ရန်အ တွက် စာချုပ်အသစ်တစ်ရပ် ချုပ်ဆိုနိုင်ရန် မျှော်လင့်ချက်ဖြင့် တူရကီနှင့် ရုရှားကိုယ်စားလှယ်များသည် ယခုသီတင်းပတ်အ တွင်း အန်ကရာမြို့အတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုဆွေး နွေးပွဲတွင် ရုရှားအစိုးရက အန်ကရာအစိုးရအား အီဒလစ်ပြည် နယ်တွင် တိုက်ခိုက်နေသည့် စစ်ပွဲများ အဆုံးသတ်ရန် တိုက် တွန်းခဲ့သည်။ သို့ရာတွင် တူရကီနှင့် ဆီးရီးယားတို့သည်ကား တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာသည်ကို တွေ့ရှိနေရသည်။
အီဒလစ်ပြည်တွင် တိုက်ခိုက်မှုများ တားဆီးနိုင်ရန်အ တွက် စာချုပ်အသစ်တစ်ရပ် ချုပ်ဆိုနိုင်ရန် မျှော်လင့်ချက်ဖြင့် တူရကီနှင့် ရုရှားကိုယ်စားလှယ်များသည် ယခုသီတင်းပတ်အ တွင်း အန်ကရာမြို့အတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုဆွေး နွေးပွဲတွင် ရုရှားအစိုးရက အန်ကရာအစိုးရအား အီဒလစ်ပြည် နယ်တွင် တိုက်ခိုက်နေသည့် စစ်ပွဲများ အဆုံးသတ်ရန် တိုက် တွန်းခဲ့သည်။ သို့ရာတွင် တူရကီနှင့် ဆီးရီးယားတို့သည်ကား တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာသည်ကို တွေ့ရှိနေရသည်။ 
.
ရုရှား တူရကီဆက်ဆံရေး
တူရကီမှ အာဒိုဂန်သည် ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်များကို ဦးဆောင်လိုရန် ဆန္ဒပြင်းပြနေပြီး အော်တိုမန်အင်ပိုင်ယာအား ပြန်လည်တမ်းတနေသူဖြစ်သည်။ တူရကီသည် ဆီးရီးယား၊ အီ ရတ်နှင့် အရှေ့အလယ်ပိုင်းနိုင်ငံများ အရေးတွင် ဝင်ရောက်စွက် ဖက်၍ သြဇာလွမ်းမိုးရာ နယ်ပယ်ချဲ့ထွင်နေသည့်အပြင်မြောက် အာဖရိက နိုင်ငံဖြစ်သည့် လစ်ဗျားနိုင်ငံသို့တိုင် ဝင်ရောက်စွက် ဖက်နေသည်ကို တွေ့ရှိရသည်။ မည်သို့ပင်ဖြစ်စေ ဆီးရီးယား လစ်ဗျားပြဿနာကြောင့် ပင်လျှင် ရုရှားတူရကီဆက်ဆံရေး သည်မတွေးဝံ့ဖွယ်ရာ ထိတိုင်ပြိုကွဲသွားတော့မည်ဖြစ်ကြောင်း။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)