မူဆယ် သစ်သီးဝလံစျေးကွက် အရောင်းအဝယ်ပါးနေသဖြင့် ဖရဲကုန်သည်များ အခက်တွေ့နေ - Kanbawza Tai News

Breaking

Boxed(True/False)

Wednesday, March 11, 2020

မူဆယ် သစ်သီးဝလံစျေးကွက် အရောင်းအဝယ်ပါးနေသဖြင့် ဖရဲကုန်သည်များ အခက်တွေ့နေ


မင်းဇော်မင်း
.
တရုတ်နိုင်ငံ၊ တုံးပေ့ပြည်နယ် မှ ဝယ်လက်များ လာရောက်မှုနည်းပါးသဖြင့် မူဆယ် ၁၀၅ မိုင် သစ်သီးဝလံ စျေးကွက်တွင် အရောင်းအဝယ် ပါးနေပြီး တရုတ်နိုင်ငံဝင်ပေါက်၊ ကျင်စန်းကျော့ လမ်းကြောင်းတွင်လည်း ယာဉ်ကြောကြပ်တည်းမှုကြောင့် သစ်သီးတင်ယာဉ်များ ဝင်ရောက်မှု ကြန့်ကြာနေသဖြင့် ဖရဲကုန်သည်များ အခက်တွေ့နေရသည်ဟု မူဆယ်အခြေစိုက် သစ်သီးဝလံပွဲရုံ များထံမှ သိရသည်။
.
တုံးပေ့ပြည်နယ်တွင် ကိုရီးယား နိုင်ငံမှ လေကြောင်းခရီးဖြင့် ပြန်လာ သူတစ်ဦး၌ COVID-19 ရောဂါပိုး တွေ့ရှိသဖြင့် မတ်လ ရက်က နေ ရာအချို့ကို ပိတ်ပင်ကန့်သတ်လိုက် သည့်အတွက် အဆိုပါ ပြည်နယ်မှ ဝယ်လက်များ အဝယ် လျော့နည်း သွားခြင်းဖြစ်ပြီး ယင်းရက်များက ဝယ်ယူသွားသည့် ဝယ်လက်များမှာလည်း အရောင်းအဝယ် အေးသဖြင့် ဆက်လက်ဝယ်ယူမှု မရှိကြောင်း သစ်သီးဝလံ ကုန်သည်အချို့က သုံးသပ်ပြောဆိုခဲ့သည်။
.
တရုတ်ဘက်က ကျန်းမာရေး အခြေအနေကြောင့် ဝယ်လိုအား ကျဆင်းနေချိန် လမ်းပိုင်းအကြပ်အ တည်းက ထပ်ဖြစ်လာတယ်။ နောက် ပြီး ငွေတန်ဖိုး ကျဆင်း၊ စတော့စျေး ကွက်တွေကျနဲ့ ကမ္ဘာလုံးဆိုင်ရာ စီး ပွားရေးကို ဆက်လွှမ်းမိုးနေတဲ့ ခြေအနေမှာ တောင်သူတွေအဖြစ် က မြွေကိုက်ခံရချိန် ကင်းတုပ်ခံရတဲ့ အဖြစ်ဆိုးပါပဲဟု ခွာညိုသစ်သီး ပွဲရုံမှ ဦးစိုင်းခင်မောင်က ဆိုသည်။
.
လမ်းပိုင်းနှင့် ကားအရေအတွက် စစ်ဆေးမှု စနစ်များသည် အမြဲလို ပြဿနာ ဖြစ်နေခြင်း ဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။
.
ယာယီ ဝင်ထွက်ကတ် စနစ် ကြောင့် တရုတ်နိုင်ငံဘက်တွင် ဝင် ကြန့်ကြာစေသည့်အပြင် စာအုပ် အနီက ပထမအကြိမ်သာ ကြာသော် လည်း နောက်ပိုင်းတွင် မြန်ဆန် ကြောင်းနှင့် တရုတ်နိုင်ငံထုတ် စာ အုပ်အပြာမှာ ဦးစားပေး ကျော်တက် ခွင့် ရှိသည့်အတွက် ပြဿနာ၏ ရင်းအမြစ် ဖြစ်သည်ဟု ၎င်းက ဆို သည်။
.
နယ်စပ်ဖြတ်ကျော် စာအုပ်များ ကို နိုင်ငံသားတိုင်း၊ ပြည်နယ်/တိုင်း ခွဲခြားမှု မရှိဘဲ ထုတ်ပေးပါက ကုန်သည်နှင့် ယာဉ်မောင်းများ တန်း တူအခွင့်အရေး ရရှိမည်ဖြစ်ပြီး ရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးစိန်ခေါ် မှု (Trade Barrier) များ သိသာစွာ လျော့နည်းသွားနိုင်သည်ဟု ၎င်းက အကြံပြု ပြောဆိုခဲ့သည်။
.
စျေးကွက် နလံထစအချိန် ကုန် စည်ပို့ဆောင်ရေးစနစ် မချောမွေ့မှု ကြောင့် ကုန်သွယ်မှု အဟန့်အတား ထပ်ဖြစ် လာရခြင်းဖြစ်ကာ နယ်စပ် ကုန်သွယ်ရေးမှာ နှစ်နိုင်ငံ ဆက်ဆံ ရေးနှင့် ဆိုင်သည့် စီမံခန့်ခွဲမှုက ရေးပါကြောင်း၊ အုပ်ချုပ်ရေး၊ လုံခြုံ ရေး၊ ကျန်းမာရေးဆိုင်ရာ စီမံခန့်ခွဲ မှုများ လွှမ်းခြုံနိုင်မှုက အရေးကြီး ကြောင်း ၎င်းက ပြောသည်။
.

.
မတ်လ ရက်က သစ်သီးတင် ယာဉ်များ နေ့ချင်း မဝင်နိုင်သဖြင့် ကီလိုမီတာသာ ကျယ်သည့် ကျင် စန်းကျော့လမ်းတွင် ဖရဲတင်ကား ၁၄၅ စီး၊ သခွား ၁၇၅ စီးမှာ လမ်း ကြပ်မှု ဖြစ်ပေါ်ခဲ့ပြီး ကုန်သွယ်ရေး ဌာနက ဖြေရှင်းပေးနေကြောင်း သိရ သည်။
.

သစ်သီးစျေးကွက် အနေဖြင့် ရောင်းတန်းဝင် အရည်အသွေး ကောင်းမွန်ရန် သေချာရမည်ဖြစ်ပြီး စျေးကွက် သတင်းအချက်အလက် များအရ တောင်သူများအနေဖြင့် ချိန်ဆ တင်ပို့ရန်လိုအပ်သည်ဟု ဆို သည်။
.
855 ဖရဲ စီးပြတ်စျေး ယွမ် ၆၀၀၀ မှ ၁၂၀၀၀ အထိ၊ ထျဲဝမ် AAA-AA  စီးပြတ်စျေးယွမ် ၁၃၀၀၀ မှ ၂၅၀၀၀ အထိ၊ ရွှေသခွား ကီလို လျှင် ဒသမ ယွမ်မှ ဒသမ ယွမ်အထိ၊ ရွှေဖရဲသခွား ကီလို လျှင် ဒသမ မှ ဒသမ ယွမ်၊ ဝူခုံး ဒသမ ယွမ် ပေါက်စျေးရှိနေ ပြီး ငွေစျေးအနေဖြင့် တစ်ယွမ်လျှင် ၁၉၈ ကျပ် ပေါက်စျေး ရှိနေကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)