မိုင်းယုဆေးရုံတွင် အမျိုးသား တစ်ဦးအား COVID-19 စောင့်ကြည့်လူနာ အဖြစ် သတ်မှတ်၍ ကုသပေးနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းယုဆေးရုံတွင် အမျိုးသား တစ်ဦးအား COVID-19 စောင့်ကြည့်လူနာ အဖြစ် သတ်မှတ်၍ ကုသပေးနေ


စိုင်းရာဇာ
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယုမြို့နယ် ပြည်သူ့ဆေးရုံတွင် အသက် ၃၃ နှစ်အရွယ် အမျိုးသား တစ်ဦးကို COVID-19 စောင့်ကြည့်လူနာ အဖြစ် သတ်မှတ်ကာ သီးခြားထားရှိ၍ ဆေးကုသမှု ပေးနေလျက် ရှိကြောင်း သိရသည်။
.

"မိုင်းယု ဆေးရုံမှာ COVID-19 စောင့်ကြည့်လူနာအဖြစ် အမျိုးသား တစ်ဦးကို ကုသပေးနေပါတယ်။ " ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာ မျိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ လူနာ အမျိုးသားသည် ထိုင်းနိုင်ငံသို့ သွားရောက် ဆေးကုသပြီးနောက် မတ်လ ၂၀ ရက်တွင် မိုင်းယုသို့ ပြန်လည် ရောက်ရှိလာကာ Old koch's lung ဖြင့် မတ်လ ၂၇ ရက်တွင် စေတနာဆေးရုံသို့ တက်ရောက် ကုသနေစဉ် ယခုတွင် ECG old infarct ထွက်ရှိခြင်း ဖြစ်ပြီး လူနာမှာ အဖျား မရှိသည့် အပြင် ချောင်းဆိုးခြင်းပါ မရှိကြောင်း သိရသည်။

Journal Download

Photo of three cats