လွဲနေတဲ့ ပွဲတွေနဲ့ နိုင်ငံ - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Thursday, March 5, 2020

လွဲနေတဲ့ ပွဲတွေနဲ့ နိုင်ငံ

ကျော်လင်းထွန်း (ချောင်းဦး)
.
လုပ်လိုက်ကြတဲ့ပွဲတွေ၊ လုပ်နေကြတဲ့ပွဲတွေ၊ ပညာရေးစုံ ညီပွဲ၊ အာစရိယပူဇော်ပွဲ၊ ကထိန်ပွဲ၊ နှုတ်ဆက်ပွဲ၊ မွေးနေ့ပွဲ၊ ဒီ ဇင်ဘာလ လမ်းလျှောက်ပွဲ၊ ဆန္ဒပြပွဲ၊ ထောက်ခံပွဲ၊ စာမေးပွဲ၊ ပွဲ၊ ပွဲ၊ ပွဲ၊ အခုနောက်ပိုင်း ဒီဇိုင်းအသစ်နှင့် ပွဲက ပေါ်လာလိုက်သေး ရဲ့၊ တက္ကသိုလ် ရေသဘင်ပွဲတဲ့၊ အဲဒါကို အတုယူပြီး အခုဆိုရင် မူလတန်းကျောင်းကတောင် လုပ်လိုက်ပါသေးဗျာ၊ ကျောင်း သင်္ကြန်ပွဲတဲ့။
.
သူတို့ကသာ တက္ကသိုလ်ရေသဘင်ပွဲ။ ကျောင်းသင်္ကြန်ပွဲ နဲ့ ဇန်နဝါရီ၊ ဖေဖော်ဝါရီမှာ လုပ်နေကြတာ။ အချို့ကဆိုရင် သီ တင်းကျွတ်ကျောင်းမပိတ်ခင်တောင် လုပ်လာကြသေးရဲ့။ သူ တို့ကသာ သင်္ကြန်တို့၊ ရေသဘင်ပွဲတို့ လုပ်ချင်သည့်လကို လုပ် နေကြတယ်။ သင်္ကြန်သင်္ကေတ "ပိတောက်ပန်း"ဆိုတာက မရှိ။ မပွင့်။ ဆိုလိုသည်မှာ ပိတောက်မပါဘဲနှင့်တော့ သင်္ကြန်တို့၊ ရေ သဘင်ပွဲတို့ဆိုတာ ကိုယ့်အတွေး၊ ကိုယ့်စိတ်ကူးနှင့် ကိုယ်သာ စိတ်ကူးယဉ်၊ ဖန်တီးပွဲဖြစ်မည်။ ပိတောက်မပါတဲ့ သင်္ကြန်ပွဲ၊ ရေသဘင်ပွဲဆိုတာ အူကြောင်ကြောင်နှင့် အဓိပ္ပါယ်မရှိသော ပွဲ။ အနှစ်သာရမပါတဲ့။ အဓိပ္ပါယ် ကင်းမဲ့ပြီး အနုပညာမပါတဲ့ ပွဲ။ ပြောရလျှင် အရာရာနှင့် လွဲနေတဲ့ ပွဲ။ သဘာဝ၊ ရိုးရာယဉ်ကျေး မှုကို ဖျက်ဆီးတဲ့ပွဲ။ အနုပညာကို တန်ဖိုးမထားတဲ့ တကယ့် ကိုပင် ပျော်ပွဲရွှင်ပွဲ။ အပျော်သပ်သပ်ပွဲ။
.
လောကကို အလှမမြင်၍ အပြစ်ကိုသာ ရှာတတ်၍၊ မြင်ကျဉ်း၍၊ အနုပညာကို တန်ဖိုးထားစေချင်လွန်း၍ဆိုတာ သိ စေချင်ပါတယ်။ ဆိုကြပါစို့။ သင်္ကြန်ဆိုတာ အနှစ်သာရရှိရပါ မယ်။ နှစ်သစ်ကူးရမယ်။ ပိတောက်ပွင့်ရမယ်။ တမာရနံ့တွေ သင်းသင်း မမွှေးရင်တောင်မှ ထနောင်းပွင့် ထနောင်းဖူးတွေ ဝေစည်တောင်မှ ပိတောက်ရှိမှ နှစ်သစ်ကူး၊ သင်္ကြန်၊ ရေသဘင် ပွဲဆိုတာ အဓိပ္ပါယ်ပြည့်ဝမှာပါ။ "တူးပို့၊ တူးပို့" သံ မပါဘဲ ဖွင့်ချင် သည့် Rock တွေ၊ Pop တွေ ဖွင့်ကြပြီး Dance ချင်သလို dance ကဲချင်သလို သရုပ်ပျက်ကဲ။ ယဉ်ကျေးမှု မပါဘဲ ဗရုတ်သုတ်ခ ဖြစ်ချင်သလို ဖြစ်နေကြသော တက္ကသိုလ်သင်္ကြန်တို့၊ ကျောင်း သင်္ကြန်တို့ကိုဖြင့် လုံးဝကန့်ကွက်ပါတယ်။
.
ကျောင်းရှေ့ရေးထားတဲ့ လူမြင်ကောင်းရုံဆိုင်းဘုတ် (sign -board) ကတော့ "အမျိုးသားစည်းကမ်းအစ၊ စာသင်ကျောင်း က"တဲ့။ စွမ်းရည်မြှင့်တင်ပွဲတို့၊ ပညာရေးစုံညီပွဲတို့မှာတော့ဖြင့် KG ကလေးတွေက အနောက်တိုင်း ဝတ်စုံတို့၊ နေကာမျက်မှန် တို့၊ ဂါဝန်တို့ စတဲ့ စတဲ့ အနောက်တိုင်း ဝတ်စုံတို့၊ အရှေ့တိုင်း ကိုရီးယားဝတ်စုံပုံစံ (Korea style)တို့တွေနှင့် Design တွေ နှင့် show လျှောက်ကြတာကို ဓာတ်ပုံရိုက်သူက ဓာတ်ပုံရိုက်၊ လက်ခုပ်တီးသူက လက်ခုပ်တီးကြ။ မိဘတွေနဲ့ ဆရာ၊ ဆရာမ အချို့က ပြုံးကြပျော်ကြ အားပေးကြ။ ဘယ်မှာလဲ အမျိုးသား စည်းကမ်း လွဲနေကြပုံများ။
.
အခုနောက်ပိုင်း ပညာရေးလောကတွင် ဘော်ဒါဆောင်တွေ နှင့် ကိုယ်ပိုင်ကျောင်းတွေကလည်း လုပ်လိုက်ကြတဲ့ အာစရိယ ပူဇော်ပွဲ။ Sound box တွေနှင့်၊ အကအခုန်နှင့်၊ အကျွေးအမွေး နှင့်။ အပြိုင်အဆိုင် လုပ်နေကြပါတယ်။ အနုပညာနှင့် ရိုးရာဓ လေ့နှင့် စည်းလုံးညီညွတ်မှုနှင့် ကကြခုန်ကြလျှင်တော့ အားပေး ရမှာပေါ့။ သို့သော် ကိုယ့်ရဲ့ ယဉ်ကျေးမှုနှင့် မအပ်စပ်၊ရိုးရာဓ လေ့ကို မဖော်ထုတ်၊ ယဉ်ကျေးမှုကို မထိန်းသိမ်းတဲ့ ကခုန်ဖျော် ဖြေမှုကိုတော့ဖြင့် အားမပေးနိုင်ပါ။
.

.
ကျွန်တော်တို့ အထက်တန်းကျောင်းသားဘဝတုန်းက ဒိုး ပတ်ဝိုင်းကို သူငယ်ချင်းတစ်တွေ တီးမှုတ်ခဲ့ကြ။ ရွှေရိုးဒေါ်မိုး လည်း ကခုန်ခဲ့ကြပါတယ်။ ယနေ့ခေတ်မှာဖြင့် ဒိုးပတ်တီး၊ ပု လွေမှုတ်၊ ဝါးလင်ကွင်းလိုက်နိုင်တဲ့ အထက်တန်းကျောင်းသား ဆိုတာ ရှားမှ ရှားပါပဲ။ ဒိုးပတ်၊ အိုးစည်ကို စက်နှင့် ဖွင့်ပြီး ကကြ ခုန်ကြရုံလေးကိုပဲ ဓာတ်ပုံရိုက်ရလွယ်၊ vedio ရိုက်ရလွယ်တော့ တစ်ဖျပ်ဖျပ်နဲ့ ဂုဏ်ယူမဆုံးနေကြတဲ့ ယနေ့ခေတ်။ ယဉ်ကျေးမှု အမွေအနှစ် ဖော်ထုတ်နိုင်စွမ်း မရှိပါဘဲ အပေါ်ယံလောက် နုပညာနှင့် အားရနေခြင်းသာ။ တကယ်တော့ နောက်ထပ်အ ဆင့်တွေ ထပ်တက်ပြီး ရိုးရာယဉ်ကျေးမှု အနုပညာကို ယနေ့ ခေတ်ကလေးတွေ လက်ဆင့်ကမ်းနိုင်အောင် ကြိုးစားရမှာပါ။ ခေတ်ကိုလည်း ရင်ပေါင်တန်း၊ ရိုးရာအမွေလည်း လက်ဆင့် ကမ်းနိုင်မှ တော်ကာကျပါလိမ့်မယ်။
.

အချို့သော ဘော်ဒါဆောင်တွေ၊ ကိုုယ်ပိုင်ကျောင်းတွေနှင့် အစိုးရကျောင်းတွေကဖြင့် အာစရိယပူဇော်ပွဲ၊ စုံညီပွဲတွေမှာ မေကျော်ပြီး ဒွေးတော်လွမ်း နိုင်ငံခြားရော့ခ် (rock) တို့ ပေါ့လ် (pop)တို့ တီးလုံးတွေနဲ့ သရုပ်ပျက် ကခုန်နေတာတွေ တွေ့နေ ရတာဖြင့် ဝမ်းနည်းစရာပါ။ စင်ပေါ်မှာ စည်းကမ်းတကျ စည်း နှင့် ဝါးနှင့် ကခုန်ဖျော်ဖြေနေသူတွေကို စည်းကမ်းတကျ အား ပေးရင်း နားသောတဆင်၊ ကြားဆရာ တင်ရမည့်အစား စင် အောက်မှ စည်းကမ်းမဲ့ ကခုန်နေကြတာကို တွေ့နေရပါတယ်။ အနုပညာကို တန်ဖိုးမထားတတ်တဲ့ လူကြီးသူမအချို့က က လေးတွေ စိတ်ပြေလက်ပျောက် ပျော်ကြပါစေ။ ကပါစေတဲ့။ အင်မတန် လွဲနေတဲ့ ပွဲ။ ပွဲရဲ့ ရည်ရွယ်ချက်၊ အနုပညာရဲ့ တန် ဖိုး၊ ပရိသတ်ရဲ့ အဆင့်အတန်းဆိုတာ နားလည်မှု လွဲနေလိုက် ကြပုံများ။
.
စည်းဝါးကျနတဲ့ အနုသုခုမကို တန်ဖိုးထားစေချင်ပါတယ်။ ကထိန်မဏ္ဍပ်တွေဆိုတာဟာလည်း ပေါများလိုက်တဲ့ဖြစ်ခြင်း။ စုပေါင်း မဟာဘုံကထိန်ဆိုရင် ကထိန်ကျသော ဘုန်းကြီး ကျောင်းမှာလည်း လှူဖွယ်ကို မြိုးမြိုးမြက်မြက် ရလိုက်မည့်ဖြစ် ခြင်း။ အခုတော့ဖြင့် ကထိန်မဏ္ဍပ်တွေကလည်း အပြိုင်ပြိုင်အ ဆိုင်ဆိုင်။ ဖွင့်လိုက်ကြတဲ့ လော်စပီကာ (loud speaker)တွေ၊ sound box တွေ ဆိုတာကလည်း မင်းတို့ မဏ္ဍပ်ထက် ငါတို့ မဏ္ဍပ်က ပိုမိုက်တယ်လို့များ ပြိုင်နေကြသလားမသိ။ ပဒေသာ ပင်တွေ ကျောင်းပို့ကြပြန်တော့လည်း လမ်းတစ်လျှောက်လုံး သူတို့အလှည့်အဖွဲ့၊ ကိုယ့်အလှည့်အဖွဲ့ ဘယ်သူ့အဖွဲ့ကသာ မယ်ထင်သလဲ ပြိုင်။ ဟိုဟာ(ယမကာ)ကလည်း ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ပွဲအများစုမှာ မပါလို့မပြီး။ ကထိန်ခင်းရသည့် ရည်ရွယ်ချက်တို့၊ ကထိန်ကရရှိမည့် အကျိုးကျေးဇူးတို့ အလှူ ဒါနကုသိုလ်ဆိုတာတွေကိုတော့ဖြင့် သိသူက နည်းနည်းပင်ဖြစ် ပါလိမ့်မယ်။ လွဲနေကြတဲ့ အလွဲတွေပါပဲ။
.
ကလေးတွေရဲ့ ရှေ့ဆောင်လမ်းပြ၊ အုပ်ထိန်းသူ လူကြီး သူမတို့က တလွဲဆံပင်ကောင်း လုပ်နေကြတဲ့ မွေးနေ့ပွဲတွေက လည်း ဦးတည်ချက်မဲ့တာက များပါတယ်။ သားသမီးတွေရဲ့ မွေးနေ့ပွဲ လုပ်ပေးလိုက်လို့ သားသမီးတွေနှင့် သူတို့သူငယ်ချင်း တွေ ပျော်တာကို ကြည့်ပြီး ပီတိဖြစ်ရမှာက မိဘမေတ္တာပါ။ သို့ သော်လည်း မွေးနေ့လုပ်ရတဲ့အကြောင်းရင်း၊ မွေးနေ့မှာ လုပ် သင့်တဲ့ ကုသိုလ်စစ်စစ်တွေကိုလည်း ကလေးတွေကို သိအောင် ပုံစံရိုက်သွင်းထားသင့်ပါတယ်။ အခုတော့ဖြင့်သားသမီးမွေးနေ့ ကုသိုလ် ဘုန်းကြီးကျောင်း  ဆွမ်းချိုင့်ပို့။ ညနေပိုင်း မွေးနေ့ ကိတ်ခွဲ။ ကျွေးမွေး ပျော်ရွှင်။ ကလေးရဲ့ သူငယ်ချင်းကလည်း မိဘက ခင်ခင်မင်မင် လာကြဦးမှာဆိုတော့ အစားလေး၊ သောက်လေးဖြင့် ဧည့်ခံ။ ဘုန်းကြီးကျောင်းကို ကုသိုလ်အဖြစ် ဆွမ်းချိုင့်ပို့တာက ၂၀၀၀၀ ဝန်းကျင်။ မွေးနေ့ကိတ်နှင့် အခြားစ ရိတ်က ၃၊ ၄၊ သိန်း။ လွဲချော်နေကြပုံ။ ကုသိုလ်ကောင်းမှုက နည်းနည်း။ အပျော်အပါးအတွက် ကုန်ကျစရိတ်က များများ။
.
"ပွဲ"ဆိုတာ "သဘင်"ကို ခေါ်ပါတယ်။ "ပွဲသဘင်"ဆိုတာ ကိုက အစုအဝေး၊ လူအုပ်စုလို့ ခက်ဆစ်ဖွင့်တာကိုး။ ဇာတ်သ ဘင်တို့၊ ရေသဘင်တို့ဆိုတာ လူစုလူဝေးနဲ့ ဆင်နွှဲကျင်းပကြရ တဲ့ ပွဲလမ်းတွေကိုး။ ကဲ ဆိုကြပါစို့။ ရေသဘင်ဆိုတဲ့ သင်္ကြန်ပွဲ။ ဒီမှာ ကြားဖြတ် ရှင်းပြပါရစေ။ တကယ့်သင်္ကြန်ပွဲကို ပြောတာပါ။ တန်ခူးလ(ဧပြီလ)မှာ ကျင်းပတဲ့ မြန်မာ့ရိုးရာ နှစ်သစ်ကူး မဟာ အတာသင်္ကြန်ပွဲကို ပြောတာပါ။ စည်းလွတ်ဝါးလွတ် အူကြောင် ကြောင် ရေပက်နေကြတဲ့ ဗရုတ်သုတ်ခသင်္ကြန်၊ စည်းမဲ့ကမ်းမဲ့ ကာလမဲ့ ထင်ရာစိုင်း ရေပက်နေကြတဲ့ သင်္ကြန်တွေအကြောင်း မဟုတ်ပါ။ နှစ်သစ်ကူးတဲ့ တန်ခူးလနွေ၊ ပိတောက်တွေ ပွင့်ပြီး အတာကူးတဲ့ နှစ်သစ်ကူးသင်္ကြန်မှာ
.
"ငါးလွှတ်ပွဲ၊ နွားလွှတ်ပွဲနှင့် ဒါနပွဲတွေ ခြိမ့်သဲဝေလျှံရမည့် သင်္ကြန်" ဖြစ်ပေမယ့်။
.
ကျွန်တော်ဆောင်းပါး အစမှာ ရေးခဲ့ပါတယ်။ ခေတ်ကို လည်း ရင်ပေါင်တန်းရပါမယ်။ ရိုးရာယဉ်ကျေးမှုလည်း ထိန်း သိမ်းရမှာပဲလေ။ ပျော်ပွဲရွှင်ပွဲ ဖြစ်ရမည့်အချိန် ရန်ပွဲ၊ ဆေးရုံတက် ပွဲ၊ အသုဘပွဲတော့ မဖြစ်သင့်ပါ။ တစ်နှစ်တာ ပင်ပန်းနွမ်းနယ် မှု၊ တစ်နှစ်တာ အမှားအယွင်းများ၊ နှစ်ဟောင်း အညစ်အကြေး များ ဆေးကြောရမည့် သင်္ကြန်ပါ။ တစ်နှစ်တာကာလပတ်လုံး မိသားစုနှင့် ဝေးခဲ့ရသမျှ မိသားစုနှင့်အတူ ဆွေမျိုးသားချင်းတွေ နှင့်အတူ ပျော်ရွှင်ရမည့် အတာသင်္ကြန်အခါသမယတွင် သူ( မက) မပါလျှင် မပြီးသလိုဖြစ်နေတဲ့ ကျွန်တော်တို့နိုင်ငံတွင် ရေ သဘင်လား အရက်သဘင်လားဟု မေးရမလို ဖြစ်နေပါတော့ တယ်။ ဘုရားသွားကျောင်းတက် ကုသိုလ်မပြုရင်လည်း နေ ပေါ့။ တစ်ပါးသူ အနှောင့်အယှက် မဖြစ်အောင် ပျော်ပျော်ပါးပါး ဖြစ်လျှင်ကိုပင် ကျေနပ်လှပါပြီ။
.
ရှိပါသေးတယ်။ နောက်က backgroung မှာ မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်။ ရှေ့က Dance နေကြ၊ ဝတ်စားနေ ကြတာကဖြင့် ရိုးရာမဟုတ်။ တိုက်ပုံအကျႌ၊ ချိတ်လုံချည်ဝတ်ဖို့ ပြောနေခြင်း မဟုတ်ပါ။ ယဉ်ကျေးမှုကို အလွန်အင်မတန် ဖျက် ဆီးနေတဲ့ သရုပ်ပျက် ဟိုပေါ် ဒီပေါ်၊ ဟိုအော် ဒီအော်မဟုတ် လျှင်ဘဲ တော်လောက်ပြီ။ အခုတော့ဖြင့် လွဲချက်ကမ်းကုန်နေ လိုက်ကြပုံများ၊ အဓိပ္ပါယ်မဲ့သော၊ လွဲချော်နေသော ပွဲများကို ဓိပ္ပါယ်ရှိအောင် ကျွန်တော်တို့ ကိုယ်တိုင် လိုက်နာကျင့်သုံးပြီး အနာဂတ် မျိုးဆက်သစ်နောင်လာနောက်သားတွေကို စည်းရုံး ဖို့ စာဖတ်ကျင့်ကို ငယ်စဉ်ကပင် လေ့ကျင့်ပေးဖို့ အရေးပေါ်အ ခြေအနေ ဖြစ်နေပါပြီ။

လွဲချက်ကမ်းကုန်နေ လိုက်ကြပုံများ၊ အဓိပ္ပါယ်မဲ့သော၊ လွဲချော်နေသော ပွဲများကို ဓိပ္ပါယ်ရှိအောင် ကျွန်တော်တို့ ကိုယ်တိုင် လိုက်နာကျင့်သုံးပြီး အနာဂတ် မျိုးဆက်သစ်နောင်လာနောက်သားတွေကို စည်းရုံး ဖို့ စာဖတ်ကျင့်ကို ငယ်စဉ်ကပင် လေ့ကျင့်ပေးဖို့ အရေးပေါ်အ ခြေအနေ ဖြစ်နေပါပြီ။

.
တက္ကသိုလ်တွေကလည်း research (သုတေသန)သာ မလုပ်ကြ၊ မလုပ်တတ်ကြ၊ စိတ်မဝင်စားကြတာပါ။ Fresher welcome တို့၊ miss & master ရွေးပွဲတွေကိုဖြင့် လိုအပ်တာ ထက် ၁၀ မက လုပ်နေကြပါတယ်။ ဘွဲ့နှင့် သဘင်ပွဲမှာ ပွဲ မတိုင်ခင်တွေရော၊ ပွဲပြီးတွေရော လုပ်နေလိုက်ကြတဲ့ နှုတ်ဆက်ပွဲတွေ။ Congratulations ပွဲတွေ၊ ဘွဲ့နှင့်တန်တဲ့ စာကတော့ဖြင့် ပြောရန် ခက်လိုက်ပါ ခေတ်ရဲ့ အလွဲတွေ။
.
သေချာတာတစ်ခုတော့ ရှိပါတယ်။ စာကောင်းပေမွန်တွေ မဖတ်သရွေ့ မိတ်ကောင်းဆွေမွန် မပေါင်းကြသရွေ့ အလွဲလွဲ ဖြစ်နေတဲ့ ပွဲတွေ နွှဲနေကြရုံမှတစ်ပါး အခြားရှိပါဦးမလားဗျာ။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)