ကျော်လင်းထွန်း (ချောင်းဦး)
.
"ကျောင်း"
ဆိုသည်မှာ ပညာသင်ယူရာဌာန ဖြစ်သည်။ "ဆရာ"ဆိုသည်မှာ နာသုံးနာ အရင်းခံ၍ တပည့်များကို
အသိ ပညာ (ဝိဇ္ဇာ)နှင့် အတတ်ပညာ (သိပ္ပ)တို့ကို သင်ကြားပေးသူ ဖြစ်သည်။
.
"ကျောင်း"
အဓိပ္ပါယ်ကို Oxford learner's Dictionary တွင် 'institution for educating
children' 'school' ဟု ဆို ထားသည်။ 'ကျောင်း' ဆိုသည်မှာ သိပ္ပတည်းဟူသော အတတ် ပညာသာမက၊
'ဝိဇ္ဇာ'တည်းဟူသော အသိပညာကိုပါ ပေးစွမ်း နိုင်ရမည်။ ဆိုလိုသည်မှာ ဘွဲ့၊ ဒီဂရီ လက်မှတ်ရအောင်
လုပ် ပေးနိုင်မှ ကျောင်းမဟုတ်ပါ။ ဘွဲ့ဒီဂရီ ရနိုင်လောက်သော အ ရည်အချင်း မရှိသူများအားလည်း
'အသက်မွေးဝမ်းကျောင်း'ပြု လုပ်ရာတွင် အသုံးဝင်မည့် အသိပညာ၊ အတွေးအခေါ်များ၊ အ ခြေခံ
တတ်သိရမည့် စာပေ၊ ဗဟုသုတ၊ ဝန်းကျင်အသိ၊ သချင်္ာ နှင့် သိပ္ပံ စသည်တို့၏ အခြေခံပညာများကို
သင်ပေးလျှင်ပဲ အ ခြေခံပညာစာသင်ကျောင်းဟု ခေါ်တွင်ကြသည်။
.
အစစ် ကျောင်းနှင့်
အဖြစ် ကျောင်း
signboard (ဆိုင်းဘုတ်)ပေါ်တွင်
'ကျောင်း'ဆိုသော စ ကားလုံး ပါဝင်ပြီး၊ လာရောက်၍ ပညာဆည်းပူးလေ့လာသူများ ကို တကယ့် သိသင့်သိအပ်သော
အသိပညာ၊ အတတ်ပညာများ ကို သင်ကြားပေးနိုင်ရန် လိုအပ်သည်။ လာရောက် ပညာသင် ကြားသော ကျောင်းသား၊
ကျောင်းသူများကို စာပေနှင့်တကွ ဘက်စုံ၊ ကဏ္ဍစုံ တိုးတက်ဖွံ့ဖြိုးအောင် လေ့ကျင့်ပြုစုပျိုးထောင်
နိုင်ခြင်း မရှိဘဲ၊ ဆိုင်းဘုတ်ပေါ်တွင်သာ 'ကျောင်း' စကားလုံးပါ ရုံဖြစ်နေလျှင် 'ကျောင်းအစစ်'
မဟုတ်တော့ပေ။ 'ကျောင်းအဖြစ်' ရုပ်ဝတ္ထုသာ ရှိသော 'အဖြစ်ကျောင်း'သာလျှင် ဖြစ်နေပါမည်။
.
ယနေ့ မြန်မာ့ပညာရေးမှာ
အလွန်အင်မတန်ကိုပင် လျော့ ရိလျော့ရဲနိုင်လှသည်။ မူဝါဒလျော့ရဲမှု၏ နောက်ဆက်တွဲအဖြစ်
ကျောင်းသားကျောင်းသူများ၏ ပညာကို လိုချင်သော အာသိ သ ရမ္မက် အားနည်းလာကြသည်။ ပညာ၏ တန်ဖိုးကို
စာရွက် ပေါ်မှ ဘွဲ့၊ ဒီဂရီနှင့် တိုင်းတာခြင်း၊ စာရင်းဇယားထဲမှ အချက် အလက်များနှင့်
အကဲဖြတ်ခြင်းဆိုသော ပညာရေး၏ မူဝါဒအရ ကျောင်းသားကျောင်းသူများကလည်း ဘွဲ့လက်မှတ် ရရှိရေး၊
certificate လက်ဝယ်ရရှိရေးကို ရှေ့တန်းတင် လုံးပန်းကြတော့ သည်။ ထိုနည်းတူစွာပင် ဆရာ၊
ဆရာမများကလည်း စာသင် ကြားရေးထက် စာရင်းဇယားအတွင်း အချက်အလက်များကို ဖြည့်စွက်ခြင်း၊
စုဆောင်းရေးမှတ် အကဲဖြတ်နေရခြင်းဖြင့်သာ အချိန်တချို့တစ်ဝက် ကုန်သွားကြရသည်။
.
ဆာယာ၊ ဆရာ၊
Teacher
'ဆရာ'ဆိုသည်မှာ စေတနာ၊
ဝါသနာ၊ အနစ်နာ ဟူသော နာ (၃)နာ ရှိရမည်။ အဓိက အကျဆုံးမှာ ဝါသနာပင် ဖြစ်သည်။ မိမိသည်
မိမိ၏ အလုပ်တာဝန်ကို ဝတ္တရားအရ ဆိုသည်ထက် တကယ့် စိတ်စေတနာနှင့် အလုပ်လုပ်ရန် လိုသည်။
စေတနာ မမှန်ဘဲ အလုပ်လုပ်ပါက အချိန်ကုန်၊ လူပန်းနှင့် ဖြစ်နေပြီး မိမိ ၏ လုပ်ဆောင်ချက်မှာလည်း
မရောင်ရာ ဆီလူး၊ ရေပေါ်အရုပ် ရေး၊ လေပေါ် အိမ်ဆောက် ဖြစ်နေပြီး အကျိုးမဲ့၊ အချည်းနှီးသာ
လျှင် ဖြစ်နေတော့မည်။ စိတ်စေတနာ မှန်ပါက မိမိတပည့်က မိမိကို မုန်းချင်မုန်းပါစေ၊ သူတို့အနာဂတ်
ကောင်းကျိုးအတွက် ဆုံးမ ပဲ့ပြင်ပေးရပါမည်။ အမုန်းခံရမှာ ကြောက်၍ တပည့်အမှား ကို သိမြင်နေလျက်၊
မဆုံးမ၊ မပြုပြင်ပါက 'ဆရာ' မဟုတ်တော့ ပေ။ ထိုနည်းတူစွာ မိမိ၏ ရာထူးနှင့် ဂုဏ်အတွက်သာ
ရှေ့တန်း တင်၍ ပညာရေးတွင် ဆရာ၊ ဆရာမ ဝင်လုပ်နေကြခြင်းမှာ လည်း 'ဆရာ'
.
'ဆရာအစစ် ဆရာ' မဟုတ်တော့ဘဲ
'ဆရာအဖြစ် ဆရာ' သာ ဖြစ်တော့မည်။
.
"If you
like the teachers, you would like the subjects. The other way round can never
happen."
(Masatoshi
Koshiba, Japan)
.
.
"ဆရာများကို
နှစ်သက် သဘောကျလျှင် ဘာသာရပ်များ ကို နှစ်ခြိုက်သဘောကျပါလိမ့်မည်။ အပြန်အလှန်အားဖြင့်
ဘာ သာရပ်များကို နှစ်ခြိုက်သဘောကျရာမှ ဆရာကို နှစ်ခြိုက်သ ဘောကျလာခြင်းသည် မည်သည့်အခါမျှ
မဖြစ်နိုင်"ဟူ၍ ဂျပန် နိုင်ငံမှ ပညာရေးပိုင်းဆိုင်ရာ စာရေးဆရာ၊ ကျောင်းဆရာ 'မာ
ဆာတိုရှိ ကိုရှီဗာ' က ဆိုခဲ့သည်။ ဆိုလိုသည်မှာ ကလေးငယ် (ကျောင်းသား၊ ကျောင်းသူ)များ၏
ဘာသာရပ်အပေါ် စိတ်ဝင် စားမှုသည် ဆရာ၊ ဆရာမများ၏ အရည်အချင်းပေါ်တွင် များစွာ မူတည်နေသည်။
.
မည်သည့်ဘာသာရပ်မဆို
သင်ပြမည့် ဆရာက အရည်အ ချင်း ပြည့်ဝမှသာ တပည့်တို့က ကောင်းစွာ လက်ခံလာမည်။ ဆရာက ဘာသာရပ်
ကျွမ်းကျင်မှု မရှိဘဲ သင်ပြနေပါက ကလေး များလည်း နားလည်သဘောပေါက်မှု မရှိတော့။ ဆရာ၏
သင် ကြားမှု၊ တပည့်တို့၏ သင်ယူမှုမှာ အလုပ်မဖြစ်တော့ပေ။
.
"ဆရာဆိုတာ ထာဝရ
ကျောင်းသားကွ။ ကိုယ်က သူများ ကို ပေးချင်ရင် ကိုယ့်မှာရှိအောင် အရင်လုပ်ရတယ်။ စာဖတ်မ
ပျင်းနဲ့။ ကိုယ်ကိုယ်တိုင်က အစဉ်လေ့လာ သင်ယူနေမှ ဆရာ လို့ ခေါ်နိုင်တယ်" ဟူသော
ကျေးဇူးရှင် ဆရာကြီးများ၏ ဆုံးမ သြဝါဒကို နှစ်သက်မိသည်။ ကိုယ့်မှာမှ အရည်အချင်း မရှိဘဲ
သူများ(တပည့်များ)ကို ဘာများပေးနိုင်ပါမည်နည်း။ ဆရာစစ်၊ ဆရာမှန် ဖြစ်ပါက စာဖတ်ခြင်း
ဝါသနာ ရှိရမည်ဖြစ်ပြီး တပည့် များကိုလည်း အသိပညာ၊ အတတ်ပညာ တိုးပွားစေမည့် စာ ဖတ်ခြင်း
အလေ့အကျင့်ကို ပြုစုပျိုးထောင်ပေးရမည်။ မိမိကိုယ် တိုင်က ရှေ့ဆောင်လမ်းပြ စာဖတ်ပြရန်လည်း
အရေးကြီးပါ သည်။ အချို့သော ဆရာ၊ ဆရာမများက ကိုယ်တိုင်လည်း စာ မဖတ်ဘဲ တပည့်တွေကိုသာလျှင်
'စာဖတ်တာ ကောင်းတယ် ကွယ့်' ဆိုရုံမျှနှင့် တာဝန်မကျေပါ။
.
'အတတ်လည်း သင်၊ ပဲ့ပြင်ဆုံးမ
သိပ္ပမချန်၊ ဘေးရန်ဆီးကာ
သင့်ရာအပ်ပို့၊ ဆရာတို့
ကျင့်ဖို့ ဝတ်ငါးဖြာ'
ဟူသော သိင်္ဂါလောဝါဒသုတ်လာ ဆရာ ကျင့်ဝတ် ငါးပါးရှိ ပါသည်။ တပည့်၏ အမှားကို ပြုပြင်ပေး၍
အ မှန်သိလာအောင် သွန်သင်ဆုံးမ ရပေလိမ့်မည်။ သို့မဟုတ်ပါဘဲ ပြောဆို၍ မကောင်းခြင်း၊ မိမိနှင့်
ပနံမသင့်ခြင်းသော စိတ်စေတ နာမဲ့ ဆရာ၊ ဆရာမ ဖြစ်နေပါက မိမိအလုပ်အပေါ် တာဝန်မကျေ သောသူ
ဖြစ်နေပါလိမ့်မည်။ နားလည်မှု မရှိသော မိဘအုပ်ထိန်း သူများကို ဦးဏှောက်ထဲ ထည့်သွင်း၍
သူတို့ကိုပါ နားလည် အောင် ရှင်းပြပါက မိမိ၏ စိတ်စေတနာမှန်ကို သိရှိသွားပါလိမ့် မည်။
စေတနာမှန်ပါက 'ကိုယ်ပြုသည့်ကံ၊ ပဲ့တင်သံ၊ ကိုယ့်ထံ ပြန်လာမည်' ဆိုသည်က သက်သေပြပါလိမ့်မည်။
စေတနာ၊ ဝါသနာ အရင်းခံ၍ အနစ်နာခံပါက ဆရာစစ်၊ ဆရာမှန်အဖြစ် အားလုံးက လက်ခံလာပါလိမ့်မည်။
.
'နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း
ဝမ်းတွင်မသို၊ ဟုတ်တိုင်းဆို၍
ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ
ဆရာဟူလော့' ဟူသော
မဃဒေဝ လင်္ကာမှ ကောက်နုတ် ချက်ကို ဆရာ၊ ဆရာမများ မမေ့သင့်ဘဲ အမြဲလက်ကိုင်ထားရ မည်။
.
'ကလေးကို ဆိုဆုံးမ
အပြစ်ပြောနေပါက ကလေးစိတ်အား ငယ်ပြီး၊ စိတ်ဒဏ်ရာ ရနိုင်သည်'ဟူသော စကားသည် ကလေး အမျိုးအစားနှင့်
ကလေးကျင်လည်ရာ ပတ်ဝန်းကျင်ပေါ် မူတည် သည်။ 'ပေါက်ပင်ဘာကြောင့် ကိုင်းရသလဲ'ကို ဆင်ခြင်သုံးသပ်
ရပါမည်။ ဤသည်ကို ဆရာ၊ ဆရာမများ သာမက မိဘအုပ်ထိန်း သူတို့ ကိုယ်တိုင် ကလေးကို နားလည်အောင်၊
မိမိကလည်း ကလေးနှင့် နားလည်မှုရအောင် အပြန်အလှန် နားလည်မှု (Mutual Understanding)
ကို မွေးမြူရပေမည်။ ဆရာ၊ ဆရာမ များနှင့် မိဘအုပ်ထိန်းသူများ၏ ကျောင်းသားလူငယ်၊ အသိမ
ကြွယ်သေးသူများကို 'အရိပ်' 'ဆာယာ'ပေးရမည့်သူများ ဖြစ်ပါ သည်။ မိဘသည် 'လက်ဦးဆရာ၊ မည်ထိုက်စွာ၊
ပုဗ္ဗာစရိယ မိ နှင့် ဖ' ဟု ဆိုရမည့် 'ပုဗ္ဗာစရိယ = ပထမ ဆာရာ' ဖြစ်ပြီး၊ ဆရာ သည် ' ဝိဇ္ဇာသိပ္ပ
ဆာရာ= တတ်သိစေမည့် ဆရာ' ဖြစ်ကြပါ သည်။
.
ဘွဲ့၊ ဒီဂရီနှင့်
ဆုံးဖြတ်နေသော မူဝါဒအမှား
'ဆရာ'ဟူသည်မှာ တတ်နေရုံမျှနှင့်
မပြီးပါ။ အချို့မှာ ခေတ် စနစ်၏ လွဲမှားမှုနှင့် ရလာသော ဘွဲ့လက်မှတ်နှင့် အလုပ်လုပ်
နေကြသည်။ တပည့်သားသမီးတွေကို တတ်သိစေချင်သော ဆရာ၊ ဆရာမ မှန်လျှင် တကယ် တတ်၍ ရခဲ့သည့်
ဘွဲ့၊ ဒီဂရီ၊ certificate အပြင် သင်ကြားမှု အနုပညာ (ဝိဇ္ဇာပညာ)ကိုပါ တတ်သိရပေလိမ့်မည်။
ဆရာဟူသော 'Teacher'တွင် ဒုတိယ စကားလုံး 'e' မှာ 'efficiencu = အချိန်တိုအတွင်း အကျိုးများ
စေသော စွမ်းရည်' ဖြစ်ပြီး ဆဋ္ဌမမြောက် စကားလုံး 'e' မှာ 'effect = သက်ရောက်မှု' ဟူသော
အဓိပ္ပါယ်ဖြစ်သည်။
.
ယနေ့ခေတ် ပညာရေးတွင်
မူဝါဒအမှားများကို ထောက်ပြ လျှင် များစွာ ရှိနေပါသည်။ အဓိက အမှားမှာ master (မဟာ) ဘွဲ့ရသူများ၊
institude ဘွဲ့ရများ (ဥပမာ- M.B.B., M.Sc, M.A ဘွဲ့ရှင်)ကို ပြင်ပဆရာဖြစ် လက်မှတ်
(Green card)ပေးခြင်း ဖြစ်သည်။ စာရေးသူသည် ပြင်ပဆရာအဖြစ် လုပ်ကိုင်ရပ်တည် နေသည်မှာ
ဆယ်စုနှစ် ၂ ခု ပြည့်ပါတော့မည်။ ဝါသနာအရ ပြင်ပဆရာ လုပ်ခဲ့ပြီး ပညာတန်ဆောင်၊
education journal တို့တွင် လေ့လာ၊ မြင်ဆရာ ကြားဆရာ များစွာကို အတုယူ မေးမြန်း၍
Education Theory (ပညာရေးသဘောတရား)၊ Education Psychology (ပညာရေး စိတ်ပညာ)၊
Education Methodology (ပညာရေး သင်ကြားမှုနည်းပညာ)တို့ကို သိရှိ နားလည် သဘောပေါက်အောင်
ကြိုးစားခဲ့ရပါသည်။ မဟာဘွဲ့ ရများ အသက်မွေးဝမ်းကျောင်း ဘွဲ့ရများသည့် မည်မျှပင်တတ်
ကျွမ်းစေကာမူ ပညာရေးဆိုင်ရာ အသိပညာများ ပြည့်စုံ၊ မပြည့်စုံကို စဉ်းစားရပေလိမ့်မည်။
စာတတ်သော်လည်း စာ သင် မတတ်သော ဘွဲ့ရ များစွာကို ပညာရေးလောကတွင် တွေ့နေရပါသည်။
မဟာဘွဲ့ ရများ အသက်မွေးဝမ်းကျောင်း ဘွဲ့ရများသည့် မည်မျှပင်တတ် ကျွမ်းစေကာမူ ပညာရေးဆိုင်ရာ အသိပညာများ ပြည့်စုံ၊ မပြည့်စုံကို စဉ်းစားရပေလိမ့်မည်။ စာတတ်သော်လည်း စာ သင် မတတ်သော ဘွဲ့ရ များစွာကို ပညာရေးလောကတွင် တွေ့နေရပါသည်။
.
ဆရာ၊ ဆရာမ ရင်းမြစ်၊
ပရဟိတစိတ်နှင့် စာဖတ်ဝါသနာ
ဆရာ၊ ဆရာမ ရင်းမြစ်မှာ
မြေအောက်မှာလည်း မဟုတ်၊ ရေထဲ လေထဲမှာလည်း မဟုတ်ပါ။ ပတ်ဝန်းကျင် စာတတ်ပုဂ္ဂိုလ် များမှ
ပရဟိတစိတ်ရှိသူ၊ စာဖတ်ဝါသနာပါသူများ ဖြစ်အောင် မွေးထုတ်ပေးနိုင်လျှင် သုံးစွဲ မကုန်သော
အရင်းအမြစ်ကြီး ဖြစ် လာပါလိမ့်မည်။ သင်တန်းတက်ရုံ၊ တက္ကသိုလ်တက်ရုံဖြင့် ရ လာသော စက္ကူပေါ်မှ
ဘွဲ့ဒီဂရီနှင့် စဉ်းစားဆုံးဖြတ် သတ်မှတ် ထားသော စာမသင်တတ်သည့် ဆရာများ၊ ပညာရေးတွင်
လုပ် ကိုင်နေသရွေ့၊ စိတ်စေတနာ မမှန်သူများ ပညာရေးတွင် လုပ် ကိုင်နေသရွေ့ ပညာရေး မူဝါဒအမှားနှင့်
လုပ်ကိုင်နေကြသရွေ့ မြန်မာ့ပညာရေး၊ မတွေးဝ့ံစရာ ဖြစ်နေပေတော့မည်တည်း။