ရပ်စောက်-ရွှေညောင်လမ်းပိုင်းတွင် လမ်းအသုံးပြုခ ကောက်ခံနေသည့် BOT ကုမ္ပဏီအနေဖြင့် လမ်းပိုင်းအား ကောင်းမွန်အောင် ဆောင်ရွက် ပေးစေလိုဟု ဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရပ်စောက်-ရွှေညောင်လမ်းပိုင်းတွင် လမ်းအသုံးပြုခ ကောက်ခံနေသည့် BOT ကုမ္ပဏီအနေဖြင့် လမ်းပိုင်းအား ကောင်းမွန်အောင် ဆောင်ရွက် ပေးစေလိုဟု ဆို

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်-ရွှေ ညောင်လမ်းပိုင်းတွင် BOT စနစ်ဖြင့် လမ်းအသုံးပြုခ ကောက်ခံနေသည့် စိုးလွင်အောင် ကုမ္ပဏီအနေဖြင့် လမ်းပိုင်းအား ကောင်းမွန်စွာ ပြုပြင် ဆောင်ရွက်ပေးစေလိုသည်ဟု အ ဆိုပါ လမ်းပိုင်းတွင် ဖြတ်သန်းသွား လာနေသူများက ပြောဆိုလျက်ရှိ သည်။
.
“တခြားလမ်းတွေဆိုရင် အရမ်း ကောင်းတယ်။ ပေးရတာလည်း တန် တယ်။ ဒီလမ်းက မကောင်းဘူး။ လမ်းကြေးကတော့ သူများနဲ့ အတူ တူပဲ ပေးရတယ်။ ဒါကိုလည်း သက် ဆိုင်ရာတွေက ပြောသင့်တယ်။ ကောက်တဲ့ ပိုက်ဆံကို ပေးတယ်။ သွားတဲ့လမ်းကို လည်းကောင်း အောင်တော့ လုပ်ပေးသင့်တာပေါ့” ဟု ယင်းလမ်းပိုင်းအား အသုံးပြုသွား လာနေသူ တစ်ဦးက ဝေဖန်ပြောဆို ခဲ့သည်။
.
အဆိုပါ ရပ်စောက်-ရွှေညောင် လမ်းပိုင်းသည် ၃၆ မိုင်ရှိပြီး စိုးလွင် အောင်ကုမ္ပဏီသည် BOT စနစ်ဖြင့် ၂၀၁၁ ခုနှစ်မှ စတင်၍ လုပ်ကိုင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိ ရသည်။
.


.
“ကျွန်တော့်အနေနဲ့ တခြား လမ်းတွေလည်း ဖြတ်သွားဖူးတယ်။ ဒီလမ်းကတော့ တော်တော် လိုအပ် ချက် ရှိပါသေးတယ်။ တောင်ကြီးနဲ့ ရပ်စောက်ဆိုရင် အသွားအပြန် ၅၀၀ ကျပ် ပေးရတယ်။” ဟု ရပ်စောက်မြို့ နေသူ တစ်ဦးက ပြောသည်။
.

စိုးလွင်အောင် ဆောက်လုပ်ရေး ကုမ္ပဏီမှ ရပ်စောက်-ရွှေညောင်လမ်း ပိုင်း (၃၆/၀)မိုင်အတွင်း ရပ်စောက် မြို့အထွက် အုတ်ကျင်း ကျေးရွာအ နီးရှိ တိုးဂိတ်တစ်ခု၊ ရွှေညောင်မှ ရပ် စောက်မြို့အထွက် ဟက်ကယ်ကျေး ရွာအနီး မောင်းတံဂိတ်တစ်ခု၊ စုစု ပေါင်း ဂိတ် ၂ ခုဖြင့် လမ်းအသုံးပြု ခများ ကောက်ခံခဲ့ကြောင်း သိရ သည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ စိုးလွင်အောင်ကုမ္ပဏီမှ တာဝန်ရှိသူ ဦးစိုးလွင်အား ကမ္ဘောဇတိုင်းမှ ဆက် သွယ် မေးမြန်းရာ “ ဒီလမ်းက စ ရောက်ရောက်ချင်း ကတည်းက ဒီ ထက်ကို ၁၀ ဆ ဆိုးတယ်လို့ ပြော ချင်တယ်။ စိုးလွင်အောင် ကုမ္ပဏီ မဖြစ်ခင် ဒီလမ်းက ဆိုးနေတယ်။ လမ်းတွေကို အမြဲတမ်း ပြုပြင်ထိန်း သိမ်းနေတယ်။ လမ်းတွေ မကောင်း ဘူးပြောတဲ့ သူတွေကပဲ ဒီဂိတ်ကြေး ကို မပေးချင်လို့ ပြောနေကြတာ”ဟု ပြန်လည် ပြောဆိုခဲ့သည်။
.
စိုးလွင်အောင် ကုမ္ပဏီသည် ပြီး ခဲ့သည့်နှစ်အတွင်း အစိုးရမှ သတ် မှတ်ထားသော ရက်တွင် လုပ်ငန်း ပြီးစီးရမည်ဖြစ်သော်လည်း လုပ်ငန်း မပြီးစီးသဖြင့် ဂိတ်အား ပိတ်သိမ်း ရန် အစိုးရမှ ညွှန်ကြားချက် ထုတ် ပြန်ခြင်း ခံခဲ့ရသည့် ကုမ္ပဏီတစ်ခု ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats