.
အများစုကတော့ အောင်မြင်ပြီးသား
Cele တွေဆိုရင် အား ပေးချင်ကြတယ်။ ကျွန်တော်တို့ လူသစ်တန်းတွေ တော်တော် များများဆိုရင်
cele တွေလောက် အထင်မကြီးဘူး။ ကျွန်တော် တို့ကိုလည်း နားထောင်ပေးကြည့်ပါဦးလို့ ဆိုလာတာကတော့
တောင်ကြီးသား တေးသံရှင် ၅ ဦးနဲ့ ဖွဲ့စည်းထားတဲ့ 5 Spaces အဖွဲ့ပဲ ဖြစ်ပါတယ်။
.
5 Spaces အဖွဲ့အနေနဲ့
လတ်တလောမှာ ရောက်ရာ ပေါက်ရာ ရွှေမျက်နှာဆိုတဲ့ Grooup Album တစ်ချပ်ကို ထုတ် ဝေထားပါတယ်။
ဒါကြောင့် 5 Spaces အဖွဲ့ရဲ့ ရောက်ရာပေါက် ရာ ရွှေမျက်နှာက ဘယ်လိုလဲဆိုတာကို တွေ့ဆုံမေးမြန်းခဲ့ပါ
တယ်။
.
ကမ္ဘောဇတိုင်း။ အရင်ဆုံး 5 Spaces အဖွဲ့က အနုပညာရှင် တွေ ရဲ့
တစ်ဦးချင်း နာမည်အရင်းနဲ့ အနုပညာနာမည်တွေကို မိတ်ဆက်ပေးပါဦး။
ဇေတူး။ ကျွန်တော်ကတော့ ဇေတူးပါ။ နာမည်အရင်းက တော့ ဇေယျာမင်းထွန်းပါ။
ကိုရဲ။ အနုပညာနာမည်ကတော့ ကိုရဲပါ။ နာမည်အရင်း ကတော့ ရဲစိုးအောင်ပါ။
A ဖြိုး။ ကျွန်တော်က A ဖြိုးပါ။ နာမည်အရင်းက အောင်ခိုင် ဖြိုးပါ။
စျာန်မင်းသာ။ ကျွန်တော်က စျာန်မင်းသာပါ။ နာမည်အရင်း က ဝင့်နိုင်ဦးပါ။
ကိုထက်။ ကျွန်တော်ကတော့ အနုပညာနာမည်ရော၊ နာမည်
အရင်းရော ကိုထက်ပါပဲ။
.
ကမ္ဘောဇတိုင်း။ ချစ်နေရုံလေးပဲဆိုတဲ့ သီချင်းကို ဘယ်သူက သီဆိုထားပြီး၊
ဘယ်သူက ရေးပေးထားတာလဲ။
5 Spaces။ အဲသီချင်းကိုတော့ ကိုထက်က သီဆိုထား
တာပါ။ ရေးပေးတာကတော့ ညအောင်က ရေးပေးထားပါ တယ်။ ဒီသီချင်းလေးနဲ့ ပတ်သက်ပြီး ခံစားချက်ရှိပါတယ်။
ဒီသီ ချင်းလေးကို တောင်းထားတာကလည်း တစ်နှစ်ကျော်လောက် ရှိပါပြီ။
.
ကမ္ဘောဇတိုင်း။ ကြိုတင်အသည်းကွဲခြင်းသီချင်းကိုရော ဘယ် သူက ရေးပေးထားပြီး
ဘယ်သူက သီဆိုထားတာပါလဲ။
5 Spaces။ ဒီသီချင်းကိုတော့ ကိုဇေတူးက ရေးပေးထား
ပြီးတော့ ကိုရဲက သီဆိုထားတာ ဖြစ်ပါတယ်။ အဲဒီ သီချင်းစာ သားလေးကို အရမ်းသဘောကျတယ်။
.
ကမ္ဘောဇတိုင်း။ တောင်ပေါ်အလှဆိုတဲ့ သီချင်းကို ဘယ်သူ က သီဆိုထားလဲ။
နောက်တောင်ပေါ်နဲ့ ပတ်သက်ပြီး ဘယ်လို တွေ စိတ်ကူးပြီး ရေးထားလဲဆိုတာ ပြောပြပါဦး။
5 Spaces။ ဒီသီချင်းကို ၂၀၁၇ ခုနှစ်မှာ ရေးဖြစ်တယ်။
ရေးတုန်းကတော့ တန်ဆောင်တိုင်ပြိုင်ပွဲဝင်ဖို့ ရေးလိုက်တယ်။ ဒါပေမဲ့ အဲဒီသီချင်းနဲ့
မဝင်ဖြစ်ဘူး။ တခြားသီချင်းပဲ ရှာမယ်ပေါ့။ စာသားလေးတွေ နည်းနည်းပြင်ပြီးတော့ ရှမ်းပြည်နယ်ကို
လာ လည်ဖို့ ဖိတ်ခေါ်တဲ့ သီချင်းလေး ဖြစ်တယ်။ ရှမ်းပြည်ရဲ့ တောင် ဆင်း၊တောင်တက်လမ်းတွေ၊
ဒီမှာရှိတဲ့ ထင်းရှူးပင်တွေ၊ ပန်းမျိုး စုံတွေ အဲဒါလေးတွေကို အဓိကထားပြီး ရိုးရာဓလေ့
အိုးစည် တွေနဲ့ ရှမ်းပြည်ကို လာလည်ချင်ဖို့ ဖိတ်ခေါ်တဲ့ သီချင်းလေးပါ။
.
ကမ္ဘောဇတိုင်း။ Group Song ဖြစ်ပေါ်လာပုံနဲ့ ပေးဖြစ်ပုံလေး ကို
ပြောပြပေးပါဦး။
5 Spaces။ ပထမဆုံး ဒီသီချင်းလေးကို မကြိုက်လိုက်
ပြန်တီးလိုက် အဲ့သီချင်းဆိုရင် ၂ ခါ တီးရတယ်။ ပထမ တစ် ခါက တီးပြီးတော့ ကွန်ပျူတာက ဗိုင်းရပ်စ်ကိုက်သွားရော။
အ စကနေ ပြန်တီးရတယ်။ ပြီးတော့ Group Song ဆိုတော့တစ် ယောက် ပြီးတစ်ယောက် ဆိုတယ်။ ဆိုလိုက်
ပြန်လိုက်နဲ့ အ ခက်အခဲတွေကတော့ တစ်နှစ်လောက် ကြာသွားတယ်။
.
ကမ္ဘောဇတိုင်း။ အခုလက်ရှိမှာဆို အားလုံးနီးပါး အွန်လိုင်းကို
ပဲ အသုံးများနေကြတယ်။ ဘာကြောင့် ခွေထုတ်ဖြစ်လဲ ဆိုတာ ပြောပြပါဦး။ အကျိုးအမြတ် အနေနဲ့ရော
ဘယ်လိုခံယူထားလဲ။ ဝါသနာအရ လုပ်တာလား။
5 Spaces။ အကျိုးအမြတ်အနေနဲ့ဆိုရင်တော့ ကျွန်တော်
တို့အဖွဲ့ရဲ့ သီချင်းလေးတွေကို အပုဒ်တိုင်း ပရိသတ် နားထောင် စေချင်တယ်။ အဲဒါလေးတစ်ခုပဲ
အကျိုးအမြတ် ရချင်တာပါ။ ကျန်တဲ့ ငွေရေးကြေးရေး အပိုင်းတွေ မပါဘူး။ တကယ် ဝါသနာ အရင်းအခံအနေနဲ့
လုပ်ကြတာ ဖြစ်ပါတယ်။ ဘာငွေကြေးမျက် နှာမှ မကြည့်ဘူး။ သီချင်းတွေကို နားထောင်ကြည့်ရင်တော့
ကြိုက်မယ်ထင်ပါတယ်။ ကျွန်တော်တို့ အချိန်တွေ အများကြီး ပေးပြီး လုပ်ထားတာပါ။
.
.
ကမ္ဘောဇတိုင်း။ 5 Spaces ခွေအနေနဲ့ ပရိသတ်တွေနဲ့ မိတ် ဆက်ဖူးတာတွေ
ရှိခဲ့လား။
5 Spaces။ ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်က ရန်ကုန်မှာ
စာနယ် ဇင်း မိတ်ဆက်ပွဲလေး လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ သီချင်းလေး တွေကို Joox မှာ
တင်ထားပါတယ်။ နားထောင်ချင်ရင် ခွေဝယ် ဖို့ လက်လှမ်းမမီနိုင်တဲ့ နေရာတွေကဆိုရင်
Joox မှာ ဒေါင်း လုပ်ဆွဲပြီး နားထောင်လို့ ရပါတယ်။ free download ပေးထား ပါတယ်။
.
ကမ္ဘောဇတိုင်း။ ဒီ Group ခွေလေး ထွက်ဖို့ တစ်ဦးနဲ့တစ်ဦး ဘယ်လိုမျိုးတွေ
ညှိနှိုင်းခဲ့ကြလဲ။
5 Spaces။ ကျွန်တော့်အနေနဲ့ကတော့ တစ်ဦးနဲ့
တစ်ဦး ညီအစ်ကိုတွေလို နေလာကြတယ်။ တစ်ဦးနဲ့ တစ်ဦးကလည်း ဘာကိုတော့ သုံးဖို့လိုတယ်။ မရှိရင်လည်း
သူ့ဆီကကို ယူသုံး။ ကိုယ့်ဆီကလည်း သူ ယူသုံးပေါ့။ စာရင်းဇယားတွေ လုပ် တာတော့ မရှိဘူး။
.
ကမ္ဘောဇတိုင်း။ Owntune နဲ့ Copy ကို တစ်ဦးချင်းအမြင် လေးကို
ပြောပြပေးပါဦး။
ကိုဇေတူး။ Copy ဆိုတာကတော့ သူများ ဖန်တီးထားတဲ့
အရာတစ်ခု၊ မြတ်နိုးတန်ဖိုးထားတဲ့အရာတစ်ခုကို Copy ဆိုပြီး တော့ ယူလိုက်တာပေါ့။ တကယ်တော့
အဲဒါက ခိုးယူလိုက်တဲ့ သဘောပေါ့။ သိက္ခာအရဆိုရင် မကောင်းဘူးပေါ့။ ဘယ်သူပဲ ဖြစ်ဖြစ် ကိုယ့်သီချင်းကို မြတ်နိုးတန်ဖိုး
ထားကြတာပဲ။ မလုပ် သင့်တဲ့ အရာတစ်ခုလို့ မြင်ပါတယ်။ ဒါပေမဲ့ အရင်တုန်းက ဝမ်း စာမပြည့်ခင်မှာ
ကျွန်တော်တို့ ကိုယ်တိုင်လည်း လုပ်ခဲ့ဖူးပါ တယ်။ အဲ့ချိန်ကတော့ ကြိုးစားနေတဲ့ အချိန်ပေါ့။
သူတို့ကို စံနမူနာ ယူတာပေါ့။ ဒါကတော့ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ထင် မြင်မှုပါ။
ကိုရဲ။ ဒါကတော့ တစ်ယောက်နဲ့ တစ်ယောက် မတူဘူး ပေါ့။ ဖန်တီးမှု
တစ်မျိုးစီပေါ့။ အကြိုက်တစ်မျိုးစီပေါ့။
A ဖြိုး။ ကျွန်တော်ကတော့ Owntune တွေ အဓိကထား ရေး ဖြစ် တယ်။
Copy တော့ သိပ် မရေးဖြစ်ဘူး။ ရေးဖူးတာလည်း ရှိတယ်။ စမ်းသပ် ပြီးတော့ပေါ့။ Copy တွေနဲ့
ပေါက်နေတဲ့ သီချင်းတွေလည်း အများကြီးပဲ။ ပရိတ်သတ်ကတော့ နားထောင်မှာပဲ။
စျာန်မင်းသာ။ ကျွန်တော့်အနေနဲ့ကတော့ ကိုယ်ပိုင်သံစဉ် သီချင်းတွေပဲ
ဖန်တီးစေချင်တယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကိုယ်ပိုင်သံစဉ် သီချင်း တွေပဲ ဖန်တီးပါတယ်။
ကိုထက်။ ကျွန်တော့်အနေနဲ့ကတော့ Owntune တွေ ဆိုတာ
ပိုပြီး ကောင်းတယ်လို့ ထင်ပါတယ်။
.
ကမ္ဘောဇတိုင်း။ ရောက်ရာပေါက်ရာ ရွှေမျက်နှာ တေးစီးရီ ခွေနဲ့ ပတ်
သက်ပြီး ထပ်မံဖြည့်စွက် ပြောကြားချင်တာရှိရင် ပြောပေးပါဦး။
5 Spaces။ ပရိသတ်တွေကို ကျွန်တော်တို့ 5
Spaces ရဲ့ ရောက်ရာ ပေါက်ရာ ရွှေမျက်နှာခွေကို နားထောင်ပေးကြပါဦးလို့ ပြောချင်ပါတယ်။
သီချင်းအသစ်တွေလည်း ဖန်တီးသွားပါမယ်။ ဒီခွေလေးကို နားထောင် စေချင်ပါတယ်။
.
5 Spaces အဖွဲ့ရဲ့
ရောက်ရာပေါက်ရာ ရွှေမျက်နှာ တေး အယ်လ်ဘမ်မှာ ရွှေမျက်နှာအပါအဝင် တေးသီချင်း ၁၂ ပုဒ်
ပါဝင်ပြီးတော့ တေးရေး ဇေတူး၊ A ဖြိုး၊ စျာန်မင်းသာ၊ ညအောင်၊ တမာန်တို့က ရေးဖွဲ့ထားပြီး
လှိုင်းတေးသံသွင်းကနေ တစ်ပြည်လုံးကို ဖြန့်ချိပေးထားတာဖြစ်ပါတယ်။