ရတက် မအေးဖွယ် အီဒလစ်ပြည်နယ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရတက် မအေးဖွယ် အီဒလစ်ပြည်နယ်

စိုင်းကွမ်းမိုင်း
.
တူရကီမှ စစ်ကြေညာလိုက်ပြီ
တူရကီသမ္မတ အာဒိုဂန်သည် (--၂၀၂၀) ရက်နေ့တွင် ဆီးရီးယားအစိုးရ၏ တိုက်ခိုက်မှုကြောင့် တူရကီစစ်သည် ၃၃ ဦး သေဆုံးရသည့် ဖြစ်ရပ်ကြောင့် ဆီးရီးယားအစိုးရအား ကြီး ကျယ်စွာ တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်တော့မည်ဖြစ်ကြောင်း အတိအလင်း ကြေညာလိုက်ပြီဖြစ်သည်။ တူရကီသည် ဆီးရီး ယား အစိုးရ သမ္မတအာဆက်ကို ပထမဆုံးအကြိမ်အဖြစ် ပွင့် ပွင့်လင်းလင်း စစ်ကြေညာလိုက်ခြင်းပင် ဖြစ်သည်။ နှစ်ကြာ မြင့်ခဲ့ပြီဖြစ်သည့် ဆီးရီးယားပြည်တွင်းစစ်အတွင်းသို့ တူရကီက ပိုမိုပတ်သက်ရန် ပါဝင်ရေးအတွက် စစ်ကြေညာလိုက်ခြင်း ဖြစ် သည်ဟု နိုင်ငံရေး သုတေသီတို့ သုံးသပ်ကြသည်။ ထိုကဲ့သို့ စစ်မကြေညာမီ ရက်အလိုတွင် ဆီးရီးယားရှိ တူရကီတပ်များ ကို ဆီးရီးယားအစိုးရနှင့် ရုရှားတို့က လက်နက်ကြီးများ၊ လေ ယာဉ်များဖြင့် တိုက်ခိုက်ခဲ့ရာ တူရကီစစ်သား ၃၃ ဦးထက်မ နည်း သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရခဲ့ကြသည်။ တူရကီသမ္မ အာဒိုဂန်က ဆီးရီးယားအစိုးရကို လက်တုံ့ပြန်မည်ဟု ကြုံး ဝါးပြီး ဆီးရီးယားတပ်ဖွဲ့များ အနေဖြင့် အီဒလစ်ပြည်နယ်ထဲမှ ဆုတ်ခွာပေးရမည်ဟု တောင်းဆိုလိုက်သည်။
.
တူရကီ ကာကွယ်ရေးဝန်ကြီး ဟူလူစီအာကာ
ဆီးရီးယားအစိုးရအား တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်မည် ကို တူရကီကာကွယ်ရေးဝန်ကြီး ဟူလူအာကာက နိုင်ငံပိုင် TV မှ တစ်ဆင့် ကြေညာခဲ့သည်။ ဆီးရီးယားသို့ တူရကီတပ်ဖွဲ့များ စေလွှတ်ထားခြင်းသည် ဆီးရီးယားအစိုးရ၏ အီဒလစ်ပြည်နယ်  ထိုးစစ်ကို ဟန့်တားရန်နှင့် တူရကီနိုင်ငံတွင်းသို့ သန်းနှင့်ချီသော ဆီးရီးယားဒုက္ခသည်များ ထပ်မံဝင်ရောက်ခြင်း မရှိစေရန်နှင့် ဆီးရီးယားအစိုးရအား တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်မည် ဆို ခြင်းသည် အီဒလစ်ပြည်နယ် အတွင်းတိုက်ပွဲများ ထပ်မံမဖြစ် ပွားရေးအတွက်ကြောင့် ဖြစ်သည်။ ဆီးရီးယား အစိုးရ၏ ထိုးစစ် အား ရပ်တန့်ခြင်း မပြုလုပ်နိုင်ပါက ပြည်သူလူထုများ မတန်တ သေကြေပျက်ဆီးကြရမည် ဖြစ်သကဲ့သို့ ဒုက္ခသည်များက လည်း ပိုမိုတိုးတက်များပြားလာမည် ဖြစ်ကြောင်း ၎င်းကရှင်းပြ သည်။
.
ဆီးရီးယားအစိုုုးရအား စစ်ရေးအရ ကူညီထောက်ပံ့နေသည် ကား ရုရှားအစိုးရဖြစ်သည်။ မိမိတို့သည် ရုရှားနှင့် ထိပ်တိုက် တွေ့ရန် မလိုလားကြောင်း ရုရှားအနေဖြင့် ဆီးရီးယား အစိုးရ ကို ထိန်းသိမ်းပေးစေလိုကြောင်းနှင့် မိမိတို့၏ စစ်သား ၃၃ ဦး သေဆုံးရခြင်းတွင်လည်း ရုရှားသံရုံး၌ တာဝန်ရှိသည်ဟု ၎င်းက အပြစ်တင် ဝေဖန်သည်။
.
စစ်ဘေးရှောင် ဒုက္ခသည် တစ်သန်း နီးပါး
တူရကီသမ္မတ အာဒိုဂန်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင် တို့သည် ယခုသီတင်းပတ်ထဲတွင် မော်စကို၌ ဆီးရီးယားအရေး တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသော်လည်း ဆီးရီးယားနိုင်ငံအ တွင်းသို့ တူရကီစစ်လေယာဉ်များ ကျူးကျော်ဝင်ရောက်လာပါက ပစ်ချရလိမ့်မည်ဟုလည်း ရုရှားက သတိပေးပြောဆိုထားသည်။ ဆီးရီးယားအစိုးရသည် အတိုက်ခံသူပုန်များ၏ နောက်ဆုံးလက် ကျန်နယ်မြေ အီဒလစ်ပြည်နယ်ကို ထိုးစစ်ဆင်တိုက်ခိုက်လျက် ရှိနေသည်။ အဆိုပါထိုးစစ်ကြောင့် အီဒလစ်ပြည်နယ်မှ စစ် ဘေးရှောင် ဒုက္ခသည်များသည် တူရကီမှလည်း ဝင်ရောက်ခို လှုံခွင့် မပေးသဖြင့် ဆောင်းရာသီကာလတွင် လေဟာပြင်ထဲ၌ ဖြစ်သလိုအိပ်စက်ကာ နေထိုင်နေကြရသည်။
.
တူရကီနှင့် ရုရှားတို့သည် ၂၀၁၈ ခုနှစ်ထဲတွင် သဘောတူ ညီချက် တစ်ရပ်ကို လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့သည်။ ထိုသ ဘောတူညီချက်အရ အီဒလစ်ပြည်နယ်သည် စစ်ဘေးကင်းမဲ့ ဇုန် ဖြစ်လာသည်။ နိုင်ငံတစ်ဝန်းမှ စစ်ဘေးဒုက္ခသည်များသည် အီဒလစ်ပြည်နယ်ထဲသို့ ဝင်ရောက်ခိုလှုံလာကြသည်။ လက် နက်ချသည့် သူပုန်များကလည်း အီဒလစ်ပြည်နယ်တွင်းသို့ လာရောက်ရှောင်ပုန်းကြသည် လည်းရှိသည်။ သဘောတူညီ ချက်အရ တူရကီသည် အီဒလစ်ပြည်နယ်ထဲတွင် တပ်စခန်းအ ချို့ကလည်း အခြေစိုက်နှင့် ရရှိခဲ့သည်။ သို့သော် ယခုအခါ ဆိုပါ သဘောတူညီချက်အား ချိုးဖောက်ကာ ဆီးရီးယားအစိုးရ မှ ထိုးစစ်ဆင် တိုက်ခိုက်လာခြင်း ဖြစ်သည်။
.
နိုင်ငံ စစ်ဖြစ်တော့မည့် အနေအထား
တူရကီသည် ဖေဖော်ဝါရီလထဲတွင် အီဒလစ်ပြည်နယ်ထဲ သို့ တပ်သား ၇၀၀၀ တိုးချဲ့စေလွှတ်ခဲ့သည်။ သို့သော် ဆီးရီး ယား အစိုးရတပ်များက ထိုးစစ်ဆင်လျက်ရှိရာ တူရကီတပ်များ နှင့် သေနတ်တစ်ကမ်းအကွာထိပင် ရောက်ရှိလာသည်။ အပြန် အလှန် တိုက်ခိုက်မှုများသည်လည်း ဖြစ်ပေါ်လာတော့သည်။ ဆီးရီးယားအစိုးရက လေတပ်ကိုပါ အသုံးပြုပြီး တူရကီတပ်များ ကို တိုက်ခိုက်သဖြင့် နိုင်ငံစစ်ဖြစ်ရတော့မည့် အနေအထား သို့ ရောက်ရှိလာခဲ့သည်။ တူရကီအထောက်အပံ့ခံ ဆီးရီးယား သူပုန်အဖွဲ့တစ်ဖွဲ့သည် အစိုးရတပ်များကို ပြန်လည်တိုက်ခိုက် ရာ အရေးပါသည့် မြို့ကြီးတစ်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ သည်။ ထိုအခါ ဆီးရီးယားအစိုးရက တူရကီတပ်များကို လေ ကြောင်းမှနေ၍ တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။ တူရကီမှလည်း အားကျမခံ ပြန်လည်လက်စားချေမှုဖြင့် တုံ့ပြန်တိုက်ခိုက်လာ တော့သည်။
.
တူရကီသည် ဆီးရီးယားအစိုးရ၏ အီဒလစ်ပြည်နယ် ထိုး စစ်ကို ဟန့်တားရာတွင် အမေရိကန်နှင့် NATO ထံသို့လည်း စစ်ရေးအကူအညီ တောင်းခံထားသည်။ တူရကီသည် လေ ကြောင်းကာကွယ်ရေး ဒုံးကျည်များကို နယ်စပ်မျဉ်းတစ် လျောက်၌ နေရာချထားပေးရန် အမေရိကန်ထံသို့ အကူအညီ တောင်းခံထားသည်။ အမေရိကန်နှင့် NATO တို့သည် ဆီးရီး ယားအစိုးရ၏ ထိုးစစ်အားကန့်ကွက် ပြောဆိုသော်လည်း တူရ ကီအား စစ်ရေးအရ ကူညီထောက်ပံ့ပေးခြင်း မရှိသေးပေ။ သို့ သော် တူရကီသည် NATO အဖွဲ့ဝင်နိုင်ငံတစ်ခုမှ ဖြစ်ကာ တူရ ကီနှင့် ဆီးရီးယားတို့ စစ်ဖြစ်လာပါက NATO နှင့် ရုရှားတို့သည် လည်း ထိပ်တိုက်တွေ့ဆုံကာ ရင်ဆိုင်ဖြေရှင်းရတော့မည်ဖြစ် သည်။
.
ထောက်လှမ်းရေးသတင်း အချက်အလက်များဖြင့်သာ
ဆီးရီးယားတွင် တူရကီစစ်သားများ သေဆုံးပြီးနောက်တွင် NATO အဖွဲ့က အရေးပေါ်အစည်းအဝေးများ ခေါ်ယူကျင်းပခဲ့ သည်။ သို့သော် NATO အဖွဲ့အနေဖြင့် တူရကီကို စစ်ရေးအရ အကူအညီပေးရန် အစီအစဉ်မရှိသေးဘဲ သတင်းအချက်အ လက်များဖြင့်သာ ကူညီမည်ဟု NATO အဖွဲ့အတွင်းရေးမှူးချုပ် Stodin bard ကပြောသည်။ NATO အဖွဲ့သည် ယခင်ကတည်း ကပင် ဆီးရီးယားပြည်တွင်းစစ်၌ ဝင်ရောက်စွက်ဖက်ခြင်း မရှိ ဘဲ သူလျှိုကင်းထောက် လေယာဉ်များဖြင့်သာ စောင့်ကြည့်လေ့ လာခြင်းမျှသာ ဆောင်ရွက်လျက်ရှိသည်။ တူရကီသည် အမေ ရိကန် NATO အဖွဲ့တို့နှင့် ဆက်ဆံရေး ကျဲလျက်ရှိသဖြင့် ဆီးရီး ယားအရေး၌ ယင်းတို့ထံမှ အကူအညီရရှိရန် ခက်ခဲလျက်ရှိ သည်။ တူရကီ အမေရိကန်နှင့် NATO တို့၏ ကန့်ကွက်မှုကို လက်မခံဘဲ ရုရှားထံမှ S-400 လေကြောင်း ကာကွယ်ရေး စနစ် များကို ဝယ်ယူအသုံးပြုခဲ့သည်။ S-400 များကြောင့် မိမိတို့၏ တိုက်လေယာဉ်များ၏ သတင်းအချက်အလက်များ ရုရှားတို့ သိရှိသွားမည်ကို အမေရိကန်နှင့် NATO အဖွဲ့က စိုးရိမ်လျက် ရှိသည်။ ထို့ကြောင့် S-400 ပိတ်သိမ်းပေးထားမှသာ Patriot လေယာဉ်ပစ် ဒုံးကျည်များကို နယ်စပ်ဒေသတွင် တပ်စွဲပေးမည် ဟု အမေရိကန်က အကြောင်းပြန်ထားသည်။
.
ဆီးရီးယားအစိုးရ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အီဒ လစ်ပြည်နယ်ထဲတွင် တူရကီစစ်သည် ၃၃ ဦး သေဆုံးရမှုက တူရကီကို များစွာအရှက်ရ ဒေါသထွက်စေခဲ့သည်။ အရေအ တွက်ထက် ပိုမိုများပြားနိုင်သည် ဟူ၍လည်း လေ့လာသုံးသပ် သူတို့က ဆိုကြသည်။ အီဒလစ်ပြည်နယ်ထဲရှိ မြို့ မြို့အား ချိတ်ဆက်ထားသည့် လမ်းမတစ်ခုပေါ်၌ တူရကီတပ်များ ရောက်ရှိနေချိန်တွင် လေကြောင်းမှ တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ် သည်။ ဆီးရီးယား အစိုးရ စစ်လေယာဉ််၂ စီးနှင့် ရုရှားစစ်လေ ယာဉ် စီးမှ လာရောက်တိုက်ခိုက်ခြင်း ဖြစ်သည်ဟု သိရသည်။ ရုရှားကမူ မိမိတို့စစ်လေယာဉ်များ ပါဝင်ပတ်သက်မှု မရှိဟူ၍ ငြင်းဆိုထားသည်။ လမ်းမပေါ်ရှိ တူရကီစစ်ယာဉ််တန်းကို ဆီးရီး ယားလေယာဉ်များက ပထမဆုံးလာရောက် တိုက်ခိုက်သည်။ ထိုအခါ တူရကီစစ်သားများသည် ကားများပေါ်မှ ဆင်းပြေးကာ နီးစပ်ရာ အဆောက်အအုံများထဲသို့ ဝင်ရောက်ကာ ခိုလှုံကြရ သည်။ ထိုစဉ်၌ ရုရှားစစ်လေယာဉ် စီးက ထပ်မံရောက်ရှိကာ လေဆာပဲ့ထိန်း စနစ်သုံး ဘန်ကာခွင်းသည့် ဗုံးများဖြင့် ပစ်ခတ် ခဲ့ပြီး တူရကီစစ်သားများကို အတုံးအရုံး သေဆုံးစေခြင်းဖြစ် သည်ဟု သိရှိရသည်။
.

.
ရည်ရွယ်ချက် ရှိစွာ တိုက်ခိုက်ခြင်း
အဆိုပါ တိုက်ခိုက်မှုသည် ကြီးမားသော ရည်ရွယ်ချက် ထားရှိမှုဖြင့် တိုက်ခိုက်မှုကြောင့် တူရကီစစ်သား ၅၀ ကျော် သေဆုံးခဲ့ရပြီး ၆၉ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သတင်းရင်းမြစ်ဌာန မှ ကြေညာသည်။ အချို့ကမူ ၁၀၀ ကျော်ခန့်ထိပင် သေဆုံး သည်ဟု ဆိုသည်။ ရုရှားကမူ ထိုတိုက်ခို်က်မှုတွင် မိမိတို့ ပါဝင် ခြင်းမရှိကြောင်း တူရကီတို့မှ လှမ်းအကြောင်းကြားသည်နှင့် တစ်ပြိုင်နက် ဆီးရီးယားအစိုးရအား တိုက်ခိုက်မှုကို ရပ်တန့်စေ ခဲ့ကြောင်း ပြောဆိုသည်။ ဆီးရီးယားအစိုးရသည် ရုရှားထံမှ ခွင့် ပြုချက် မရရှိဘဲ တူရကီတပ်များကို တိုက်ခိုက်ရဲမည် မဟုတ် ပေ။ သို့သော် ရုရှားအစိုးရ၏ ငြင်းဆိုမှုကို တူရကီမှ အောင့် သက်သက်ဖြင့်ပင် လက်ခံလိုက်ရသည်။ စိတ်သန္တာန်ထဲတွင်မူ တူရကီသည် ရုရှားကိုလည်း များစွာဒေါသထွက်နေနိုင်ဖွယ် ရှိ သည်။ မကြာသေးမီ နှစ်များအတွင်းက တူရကီနှင့်ရုရှားတို့သည် ဆက်ဆံရေး နွေးထွေးခဲ့သော်လည်း ယခုကဲ့သို့ ဖြစ်ရပ်ကြောင့် ယင်းတို့ နိုင်ငံ ဆက်ဆံရေးသည် ရုတ်တရက် အေးစက်မာ ကြောသွားခဲ့ရတော့သည်။
.

တူရကီ အစိုးရပိုင် ရေဒီယိုနှင့် ရုပ်သံများက မိမိတို့သည် အီဒလစ်ပြည်နယ်ထဲတွင် ဆီးရီးယားအစိုးရ၏ Sukuio Jet လေ ယာဉ် စီးကို ပစ်ချခဲ့ကြောင်း ဆီးရီးယားအစိုးရက စစ်စခန်း များကိုလည်း Roket ဒုံးကျည်များဖြင့် လက်စားချေ တိုက်ခိုက်ခဲ့ ကြောင်း ကြေညာသည်။ ဆီးရီးယားအစိုးရကမူ မိမိတို့လေ ယာဉ် စီး ပစ်ခတ်ခံခဲ့ရသော်လည်း ပျက်ကျမှု မရှိခဲ့ကြောင်း ငြင်းဆိုခဲ့သည်။ ဆီးရီးယားစစ်ပွဲသည် အစိုးရနှင့် သူပုန်များ တိုက်ခိုက်သည့် ပြည်တွင်းစစ်ဖြစ်သည်။ ထို့အတူ ရုရှား၊ တူရ ကီ၊ အမေရိကန် ကဲ့သို့သော နိုင်ငံကြီးများက အသီးသီးဝင် ရောက်ကာ စွက်ဖက်ကြသည့် ပြည်ပနိုင်ငံများသည် အချင်းချင်း ထိပ်တိုက်ရင်ဆိုင် နိုင်ခြင်းမရှိစေရန် ရှောင်ရှားကြသော်လည်း အီဒလစ်ပြည်နယ်အရေးကြောင့် မလွဲမရှောင်နိုင်တော့ဘဲ ထိပ် တိုက်ရင်ဆိုင်လာကြရတော့သည်။
.
နိဂုံးချုပ်ရသော်
ဆီးရီးယားသမ္မတ အာဆတ်သည် အီဒလစ်ပြည်နယ် ထိုး စစ်အား ရပ်တန့်ပေးမည့် ပုံစံမရှိချေ။ ရုရှားကလည်း အီဒလစ် ပြည်နယ် ထိုးစစ်ကို တိတ်တဆိတ်သဘောတူ လက်ခံကာ ဆီး ရီးယားအစိုးရက ဆက်လက်ထောက်ပံ့နေသည်။ သို့သော်...

Journal Download

Photo of three cats