.
တကယ်တော့ ကျွန်တော်က
ပြင်ပ ကျောင်းဆရာ (အ ခု နောက်ပိုင်း ဘော်ဒါဆရာ၊ ကိုယ်ပိုင်ကျောင်းဆရာ)တစ် ယောက်ပါ။
စာရေးတယ် ဆိုတာ ၂၀၀၂ ခုနှစ်က စပြီး ဝါသနာ အရ ရေးခဲ့ပါတယ်။ ကဗျာကတော့ မဂ္ဂဇင်းတွေမှာ
၄၊ ၅ ပုဒ် ရေးဖြစ်ခဲ့ပါတယ်။ ဒီဘက်ခေတ် ဂျာနယ်ခေတ်ရောက်တော့ ဆောင်းပါးတွေချည်း အရေးများတာပေါ့။
ရေးမိတဲ့အကြောင်း အရာကတော့ စုံပါတယ်။ သမိုင်း၊ သဘာဝပတ်ဝန်းကျင်၊ နိုင်ငံ ရေး၊ ကျန်းမာရေး၊
လူငယ်ပြုပြင်ရေး၊ အင်္ဂလိပ်စာ၊ ဘာသာရေး နဲ့ ကိုယ့်ပင်မလုပ်ငန်း ပညာရေး အကြောင်းတွေကိုပါပဲ။
.
ကိုယ်ကိုယ်တိုင်က
ပုဂ္ဂလိကကျောင်းဆရာ ဆိုတော့ ကျောင်းသား၊ ကျောင်းသူတွေ၊ ကျောင်းသားမိဘတွေ၊ အုပ်ထိန်း
သူတွေ၊ ပြီးတော့ ပညာရေးနယ်ပယ်က စီမံခန့်ခွဲနေကြတဲ့ လူ ကြီးတွေ (ဆရာကြီး၊ ဆရာမကြီးတွေ)၊တက်သစ်စ
ဆရာ၊ ဆ ရာမတွေရော စုံနေအောင် ထိတွေ့ရပါတယ်။ အဲဒီတော့ ယနေ့ ခေတ် ကလေးတွေ၊ ကျောင်းသားကျောင်းသူတွေ၊
လူငယ်တွေ ပညာရေး၊ လူမှုရေး စတဲ့ အရည်အသွေးတွေ နိမ့်ကျလာတာကို ကလေးတွေအပေါ် အပြစ်ပုံချနေကြလို့
ဒီဆောင်းပါးရေးဖြစ် သွားတာပါ။
.
ပေါက်ပင်ဘာကြောင့်
ကိုင်းရတယ်
တစ်နေ့က ၉ တန်းကျောင်းသားတစ်ယောက်ရဲ့
ဦးလေး (အုပ်ထိန်းသူ)က ဖုန်းဆက်လာပါတယ်။ သူ့တူကလေးကို ဒီ တစ်နှစ် ၁၀ တန်းကို ဘော်ဒါဆောင်
မထားတော့ပါဘူးတဲ့။ မ နှစ်က ၉ တန်းတစ်နှစ်လုံးလည်း ဦးလေးဖြစ်သူကပဲ ဘော်ဒါ ဆောင်ကြေး
ပေးရတာပါတဲ့။ ဟုတ်မှာပါလေ။ ငွေလည်း ဦး လေးဖြစ်သူကပဲ လာသွင်းပေးနေတာ တွေ့ရပါတယ်။ ဒီနှစ်
၁၀ တန်းတော့ သူ့မိဘ (ကလေးအဖေနဲ့ အမေ)က တာဝန်ယူဖို့နဲ့ သူ့မှာလည်း လောလောဆယ်
COVID-19 ကြောင့် ဒီဘက် မူဆယ်၊ ရွှေလီ တရုတ်နယ်စပ် အဝင်အထွက် မရှိလို့ ဝင်ငွေ နည်းသွား
တာတို့၊ သူ့ကလေး အတန်းကြီးလာတော့ တူ ဖြစ်သူကို မထောက်ပံ့နိုင်ကြောင်း ကလေးရဲ့ မိဘကို
ရှင်းပြ ပါတယ်တဲ့။ ဒီ တော့ ကလေးမိဘက သူတို့လည်း မတတ် နိုင်ကြောင်း၊ ဘော် ဒါမထားနိုင်လို့
ကျောင်းတက်ရုံပဲ ဆိုင် ကယ်နဲ့ တက်ခိုင်းတော့မယ်ဆိုတဲ့ အကြောင်း ဖြစ်မလား၊ ဆ ရာ ခွင့်ပြုသလားဆိုပြီး
အကြောင်းကြားလာပါတယ်။
.
တကယ်တော့ ဦးလေးဖြစ်သူနဲ့
ကျွန်တော်နဲ့က ဒီကလေး အကြောင်း ၉ တန်းနှစ်မှာကတည်းက ပြောဆိုဆွေးနွေးရတာ ပါ။ ကလေးက စာကို
စိတ်ဝင်စားမှုနည်းပြီး ပေါ့ပေါ့ပါးပါးပဲ နေ တတ်ကြောင်း၊ ဆရာတွေ မရှိလျှင် အခန်းထဲမှာ
စကားပေါနေ ကြောင်း၊ အအိပ်မက်ကြောင်း ပြောပြတော့ သူ့ဦးလေးကလည်း အိမ်မှာဆိုရင် ဖုန်းပဲ
ခဏခဏဆော့နေလို့ ဆူရကြောင်း၊ အ ပေါင်းအသင်းတွေနဲ့ ဆိုင်ကယ်စီးပြီး လျှောက်လည်တတ်လွန်း
လို့ ၉ တန်းမှာ အဆောင်ထားရကြောင်းပေါ့လေ။ ကဲ အခု ဒီက လေးကို သူ့မိဘက အဆောင်မထားဘဲ ဆိုင်ကယ်နဲ့
ကျောင်း တက်ခိုင်းမယ်ပေါ့။ ပြီးတော့ ပြောလိုက်ပါသေးတယ်။ မတတ် နိုင်ဘူးတဲ့။ သူ့ထိုက်နဲ့
သူ့ကံ ၁၀ တန်းအောင်အောင်၊ မအောင် အောင်တဲ့။ ကဲ ဒီကလေး လက်ပေါ်မှာ ဆိုင်ကယ်နဲ့ သူ့သူငယ်
ချင်းတွေဆီက အခုခေတ်ဆိုရင် ဖုန်းတွေနဲ့ online ကနေ E- cigarette (စီးကရက်အတု)တို့၊
Game တို့ နောက်ပြီး သမီး ရည်းစားကိစ္စ၊ နောက်ဆုံး အချင်းချင်း ရန်ဖြစ်တာတို့ရော ဖြစ်
လာခဲ့ရင် ကလေးအပြစ်လား။ လက်လွတ်စပယ်တွေးလိုက်တဲ့ မိဘဖြစ်သူ အပြစ်လား။ သူ့အဖေဆိုတာကလည်း
အလုပ် ကောင်းကောင်းမလုပ်လို့ ငွေမစုမိ၊ နောက် အသောက်အစား နဲ့ စည်းကမ်းမဲ့ရာကနေ ကလေးတွေကို
ဖြစ်ချင်ရာဖြစ်၊ သူတို့ ထိုက်နဲ့ သူတို့ကံပေါ့တဲ့ဗျာ။
.
ကျွန်တော်တို့ ပုဂ္ဂလိကကျောင်းတွေ
ဆိုတာကလည်း က လေးတွေ လမ်း မမှားစေရေး၊ အပြင်အသက်တူ ကျောင်းမနေတဲ့ ကလေးတွေနဲ့ ထိတွေ့ပြောဆိုရာကနေ
ကလေးတွေ အပြင် အာရုံတွေ မရောက်ရစေရေးအတွက် ၁၀ တန်း ကျောင်းသား ကျောင်းသူကို ဘော်ဒါထားမှ
အဆင်ပြေကြောင်း၊ ဘော်ဒါ မထားလျှင် ၁၀ တန်း လက်မခံနိုင်ကြောင်း ပြောရပါတယ်။ နောက်ဆုံး
အဆောင်ကြေး ကျွန်တော် မယူတော့ဘဲ အိမ်က ထမင်းချိုင့် လာပို့ပေးလျှင် ရပါကြောင်း၊ ကလေး
၁၀ တန်း အောင်၊ မအောင်ထက် ကလေးရဲ့ အမူအကျင့်နှင့်ဆိုလျှင် အ ပြင်ကလေးတွေနဲ့ ထိတွေ့ရာက
ပျက်စီးဖို့ ပိုများကြောင်း၊ ငယ် ရွယ်တုန်းမှာ ထိန်းသိမ်းပြုပြင်လျှင် အချိန်တန် သူ့ကိုယ်သူထိန်း
သွားနိုင်ကြောင်း သေချာရှင်းပြရပါတယ်။ သို့သော်လည်း သူ့ မိဘအတွက် နည်းနည်းပါးပါး အနွံအတာ
မခံချင်တဲ့ မိဘတစ် ချို့ ရှိနေတာကိုပါ။ နောက်ဆုံးတော့ ကလေးသဘော မေးမယ် တဲ့။ ကလေးကတော့
သူ့အမူအကျင့်ကိုက အပြင်ပျော်လေ။ ဆိုတော့ ဖြစ်နိုင်လျှင် ကျောင်းတောင် မတက်ချင်တော့တဲ့
က လေး။ ဒါနဲ့ပဲ ကလေးအလိုမလိုက်ဖို့၊ ထမင်းပို့ကို ကြိုးစားစီစဉ် ဖို့၊ နောက်ဆုံး ထမင်းပို့ဖို့
အခက်အခဲဖြစ်လျှင် ဖုန်းဆက် အ ကြောင်းကြားဖို့နဲ့ ကျွန်တော့်ကျောင်းကပဲ ကျွေးလိုက်ပါမည့်
အကြောင်းနဲ့ပဲ ပြီးလိုက်ရပါတယ်။ ဒီကလေးရဲ့ ဘဝနဲ့ သူ့အ ဖြစ်၊ ပျက်စီးခဲ့လျှင် ဘယ်သူ့အပြစ်လဲ
စဉ်းစားကြည့်လျှင် အ ဖြေက ရှင်းပါသည်။
.
.
ခေတ်ကိုက လွယ်လွယ်ရ၊
လွယ်လွယ်သုံး၊ လွယ်လွယ်ပစ်၊ လွယ်လွယ်ကုန်တဲ့ ပတ်ဝန်းကျင်ထဲမှာ ကြီးပြင်းလာကြရတော့ ကလေးတွေ
(သားသမီးတွေ)၊ လူငယ်တွေကလည်း ဘာကိုမျှ သိပ်ပြီး တန်ဖိုးမထား။ အလေးအနက် မထားကြတော့။
ကျွန် တော်တို့ ငယ်ငယ်က ပေတံတစ်ချောင်း ထောင့်လုံးနေအောင် သုံးရသည်။ ဘောလ်ပင်ကို
refill ထည့်၊ လဲလှယ်သုံးရသည်။ ထီးတစ်လက် ၄- ၅ နှစ် သုံးရသည်။ ဖိနပ်ပျက်လျှင် လွှင့်မပစ်
ရ။ ဖိနပ်သဲကြိုးလဲ၍ စီးရသည်။ နှစ်ကုန်၍ ဗလာစာအုပ် မကုန် သေးလျှင် ကျန်သော ဗလာစာရွက်ကို
ဟိုနည်းနည်း၊ ဒီနည်း နည်းစုပြီး၊ နိုင်လွန်ကြိုး မရှိ အပ်ချည်ကြိုး၊ ကွန်ပါထောက်နဲ့
ချုပ်၊ သင်္ချာစာအုပ်၊ အကြမ်းစာအုပ်လုပ်ကြသည်။
အခုခေတ် ကလေးတွေကတော့ ဘောလ်ပင်ရေးမရ လွှင့်ပစ် အသစ်ဝယ် ထီးတစ်လက် ဖွင့်ရပိတ်ရခက်လျှင်
အမှိုက်ပုံးထဲထည့်၊ ဖိနပ် ပျက်တောင် မပျက်သေး၊ စီးတာ နည်းနည်းကြာတာနဲ့ပဲ လွှင့် ပစ်၊
အသစ်ဝယ်။ ဘာကိုမျှ လေးလေးနက်နက် မစဉ်းစား၊ သူ တို့အပြစ်လား။ ခေတ်အပြစ်လား၊ မဟုတ်ပါ။
စနစ်အပြစ်နှင့် လူ လတ်ပိုင်း အုပ်ထိန်းသူတို့၏ သွန်သင်လေ့ကျင့်မှု အားနည်းခြင်း အပြစ်။
.
ဘဝ၊ အချိန်၊ ပညာတို့၏
တန်ဖိုး
လူငယ်တွေ အရာရာတန်ဖိုး
မထားကြသည့်အထဲ အဆိုး ဆုံးကတော့ ပညာကို တန်ဖိုးမထားကြခြင်းပါပဲ။ တကယ်တော့ သူတို့ ရှင်သန်ရတဲ့
ပတ်ဝန်းကျင်ကိုက ဓာတ်ပုံတစ်ပုံ ချက်ချင်း ရ ချက်ချင်းဖျောက်ဖျက်လို့ရတဲ့ ဝန်းကျင်။
စက္ကန့်ပိုင်းအတွင်း သီချင်းတစ်ပုဒ် download မလား၊ delete မလား ဆိုတဲ့ ဝန်း ကျင်။
စာမေးပွဲကလည်း တက္ကသိုလ်ဝင်တန်း စာမေးပွဲကလွဲလို့ အောင်ရလွယ်လိုက်လေခြင်း။ အတန်းတင်
စာမေးပွဲအတွက် မေးခွန်း ၂ စုံပဲ ကျက်၊ မအောင်လည်း ပြန်ကုစား။ သူ့ဟာနဲ့သူ အောင်တဲ့ စာမတတ်လည်းအောင်တဲ့
စနစ်နဲ့ ကြီးပြင်းခဲ့ကြ။ ဆိုတော့ သူတို့လေးတွေ အရည်အချင်း ရှိလာဖို့၊ ဘဝကို အ သက်အပိုင်းအခြားအလိုက်
တန်ဖိုးရှိအောင် အချိန်တန်ဖိုးထား တတ်ဖို့ မိဘအုပ်ထိန်းသူရဲ့ တာဝန်ပါပဲ။
.
အုပ်ထိန်းသူဆိုရာမှာ
ကျောင်းမှာ ဆရာ၊ ဆရာမက အုပ်ထိန်းသူ၊ အိမ်မှာ အပြင်မှာ မိဘနှင့် ဆွေမျိုးသားချင်း အကြီး
တွေက အုပ်ထိန်းသူတွေပါ။ စာတတ်ဖို့ထက် အတန်းတက်ရ ရင် ပြီးရော။ ဘွဲ့ရရင်ပြီးရော၊ ကျောင်းသွားရင်
ပြီးရော ဆိုရင် တော့ ဒီလူငယ် အရည်အချင်းမရှိတာ လူလတ်ပိုင်းတွေရဲ့ အ ပြစ်ပါ။ လူလတ်ပိုင်း
အများစုဟာ ကိုယ့်ကိုယ်ကို အရည်အချင်း ရှိအောင် ဦးစွာကြိုးစားပြီး လူငယ်တွေကို ပုံသွင်းပြုပြင်ရမှာပါ။
လူလတ်ပိုင်း အများစုကိုက ခေတ်စနစ် မကောင်းတဲ့ မူဝါဒအ မှားကြီးနဲ့ ကြီးပြင်းခဲ့ရလေတော့
ကိုယ့်အရည်အချင်း၊ ကိုယ့်ဘ ဝတန်ဖိုးထားလျှင် ကိုယ့်ဝမ်းစာကိုယ်သာ ရှာကြရမှာပါ။ ကိုယ်
ကိုယ်တိုင်က တကယ့်ပညာ(အသိရော၊ အတတ်ရော)ကို တန် ဖိုးထားဖို့ လိုပါတယ်။ ဒါမှသာလျှင် လူငယ်တွေ၊
နောင်လာ နောက်သားတွေ ပညာကို တန်ဖိုးထားတတ်အောင် ကိုယ်တိုင် လေ့လာ ဆည်းပူးတတ်အောင် သင်ပြလမ်းညွှန်နိုင်မှာပါ။
လူလတ်ပိုင်း အများစုဟာ ကိုယ့်ကိုယ်ကို အရည်အချင်း ရှိအောင် ဦးစွာကြိုးစားပြီး လူငယ်တွေကို ပုံသွင်းပြုပြင်ရမှာပါ။ လူလတ်ပိုင်း အများစုကိုက ခေတ်စနစ် မကောင်းတဲ့ မူဝါဒအ မှားကြီးနဲ့ ကြီးပြင်းခဲ့ရလေတော့ ကိုယ့်အရည်အချင်း၊ ကိုယ့်ဘ ဝတန်ဖိုးထားလျှင် ကိုယ့်ဝမ်းစာကိုယ်သာ ရှာကြရမှာပါ။ ကိုယ် ကိုယ်တိုင်က တကယ့်ပညာ(အသိရော၊ အတတ်ရော)ကို တန် ဖိုးထားဖို့ လိုပါတယ်။ ဒါမှသာလျှင် လူငယ်တွေ၊ နောင်လာ နောက်သားတွေ ပညာကို တန်ဖိုးထားတတ်အောင် ကိုယ်တိုင် လေ့လာ ဆည်းပူးတတ်အောင် သင်ပြလမ်းညွှန်နိုင်မှာပါ။
.
အခုနောက်ပိုင်း အခြေခံပညာကျောင်းသား
ကျောင်းသူအ ချို့ဟာ ကျောင်းကို ဆုံးခန်းတိုင်အောင် မတက်ကြတဲ့အခါ ဆ ရာ၊ ဆရာမဆိုတာ ကျောင်းဘယ်ထွက်စေချင်မလဲ။
ကိုယ့်တ ပည့်လေး လမ်းလွဲသွားမှာကိုတွေးပြီး နှမြောမိတာပေါ့။ ဒါနဲ့ပဲ မိဘ၊ အုပ်ထိန်းသူကို
ပြောပြ။ တစ်ခါတစ်ရံ မိဘ အုပ်ထိန်းသူ ကိုယ်တိုင်က "နေပါစေတော့။ သူတို့မှ စိတ်မပါတာ။
ပြောမနေ တော့ပါဘူး" တဲ့ဗျာ။ အဲဒီလိုနဲ့ ကလေးတွေဟာ ကျောင်းထွက်။ အလုပ်လုပ်မယ်တာပြောတာ
'ပျင်းလို့လည်းရ၊ မိဘကလည်း ငါပြောရင်ရ' ဆိုတာသိတော့ ဟိုအလုပ် စမ်းလုပ်ကြည့်၊ မပျော်
ရင်ထွက်လာ။ အပြင်က အသက်မွေးဝမ်းကျောင်းပညာ တစ်ခုခု သင်ကြည့်။ သူ့ထက်တတ်တဲ့သူက ဆူပြန်
ပြောပြပြန်တော့ အထိမခံ။ မိဘကို အပူကပ်ပြန်ထွက်။ နောက်တော့ လမ်းပေါ် ရောက်။ သူငယ်ချင်းတွေနဲ့
ဝေလေလေလုပ်။ အလုပ်ကို လက် ကြောတင်းအောင် မလုပ်ချင်တော့။ ဘဝဆိုတာကလည်း ဖြစ် ချင်သလိုဖြစ်။
တန်ဖိုးမထားတော့။ ဒီလို လူငယ်လေးတွေ ပျက် စီးကြရတာဟာ လူလတ်ပိုင်းတွေရဲ့ အပြစ် မဟုတ်ဘူးလားဗျာ။
.
တိုင်းပြည်ရဲ့ အနာဂတ်၊
နိုင်ငံရဲ့ ကြယ်ပွင့်လူငယ်လေးတွေ ထွန်းတောက်လာစေဖို့အတွက် လူလတ်ပိုင်းတွေက ရှေ့ဆောင်
လမ်းပြ၊ ကောင်းကောင်းမွန်မွန် နေထိုင်ပြ၊ စိတ်ရှည်သည်းခံ ပုံ သွင်းကြဖို့ အရေးအကြီးဆုံးအချိန်
ဖြစ်နေကြောင်းပါဗျာ။