အသိမပါ၊ တတ်ပညာနှင့် ချွေတာရေး အတွေး - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Wednesday, March 11, 2020

အသိမပါ၊ တတ်ပညာနှင့် ချွေတာရေး အတွေး

ကျော်လင်းထွန်း (ချောင်းဦး)
.
Economics (ဘောဂဗေဒ) ဆိုသည်မှာ ဂရိဘာသာစကား Ecos(အီကို့စ်)နှင့် nomy(နိုမီ)ဟူသော စကားလုံး နှစ်လုံးမှ ဆင်းသက်လာပါသည်။ 'အီကို့စ်' ဆိုသည်မှာ မြန်မာလို 'မိသား စု'ဖြစ်ပြီး၊ 'နိုမီ' မှာ 'ချွေတာရေး' ဖြစ်ပါတယ်။ ဆိုလိုသည်မှာ 'မိ သားစုချွေတာရေး'မှ တစ်ဆင့် တစ်ဦးချင်းစီ ချွေတာရေး ထိုမှ သည် တစ်နိုင်ငံလုံး၏ ချွေတာရေး၊ လူ့အသိုင်းအဝိုင်းကြီး တစ် ခုလုံး၏ ချွေတာရေးဖြစ်ပါသည်။ မည်သည့်အရာများကို ချွေ တာရမည်နည်း။ အသုံးစရိတ်ငွေကို ချွေတာရမည်လား။ မဟုတ် ပါ။ Eco ဟူ၍ အလွယ်တကူ ခေါ်နေကြပြီး၊ စီးပွားရေးပညာဟု နားလည်နေကြသော ဘောဂဗေဒမှာ ဤမျှသာမဟုတ်ပါ။ အ များအထင်ဖြစ်သော စီးပွားရေးရှာ၊ 'ပိုက်ဆံရှာ'သော ဘာသာ ရပ်မဟုတ်ပါ။ ငွေရှာနည်း နိဿရည်း လုံးဝမပါသော ဘာသာ ရပ်ဖြစ်ပါ၏။
.
ဤတွင် 'ချွေတာရေး'ဟု ဆိုရာ၌ မည်သည့်အရာများကို ချွေတာရမည်နည်း။ ပိုက်ဆံချွေတာဖို့၊ ငွေ ချွေတာဖို့ မဟုတ်ဟု ဆိုရာလျှင် ဘာများချွေတာရမည်နည်းဟူ၍ စဉ်းစားရန် လိုလာ ပါသည်။ အမှန်မှာ ချွေတာရန် မဟုတ်ပါ။ အလေအလွင့် မရှိစေ ရန် စီမံခန့်ခွဲ သုံးစွဲရန်သာ ဖြစ်သည်။ ဆိုကြပါစို့။ ငွေကို အလေ အလွင့် မရှိရအောင် စိစစ်ချွေတာပြီး ဟိုဟာအတွက်၊ ဒီဟာအ တွက် ချန်ထားရမည်။ ပြောရလျှင် လွယ်လွယ်သုံးပစ်လိုက်မျိုး မဟုတ်ဘဲ ချင့်ချိန်ချွေတာ သုံးစွဲခြင်းမျိုးဖြစ်သည်။ အင်အားစု များ၊ စွမ်းအားစုများကို စနစ်တကျ စီမံခန့်ခွဲ အသုံးပြုခြင်း၊ ခွဲဝေ ခြင်းများကို Economics (ဘောဂဗေဒ) ဘာသာရပ်တွင် ချွေ တာရေးဟု ခေါ်ခြင်းဖြစ်သည်။ ဤတွင် ထပ်မံစဉ်းစားရမည်။ အင်အားစုများမှာ အဘယ်နည်း။ အဖြေမှာ ဘာသာရပ်အနေဖြင့် မြေယာ၊ လုပ်အား၊ အရင်းအနှီးဖြစ်ပြီး၊ သာမန်အပေါ်ယံမျှဖြင့် သိရမည့် အင်အားစုများမှာ သဘာဝအင်အားစု၊ လူတို့၏ ကာ ယနှင့် ဉာဏအင်အားစုနှင့် လူသားများ ဖန်တီးထားသော အရာ ဝတ္ထုအင်အားစုဟူ၍ ၃ မျိုး ၃ စား ရှိပါသည်။
.
ပထမဦးစွာ သဘာဝအင်အားစု (မြေယာနှင့် ဆက်စပ်သော မြစ်၊ ချောင်း၊ အင်းအိုင်၊ ရာသီဥတု)ချွေတာရေးကို စတင်ကြပါ စို့။
.
အဓိကမှာ ပလတ်စတစ်ပြဿနာလား၊ မဟုတ်ပါ။
ထမင်းစားတူ၊ ခေါက်ဆွဲစားတူဆိုသော 'ဝါးတူ'လား၊ မဟုတ်ပါ။
ကြီးထွားဆေး၊ ပိုးသတ်ဆေး ပြဿနာလား၊ မဟုတ်ပါ။
ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ကလိုရိုဖလူရိုကာဗွန် စသည်များ ကြောင့် လေထုညစ်ညမ်းခြင်းလား၊
သစ်တောပြုန်းတီးခြင်းလား၊ မဟုတ်ပါ။
မြေအောက်ရေရှားပါးခြင်းလား၊ မဟုတ်ပါ။
.
ဤသို့ဆိုလျှင် သဘာဝအင်အားစု၊ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲခြင်း၏ အဓိကပြဿနာမှာ အဘယ်နည်း။ အဖြေက ရှင်းပါသည်။ အထက်ပါ အကြောင်းရင်းများကို ဖြစ်စေသော လူတို့၏ အသိပညာ မရှိခြင်းနှင့် သိလျက်နှင့် မလိုက်နာခြင်းက အဓိကပြဿနာပင် ဖြစ်နေပါသည်။
.
'မရှိတာထက်၊ မသိတာခက်၏။
မသိတာထက်၊ မလုပ်တာ ပိုခက်၏' ဟူ၍ ဆိုရိုးစကား ရှိပါ ၏။
.
ဖွံ့ဖြိုးဆဲတိုင်းပြည်ဖြစ်သော မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင့် တွင် ဆင်းရဲသော နိုင်ငံစာရင်းဝင် ဖြစ်ပါသည်။ ဆင်းရဲသည် ဆို ရာ၌ ငွေကြေးသာမက အသိပညာ ဆင်းရဲချို့တဲ့မှု၊ ကျန်းမာရေး အဆင့် ဆင်းရဲချို့တဲ့မှုများလည်း အကျုံးဝင်ပါသည်။ အသိပ ညာချို့တဲ့ပြီဆိုမှဖြင့် ကျန်းမာရေး၊ လူမှုဆက်ဆံရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးများမှာ မည်မျှ အန္တရာယ်ကြီးသည် ကို အားလုံး သိကြပါလိမ့်မည်။
.


.
ဘွဲ့ရ၊ ပညာတတ်သော အသိပညာမဲ့သူများမှာလည်း ပေါ လှပါ၏။ အော်ဂဲနစ် (organic)ကို နားမလည်၊ ဓာတုပစ္စည်းများ (chemicals)ကိုသာ အားကိုးနေကြသော အတတ်ပညာရှင်များ မှာ တစ်တိုင်းပြည်လုံး ပေါမှပေါပင် ဖြစ်သည်။ တက္ကသိုလ် ကျောင်းသားကျောင်းသူများကလည်း ဂျယ်လီတို့၊ ဟော့ပေါ့ (တကယ်တော့ ဟော့ပေါ့ အမှန်အကန် မဟုတ်သော အိမ်နီး ချင်းနိုင်ငံဖြစ် အသားတုအချောင်း)တို့၊ ပင်လယ်စာတို့၊ che-mical အချိုရည်ဘူးတို့ကို လူမြင်ကွင်းတွင် ပေါ်တင်သောက်ရ သည်များကိုပင် ခေတ်မီသယောင် ထင်နေကြ၏။ 'မလှတာ ရွာ လည်ပြ' နေကြသည့် မိမိတို့၏ ဘဝ၊ အဖြစ်မှန်ကိုပင် မမြင်ကြ ရှာလေသော အသိမပါ တတ်ပညာရှင်ကြီးများ ဖြစ်နေသည်ကို ဂရုမစိုက်မိကြပါ။
.

တတ်ရုံသာတတ်ပြီး မသိကြသူများ ရှိသကဲ့သို့ တတ်လည်း တတ်၊ သိလည်းသိပြီး မလိုက်နာကြသူများ ရှိသေးသည်။ ကုန်း ဘောင်ခေတ် ဘိုးတော်ဘုရား သူငယ်ချင်းဖြစ်သော ဦးပေါ်ဦး ကြီးပြောသည်။ လောက အခက်ဆုံးလူသား 'မသိတာထက် မ လုပ်တာက ပိုခက်သည်။' ဆိုသော လူအမျိုးအစားပင် ဖြစ်သည်။ တတ်လည်းတတ်၊ သိလည်းသိပြီး လက်တွေ့မလိုက်နာသော သူ၊ မလုပ်သောသူများကို ဆိုလိုပါ၏။ တကယ်စဉ်းစားကြည့် လျှင် တကယ်မသိ၍ အသိတရား မရှိ၍ (သို့မဟုတ်) မပြည့်၍ သာ မလိုက်နာနိုင်၊ မလုပ်နိုင်ကြသည်ဟု ဆိုရပေမည်။
.
သဘာဝအင်အားစု ချွေတာရေးမှ ကြွပ်ကြွပ်အိတ်၊ ပလတ် စတစ်နှင့် လောင်စာဆီ၏ ဆိုးကျိုးများကို မသိသောသူထက် သိသိလျက်နှင့် သုံးစွဲနေကြသော သူက များသည်။ ဆိုတော့ သိလျက်နှင့် မလုပ်တာထက် အသိစိတ်မပြည့်စုံ၍ (သို့မဟုတ်) မသိ၍သာ မလိုက်နာသည်ဟု ဆိုရပေမည်။ ထိုနည်းတူစွာပင် လျှင် ကျန်းမာရေးကို ဆိုးကျိုးပေးသည့် ဝေဖာဘူးခွံ၊ chemicals အချိုမှုန့်များ၊ အိမ်နီးချင်းနိုင်ငံမှ မုန့်အများစု၊ ပြည်တွင်းဖြစ် instant နှင့် ready made များ စသည်တို့ကို လက်တစ်ကမ်း စျေးကွက်တွင် တွေ့နေရသည်မှာ အသိပညာ ကင်းမဲ့သူများ ဝယ်နေကြ၍၊ အသိပညာမဲ့သူများ ရောင်းနေကြခြင်းသာ ဖြစ် သည်။ အမြတ်အစွန်း ရလိုစိတ်ဖြင့် 'ဘယ်သူသေသေ ငတေမာ ပြီးရော' ဆိုသည့် စိတ်ရှိလျှင် ကောင်းဆိုးနှစ်တန် မသိသော၊ စီးပွားတွက် အတတ်ပညာသာရှိပြီး လူ့အသိ၊ ဘဝအသိမရှိသူ များပင် ဖြစ်ပါသည်။
.
ယနေ့ခေတ် လူအများစုသည် တစ်ခါသုံးများကို ဦးစားပေး လွန်းနေကြသည်။ ကြွပ်ကြွပ်အိတ်များ၊ ရေသန့်ဘူး၊ အချိုရည် ခွံများ၊ ဖော့ဘူးခွံများ၊ ပလတ်စတစ် လက်အိတ်များ၊ တစ်ရှူး စက္ကူများ၊ ဝါးတူများကို လွန်စွာ အသုံးပြုပြီး သဘာဝပတ်ဝန်း ကျင်နှင့်တကွ မိမိတို့၏ နောင်လာနောက်သား မျိုးဆက်သစ်များ ၏ မကောင်းကျင့်နှင့် တစ်ကိုယ်ကောင်းဆန်ခြင်း၊ အသိစိတ် အားနည်းခြင်းများကို လေ့ကျင့်မွေးမြူပေးကြသည်။ ကြွပ်ကြွပ် အိတ်၊ ပလတ်စတစ် ဘူးခွံများကို Recycle, Reuse, Reduce ကြရမည့် အသိတရားကို မလေ့ကျင့်၊ မပျိုးထောင်ကြမက၊ ခေတ်ပညာတတ်ကြီးလိုလို၊ ခေတ်မီမီတွေလိုလိုများကိုယ်တိုင် ကပင် ကလေးသူငယ်များရှေ့တွင် လွယ်လင့်တကူ သုံးကြ၊ စွန့်ပစ်ကြနှင့် လောကအလှ၊ သဘာဝပတ်းဝန်းကျင်၊ လူမှုရေး၊ mindset များကို ဖျက်စီးနေကြသည်။ ချွေတာမှု၊ စီမံခန့်ခွဲမှုကို လေ့ကျင့်ပျိုးထောင်ပေးကြရန် မေ့လျော့နေကြသည်။
.
တစ်ခါသုံးများ၊ အသင့်သုံးများ၊ သဘာဝလွန်သုံးစွဲနည်းများ ထွန်းကားလာလေလေ၊ လူများ၏ အကျင့်ပျက်လာလေလေ၊ စည်းကမ်းနည်းလာလေလေပင် ဖြစ်သည်။ ၎င်းတို့မှ ပေါက်ဖွား လာသော မျိုးဆက်တို့မှာလည်း ပစ္စည်းအသုံးပြုခြင်းများတွင် တန်ဖိုးထားခြင်း အားနည်းလာသည်။ နေ့စဉ်သုံး သွားတိုက်တံ၊ သွားတိုက်ဆေး၊ lunch box၊ စာအုပ်ခဲတံ၊ ပေတံ၊ ဘောလ်ပင် တို့ကို အသုံးပြုရာတွင် သေသပ်ကျနစွာ မသုံးစွဲကြတော့ဘဲ၊ စည်းမဲ့ကမ်းမဲ့ လွယ်လွယ်ရ၊ လွယ်လွယ်ပစ် ဖြစ်လာကြသည်။ ဖိနပ်၊ လွယ်အိတ်၊ အဝတ်အစားတို့ကိုလည်း တန်ဖိုးမထားကျ တော့ပေ။ စုတ်လျှင်လည်း မချုပ်ကြတော့။ ပေါက်နေလည်း မ ဖာကြတော့ပေ။ စာအုပ်စာရွက် စုတ်ပြဲနေတာကို မြင်လျက်၊ စက္ကူကပ်၊ တိပ်ခွေ ရှိနေပါလျက် မကပ်ကြ၊ မဖာကြတော့ပေ။ ချွေတာရကောင်းမှန်း မသိကြတော့။ "A stitch in time saves nine". "အချိန်မီချုပ် အစုတ်သက်သာ"တို့ကို သိသိလျက်ပင် လက်တွေ့မလိုက်နာနိုင်ကြသည်မှာ တကယ်မသိကြ၍သာ ဖြစ်ပါ၏။
.
စာရေးသူတို့ ငယ်ငယ်က ဖေဖေ့ရဲ့ စွပ်ကျယ် (မြင်းခေါင်းတံ ဆိပ်အတွင်းခံ) စုတ်ပြဲလာလျှင် ချက်ချင်း မလွှင့်ပစ်ရပါ။ ခပ် သန့်သန့်အပိုင်းမှာ ပေါင်ဒါရိုက်တို့ ပတ်ပုဝါ၊ ကျန်အပိုင်းမှာ မီး ဖိုသုံး လက်နှီးစုတ်တို့၊ ရေပေါက်ပိတ် အစို့ရှင်သုံးထိပ်ပတ်တို့ အဖြစ် သုံးရသည်။ ထိုနည်းတူစွာ မျက်နှာသုတ်ပုဝါ၊ ကိုယ်သုတ် ပုဝါစုတ်လာလျှင်လည်း မပစ်ရက်၊ မပစ်တတ်ပါ။ မီးဖိုသုံး၊ ဖုန် ခါ၊ ခုံသုတ်သုံးကြသည်။ ဧည့်သည်လာလျှင် လက်သုတ်ရန်အ တွက် တစ်သျှူးစက္ကူ အသုံးမပြုကြပါ။ လက်သုတ်ပုဝါကြမ်းကို သာ လျှော်သုံးကြသည်။ ယနေ့ခေတ်တွင် မြို့ပြ၌ နေကြပြီး ငွေ ကြေးပြည့်စုံသော်လည်း သဘာဝပတ်ဝန်းကျင်ကို ချစ်သောသူ များမှာ ဤစနစ်ကို ကျင့်သုံးနေလျက်ရှိပါသည်။ စာရေးဆရာမ ကြီး ဒေါ်သန်းမြင့်အောင်၊ ဂျူး၊ ဆရာကိုတာ၊ အော်ပီကျယ်၊ ကို မြင့်ဇော် စသော သဘာဝပတ်ဝန်းကျင် ချစ်သူများမှာ ပလတ်စ တစ်၊ ဝါးတူ၊ တစ်ရှူးစက္ကူ သုံးစွဲမှုကို တတ်နိုင်သမျှ ရှောင်ကြဉ် ကြသည်။ ပိုက်ဆံ မရှိ၍ မဟုတ်၊ ကပ်စေးနဲ့၍ မဟုတ်ကြပါ။ သဘာဝပတ်ဝန်းကျင်အသိ၊ တန်ဖိုးအသိ ရှိသော အတတ်ပ ညာရှင်များ ဖြစ်ကြပါသည်။

စာရေးဆရာမ ကြီး ဒေါ်သန်းမြင့်အောင်၊ ဂျူး၊ ဆရာကိုတာ၊ အော်ပီကျယ်၊ ကို မြင့်ဇော် စသော သဘာဝပတ်ဝန်းကျင် ချစ်သူများမှာ ပလတ်စ တစ်၊ ဝါးတူ၊ တစ်ရှူးစက္ကူ သုံးစွဲမှုကို တတ်နိုင်သမျှ ရှောင်ကြဉ် ကြသည်။ ပိုက်ဆံ မရှိ၍ မဟုတ်၊ ကပ်စေးနဲ့၍ မဟုတ်ကြပါ။ သဘာဝပတ်ဝန်းကျင်အသိ၊ တန်ဖိုးအသိ ရှိသော အတတ်ပ ညာရှင်များ ဖြစ်ကြပါသည်။

.
သတင်းတစ်ပုဒ် ဖတ်လိုက်ရသေးသည်။ အထက်တန်း ကျောင်းရှေ့ အမှိုက်ကားလာသောအခါ ကျောင်းသားကျောင်း သူများက အမှိုက်ပုံး၊ အမှိုက်အိတ်များ လာပို့ပေးပြီး၊ တာဝန်ရှိ အမှိုက်သိမ်းဆည်းဝန်ထမ်းက ကားပေါ်တင်နေပါသည်။ ဤ သည်ကို ဓာတ်ပုံရိုက်၍ ကျောင်းသားကျောင်းသူများ အမှိုက်ပစ် ခိုင်းရမလားဟု လူမှုကွန်ရက်တွင် post တင်ထားသည်။ ဆိုလို သည်မှာ ဤ post တင်သူက ကျောင်းဆိုသည်မှာ အတတ်ပ ညာ တစ်မျိုးသာ သင်ရန်ဟု ထင်နေပုံရသည်။ အသိပညာကို သင်ယူသင်ကြားမှုများကို သူကိုယ်ပင် သိဟန်မတူ။ ကျန်စစ် သား၊ ဘုရင့်နောင် စသော အသင်းများခွဲ၍ မိမိတာဝန်ကျသော နေ့နှင့် မိမိကျရာ တာဝန်ကို အသင်းသား စိတ်ဓာတ်နှင့် စည်း လုံးစွာ လုပ်ကိုင်တတ်သော (Team spirit နှင့် Team work) တို့ကို သင်ကြား၊ သင်ယူ လေ့ကျင့်ပျိုးထောင်ရမည်။ ကိုယ်ကျိုး အတ္တထက် အများအကျိုးကို ရှေ့တန်းတင်တတ်ရမည်။ လိုအပ် မှသာ သုံးရမည်ဆိုသော ချွေတာရေးအသိ၊ စည်းကမ်းများကို ကျောင်းသားကျောင်းသူများကို သင်ကြားလေ့ကျင့်မှသာ အသိ ပညာပါသော အတတ်ပညာရှင်များ ဖြစ်လာပါမည်။ သူတို့လေး တွေ၏ အနာဂတ်နှင့် လောကသဘာဝ လှပမှုကို ဖန်တီးတတ် လာပါမည်။
.
အသိပညာမရှိသော အတတ်ပညာရှင်သည် ဘာမျှမတတ် ဘဲ သိသောသူထက် အန္တရာယ်ကြီးမားလှပါသည်။ မိမိအတ္တ ကို ရှေ့တန်းတင်သော အသိမဲ့ အတတ်ပညာရှင်သည် အလွန် ကြောက်မက်ဖွယ် ကောင်းပါသည်။ လူ့ဘောင်လောကကို ဒုက္ခ ပေး ဖျက်ဆီးမည့်သူများ၊ ဖျက်ဆီးနေသူများသည် အသိမပါ သော တတ်ပညာ ဦးစားပေးသူများ ဖြစ်သည်။ သို့ဖြစ်ပါ၍ လောကကမ္ဘာ သာယာလှပါစေဖို့နှင့် သဘာဝပတ်ဝန်းကျင်ကြီး ရေရှည်တည်တံ့စေဖို့ စွမ်းအင်များ၊ အားဖြည့်လောင်စာများ၊ သ ဘာဝဝန်းကျင်ဖျက် အရာဝတ္ထုများကို ချွေတာသုံးစွဲသော အသိ ဖြန့်ဝေကြစေလိုကြောင်း နှိုးဆော်တိုက်တွန်းလိုက်ရပါသည်။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)