ခက်မသုံးဖြာ ဆိုကြပါလည်း ပြည်သူသည်သာ အခရာ - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Saturday, March 14, 2020

ခက်မသုံးဖြာ ဆိုကြပါလည်း ပြည်သူသည်သာ အခရာ

နန္ဒမောင်(LL;B)
.
ဇန်နဝါရီလ ၃၁ ရက်နေ့တွင် လွှတ်တော်ဝင်း အတွင်းရှိ Banquet Hall ပြုလုပ်ခဲ့သော ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့၏ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် အဖွင့်အမှာစကား ပြောကြားခဲ့သော သတင်းကို ရက် ဖေဖော် ဝါရီလ ၂၀၂၀ နေ့ထုတ် စံတော်ချိန်နေ့စဉ် သတင်းစာ၏ စာ မျက်နှာ တွင် ဖတ်ရှုရသည်။ ယင်း သတင်းစာတွင်ဥပဒေ ပြု မဏ္ဍိုင်ဖြစ်သော လွှတ်တော်အနေဖြင့် နိုင်ငံတော်၏ မူဝါဒများ ကို ဥပဒေပြု ရေးဆွဲပေးရခြင်းဖြစ်ပြီး နိုင်ငံတော်၏ မူဝါဒများကို ဥပဒေပြုရေးမဏ္ဍိုင်က အမှုမဲ့ အမှတ်မဲ့ ရေးဆွဲလိုက်မည် ဆိုပါ က နိုင်ငံတော်က သွားနေသည့် မူဝါဒနှင့် လွှတ်တော်က ရေးဆွဲ လိုက်သည့် ဥပဒေက တစ်မျိုးစီဖြစ်ကာ အရာမရောက်ဖြစ်တတ် သောကြောင့် ဂရုစိုက်ဆောင်ရွက်ကြရန်တိုက်တွန်းခဲ့တယ်လို့ ဖတ်ရှုခဲ့ရတာ ဖြစ်ပါတယ်။
.
အဟုတ် တကယ်တမ်းလည်း ယင်းစကားများဟာ ဒီမိုက ရေစီစနစ်သို့ ချီတက်ရာလမ်းမှာ အမှန်တရားထက် ပိုမှန်သော စကားများပဲ ဖြစ်ပါတယ်။ တောကြီးတောင်ကြီးထဲမှာ နေ့ပဲသွား သွား ညပဲသွားသွား တောတောင်အခြေအနေ၊ ရာသီဥတု၊ ဂြိုလ် တာရာ၊ သံလိုက်အိမ်မြှောင်၊ မီးခြစ်၊ ဓား၊ တောစီးဖိနပ်၊ လက် နက်၊ အကြမ်းခံ အဝတ်အထည်များ၊ လမ်းပြများ များစွာနဲ့ မဆုံး နိုင်အောင် ဖြည့်ဆည်းလို့ မကုန်နိုင်ဖွယ် လိုအပ်နေမှာ ဖြစ်ပါ တယ်။ သို့ပေသည့် ဒီတောထဲမှာ လမ်းတစ်ခုသာ အဆင်သင့် ရှိနေပြီးသား  သို့မဟုတ် လမ်းသစ် ဖောက်ထွင်းထားနိုင်ရင် ဒီ အချက်တွေ များစွာနဲ့ ကြီးစိုးမှုအောက်၊ လွှမ်းမိုးချယ်လှယ်မှု အောက်၊ အခက်အခဲများအောက်၊ အတိဒုက္ခ ရောက်ရမှုများ အောက်က လွတ်မြောက်ပြီး ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် ဘယ်ကိုပဲသွားသွား လမ်းရှိတာကတော့ တစ်ပန်း သာပြီးသား ဖြစ်ပါတယ်။ ဒီနေရာမှာ တောလမ်းလား၊ တောင်ပတ်လမ်းလား၊ မြေသားလမ်းလား၊ ကျောက်ခင်းလမ်းလား၊ လမ်းကြမ်းလား၊ လမ်းဆိုးလား၊ လူသွားလမ်းလား၊ လှည်းလမ်းလား၊ ဆိုင်ကယ် လမ်းလား၊ ကားလမ်းလား၊ ရာသီပေါ်လမ်းလား၊ အမြဲတမ်း လမ်းလား စသည်ဖြင့်လည်း အရေးပါမှုတွေက မတူကွဲပြားမှု တွေ ရှိနေကြဦးမှာပါ။ သေချာတာကတော့ ခရီးတစ်ခုကို ပိုမို ချောမွေ့စေချင်တယ်၊ ပိုမို နီးစပ်စေချင်တယ်၊ ပိုမိုမြန်ဆန် သွက်လက်စေချင်တယ် ဆိုရင်တော့ ဘယ်လိုလမ်းမျိုးဟာ အရင်ကတည်းက ရှိနေပြီးသားလဲ ဘယ်လိုပြုပြင် ပြောင်းလဲ ပြင်ဆင်ကြရင် ရနိုင်မလဲ၊ အသုံးတည့်နိုင် မလဲ၊ မြန်ဆန်လွယ်ကူ ချောမွေ့နိုင်မလဲ သို့မဟုတ် ထိုသို့ သော လမ်းမျိုးကို ဘယ်လို၊ ဘယ်အခါ၊ ဘယ်မှာ အသစ်ဖောက်လုပ် လျှောက်လှမ်းကြမလဲ ဆိုတာက အလွန်အရေးပါတာ ဖြစ်ပါတယ်။ ၎င်းတို့သည် ထင် မြင်ထားသည်ထက် အရေးပါကြောင်း လက်ရှိလည်ပတ် အသက် ဝင် ရှင်သန် လှုပ်ရှားနေသော ဥပဒေပြုလွှတ်တော်ကြီးများက အဘက်ဘက် ရေးဆွဲပြဋ္ဌာန်း အတည်ပြုလိုက်သော သို့မဟုတ် ပြင်ဆင်ဖြည့်စွက် ပယ်ဖျက်လိုက်သော ဥပဒေများက လက် တွေ့ပြထားကြပြီးဖြစ်သဖြင့် ဇွတ်အတင်း ရှင်းလင်းပြနေစရာ လိုမည် မဟုတ်ပေ။ ယခင်က ဖြစ်ချင်ရာဖြစ် မောင်ဘချစ်တို့ ပြုလုပ်ခဲ့ကြသမျှကို ပြန်လည်ဖော်ထုတ် စုံစမ်းရှာဖွေ လေ့လာ မှတ်တမ်းတင် အရေးယူခွင့်မရှိတာ၊ ဟိုဥပဒေကြီးတစ်ခုကြောင့် အိမ်ထောင်သည်တွေအကုန် မီးအပူဟပ်နေကြတာ၊ လူမှုကွန် ရက်မှာ ပြောဆိုမိသမျှ ထောင်၊ တရာရုံး နဲ့ ရဲစခန်းတံခါးဝမှာ နီး နီးသွားတာ၊ ကမ္ဘာ့ပထမဆုံး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ထူးပေါ်ပေါက်လာခဲ့ပြီး လူထုမီးအိမ်ပြတိုက်ကြီး ဟီးနေအောင် တည်ဆောက်ခွင့် ရလိုက်တာ၊ အခုခေတ်စားနေတဲ့ နိုင်ငံတွင်းရှိ လူအကုန်ကို အာမခံမပေးဘဲ ထောင်ထဲ ဆွဲထည့်နိုင်တဲ့ နိုင် လွတ်လုံ ဥပဒေကြီးလို ကောင်းကင်ကို ချိန်ပစ်ပေမယ့် မြေပြင် ကိုပဲ လှံသွားတွေ လာလာစိုက်တာတွေဟာ သက်သေပါပဲ။
.
လွှတ်တော်၏ တာဝန်ဝတ္တရားသည် အဓိကအားဖြင့် ဥပဒေ များ ရေးဆွဲပြဋ္ဌာန်း အတည်ပြုရန် ဖြစ်ပါသော်လည်း ဥပဒေများ၏ အားနည်းချက် အားသာချက်များကို စောင့်ကြည့် လေ့လာကာ အသစ်ပြဋ္ဌာန်းထားသည့် ဥပဒေဖြစ်စေ ယခင့်ယ ခင်က ရှိပြီးသား ဥပဒေများဖြစ်စေ ခေတ်နှင့် မလျော်ညီလျှင် ခေတ်ကို နောက်ပြန်ဆွဲနေလျှင်၊ အနာဂတ်ကို ပို့ဆောင်ပေးနိုင် သော စွမ်းအားပါဝါ မရှိလျှင်၊ လူတစ်ဦးတစ်ယောက် တစ်စု တစ်ဖွဲ့တို့၏ အသုံးချခံ ဖြစ်နေလျှင်၊ လူတစ်ဦးတစ်ယောက် တစ်စုတစ်ဖွဲ့တို့ကို ရည်ရွယ်ထိခိုက် နစ်နာ ကာကွယ်မှုများ ပြု နေသည်ဟု သံသယ ရှိလျှင် ပြင်ဆင်ပေးရမည်၊ ဖြည့်စွက်ပေး ရမည်၊ အစားထိုးပြဋ္ဌာန်းပေးရမည်၊ အသစ်လဲလှယ်ပေးရမည် မှာ မြေကြီးလက်ခတ် မလွဲသော အမှန်တရားပင် ဖြစ်သည်။ ယင်းတို့ကို မပြင်လျှင် ဘာဖြစ်မည်လဲ၊။ မပြင်လျှင် ပြည်သူလူ ထုက ချဉ်မည်သာ ဖြစ်သည်။ ထို့ကြောင့် ပြည်သူလူထု အခွန် ထမ်း၊ အမိန့်၊ လုပ်ပိုင်ခွင့်၊ စီရင်ပိုင်ခွင့်အာဏာ မူရင်းပိုင်ရှင်များ က အလွယ်တူ မချဉ်အောင် တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ကြသင့်ပေသည်။ ထို့အပြင် ပြည်သူလူထုနှင့် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မိမိတို့ မဲဆန္ဒနယ်မြေများကို ကွင်းဆင်းခိုင်းနေခြင်းသည် အလကားလေပေါ၍ ပြောနေခြင်း မဟုတ်ပေ။ ယင်းသို့ မဲဆန္ဒနယ်မြေများစွာသို့ ကိုယ်စားလှယ် များက ကွင်းဆင်းစစ်ဆေးထိတွေ့ ဆက်ဆံကြသောအခါ ရရှိ တွေ့ကြုံလာမည့် ပြည်သူလူထု၊ အစိုးရဝန်ထမ်း၊နိုင်ငံ့ဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းနှင့် ကိုယ်စားလှယ်များ၏ ပတ်သက်ဆက်နွယ် မှုများ၊ သံသယများ၊ သံယောဇဉ်များ၊ ယုံကြည်မှုများ၊ အခက် အခဲများ၊ လိုအပ်ချက်များ၊ ကောလာဟလ၊ သတင်းမှား၊ တင်းမှန်၊ သတင်းဆိုး၊ သတင်းကောင်း၊ သတင်းရင်းမြစ်များ ယင်းက ရှိခဲ့ပြီးသော၊ ယခုလက်ရှိ ပြင်ဆင်ပေးလိုက်သော၊ ခုမှ အတည်ပြုပြဋ္ဌာန်းပေးလိုက်သော ဥပဒေများနှင့် အဆင် ပြေကြပါရဲ့လား ဒုက္ခသုခ ပိုများလာကြသလား၊ လုပ်ငန်းခွင် ဂွင် တည့်ပြီ လက်တစ်လုံးခြား အသုံးပြုပြီး လုပ်စားနေကြသလား ဆိုတာတွေအထိ လေ့လာ၊ မှတ်တမ်းပြု၊ သိရှိနိုင်စေရန်အထိ မပြောလည်း သိနေကြရမှာပဲ ဖြစ်ပါတယ်။
.

.
ပြောမှသိ၊ ထိမှနာ၊ သာမှနေ၊ သေမှခင် ဤလေးအင် လူ တွင် မကျင့်ရလို့ စာပေက ဆိုပါတယ်။ ယင်းသို့ပင် ပြည်သူလူ ထုနှင့် ပတ်သက်လျှင် မပြောဘဲ ကြိုသိအောင်၊ မထိခင်က နာတတ်အောင်၊ အသာမရခင်ကပင် အတူယှဉ်တွဲ နေနိုင် အောင်၊ ပြည်သူလူထု မသေခင် ချစ်ခင်နိုင်အောင် လေ့ကျင့်ပျိုး ထောင် ကြိုးစား အားထုတ်နေရမှာ ဖြစ်သည်။ ယင်းခက်မသုံး ဖြာလုံးတွင် အကျုံးဝင်သည့် ပြည်သူလူထုတို့ကိုယ်စား အလုပ် ကြိုးစား လိုလှသည့် ကိုယ်စားလှယ်ကြီးများအားလုံး၏ တာ ဝန် ဝတ္တရားများပင် ဖြစ်ပါကြောင်း ခေါင်းလောင်းထိုးကာ မီး မောင်းထိုးကာ သံပုံးတီးကာဖြင့် ပြောပြနေစရာလိုမည် မထင် ပါပေ။
.

နိုင်ငံတစ်နိုင်ငံလုံးအတွင်းရှိ ကလေး၊ လူကြီး၊ ကျား၊မ မရွေး၊ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် သက်ရှိ သက် မဲ့ဒြပ်ရှိ ဒြပ်မဲ့တို့သည် ဥပဒေအောက်တွင်ရှိပြီး ယင်းဥပဒေ များကို လွှတ်တော်များက ပြဋ္ဌာန်းရေးဆွဲပြင်ဆင် အတည်ပြု သည်ဖြစ်ရာ ယင်းသို့ အတည်ပြု ပြဋ္ဌာန်းလိုက်သော ဥပဒေများ အတွင်းတွင် ပုရွတ်ဆိတ်မှသည် ဆင်အထိ၊ ဂဏန်း၊ ပုဇွန်မှ သည် ဝေလငါးအထိ၊ စက်ဘီးမှသည် နောက်ဆုံးပေါ်ပြိုင်ကား ဆီအထိ၊ ရထားမှသည် လေယာဉ်ဆီ အထိ၊ တဲစုတ်မှသည် တိုက်အိမ်ဆီ အထိ၊ ဖိနပ်စုတ်မှသည် ခေါင်းလိမ်းဆီအထိ၊ ကန် စွန်းရွက်မှသည်    ဆီအထိ၊ ကြက်သားမှသည် မိချောင်းကောင်း လုံးကင်အထိ၊ ပလက်ဖောင်းမှသည် ပန်းခြံဆီ အထိ၊ ရဲကင်း မှသည် မြို့တော်ခန်းမဆီအထိ ဥပဒေများ၏ အာဏာစက် အောက် ကျရောက်ရပြီးဖြစ်လေရာ ပြည်သူလူထုတို့၏ နေ့စဉ် ဘဝမှ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ မိတ်ကပ်၊ ဖိနပ်၊ ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီ၊ လက်သည်းနီ၊ အဲကွန်း၊ ပန်ကာ၊ အုတ်၊ သဲ၊ ကျောက်၊ ဝါး၊ ဓနိအထိ ကျွန်ုပ်တို့၏ ကိုယ်စားလှယ်ဖြစ် တော်မူသော လွှတ်တော်အမတ်မင်းကြီးများ သိနားလည်ထား ရမည်မှာ မလွဲဧကန်သာတည်း။
.
အဲဒီလောက်တော့ နှ့ံနှံ့စပ်စပ်တွေ ကလေကဝသိစရာ မလို ပါဘူးလေဟု အထင်ရောက်စရာ ရှိ၏။ အမှန် တကယ်နိုင်ငံရေး အရှိတရားသည်မှာကား ယင်းကိစ္စများကို ထိန်းချုပ်၊ ကန့် သတ်၊ စီမံခန့်ခွဲရန်တို့ကသာ နိုင်ငံရေး အရသာပင်တည်း။ နိုင် ငံရေးသည် လိုင်းကားခ ၂၀၀ ကျပ်မှ ဗိုလ်ရူသဘင်အထိဖြစ် ကြောင်း အားလုံးအသိပင်ဖြစ်သည် မဟုတ်ပါလား။ ယင်းကဲ့သို့ ထွေလီကာလီများကို သေးနုပ်သိမ်ငယ်သည် စိတ်ဝင်စားစရာ မလို ငါကားနိုင်ငံ ခေါင်းဆောင်ဟု အထင်ရှိတဲ့မူကား ကိုယ်စား လှယ်တော်ကြီးများအဖြစ်မှ အနားယူကြရန်သာ ရှိပေသည်။ ထိုသို့သော ကွိစိကွစများကို ဂျာနယ်စာစောင် ဝယ်ဖတ်ကာ လေ့လာလိုက်ရုံမှဖြင့် တစ်ပတ်စာ လောက်မျှသော နိုင်ငံတွင်း ပြည်သူလူထုတွင်း အသုံးပြု လည်ပတ်နေသော ပစ္စည်းများနှင့် ကုန်စျေးနှုန်းများ အကြောင်းကို ဂျောင်းဂျောင်းပြေးအောင် သိ နိုင်မြင်နိုင်ကြားနိုင် ပြင်ဆင်နိုင် လေ့လာနိုင်ထိန်းကွပ်ကန့်သတ် နိုင်သောကြောင့်ပင် ဖြစ်လေသည်။
ထွေလီကာလီများကို သေးနုပ်သိမ်ငယ်သည် စိတ်ဝင်စားစရာ မလို ငါကားနိုင်ငံ ခေါင်းဆောင်ဟု အထင်ရှိတဲ့မူကား ကိုယ်စား လှယ်တော်ကြီးများအဖြစ်မှ အနားယူကြရန်သာ ရှိပေသည်။ ထိုသို့သော ကွိစိကွစများကို ဂျာနယ်စာစောင် ဝယ်ဖတ်ကာ လေ့လာလိုက်ရုံမှဖြင့် တစ်ပတ်စာ လောက်မျှသော နိုင်ငံတွင်း ပြည်သူလူထုတွင်း အသုံးပြု လည်ပတ်နေသော ပစ္စည်းများနှင့် ကုန်စျေးနှုန်းများ အကြောင်းကို ဂျောင်းဂျောင်းပြေးအောင် သိ နိုင်မြင်နိုင်ကြားနိုင် ပြင်ဆင်နိုင် လေ့လာနိုင်ထိန်းကွပ်ကန့်သတ် နိုင်သောကြောင့်ပင် ဖြစ်လေသည်။
.
ပြည်သူ့ကိုယ်စားလှယ်များသည် ပြည်သူများကြားတွင် ဘာတွေ ဖြစ်နေကြသည်၊ ဘာတွေဖြစ်ချင်နေကြသည် ဆိုတာ ကို သိမှသာ ထိုသို့နိုင်ငံအတွင်းရှိ တိုလီမုတ်စတို့၏ စျေးနှုန်း၊ သတင်းရင်းမြစ်၊ စျေးကွက်၊ လုပ်ငန်းခွင်၊ မူဝါဒ၊ စျေးကစားမှုရှိ မရှိ၊ ငွေကြေးခဝါချမှု၊ လက်ဝါးကြီးအုပ်မှု၊ ယင်းတို့၏ ဥပဒေ၊ ယင်းဥပဒေများ၏ လည်ပတ်စီးဝင်နေပုံ၊ လုပ်ထုံးလုပ်နည်း၊ နည်းဥပဒေ၊ ဥပဒေများ အသက်ဝင်ရောက်မှု ရှိ မရှိ၊ တရား ဥပဒေစိုးမိုးမှု ရှိမရှိ တို့က အဆင့်ဆင့်၊ အဆက်ဆက်၊ မြင့်သ ထက် မြင့်တက်ကာ ပြည်သူလူထုတို့၏ လူနေမှုဘဝနှင့် ဝိသ မလောဘများတို့၏ အကြောင်းရင်းတို့ကို သိရှိနားလည်ကာ ဥပဒေပြုနိုင်မှာ ဖြစ်ပါကြောင်း အသိပေးတင်ပြ အပ်ပါသည် ခင်ဗျား။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)