စွပ်စွဲ အပြစ်တင်မှုမှ လွတ်မြောက်သွားသည့် ထရမ့် - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Sunday, March 1, 2020

စွပ်စွဲ အပြစ်တင်မှုမှ လွတ်မြောက်သွားသည့် ထရမ့်


စိုင်းကွမ်းမိုင်း
.
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် သမ္မတသက်တမ်း အပြည့် ထမ်းဆောင်ခွင့် ရရှိသွားပြီဟု ဆိုနိုင်သည်။ ထရမ့်အား သမ္မတ ရာထူးမှ ဖယ်ရှားရန် စွပ်စွဲပြစ်တင်မှု ဆိုင်ရာ စုံစမ်းမှုအား အောက်လွှတ်တော် ဒီမိုကရက်တစ် အမတ်အများစုမှ စတင်ခဲ့ ပြီး ၄ လကျော်အကြာတွင် အထက်လွှတ်တော်သည် အာဏာ အလွဲသုံးစားမှု၊ လွှတ်တော်အား ဟန့်တား နှောင့်ယှက်မှုတို့ဖြင့် စွပ်စွဲပြစ်တင်ခံရသည့် ထရမ့်၌ အပြစ်မရှိဟူ၍ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၅ ရက်တွင် မဲပေးဆုံးဖြတ်ခဲ့ကြသည်။
.
မဲခွဲဆုံးဖြတ်ရာတွင် လွှတ်တော်အမတ် အားလုံးနီးပါးခန့်က ပါတီ၏ ရပ်တည်မှုအတိုင်းသာ မဲပေးခဲ့ကြပြီး အများစု မျှော်မှန်း ထားသည့် ရလဒ်ပင် ထွက်ပေါ်ခဲ့သည်။ ထရမ့်သည် သမ္မတရာ ထူးမှ ဖယ်ရှားခြင်း ခံရမည့်အရေးမှ လွှတ်မြောက်လာခဲ့ပြီး ဖြစ် သော်လည်း အမေရိကန်သမိုင်း၌ တတိယအကြိမ်မြောက်ဖြစ် သော အဆိုပါ စွပ်စွဲအပြစ်တင်မှုသည် အစိုးရနှင့် နိုင်ငံရေးစနစ် တို့အပေါ်၌ ရေရှည်အကျိုးသက်ရောက် ရိုက်ခတ်မှုများ ရှိလာ မည်ဟု သမိုင်းသုတေသီ ပညာရှင်များက သဘောတူ သုံးသပ် ထားသည်။
.
ရီပတ်ပလီကန်ပါတီမှ သမ္မတ ထရမ့်ကို အတိုက်အခံပါ တီ လွှတ်တော်အမတ်များက ရာထူးမှ ဖယ်ရှားရန် ကြိုးစားခဲ့မှု ၏ ထူးခြားချက် ၅ ချက်အား တင်ပြပေးသွားမည် ဖြစ်သည်။
.
ပါတီစွဲစိတ် ဇာတ်ကြီးမားမှုမှာ နောင်သမ္မတများကိုလည်း ရာ ထူးမှ ဖယ်ရှားရန် ခက်ခဲသွားခြင်း
အမေရိကန်တွင် သမ္မတတစ်ဦးအား စွပ်စွဲပြစ်တင်ပြီး ရာ ထူးမှ ဖယ်ရှားရန်သည် လွယ်ကူသည့် လုပ်ငန်းစဉ် တစ်ရပ် မ ဟုတ်ပေ။ အမေရိကန်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတ တစ်ဦးအား ပြစ်တင်စွပ်စွဲနိုင်ရန် အောက်လွှတ်တော် အမတ် ထက်ဝက်ကျော်၏ ကောက်ခံမဲ လိုအပ်သည်။ အောက်လွှတ် တော်မှ စွပ်စွဲပြစ်တင်ရန် ဆုံးဖြတ်နိုင်သော်လည်း ရာထူးမှ ဖယ် ရှားရန် သင့်မသင့်ကို အထက်လွှတ်တော်မှ မဲခွဲဆုံးဖြတ်ကာ မဲ ခွဲပေးရပေမည်။ အထက်လွှတ်တော် အမတ်ဦးရေ ၃ ပုံ ၂ ပုံ ထက်ကျော် မဲခွဲထောက်ခံပေးမှသာ သမ္မတ၌ အပြစ်ရှိသည်ဟု ဆုံးဖြတ်ပြီး ရာထူးမှ ဖယ်ရှားနိုင်ပေမည်။ အမေရိကန်သမိုင်း တွင် အင်ဒရူးဂျွန်ဆင်။ ဘီလ်ကလင်တန်နှင့် ယခု သမ္မတထရမ့် တို့ ၃ ဦးသာ စွပ်စွဲပြစ်တင်ခံရသူများ ဖြစ်သည်။ သို့သော် ထို ၃ ဦးစလုံးသည် သမ္မတရာထူးမှ ဖယ်ရှားခြင်း မခံရပေ။
.
လက်ရှိတွင် အမေရိကန်၌ ပါတီစွဲ စိတ်ဓာတ်များ ပြင်းထန် နေကြသည်ဖြစ်ရာ သမ္မတတစ်ဦးအား လွှတ်တော်မှ ဖြုတ်ချ နိုင်ရေးသည် ဖြစ်နိုင်ချေ လွန်စွာ နည်းပါးအဆင့်တွင် ရှိနေပေ သည်။ အာဏာရပါတီက သမ္မတကို ထောက်ခံနေသရွေ့ အ ထက်လွှတ်တော်အား ထိန်းချုပ်ထားနိုင်သရွေ့ ပြစ်မှုများ မည် မျှပင် ထင်ရှားနေသည်ဖြစ်စေ သမ္မတအား ရာထူးမှ ဖယ်ရှားရန် မဖြစ်နိုင်ဟူ၍ သုံးသပ်ဆုံးဖြတ်ထားသည်ကို တွေ့ရှိရသည်။
.
ထရမ့်အား စွပ်စွဲပြစ်တင်မှုတွင် ပါတီစွဲစိတ်ဓာတ်များ ပြင်း ထန်နေမှုအား အထင်အရှား တွေ့မြင်ရသည်။ အောက်လွှတ် တော်တွင် မဲပေးမှု၌ မည်သည့် ရီပတ်ပလီကင်ပါတီဝင် အမတ် များက ထောက်ခံမဲပေးခဲ့ခြင်း မရှိချေ။ အထက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်မှုတွင်လည်း ဖစ်ရွန်းမှ လွဲ၍ မည်သည့် ရီပတ်ပလီ ကင် အမတ်ကမျှ ထရမ့်အား ဆန့်ကျင့်ကာ မဲပေးခြင်း မရှိခဲ့ပေ။
.
၁၉၇၀ ပြည့်လွန်နှစ်များတွင် ဝါးတားဂိတ် အရှုပ်တော်ပုံနှင့် ပတ်သက်၍ သမ္မတ နစ်ဆင်အား စွပ်စွဲ အပြစ်တင်ပြီး ရာထူးမှ ဖယ်ရှားရန် လွှတ်တော်အမတ်များ ဆွေးနွေးလာကြသည့် အ ချိန်၌ ယခုကဲ့သို့ ပါတီစွဲ စိတ်ဓာတ်များ ပြင်းထန်မှု မရှိသေးချေ။ မိခင် ရီပတ်ပလီကင်ပါတီ အမတ်များကပင် ဆန့်ကျင်လာကြ သောအခါတွင် သမ္မတနစ်ဆင်သည် စွပ်စွဲပြစ်တင်ခြင်း မခံရမီ မှာပင် သမ္မတရာထူးမှ အသာတကြည် နှုတ်ထွက်ပေးခဲ့သည် ကား အမေရိကန်သမ္မတ သမိုင်းတွင် တစ်ဦးသာ ရှိသေးသည် ကို တွေ့ရှိရသည်။
စွပ်စွဲပြစ်တင်မှုအား လူထုများမှ ထောက်ခံမှု ရှိ/မရှိကို ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တွေ့ရှိရပေမည်
.


.
ထရမ့်အား စွပ်စွဲပြစ်တင်သောအခါတွင် အမေရိကန်နိုင်ငံ ရေးသမားများက စွပ်စွဲအပြစ်တင်မှုကို ပေါ့တန်စွာ သဘော ထား လာကြမည်ကို အချို့က စိုးရိမ်စိတ်များ ကြီးမားလာကြသည်။ စွပ်စွဲ အပြစ်တင်မှုကို ပေါ့ပေါ့တန်တန် သဘောထားလာပါက သာမန် မူဝါဒရေးရာ သဘောထား ကွဲလွဲမှုများကြောင့်ပင် သမ္မ တများ စွပ်စွဲအပြစ်တင်ခံရမည့် အစဉ်အလာ ဖြစ်လာနိုင်သည် ဟူ၍ ရီပတ်ပလီကင်များက ထောက်ပြလာကြသည်။
.

လာမည့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲတွင် ဤအမေရိကန် ပြည်သူလူထု၏ စွပ် စွဲပြစ်တင်မှုအပေါ် မြင်တွေ့ရမည်ဟု လေ့လာသူများက ပြော ဆိုနေကြသည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ထရမ့်အ နိုင်ပြန်ရခဲ့မည် ဆိုပါက စွပ်စွဲအပြစ်တင်မှုအား ပြည်သူလူထုက ထောက်ခံမှု မပြုသည့် သဘော သက်ရောက်ကာ နောင်တွင် လည်း စွပ်စွဲပြစ်တင်မှုများ ရှားပါးသွားမည် ဖြစ်သည်။
.
အကယ်၍ ထရမ့်က ရှုံးနိမ့်မည် ဆိုပါလျှင် စွပ်စွဲအပြစ်တင် မှုအား ပြည်သူလူထုများက ထောက်ခံသည့် သဘော သက် ရောက်ပြီး နောင်တွင်လည်း စွပ်စွဲပြစ်တင်မှုများ ရေပန်းစားလာ မည် ဖြစ်သည်။ လွှတ်တော်တွင် အမတ်အင်အား တောင့်တင်း မှု မရှိသဖြင့် သမ္မတတစ်ဦးအား ရာထူးမှ ဖယ်ရှားနိုင်လျှင်ပင် စွပ်စွဲအပြစ်တင်မှုကို ရွေးကောက်ပွဲအတွက် ရည်ရွယ်ကာ နိုင် ငံရေး နည်းလမ်းလက်နက်တစ်ခုသဖွယ် အသုံးပြုမှုများ ပေါ် ပေါက်လာနိုင်သည်။ ယခုဖြစ်ရပ်တွင်လည်း ဒီမိုကရက်တစ်တို့ သည် ထရမ့်အား ရာထူးမှ ဖယ်ရှားမှု မပြုလုပ်နိုင်ခြင်းကို ကြို တင်သိရှိထားလျက်ပင် စွပ်စွဲအပြစ်တင်ခြင်းသည် မဲဆန္ဒပေး မည့် ပြည်သူလူထုအားကို ရယူခြင်းပင် ဖြစ်သည်။
.
အာဏာအလွဲသုံးစား ပြုလုပ်သည်ဟုဆိုကာ ရာထူးမှ ဖယ်ရှား နိုင်ရန် ပိုမိုခက်ခဲလာခြင်း
ထရမ့်အား ရာထူးမှ ဖယ်ရှားရန် အောက်လွှတ်တော်မှ စွပ် စွဲအပြစ်တင်သည့် ပြစ်မှု ၂ ခုတွင် ပထမတစ်ခုသည် အာဏာ အလွဲသုံးစား ပြုလုပ်မှု ဖြစ်သည်။ ထရမ့်သည် လာမည့် ရွေး ကောက်ပွဲ၌ ပြိုင်ဘက်ဖြစ်လာနိုင်သည်။ ဂျိုးဘီဒန်အား စုံစမ်း စစ်ဆေးပေးရန် ယူကရိန်းသမ္မတ ဇီလင်စကီးထံ တယ်လီဖုန်း ဖြင့် ဆက်သွယ်အကူအညီတောင်းခံခဲ့သည်။
.
ထိုလုပ်ရပ်သည် သမ္မတရာထူးမှ ဖယ်ရှားထိုက်သော အာ ဏာအလွဲသုံးစား ပြုလုပ်မှု ဖြစ်သည်ဟု ဒီမိုကရက်တစ်များက ယူဆသည်။ ဒီမိုကရက်တစ်များက မည်သို့ ယူဆထားသော် လည်း ရီပတ်ပလီကင်များကိုယ်တိုင်ကလည်း ထိုလုပ်ရပ်သည် လျော်ကန်မှု မရှိဟု လက်ခံ သဘောတူကြသည်။ သို့သော် ထိုဖြစ်ရပ်သည် ရာထူးမှ ဖယ်ရှားရန် ကြီးလေးသည့် ပြစ်မှု မ ဟုတ်ဟု ဆုံးဖြတ်သောကြောင့် ထရမ့်သည် အပြီးသတ် မဲခွဲ ဆုံးဖြတ်ခြင်းတွင် အနိုင်ရခဲ့သည်။
.
အဆိုပါ ဆုံးဖြတ်ချက်သည် စီရင်ထုံးတစ်ခုသဖွယ် ဖြစ်လာ ရပြီဖြစ်ကာ နောင်လာမည့် သမ္မတများကလည်း ကြီးလေးသည့် အာဏာအလွဲသုံးစားမှု ပြုလုပ်ခြင်း မဟုတ်ပါက ရာထူးမှ ဖယ် ရှားခြင်း ခံရတော့မည် မဟုတ်ပေ။
.
အာဏာအပြန်အလှန် ထိန်းညှိမှုတွင် အုပ်ချုပ်ရေးမဏ္ဍိုင်မှ အသာစီးရရှိခြင်း
ဒီမိုကရေစီဘိုးအေ နိုင်ငံကြီး အမေရိကန်တွင် အုပ်ချုပ်ရေး မဏ္ဍိုင် (အစိုးရ) ဥပဒေပြုရေးမဏ္ဍိုင် (လွှတ်တော်) နှင့် တရား ရေးမဏ္ဍိုင် (တရားရေးဌာန) တို့သည် အာဏာကို ခွဲဝေကျင့် သုံးကာ အပြန်အလှန် ထိန်းကျောင်းကြသည်။ သို့သော် ယခု အုပ်ချုပ်ရေးမဏ္ဍိုင် (ထရမ့်အစိုးရ)က ဥပဒေပြုရေးမဏ္ဍိုင် (လွှတ်တော်)ကို လွှမ်းမိုးကာ အသာစီး ရရှိနေသည့် သဘော ဖြစ်နေကြောင်း ထရမ့်၏ ဖြစ်ရပ်က သက်သေပြသနေသည်ဟု လေ့လာသုံးသပ်သူများက ပြောဆိုလျက်ရှိကြသည်။
.
အစိုးရမှ လွှတ်တော်ကို အသာစီးရ လွှမ်းမိုးထားနိုင်မှုသည် သမိုင်းတစ်လျှောက်တွင် အဆိုးရွားဆုံး အခြေအနေထိတိုင် ရောက်ရှိနေသည်ကို တွေ့ရှိရသည်။ အပြန်အလှန်သာ ထိန်း ညှိနိုင်မှုသာ မရှိတော့ပါက အမေရိကန်၏ ဒီမိုကရေစီစနစ်သည် လည်း မကြာမီကာလအတွင်းမှာပင် မလွဲမသွေ ကျဆုံးသွားရ မည် ဖြစ်သည်ဟု သုံးသပ်ထားသည်။
.
မကြာသေးမီ ဆယ်စုနှစ်များအတွင်းတွင် အမေရိကန်နိုင် ငံရေးစနစ်၌ အစိုးရ၏ သြဇာအာဏာက ကျန်မဏ္ဍိုင်များအပေါ် ပိုမိုလွှမ်းမိုးလာသည်ကို တွေ့ရှိလာရသည်။ ပြည်တွင်းရေးနှင့် နိုင်ငံရေးကိစ္စရပ်များ၌ သမ္မ၏ လုပ်ပိုင်ခွင့်များသည်လည်း တ ဖြည်းဖြည်းချင်း ကျယ်ပြန့်လာခဲ့သည်။ အဆိုပါ နိုင်ငံရေး ရေစီး ကြောင်းသည် ယခု ထရမ့်၏ ဖြစ်ရပ်ကြောင့် ပိုမိုအားကောင်း လာဖွယ် ရှိနေသည်ကို တွေ့ရှိလာရသည်။

မကြာသေးမီ ဆယ်စုနှစ်များအတွင်းတွင် အမေရိကန်နိုင် ငံရေးစနစ်၌ အစိုးရ၏ သြဇာအာဏာက ကျန်မဏ္ဍိုင်များအပေါ် ပိုမိုလွှမ်းမိုးလာသည်ကို တွေ့ရှိလာရသည်။ ပြည်တွင်းရေးနှင့် နိုင်ငံရေးကိစ္စရပ်များ၌ သမ္မ၏ လုပ်ပိုင်ခွင့်များသည်လည်း တ ဖြည်းဖြည်းချင်း ကျယ်ပြန့်လာခဲ့သည်။ အဆိုပါ နိုင်ငံရေး ရေစီး ကြောင်းသည် ယခု ထရမ့်၏ ဖြစ်ရပ်ကြောင့် ပိုမိုအားကောင်း လာဖွယ် ရှိနေသည်ကို တွေ့ရှိလာရသည်။

.
သက်သေများ မပါဝင်သည့် တရားခွင်
အထက်လွှတ်တော်သည် ထရမ့်အား ရာထူးမှ ဖယ်ရှားရန် သင့်မသင့် တရားခွင်၌ စစ်ဆေးရာတွင် သက်သေများကို တစ် ဦးတစ်ယောက်မျှ ဆင့်ခေါ်ခြင်း မပြုခဲ့ပေ။ ဒီမိုကရက်တစ်ပါတီ က သက်သေ တင်သွင်းရန် ကြိုးပမ်းခဲ့ကြသော်လည်း ရီပတ် ပလီကင် ပါတီက ပယ်ချခဲ့သည်။ အောက်လွှတ်တော်တွင် ဒီ မိုကရက်တစ်များက ဦးဆောင်ပြီး စစ်ဆေးမေးမြန်းခဲ့စဉ်က သက်သေများအား ဆင့်ခေါ်ကြားနာခဲ့ပြီး ဖြစ်သောကြောင့် ထပ်မံ၍ သက်သေများအား ဆင့်ခေါ်ကြားနာရန် လိုအပ်ခြင်း မရှိတော့ကြောင်း ရီပတ်ပလီကင်ပါတီမှ ယူဆထားသည်။
.
ထိုကဲ့သို့ အထက်လွှတ်တော်က တရားခွင်က သက်သေ များ ဆင့်ခေါ်ကြားနာခြင်း၊ မပြုဘဲ၊ မဲခွဲဆုံးဖြတ်ခဲ့သည်ကား သ မိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဖြစ်သည်ဟု ဆိုသည်။ အ ဆိုပါ လုပ်ရပ်သည် စီရင်ထုံးတစ်ခုကဲ့သို့ ဖြစ်လာမည် ဆိုပါက နောင်ပေါ်ပေါက်လာမည့် စွပ်စွဲအပြစ်တင်မှုများ၌လည်း သက် သေမပါဘဲ ပြီးစလွယ် စစ်ဆေးဆုံးဖြတ်မှုများ ပေါ်ပေါက်လာ နိုင်သည်ဟူ၍ ပညာရှင်များက သတိပေးထားပေသည်။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)