.
မြန်မာနိုင်ငံ အတွင်းမှာ COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းစဉ်တွေ ထိရောက်စွာ ဆောင်ရွက် နိုင်ဖို့အတွက် ကျပ်သိန်း ၁၄၀၀၀ ကျော် တန်ဖိုးရှိတဲ့ ဆေးရုံသုံး ပစ္စည်းတွေနဲ့ လူ့ အသုံးအဆောင် ပစ္စည်းတွေကို နေရာဒေသ အသီးသီးအတွက် ကမ္ဘောဇဘဏ်က လှူဒါန်းခဲ့တာလည်း ဖြစ်ပါတယ်။
.
ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်က သက်ဆိုင်ရာ ပြည်သူ့ဆေးရုံ အသီးသီးမှာ ရှိတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ အပြင် သံသယနဲ့ ကူးစက်ခံရတဲ့ လူနာတွေအတွက် ကနဦး မတည်ငွေ ကျပ်သိန်း ၁၀၀၀ ကို ကမ္ဘောဇဘဏ်အနေနဲ့ KBZ MS General Insurance နဲ့ အတူ စတင် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
.
ကျပ်သိန်း ၂၀၀၀ ကျော် တန်ဖိုးရှိတဲ့ ဆေးရုံသုံး နှာခေါင်းစည်း ခုရေ ၄ သိန်းအပြင် ပြည်တွင်း ဈေးကွက်မှာ ပစ္စည်းတွေ ရှားပါး ပြတ်လပ်မှု မရှိစေဖို့အတွက် ဥရောပ အရည်အသွေးမီ ဆေးရုံသုံး ပစ္စည်းတွေ ဖြစ်တဲ့ ခေါင်းစွပ်၊ မျက်မှန်၊ နှာခေါင်းစီး၊ လက်အိပ်တွေ အပြည့်အစုံ ပါဝင်တဲ့ CE Standard PPE ဝတ်စုံ ၂၁၀၀၀ နဲ့ ၅၀၀ မီလီ ပါဝင်တဲ့ Hand Gel ဘူး ၁ သောင်းတို့ကို ကမ္ဘောဇဘဏ်က တရုတ်နိုင်ငံကနေ တိုက်ရိုက် ဝယ်ယူထားပြီး အမြန်ဆုံး လှူဒါန်းသွားဖို့ စီစဉ်နေပါတယ်။
.
COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ် ရေးလုပ်ငန်းစဉ်တွေကို ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ အတွက် ကမ္ဘောဇဘဏ်ဟာ လက်ရှိအချိန်ထိ ကျပ်သိန်း ၁၄၀၀၀ ကျော် လှူဒါန်ထားပြီး ဆက်လက်၍လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနဲ့ အတူ တစ်နိုင်ငံလုံးမှာ လိုအပ်တဲ့အချိန်၊ လိုအပ်တဲ့ နေရာတွေကို ပူးပေါင်းပါဝင် လှူဒါန်း သွားဖို့ စီစဉ်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။