.
စစ်နည်းဗျူဟာ
ဘယ်လိုသာလည်း၊ ဆွဲကိုင်လက်နက် ဘယ်လိုထက်လဲ၊ ပြည်သူ့နှလုံး မသိမ်းကြုံးက ပြည်သူ့အင် အား မကိုးစားက ဓါးသွားလည်း
ကြွေ လှံလည်း ခွေအံ့။
လက်ဝဲသုဒ္ဒရ
၏ နန္ဒီသေနပျို့
.
ဥပါယ်တံမျဉ်ကို
ပညာရှိများက သုံးသည်၊ ပရိယာယ်ဟု မင်းတွေက
သုံးသည်။ သေနင်္ဂဗျူဟာဟု စစ်ဖက်ကသုံးပြီး အလင်္ကာဟု စာဆိုများကသုံးကာ မုသားဟု
လူအများက ဆိုကြ ပြီး လိမ်တာ
၊ လှည့်ဖျားတာ၊ ကလိမ်စေ့ငြမ်းဆင်တာ
စသည် ဖြင့် သာမန်စကားအရ သုံးစွဲကြသည်ဟု
ဆိုကြသည်။
.
အားလုံးသည်
လိမ်ခြင်းသာဖြစ်၍ အာဏာရှိသူ/မရှိသူ၊ စာတတ်သူ/မတတ်သူ၊ လုပ်ပိုင်ခွင့် ရှိသူ/မရှိသူ၊ ဥစ္စာဓန ပြည့်
စုံသူ/မပြည့်စုံသူ စသည်များ အပေါ်တွင်သာ အသုံးအနှုန်း
ကွာသွားခြင်းသာ ဖြစ်ပြီး အဆင့်အတန်းနှင့် စကားစုလေးက
ပါးပါးလေးဖြင့် လူလည်ကျသည့် အခြေအနေကို ဖော်ပြခြင်း ဟု ဆိုသည်။
.
ကမ္ဘာပေါ်ရှိ
နိုင်ငံချင်း၊ တိုင်းပြည်ချင်း စသည့် နှလုံးရည် ပြိုင်ပွဲများတွင်
ပိပိရိရိလိမ်နိုင်သူက အနိုင်ရသည့် သာဓကများ များစွာ ရှိခဲ့ပါသည်။
.
ဥပမာပြ ဆိုရမည်ဆိုလျှင် ဒုတိယကမ္ဘာစစ်က စစ်အောင် နိုင်ရေးအတွက် ဂျာမဏီနိုင်ငံကို
ပြင်သစ်နိုင်ငံ ကမ်းခြေများက တဆင့် ချီတက်တိုက်ခိုက်နိုင်ရေး လိမ်လည်ရသည့် ဗျူဟာမျိုးစုံ
ကျင့်သုံးရသည့် ဖြစ်စဉ်များမှာ သာဓကများပင် ဖြစ်သည်။
.
ဗျူဟာဆို၍
မိမိဉာဏ်ရည်လေးဖြင့် လေ့လာမိသမျှ ဆိုရ သော် အဂ္ဂမဟာဗျူဟာ၊
မဟာဗျူဟာ ၊ နည်းဗျူဟာဟု
ခွဲပြရာ တွင် ဒုတိယကမ္ဘာစစ်၏ အဂ္ဂမဟာဗျူဟာမှာ
မဟာမိတ်များအ တွက် စစ်အောင်နိုင်မှုအပြင် အရင်းရှင်စနစ်
ဆက်လက်တည် မြဲရေးပင်ဖြစ်ပြီး ရုရှားဘက်ကမူ စစ်တွန်းလှန်နိုင်မှု အပြင် လက်ဝဲ အယူအဆဖြင့်
ကမ္ဘာကို လွှမ်းမိုးနိုင်ရန် ဖြစ်သည်။
.
မဟာဗျူဟာအနေဖြင့်မူ
ဂျာမဏီကို သိမ်းပိုက်နိုင်ရန် ဖြစ် ပြီး ယင်း ဂျာမဏီကို သိမ်းပိုက်နိုင်ရန်အတွက်
ကျင့်သုံးရသည့် နည်းလမ်းများကို နည်းဗျူဟာများအဖြစ် ချမှတ်ကာ မဟာမိတ် တပ်ပေါင်းစုက ဥယျာဉ်စစ်ဆင်ရေး၊
နော်မန်ဒီကမ်း တက်တိုက် ပွဲ၊ ဒိန်ဘင်ဖူးတိုက်ပွဲ
စသည်ဖြင့် မြေပြင်အနေအထားအပေါ် လိုက်၍ ကျင့်သုံးရသည့် စစ်ဆင်မှုများကို
ရှုမြင်နိုင်သည်။
.
မြန်မာနို်င်ငံ
ဖွဲ့စည်းပုံအခြေခံပြင်ဆင်ရေး
ပြည်ထောင်စု လွှတ်တော်အတွင်း ကျင့်သုံးနေသည့် နည်းလမ်းများနှင့် ရှုမြင်မှု များကို ကြားသိရင်း ဥပါယ်တံမျဉ်၏
သဘောတရားကို ရေးရေး မျှ ထင်မြင်လာခြင်း
ဖြစ်သဖြင့် မိမိအတွေးကို ကျယ်လောင်စွာ တွေးမိခြင်း ဖြစ်ကြောင်းပါ။
.
အထက်တွင်
ပြင်သစ်ပြည်ကမ်းတက်တိုက်ပွဲ မဆင်နွှဲမီ ဟစ်တလာသို့ အယုံသွင်းမှုမျိုးစုံ လိမ်လည်ပြုလုပ်ခဲ့ရသလို တကယ်ဟု ထင်ရန် ပေးဆပ်ရသည့်
နော်မန်ဒီ ကမ်းခြေတိုက် ပွဲ၏ အရန်တိုက်ပွဲလမ်းကြောင်းများတွင် တစ်ဘက်မှပစ်သည့် ကျည် ၁၇ ချက်အထိ
ထိမှန်သေဆုံးခဲ့ရသည့် မဟာမိတ်ရဲ ဘော်များ သောင်းကျော်ရှိခဲ့ရသည်။
တိုက်ပွဲတစ်ပွဲ၏ ရင်းစား (Casualty) ပေးရမှုတွင်
ပေးရသူများကိုယ်တိုင် သိလျက်နှင့် ဖြစ်စေ၊ မသိ၍ ဖြစ်စေ
ဆုံးရှုံးရခြင်းများသည် နည်းဗျူဟာသမား များတွင် ဖြစ်ရသည်ဟု မှတ်ယူသည်။
ဆိုလိုသည်မှာ နည်းဗျူ ဟာ ကွပ်ကဲရေးမှူးများပင်
ပေးဆပ်ရသည်များ ရှိခြင်းပင်။
.
စစ်အေးတိုက်ပွဲ
ကာလအဆုံးသတ်တွင်လည်း အမေရိ ကန်နိုင်ငံက ကြယ်တာရာ
စစ်ပွဲအကြောင်းပြကာ မဟာဗျူဟာ လက်နက်ကြီးများကို တီထွင်ဝါဒဖြန့်ရင်း
တစ်ဖက်နိုင်ငံမှ ဘဏ္ဍာငွေ မလိုက်နိုင်သည့်အပြင် စိုက်ပျိုးရေး
ထွက်ကုန်အ ထိ ထိခိုက်အောင်
လှည့်စားခဲ့ခြင်းက အောင်နိုင်မှု အဆုံးသတ် ဖြစ်ခဲ့သည်မှာ မဝေးလှသေးပေ။
၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလတွင် ပြည်သူတို့၏
တောင်းဆိုမှုဖြင့် ဘာလင်တံတိုင်းဖွင့်ပေးလိုက်
ရသည်။ ၁၉၉၁ ခုနှစ်တွင် ဆိုဗီယက်
ဖျက်သိမ်းလိုက်ရပြီး ရု ရှားပြည်
ပြန်ဖြစ်ကာ ဆိုဗီယက်လက်အောက်ခံ ၁၅ နိုင်ငံ
လွတ် လပ်ရေးရပြီး စစ်အေးခေတ် နိဂုံးချုပ်သွားခဲ့ရသည်မှာ နည်းဗျူ ဟာ၊ မဟာဗျူဟာများ၏
အဂ္ဂမဟာဗျူဟာ သက်ရောက်မှုပင်။
.
မဟာဗျူဟာသမားကမူ
အနာဂတ်တွင် ရရှိလာမည့် ရ လဒ်များကို
မှန်းဆရင်း နည်းဗျူဟာများ၏ အားသာချက်၊ အား နည်းချက်များကို စီစဉ်
ညွှန်ကြားနေခြင်းဖြင့် အနိုင်/အရှုံးကို ဆန်းစစ်လျက်
ရှိသည်ဟု ဆိုချင်သည်။ ဤပြယုဂ်အရ သုံးသပ် ရလျှင်
NLD အနေဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေးကို မနိုင်မှန်း သိ သိနဲ့
မည်သည့်အတွက် ကြိုးပမ်းရသနည်း။ လွှတ်တော်ကိုယ် စားလှယ်များမှာ နည်းဗျူဟာအတွက် မနိုင်သည့် ကြိုးပမ်းမှုကို ကျေနပ်နေမည်ဟု ယူဆပါသည်။ အဘယ့်ကြောင့် ဆိုသော်
တစ်ဖက်အတိုက်အခံဘက်မှ ပြောကြားချက်က ၄င်းတို့ ကြိုး ပမ်းမှု၏
ရလဒ် ဖြစ်နေခြင်းကြောင့်ပင်။
.
ခြေ/ဥ ပြင်ဆင်ရေးကြောင့်
ပုဒ်မ တစ်ခုမှ ပြင်ဆင်နိုင်ခြင်း မရှိသည့်
ကိစ္စနှင့် ပတ်သက်၍ နိုင်ငံတကာအမြင်တွင် တပ်မ
တော် ပုံရိပ်ကျဆင်းမည်ကို စိုးရိမ်ကြောင်း ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက
`ဖွဲ့ စည်းပုံ အခြေခံဥပဒေကို လက်ရှိအာဏာရပါတီက
ပြင်ဖို့ ကြိုး စားတယ်၊ တပ်မတော်က
ပူးပေါင်းပါဝင်မှု မရှိတဲ့အတွက် မ အောင်မြင်ဘူးဆိုတဲ့
Image ကတော့ အထိုက်အလျောက် တော့ တက်လာမှာပေါ့လေ။ ပြည်တွင်းတင်မဟုတ်ဘဲနဲ့
ပြည် ပပါ ရောက်သွားမှာကိုတော့ အန်ကယ်က
စိတ်ပူတယ်`ဟု ပြောခဲ့သည်က
NLD များ လိုချင်သည့် ဗျူဟာရလဒ်တစ်ခု မ ဟုတ်ပင်လောဟု
တွေးချင့်မိခြင်းပင်။
.
.
ဦးသောင်းအေးသည်
ယခင်က စစ်ဗိုလ်ချုပ်တစ်ယောက် ဖြစ်ခဲ့သည့်အတွက် တစ်ဖက်၏ ဗျူဟာကို ရိပ်စားမိသည်ဟု
ယူဆနိုင်ပြီး ၄င်းက ဆက်လက်ပြောကြားသည့်` တစ်ယောက်
နဲ့တစ်ယောက် အမြင်မတူတာလေးတွေကို ညှိနှိုင်းသွားတော့ မှပဲ လုပ်ဖို့ လိုပါတယ်။
ဒီအတိုင်းသွားလို့ကတော့ ဒီတိုင်း
ပဲ ဖြစ်နေမှာပဲ၊ ဒီအတိုင်းပြီးသွားရင်
ပြဿနာ မဟုတ်ဘူး၊ ဒီ Image ကို
ကြည့်ပြီးတော့မှ မြန်မာနိုင်ငံမှာ
တပ်မတော်က လွှမ်းမိုးထားတဲ့အတွက် ဖွဲ့စည်းပုံ အခြေခံတောင် မပြင်နိုင်ပါ ဘူးဆိုတာကို နိုင်ငံတကာကို Message ပေးချင်သလား' ဆို သည်က ၄င်းရိပ်စားမိသည်ကို ညွှန်းခြင်းပင်။
.
၄င်းကပင်
အခြေခံဥပဒေ ပြင်ဆင်ခြင်း ကြိုးစားဆောင်ရွက် ရာတွင် အခြေခံဥပဒေကြောင့် သက်ရောက်မှုများ
ရှိပါက အား လုံးညှိနှိုင်းတိုင်ပင်၍ ဆောင်ရွက်သင့်ကြောင်း ဆိုခဲ့သည်။
.
ခြေဥပြင်ဆင်ရေး
ပထမဆုံးရက် မဲရလဒ်များကို ကြည့်ရာ ၄၀(ဂ)
ကို ၃၄၃ သာ
ရလဒ်ထွက်သည်ကို အနီတွေထဲ အမဲ ရောသလောဟု
မေးခွန်းထုတ်ရာတွင် ထောင်တွင်းနို်င်ငံရေး အကျဉ်းသားချင်း ယုံကြည်မှုအရ လွှတ်တော်အမတ် ဖြစ်နေ သူက အလျှော့ပေးလိုက်တာပါ
ဆိုသည့်စကားကို ယုတ္တိမရှိဟု ထင်ခဲ့သော်လည်း ဦးသောင်းအေးပြောပြီးသည်တွင်မူ သြော် ဥပါယ်တံမျဉ် သေနင်္ဂဗျူဟာပါလားဟု
ရေးရေးမြင်မိကြောင်းပါ။ မိမိဉာဏ်မမီခြင်းပါတကား။ မိမိကဲ့သို့ပင် အများဖြစ်ပေမည်။ ဦးဝင်းတင်က ပြောခဲ့သည့် မခန့်မှန်းနဲ့ ရူးသွားမယ်ဟု ဆိုစ ကားကို ကြားယောင်မိသည်။
.
မြန်မာ့ဖွဲ့စည်းပုံပြင်ဆင်ရေး
ပြည်ထောင်စုလွှတ်တော် အ တွင်းအခြေအနေကို
ကမ္ဘာ့နို်င်ငံအချို့၏ မီဒီယာများက ထုတ် လွှင့် ဖော်ပြလာနေသည်က
အများစုနှင့် အနည်းစု ချုပ်ကိုင်မှု များကို
ပြတ်သားစွာ ဖော်ပြနေသည်ဟု ဆိုကြသည်။ အစိုးရ ကိုယ်တိုင်ပင်
အတိုက်အခံဘဝ ရောက်နေရသည့် အခြေအ နေဟု ဆိုသည်။
အဓိက ချုပ်ကိုင်ထားမှုမှာ တပ်မတော်တွင် ရှိနေပြီး ပြင်ဆင်ခွင့် လုံးဝခက်ခဲသည့်
အနေအထား ဖြစ်သည့် rigid constitution ဟု သတ်မှတ်ကာ
နိုင်ငံတွင်း ဖြစ်ပျက်နေ မှု အခြေအနေများတွင် တပ်မတော်၏
အခန်းကဏ္ဍမှာ အစိုးရ နှင့် ကွဲပြားစွာ
ရှိနေသည်ကို ပြတ်ပြတ်ထင်ထင် မြင်တွေ့ကြ သည်ဟု ဆိုကြသည်။
.
ဤသည်မှာ အထက်က ဦးသောင်းအေး ပြောခဲ့သည့်
စိတ် ပူပင်မှုအကြောင်း တရားပင်။ ရခိုင်အရေးကိစ္စကို ICJ၊
ICC စသည်များက စွပ်စွဲနေကြစဉ် တပ်မတော်၏ ရပ်တည်မှုကို လွှတ်တော်အတွင်း
ခြေဥပြင်ဆင်မှု မဲရလဒ်များက ဖော်ပြလိုက် သည်ဟု
ဆိုသည်ကပင် ဦးသောင်းအေး စိတ်ပူပန်မှု၏ NLD နည်းဗျူဟာ၏ လွှတ်တော်အတွင်း ပြယုဂ်ဟု ဆိုနိုင်သည်။
.
အာဏာရှင်
အုပ်ချုပ်နေသည်များမှအပ မည်သည့် ဖွဲ့ စည်းပုံအခြေခံဥပဒေမဆို
အစိုးရနှင့် ပြည်သူများကြားက အာမခံစာချုပ် တစ်ရပ်အဖြစ် တည်ရှိနေကြသည် ဖြစ်သော် လည်း မြန်မာနိုင်ငံ၏
၂၀၀၈ ခြေဥကမူ လက်ရှိအစိုးရနှင့် ပြည်
သူက တစ်ဖက်၊ တပ်မတော်နှင့်
အတိုက်အခံများက တစ်ဖက် အုပ်စု(၂)ခု ကြားက
တစ်ဖက်သတ် စာချုပ်အဖြစ် ရှိနေကြောင်း ကို ပြည်ထောင်စုလွှတ်တော်တွင် ခြေဥပြင်ဆင်ရေး မဲခွဲဆုံးဖြတ်
မှုများက သာဓကပြဆိုပြီ ဖြစ်သည်။
.
ကန့်သတ်ချက်ကို
အသေစွဲကိုင်ထားသည် ဖြစ်၍ မဲများ သည့်ဘက်က
ရှုံးနိမ့်မှုဆိုသည် ဤမြန်မာနိုင်ငံတွင်သာ ရှိသည် ဆိုသည်ကပင် အလွန်ထူးခြားသည့်
နိုင်ငံရေး အခင်းအကျင်း ဖြစ်တော့သည်။ အစိုးရက ပြည်သူအပေါ်အနိုင်အထက် မပြု
ရန်၊ ပြည်သူကလည်း အစိုးရကို လွယ်လင့်တကူ မဖြုတ်ချ
နိုင်ရန်ဖြင့် တစ်ဖက်နှင့်တစ်ဖက် မျှတသည့် စည်းမျဉ်းစည်း ကမ်းများဖြင့်
ချုပ်ဆိုသည့်သဘောကို အခြေပြုကာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို
ချုပ်ဆိုကြခြင်းဖြစ်သည်ဟု လေ့လာမိသော် လည်း မြန်မာနိုင်ငံ အနေဖြင့်မူ
အဆိုပါသဘော မဟုတ်ချေ၊ တစ်စုတစ်ဖွဲ့က ၄င်းတို့ရပ်တည်မှုကို
လှေနံဓားထစ်ဖြစ်စေရန် ချုပ်ဆိုခဲ့သည့် တစ်ဖက်သတ် စာချုပ်ဖြစ်နေခြင်းက ယခုနိုင်ငံ
ရေး အကြပ်အတည်းကို ဖြစ်ပေါ်နေစေသည်ဟု
သုံးသပ်ပါ သည်။
.
ထုံးတမ်းစဉ်လာ
ဖွဲ့စည်းပုံ အခြေခံဥပဒေကို စာဖြင့်ရေး သည်။ တိုတိုတောင်းတောင်း ရေးသည်။
ယေဘုယျ ဖော်ပြ သည်။ နောက်
အကာအကွယ်ပေးသည်။ ရှေးအကျဆုံး(၁၈၆၁ မှ ၁၈၆၅
ကာလမှလွဲ၍) ကမ္ဘာပေါ်တွင် အအောင်မြင်ဆုံးဖွဲ့စည်း ပုံ အခြေခံဥပဒေသည် အမေရိကန်ပြည်ထောင်စု
ဖွဲ့စည်းပုံပင် ဖြစ်သည်။ ယင်းဖွဲ့စည်းပုံတွင် စကားလုံး
၈၀၀၀ ဝန်းကျင်သာ ရှိသည်။ အမေရိကန်နိုင်ငံ၏ သက်တမ်း
၂၂၉ နှစ်အတွင်း ပြင်
ဆင်မှုပေါင်း ၂၇ ကြိမ်တိတိ
ပြင်ပြီးခဲ့ကြောင်း၊ အိန္ဒိယနို်င်ငံ၏ လွတ်လပ်ရေးသက်တမ်း ၇၅ နှစ်အတွင်း
၁ဝ၂ ကြိမ်ပြင်ပြီးသွား ပြီဖြစ်ကြောင်း၊
တိုင်းပြည်ပိုကောင်းချင်ရင် ဖွဲ့စည်းပုံ အခြေခံဥ ပဒေ ပြင်ရမည်ကို
မကြောက်ရန် စာရေးဆရာ သရဝဏ် ပြည်
က ၂၀၁၉ ခုနှစ်၊
ဇူလိုင်လ ၁၁ ရက်က
ဟောပြောရာတွင် ပါရှိခဲ့ သည်။
.
၄င်းကပင်
မြန်မာနိုင်ငံ၏ ထူးကဲလှသောဖွဲ့စည်းပုံ ပြင်ဆင် ရေးမူအရ လွှတ်တော်အတွင်းရှိ
လူအားလုံး၏ ဆန္ဒမဲများကို ၂၅ ရာခိုင်နှုန်းသော
မဲက အဆုံးအဖြတ် ပေးနေခြင်း
ဖြစ်သဖြင့် တစ်နည်းပြောရလျှင် ကမ္ဘာပေါ်တွင် လွှတ်တော်တွင်း ဆန္ဒမဲ ၃ ပုံ
၂ ပုံရလျှင်(၆၇
ရာခိုင်နှုန်း ရလျှင်) ပြင်ဆင်နိုင်သော်လည်း မြန်မာနိုင်ငံကတော့
ထူးဆန်းစွာပင် တစ်သင်းတစ်ဖွဲ့ကို ဗီတို အာဏာ အပ်နှင်းထားသည့်သဖွယ်
ရှိနေချေသည်။ လူများစု ၏ဆန္ဒမဲကို လူနည်းစုက
ပယ်ချနိုင်ခွင့်အာဏာကို ဗီတိုအာ ဏာဟုခေါ်သည်ဟု ဆိုသည်။
.
ယနေ့ခေတ်
မြန်မာနိုင်ငံ၏ ပြည်ထောင်စုလွှတ်တော်တွင် တစ်ချက်လွှတ် Veto က လွှမ်းမိုးသွားသည်။
ထိုသို့မဲခွဲဆုံး ဖြတ်ရာတွင် ၇၅ ရာခိုင်နှုန်း
မကျော်သောကြောင့် ပြင်ဆင်ချက် အဆိုများ ပယ်ချခံရပြီးနောက် လွှတ်တော်အပြင်ဘက်၌အိုးစည်
ဒိုးပတ်ဖြင့် အောင်ပွဲခံနေသော တပ်မတော် ယူနီဖောင်းဝတ် ထားသူ
တစ်စုကို သတင်းများတွင် တွေ့မြင်ကြရရာ ထိုပုံများ သည် နိုင်ငံ၏ အကြီးမားဆုံး
institution ကြီး၏ လွန်ကဲသော စိတ်ခံစားမှုကို မြင်တွေ့ရခြင်းပင်။
.
ဤမျှပင် မဖြစ်သင့် ဦးသောင်းအေးမှ စိတ်ပူသည်ဟု
ပြော ပြီးနောက်ရက်ကစကာ အိုးစည်ဒိုးပတ်များဖြင့် အောင်ပွဲခံ မပြ တော့၊ စကတည်းက
နိုင်ငံရေးပါး ဝမည်ဆိုပါက တည်ငြိမ်စွာဖြင့် ဖြတ်သန်းနိုင်ရေး ကြိုးပမ်းသင့်လှပေသည်။ ယခုမူ ၄င်းတို့ အောင်ပွဲခံနိုင်ပြနေသည်မှာ
၄င်းတို့ကာကွယ်ရမည့် ပြည်သူ များ ဖြစ်နေကြောင်းကို
သတိလွတ်သွားခြင်း ဖြစ်ပေသည်။ ပ ညာရှိ
သတိဖြစ်ခဲ ဆိုလျှင် အဆင့်မြင့်ပညာရှိကြီးများ သတိ မ
လွတ်သင့်ကြောင်း ထောက်ပြလိုပါသည်။
.
ဤနေရာတွင်
ခွာစစ်ဆင်ခဲ့သူများ၏ ခြေဥ အတားအဆီး မှာ
ရေပက်မဝင်အောင် ရှိနေသည်ဟု ထင်ကြမည်ဖြစ်သော် လည်း အနိစ္စအမြဲမတည်တံ့ခြင်းကိုတော့ ကြိုတင်သိနားလည် ထားရန်လိုပေမည်။ ခံစစ်ဆိုသည် မည်သည့်အချိန်တွင် ကျ မည်
မသိရသော်လည်း တစ်ချိန်ချိန်တွင်တော့ ကျမည်မှာ ဓမ္မ တာဖြစ်ကြောင်း
စစ်ပါရဂူများက ဆိုထားပါသည်။ ကိုယ့်သ မိုင်းလှအောင် ကိုယ်ရေးတတ်ရန်မှာ
ကိုယ့်တာဝန်သာ ဖြစ်ပေ ကြောင်းပါ။
.
အထက်တွင်
ဆိုခဲ့ပါသည်။ နည်းဗျူဟာသမားများမှာ စစ် တုရင်၏နယ်ရုပ်မျှသာ သဘောကို
ရင်းစားပေးရသည့် ဥပမာ ဖြင့် ပြဆိုခဲ့ပါသည်။
.
NLD ၏ မြန်မာ့နိုင်ငံရေး အဂ္ဂမဟာဗျူဟာအရ ပြည်တွင်း တွင်သာမက ပြည်ပ၏
အထောက်အခံကို ရယူရန် ပေးဆပ်မှု များ
ပြုလုပ်ခဲ့ပြီး ၊ မဟာဗျူဟာအရ
နည်းဗျူဟာများကို ချမှတ် ရာတွင် ၂၁
ရာစုပင်လုံ၊ NCA ၊ လွှတ်တော်နိုင်ငံရေး
စသည်များ အပြင် လွှတ်တော်ပြင်ပ နိုင်ငံရေးဖြစ်သည့်
လူထုနည်းဖြင့် လည်း လုပ်ဆောင်နေသည်ကို လေ့လာမိသည်။
.
၁၉၄၇ ဖွဲ့စည်းပုံကို အာဏာသိမ်းသည့်နည်းဖြင့် တပ်မ တော်မှ ပယ်ဖျက်ခဲ့သည်။
၁၉၇၄ ဖွဲ့စည်းပုံကို ၈၈၈၈ လူထု ဆန္ဒပြမှုကြီးဖြင့်
ဖျက်သိမ်းနိုင်ခဲ့သည်။ ယခု ၂၀၀၈ ကိုမူ
မည် သည့်နည်းဖြင့် ပြုပြင်ပြောင်းလဲ
နိုင်မည်နည်း။ ၄၇ နည်းလည်း
မလိုချင်၊ ၇၄ ပုံစံမျိုးလည်း
မဖြစ်စေချင်ပါ။ အေးချမ်းစွာ အား လုံး ပူးပေါင်း
လုပ်ဆောင်နိုင်ကြရေး ဆန္ဒပြုပါသည်။
၁၉၄၇ ဖွဲ့စည်းပုံကို အာဏာသိမ်းသည့်နည်းဖြင့် တပ်မ တော်မှ ပယ်ဖျက်ခဲ့သည်။ ၁၉၇၄ ဖွဲ့စည်းပုံကို ၈၈၈၈ လူထု ဆန္ဒပြမှုကြီးဖြင့် ဖျက်သိမ်းနိုင်ခဲ့သည်။ ယခု ၂၀၀၈ ကိုမူ မည် သည့်နည်းဖြင့် ပြုပြင်ပြောင်းလဲ နိုင်မည်နည်း။ ၄၇ နည်းလည်း မလိုချင်၊ ၇၄ ပုံစံမျိုးလည်း မဖြစ်စေချင်ပါ။ အေးချမ်းစွာ အား လုံး ပူးပေါင်း လုပ်ဆောင်နိုင်ကြရေး ဆန္ဒပြုပါသည်။
.
၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၂ ရက်က
နေပြည်တော်တွင် ကျင်းပသည့် ၁၈ ကြိမ်မြောက်
ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေး နွေးမှု ပူးတွဲကော်မတီ
UPDJC အစည်းအဝေး အဖွင့်မိန့်ခွန်း တွင် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။
.
"အပေးအယူ
အလျော့အတင်း လုပ်ရဲမှသာ နိုင်ငံရေးစား ပွဲဝိုင်းထဲ ဝင်ဖို့သင့်လျော်မှာ ဖြစ်သလို နိုင်ငံရေး စားပွဲဝိုင်းထဲ
ဝင်ထိုင်ရဲမှတော့ အပေးအယူ၊ အလျော့အတင်း လုပ်နိုင်အောင်
ကြိုးစားဖို့ပဲ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့ရာ
ငြိမ်းချမ်းရေးဖြစ် စဉ်ကို နှောင့်နှေးစေချင်ရင် ပျက်ပြားစေချင်ရင်
ပါဝင်တဲ့အဖွဲ့ က အစုအဖွဲ့တစ်ခုက
ဖန်တီးဖျက်ဆီးနိုင်ပေမယ့် ဒီဖြစ်စဉ် အောင်မြင်ဖို့ဆိုရင် အားလုံးပူးပေါင်းဆောင်ရွက်မှသာ
အောင် မြင်နိုင်မှာ ဖြစ်ပါတယ်လို့ ၄င်းက သတိပေးခဲ့သည်။
.
ဤသည်ကို ကြည့်ခြင်းဖြင့် နိုင်ငံရေးကစားကွက် နည်း ဗျူဟာများကို အဖက်ဖက်မှ
အဆင်ပြေစွာချသုံးစွဲကာ အများ ရည်မှန်းသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး
ပေါ် ပေါက်ရေးကို လုပ်ဆောင်နေကြောင်း မှန်းဆမိပါသည်။
.
စျေးညှိ သဘောတရား Bergain အရ ရောင်းသူဝယ်သူ
အသံတူစေရန် စျေးညှိကြရမည် ဖြစ်သည်။ ညှိနှိုင်းချက်များ လုပ်ရမည်ဖြစ်သည်။
အလျော့အတင်း အပေးအယူများ လုပ်ရ မည်ဖြစ်သည်။ အစိုးရကိုယ်တိုင်
first -past –the –post နိုင်သူ
အကုန်ယူဆိုသော်လည်း ၄င်းကိုယ်တိုင်၏ အနာဂတ်အ တွက် အစိုးရကိုယ်တိုင်
အတိုက်အခံဖြစ်နေဆဲအခြေအနေမှ ရုန်းထွက်နေရသည်မှာ တိုင်းပြည်၏ အနာဂတ်၊ လူထု၏ ကံ
ကြမ္မာကို ပိုမိုတိုးတက်ကောင်းမွန်အောင် လူတစ်စုအစိုးရ မ ဖြစ်စေဘဲ
လူထုအစိုးရ ဖြစ်စေရန် လုပ်ဆောင်နေရခြင်း ဖြစ်
ကြောင်း သိရှိနိုင်ပါသည်။
.
ဤနေရာတွင် လွတ်လပ်သော
ရှေ့နေများအသင်း၏ အ ထွေထွေအတွင်းရေးမှူးဖြစ်သူ
နိုင်ငံရေး အကျဉ်းသားဟောင်း တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦး၏ စကားနှင့် ၄င်းရေး သည့်
၂၀၀၈ ခြေဥလာရာ လားရာ လုပ်ဇာတ်၏
ဗျုပ္ပတ်စာအုပ် အညွှန်းကို ပြဆိုလိုပါသည်။
.
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပေဒပြင်ဆင်ရေး ၄၅ ဦးကော်
မတီပါ အချက်များကို ကြေညာပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် လှုပ်ရှားမှုများမှ ကောက်နုတ်ဖော်ပြရမည်ဆိုလျှင် မန္တလေးတွင် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ
၂၁ ရက်က ပြုလုပ်ခဲ့သည့်
ခြေဥပြင်ဆင် ရေး ထောက်ခံပွဲတွင် လွတ်လပ်သောရှေ့နေများအသင်း၏
အထွေထွေအတွင်းရေးမှူး ဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦး၏
ဟောပြောချက်များတွင် -
.
" ဘာပြုလို့
ဒီအခြေခံဥပဒေကြီး ပေါ်ပေါက်လာတာလဲ ဆိုတော့ ၉၀ ရွေးကောက်ပွဲ
NLD နိုင်လာတာကို အသိအမှတ် မပြုချင်လို့၊ ၁၉၉၀
ရွေးကောက်ပွဲကို ဖျက်သိမ်းချင်လို့၊ စစ် အာဏာရှင်စနစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ
မျက်နှာဖုံးစွပ်ပြီး တော့ ပြည်သူကို ရာသက်ပန်
စစ်ကျွန်ပြုချင်လို့၊ ဘယ်သူတွေ ရေးခဲ့တာလဲ? စစ်ဗိုလ်ချုပ်တွေနဲ့
အိတ်ဆွဲ ဖိနပ်ကိုင်တွေ၊ စား ကြွင်းစားကျန် ရိုးရင်းကိုက်တွေ၊
ထားရာနေ စေရာသွားတွေ၊ ခေါင်းတော်ငြိမ့် စိတ်တော်သိတွေ၊ စေသည့်ကျွန် ထွန်သည့် နွားတွေ၊ သခင်အားရ
ကျွန်ပါးဝတွေ၊ နီးရာဓား ကြောက်ရ သူတွေရေးခဲ့တာ၊
ပြည်သူ မပါဘူး၊ NLD မပါဘူး၊ ၂၀၀၈
ဖွဲ့ စည်းပုံဆိုတာဘာလဲ၊ ၂၀၀၈ ဖွဲ့စည်းပုံဆိုတာ စစ်အာဏာရှင်
တွေနဲ့ မိုက်ဖော်ဆိုးဖက်တွေတည်းဟူသော နုတ္ထိုရ်တွေဟာ ဖွဲ့စည်းပုံအခြေခံ တည်းဟူသော သင်္ကန်းကို ပုခုံးပေါ်မှာလွှမ်း
ပြီးတော့ လက်နက်အားကိုးနဲ့ ပြည်သူတည်းဟူသော ဆဒ္ဒန် ဆင်မင်းကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့
လံကြုတ်လုပ်ဇာတ်ဆိုတာ ကျွန်တော် ဒီနေရာကနေ ကြေညာလိုက်ပါမယ်"
ဟု ပါရှိခဲ့သည်။
.
ပြည်သူတည်းဟူသော
ဆဒ္ဒန်ဆင်မင်းကို လုပ်ကြံခဲ့သည့် ဘနဖူး သိုက်တူးသူများအကြောင်း၊ နာဂစ်မှ သေသူများ
တစ္ဆေများပါ မဲပေးထားပြီး တိုင်းပြည်ရှိ တစ်ကယ့်လူဦးရေ ၅၁ သန်းထက်
ပိုသည့် ကိုယ်ပျောက်လူများ ပါဝင်သည့် ၅၇ သန်း
ကျော်သော လူများက မဲပေးခဲ့သည့် တစ္ဆေဖွဲ့စည်းပုံကြီးကို
ပြတ်ပြတ်သားသား ဝေဖန်ထားပြီး ဗိုလ်ချုပ်အောင်ဆန်းလို ပြည်သူကို ဦးထိပ်ထားပြီး ပြည်သူသရဏံဂစ္ဆာမိဟု
ကတိသစ္စာ တည်စေဖို့ပန်ကြားထားသည့် လုပ်ဇာတ်၏ ဗျုပ္ပတ်(သို့မဟုတ်)
၂၀၀၈ ခြေဥလာရာ လားရာ ခွဲစိတ်ဖြာစာအုပ်ကိုလည်း
၄င်းက ရေးသားကာ မကြာမီက ထုတ်ဝေဖြန့်ချိလျက်
ရှိပေပြီ။
.
လူဆိုတာ အမှန်တရားဘက်က ရပ်ရုံ အမှန်တရားကို ထောက်ပြရုံနဲ့
မပြီးသေးဘူး အမှားကို ဖော်ထုတ်ရမယ်၊ အ
မှားလုပ်တဲ့သူကိုလည်း ဆွဲထုတ်ပြရမယ်ဟု ဆရာကြီးဦးဝင်း တင်၏ စကားဖြင့် နိဂုံးချုပ်ပါရစေ။
လူဆိုတာ အမှန်တရားဘက်က ရပ်ရုံ အမှန်တရားကို ထောက်ပြရုံနဲ့ မပြီးသေးဘူး အမှားကို ဖော်ထုတ်ရမယ်၊ အ မှားလုပ်တဲ့သူကိုလည်း ဆွဲထုတ်ပြရမယ်ဟု ဆရာကြီးဦးဝင်း တင်၏ စကားဖြင့် နိဂုံးချုပ်ပါရစေ။
.
မည်သို့ပင်ဖြစ်စေ
လူတစ်စုအတွက် မဟုတ်သည့် လူထု အတွက်
ဖွဲ့စည်းပုံဖြစ်စေရေး ဆောင်ရွက်နိုင်ရန်မှာ တိုင်းပြည် ၏ အနာဂတ်
မဟာဗျူဟာဖြစ်ပြီး ဒီမိုကရေစီ ဖက်ဒရယ်ပြည် ထောင်စုကြီး ကမ္ဘာ့အလယ်တွင် ငြိမ်းချမ်းသာယာဝပြောစွာ ဖြင့် ရပ်တည်နိုင်ရေးမှာ အဂ္ဂမဟာဗျူဟာဖြစ်ပါကြောင်း
ဉာဏ် မီသမျှ ရေးသားရင်းဖြင့်။
.
စစ်သည် လှည့်ဖြားခြင်းအပေါ် အခြေခံသည်။ ရေရှည်စစ် ဆင်နွှဲသဖြင့် အကျိုးရှိသည့်
နိုင်ငံဟူ၍ မရှိ။
ဆွန်ဇူး(BC-500)