.
၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၀
ရက်နေ့ထုတ် The Bomb
Presidents Generals and the Secret History of Nuclear War စာအုပ်ရေးသားသူ ဖရက်ကတ်ပလန်သည် State စာစောင်၏ အမျိုးသားလုံခြုံရေးဆိုင်ရာ ပင်တိုင်ဆောင်း ပါးရှင်ဖြစ်ပြီး
နျူကလီးယားစစ်ပွဲဆိုင်ရာ အခြားစာအုပ် ၅ အုပ်
ကိုလည်း ရေးသားထုတ်ဝေထားသည်။ နိုင်ငံရေးပါရဂူ ဘွဲ့ရသူ ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ Bulletin စာစောင်၏ အယ်ဒီတာ ဒွန်းစ
ကိုဗာနှင့် ဖရက်ကတ်ပလန်တို့၏ ဖေဖော်ဝါရီလ ၂၃ ရက်နေ့
အင်တာနက် ဆောင်းပါး အဖြစ်ဖော်ပြထားသည်။
.
The Bomb စာအုပ်(သို့မဟုတ်) ယုန်တွင်း
The Bomb စာအုပ်တွင်
အမေရိကန်သမ္မတ ထရှူးမင်း လက်ထက်မှ ဒေါ်နယ်ထရမ့်လက်ထက်ထိ
သမ္မတအဆက် ဆက် လက်ထက်၌ သမ္မတနှင့်
ယင်းတို့၏ အကြံပေးပုဂ္ဂိုလ်များ ရင်ဆိုင်ခဲ့ရသည့် နျူကလီးယား လက်နက်နှင့် စပ်လျဉ်း၍ ဝေခွဲ မရနိုင်သော
အခြေအနေများကို ဖော်ပြထားသည်။ နျူကလီး ယား လက်နက်ကို
အန္တရာယ်ကြိုတင် ဟန့်တားမှုမှအပ အခြား ရည်ရွယ်ချက်အတွက် အသုံးမပြုဘဲ
ရှောင်လွဲနိုင်မည့် နည်း လမ်းအား ရှာဖွေရင်း
တစ်ပြိုင်နက်တည်းတွင် နျူကလီးယားစစ် ပွဲ ဆင်နွဲမည့် စစ်ရေးအစီအစဉ်များ
ရေးဆွဲခြင်းဖြင့် ကြိုတင်ဟန့် တားမှုအား ပိုမိုအင်အားကောင်းလာစေရန် ပြုလုပ်ရသည်။ ထိုသို့
စိတ်ရှုပ်ထွေးဖွယ်ရာကောင်းသော
အကျဉ်းအကျပ် အ တွင်းသို့
အမေရိကန်သမ္မတများက ကျရောက်သွားကြရပြီး ပြန် လည်ထွက်ခွာနိုင်ရန် မည်ကဲ့သို့ရုန်းကန်နေရသည်ကို
The Bomb စာအုပ်တွင် တိကျစွာဖော်ပြထားသည်။ ထိုအကျပ်အ တည်းကို The Bomb စာအုပ်၌
ယုန်တွင်း(Rabbit hole) ဟူ၍ တင်စားဖော်ပြထားသည်။
.
ကမ္ဘာ့အတွက်
အကြီးမားဆုံးပြဿနာ
ဒေါ်နယ်ထရမ့်သည်
သမ္မတရာထူးမရမီက နယူးယောက် တိုင်းမ် သတင်းစာသို့ပြောစကား၌
ကမ္ဘာ့အတွက် အကြီးမားဆုံး ပြဿနာသည် နျူကလီးယားလက်နက်များနှင့် ထိုလက်နက် များ
ပြန့်ပွားနေခြင်းပင်ဖြစ်သည်ဟု
ပါရှိသည်။ သို့သော်လည်း သမ္မတအဖြစ်ရွေးကောက်ခြင်း ခံရပြီးနောက်တွင် အမေရိကန် ပြည်ထောင်စု၏ ပိုမို၍အင်အားကောင်းမွန်ရန်
ပိုမိုချဲ့ထွင်နိုင်ရန် ပြုလုပ်ရမည်ဟု သဘောထားပြောင်းလဲရခြင်း၏ အကြောင်းရင်း ကို မေးမြန်းခဲ့သည်။
.
ကတ်ပလန်၏
အမြင်သည် သမ္မတထရမ့်သည် ရာထူးမရ မီနှင့် ရပြီးနောက်၌
မည်ကဲ့သို့ စနစ်တကျ ပြောင်းလဲသွားရသည် ကိုကား
မိမိမသိရှိပါကြောင်း နျူကလီးယား စစ်ပွဲအပါအဝင် အ ကြောင်းရင်း
ကိစ္စများစွာကို အလေးအနက်ထားကာ စန်းထ သည်ဟု မထင်ပါကြောင်း
အမေရိကန် ပြည်ထောင်စုတွင် ၁၉၆၇ ခုနှစ်တွင် နျူကလိီးယားလက်နက်
၃ သောင်းထိတိုင် အများဆုံးရှိခဲ့ပြီး
ယခုအခါ၌ ထိုအရေအတွက်၏ ဆယ်ပုံပုံ တစ် ပုံသာ
ရှိတော့သည်ဟု အရာရှိများနှင့် ဗိုလ်ချုပ်များပါဝင်သော အစည်းအဝေးတစ်ရပ်၌ တင်ပြရာတွင် ထရမ့်သည် နျူကလီး ယား
အရေအတွက် နည်းပါးသွားခြင်းအပေါ် စိုးရိမ်မကင်းဖြစ်ပြီး အကြောင်းပြချက်ကို မေးမြန်းခဲ့ကြောင်း ကတ်ပလန်မှ ပြန် လည်
ဖြေကြားခဲ့သည်။ တာဝန်ရှိသူများက သမ္မတထံပြန်လည် ဖြေကြားရာတွင် လက်နက်များ ထိန်းချုပ်သည့် စာချုပ်များရှိနေ ခြင်း နျူကလီးယားလက်နက်များ မလိုအပ်ရန်
သမားရိုးကျ လက်နက်အင်အား ထူထောင်ထားရခြင်းတို့ကို အကြောင်းပြဖြေ ရှင်းကြသည်ကို ထရမ့်မှ လက်ခံခဲ့ပုံရရှိသည်။ သို့သော်လည်း
နောက်ပိုင်းတွင် တာဝန်ရှိသူများနှင့် ထရမ့်တို့သည် အိမ်ဖြူ တော်တွင် တွေ့ဆုံသည့်
အကြိမ်တိုင်း မိမိသမ္မတဖြစ်ချိန်တွင် ယခင်သမ္မတများကဲ့သို့ အမေရိကန်ပြည်ထောင်စု၌ နျူကလီး ယားလက်နက်များကို အဘယ့်ကြောင့်
များစွာမပိုင်ဆိုင်ရသ နည်းဟူ၍ ၂ ကြိမ်ခန့်မေးခွန်းထုတ်ခဲ့သည်။
ဟူ၍လည်း ရှင်း လင်းခဲ့သည်။
သမ္မတမည်မျှရှိခဲ့သနည်း
.
.
နျူကလီးယားလက်နက်ဆိုင်ရာ
အကျဉ်းအကျပ်ဖြစ်သည့် ယုန်တွင်း(Rabbit hole) ထဲမှ ရုန်းထွက်ရန်ကြိုးစားရာ၌ နျူက လီးယားလက်နက်အပေါ်
သဘောထားများ သိသာစွာပြောင်း လဲသွားသူ သမ္မတမည်မျှရှိခဲ့သနည်း ဟုလည်း မေးမြန်းခဲ့သည်။
နျူကလီးယားဗုံး တီထွင်ပြီးနောက်ပိုင်း အမေရိကန်သမ္မတ အ ဆက်ဆက်သည်
နျူကလီးယားလက်နက်အန္တရာယ် ဟန့်တား ကာကွယ်ရေးနှင့် နျူကလီးယားစစ်ပွဲတို့အကြား
ကျိုးကြောင်း ဆီလျော်ရန် နက်နဲစွာစဉ်းစားခဲ့ကြပြီးနောက်တွင်
ယုန်တွင်း(Ra bbit hole) ထဲမှ အမြန်ဆုံးရုန်းထွက်နိုင်ရန် ဆုံးဖြတ်ခဲ့ကြသည်။ သို့သော်
သမ္မတထရမ့်သည် လေးနက်စွာစဉ်းစားခြင်းမပြုဘဲ လိမ္မာပါးနပ်စွာ အကျဉ်းချုံးရှင်းပြသူ၏ စကားကိုသာ နားယောင် တတ်သောကြောင့်
နျူကလီးယားလက်နက်အသုံးပြုခြင်းဖြင့်
အမေရိကန်ပြည်ထောင်စု၏ အဆင့်အတန်း ပိုမိုမြင့်မားလာနိုင် သည်ဟု အပေါ်ယံပြောဆိုအကြံပေး ပုဂ္ဂိုလ်၏စကားကိုသာ
လိုက်နာသွားမည်ကို စိုးရိမ်မကင်းဖြစ်မိသည်ဟု ပြောဆိုခဲ့သည်။ လက်ရှိအခြေအနေတွင်
ထရမ့်အစိုးရအဖွဲ့အတွင်း အထက််ပါ လိမ္မာပါးနပ်စွာ အကျဉ်းချုပ်ရှင်းပြသူ
ရှိသလောဟု မေးမြန်းရာ မည်သူမည်ဝါဟူ၍ မိမိမပြောနိုင်သော်လည်း အဖွဲ့အစည်းအ တွင်း၌ ရှိလျှင်လည်း ရှိနိုင်သည်ဟူ၍
ပြောဆိုခဲ့သည်။
.
ထရမ့်၏သမ္မတသက်တမ်း
ကာလအတွင်းတွင် နျူကလီး ယားလက်နက်အား အမှန်တကယ်
အသုံံးပြုမှု ရှိနိုင်မည့် အ လားအလာသည်
အတိုုင်းအတာမည်မျှထိ ရှိနိုင်သနည်းဟု မေး မြန်းရာတွင် ကတ်ပလန်က
ဒုတိယကမ္ဘာစစ်အပြီးနောက်ပိုင်း
မှ ယနေ့ထိ နျူကလီးယားလက်နက်
အသုံးပြုမည့် အလားအလာ လွန်စွာ နည်းပါးသော်လည်း
လုံးဝမဖြစ်နိုင်သော ကိစ္စမဟုတ် ကြောင်း သမ္မတထရမ့်သည် သမ္မတသက်တမ်း
၆ လအကြာ တွင်
မြောက််ကိုရီးယားအား နျူကလီးယားဗုံး သုံး၍ ဒေါသတ ကြီး
တိုက်ခိုက်တုံ့ပြန်မည်ဟု ခြိမ်းခြောက်သဖြင့် လူသားပေါင်း များစွာမှ
စိုးရိမ်ခဲ့ကြခြင်းကြောင့် မိမိလည်းထိုစာအုပ်ကို ရေးသားဖြစ်ခဲ့ကြောင်း အကယ်၍ မြောက်ကိုရီးယားက အ
မေရိကန်ကို တိုက်ခိုက်ခဲ့လျှင် လက်တုံ့ပြန်မည်ဟူသည် ခြိမ်း ခြောက်ခြင်းမဟုတ်ဘဲ အကယ်၍
မြောက်ကိုရီးယားက ခြိမ်း ခြောက်စကားပြောခြင်း ဒုံးကျည်နှင့်နျူကလီးယားလက်နက်များ ဆက်လက်စမ်းသပ်ခြင်းများ
ပြုလုပ်လျှင် လက်တုံ့ပြန်မည်ဟု ခြိမ်းခြောက်ခြင်းဖြစ််ကြောင်း မြောက်ကိုရီးယားက လက်ဦးမှုရ ယူ၍ တိုက်ခိုက်မည့်
စစ်ရေးအစီအစဉ်အသစ် ရေးဆွဲရန်အ တွက် ထရမ့်က တောင်းဆိုနေခြင်းသည်
အလေးအနက်ထားရ ခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သည်။ ၂၀၁၇ ခုနှစ်အတွင်းတွင် မြောက်ကိုရီးယားသည်
ဒုံးကျည်စမ်းသပ်မှု ၁၉ ကြိမ်ပြုလုပ်ခဲ့ရာ
၌ ထိုသို့စမ်းသပ်သည့် အကြိမ်တိုင်းအမေရိကန်
အဆင့်မြင့်အ ရာရှိများ တပ်မှူးများ ဆွေးနွေးခဲ့ကြသည်ဟုလည်း
ဖော်ပြထား သည်။
.
မှန်းဆချက်များအပေါ်
အခြေခံထားသည့်
နျူကလီးယားစစ်ပွဲနှင့်
စပ်လျဉ်း၍ မိမိတို့ပြုလုပ်နိုင်သည်ကို သရုပ်ဖော်ပြသရန် မေးမြန်းခဲ့သည်။ အိမ်ဖြူတော်မှ အချို့သူများ သည် မြောက်ကိုရီးယားအား တစ်ချက်တည်းဖြင့်
အထိနာရန် ထိုးနက်ခြင်းဖြင့် နောက်ဆုတ်ထားရန် ပြုလုပ်နိုင်မည်ဟုလည်း တွေးနေကြသည်။ သို့သော်လည်း မြောက်ကိုရီးယားဘက်မှ လက်တုံ့ပြန်ခြင်းဖြင့် စစ်ဖြစ်လာမည်ကိုကား စစ်ဘက်အရာရှိ ကြီးများက စိုးရိမ်ခဲ့ကြသည်ဟု ဖြေကြောင်းဖော်ပြထားသည်။
The Bomb စာအုပ်တွင် သိုင်းဝိုင်းဖော်ပြချက်များသည် ကင်ဂျုံ အန်၊ ပလာဒီမာပူတင်စသည့်
ပုဂ္ဂိုလ်ကြီးများက မည်သို့တွေး မြင်ယူဆသည်။ မည်မျှထိတိုင် ကြွားဝါပြီးပြောဆိုသည်ဟု မှန်း ဆချက်များအပေါ် အခြေခံထားသည့်
နျူကလီးယားစစ်ပွဲ အစီ အစဉ်များကို လူသားတို့၏
ဉာဏ်ရည်အရ မည်မျှအထိ အ ကောင်အထည်ဖော်၍
မည်မျှထိကောင်းမွန်ရန် ပြုလုပ်နိုင်သည် ဟူ၍ ဆက်လက်မေးမြန်းခဲ့သည်။ သမ္မတထရမ့်မှ
မြောက်ကိုရီး ယားကိုု ခြိမ်းခြောက်ခြင်းမပြုမီအချိန်ထိ လွှတ်တော်အမတ်များ သည် နျူကလီးယားစစ်ပွဲနှင့် နျူကလီးယားလက်နက်အကြောင်း
ကို စဉ်းစားခြင်းမပြုခဲ့သည့် ဆယ်စုနှစ်များစွာ ရှိခဲ့သည်။
ထိုကဲ့ သို့စဉ်းစားရန်လည်း မလိုအပ်ခဲ့ပေ။ ၁၉၇၅-၇၆ ခုနှစ်
နောက် ပိုင်းတွင် ပထမအကြိမ်အဖြစ် ထရမ့်လက်ထက်၌ လွှတ်တော် အတွင်း နျူကလီးယားစစ်ပွဲအတွက်
ဆုံးဖြတ်အမိန့်ပေးနိုင်သည့် သမ္မတ၏ အခွင့်အာဏာနှင့် စပ်လျဉ်း၍
ယုံကြည်နိုင်ခြင်းရှိမရှိ တာဝန်ယူခြင်း ရှိမရှိ ဆွေးနွေးခဲ့ကြောင်း လွှတ်တော်အနေဖြင့်
ထိုအခွင့်အာဏာ တည်ဆောက်မှုကို ပြောင်းလဲလိုပါက ပြောင်း လဲနိုင်သော်လည်း ထိုကဲ့သို့
လုပ်ဆောင်ရန် ဆန္ဒရှိပုံမရကြောင်း၊ တာဝန်ယူရန် တွန့်ဆုတ်နေကြောင်း အားထုတ်မှု လုံးဝမရှိဘဲ အမိန့်ပေး ဆုံးဖြတ်သည့် ပုံစံ၏
ယုံကြည်ကိုးစားနိုင်မှုကို မေး ခွန်းထုတ်နေခြင်းသည် အန္တရာယ်ကြီးမားနေကြောင်း
ကတ်ပ လန်က ဝေဖန်သုံးသပ်ထားသည်။
.
တာဝန်ရှိသူများက
သမ္မတထရမ့်အား ရှင်းလင်းတင်ပြသည့် အစည်းအဝေးတစ်ခုတွင် သမ္မတက မိမိတို့၌ နျူကလီးယား
လက်နက် ပိုင်ဆိုင်ထားပါလျက် အဘယ့်ကြောင့် အသုံးပြုနိုင် ခြင်းမရှိသနည်း ဟုမေးမြန်းခဲ့ကြသည်။ ဆိုသည့်သတင်းများ ရှိ သဖြင့် ရှင်းလင်းပေးရန်
တောင်းဆိုခဲ့ကြသည်။ ၁၉၆၀ ပြည့်နှစ် များမတိုင်မီအချိန်ထိ
အမေရိကန်၏ နျူကလီးယားစစ်ရေး အစီ အစဉ်သည် အကယ်၍ဆိုဗီယက်
(သို့မဟုတ်) တရုတ်ကွန်မြူ နစ်က အမေရိကန် အကျိုးစီးပွားရှိသည့်
နေရာများသိုု့ ကျူး ကျော်ခဲ့လျှင် (သို့မဟုတ်)
အနောက်ဂျာမနီက နျူကလီးယား လက်နက်မသုံးသော်လည်း မျဉ်းနီတားချက်ကို ဖြတ်ကျော်ခဲ့ လျှင် နျူကလီးယား လက်နက်ဖြင့်
လက်တုံ့ပြန်ရန်ဖြစ်သည်။ သို့သော်လည်း ထိုသို့လက်တုံ့ြ့ပန်လျှင် သေဆုံးမည့် လူူဦးရေ သည် ၂၈၅
သန်းထိ ရှိနိုင်သည်။ တစ်ဖက်မှ ဆိုဗီယက်ပြည် ထောင်စုကလည်း
နျူကလီးယားလက်နက်ကို ၁၉၆၀-၆၁ များ
တွင် စတင်တည်ဆောက်ကာ အားဖြည့်ခဲ့သည်။ ထို့ကြောင့် ဆိုဗီယက်က ဥရောပအနောက်ပိုင်းကို ကျူးကျော်သဖြင့်
အမေရိ ကန်က နျူကလီးယားလက်နက်ဖြင့် တိုက်ခိုက်လျှင်
ဆိုဗီယက် ကလည်း နျူကလီးယားလက်နက်ဖြင့်ပင် လက်တုံ့ပြန်မည်ဖြစ်၍ နျူကလီးယားစစ်ရေး
အစီအစဉ်သည် မိမိကိုယ်မိမိသေ ကြောင်းကြံစည်သည့် မူဝါဒဖြစ်ကြောင်း ဝေဖန်သုံးသပ်ထား သည်။
ဆိုဗီယက်က ဥရောပအနောက်ပိုင်းကို ကျူးကျော်သဖြင့် အမေရိ ကန်က နျူကလီးယားလက်နက်ဖြင့် တိုက်ခိုက်လျှင် ဆိုဗီယက် ကလည်း နျူကလီးယားလက်နက်ဖြင့်ပင် လက်တုံ့ပြန်မည်ဖြစ်၍ နျူကလီးယားစစ်ရေး အစီအစဉ်သည် မိမိကိုယ်မိမိသေ ကြောင်းကြံစည်သည့် မူဝါဒဖြစ်ကြောင်း ဝေဖန်သုံးသပ်ထား သည်။
.
ထို့ကြောင့်
အရာရှိအချို့နှင့် မဟာဗျူဟာ ရေးဆွဲသူများ သည်
နျူကလီးယားလက်နက်အား အကန့်အသတ်ဖြင့် အသုံး ပြုနိုင်မည့် နည်းလမ်းကိုရှာဖွေရန်
စဉ်းစားလာကြသည်။ နှစ် ဖက်စလုံးမှ နျူကလီးယားလက်နက်ကို
အကန့်အသတ်ဖြင့် သုံး စွဲ၍ ဘေးအန္တရာယ်ကပ်ဆ်ိုးအား
ရှောင်လွဲနိုင်ရန် ကြိုးစားလာ ကြသည်။ နျူကလီးယားလက်နက်များကို အရှိန်အဟုန်ဖြင့် မွမ်း
မံပြုပြင်လာကြသည်။ နျူကလီးယားလက်နက်အန္တရာယ်ကို ထိရောက်စွာ ဟန့်တားနိုင်ရန် နျူကလီးယားလက်နက်များကို အမှန်တကယ်အသုံးပြုမည့် ပုံစံမျိုးထုတ်လုပ်ပြီး သုံးစွဲမည့် အ ခြေအနေ
အစီအစဉ်များကို ဇယားချကာရေးဆွဲနေကြသည်။ ထိုကဲ့သို့ဖြင့် အချိန်ကြာလာသည်နှင့်အမျှ နျူကလီးယားလက် နက် ဟန့်တားကာကွယ်ရေးနှင့် နျူကလီးယားစစ်ပွဲ
တိုက်ခိုက် ခြင်းတို့သည် ခွဲခြား၍ မရတော့ဘဲ တစ်သားတည်းဖြစ်လာသည်
ကို တွေ့ရှိလာရသည်။ တစ်နည်းဆိုရလျှင်
အမေရိကန်သမ္မတ တိုင်းသည် ရုန်းထွက်ရန် ကြိုးစားနေကြရသည့်
ယုန်တွင်း(Ra bbit hole) ပင်ဖြစ်တော့သည်။