စုလှိုင်
.
ရှမ်းပြည်နယ်ရှိ
အင်းလေး ဖောင်တော်ဦးဘုရား အပါအဝင် အထင်ကရ ဘုရား စေတီများကို COVID-19 ကြိုတင်ကာကွယ်ရေး
အဖြစ် မတ်လ ၂၉ ရက်မှ စတင်၍ ဘုရားဖူး ခရီး သွားလာမှုများ ပိတ်သွားမည် ဖြစ်ကြောင်း သိရသည်။
.
"
ဖောင်တော်ဦး ဘုရားက ဆရာတော်ကြီးတွေနဲ့ ဂေါပက လူကြီးတွေက အစည်းအဝေး ထိုင်တယ်၊ ဒီနေ့
(မတ်လ ၂၈ ရက်)က တစ်ပေါက်ပဲ ဖွင့်တယ် မနက်ဖြန်က စပြီး လုံးလုံး ပိတ်လိုက်တော့မယ် နန်းပန်
ကျေးရွာက အလိုတော်ပေါက်ကျောင်းလည်း ပိတ်မယ်။” ဟု ရှမ်းပြည်နယ် အစိုးရ ပြောရေးဆိုခွင့်ရှိသူ
ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးညွန့်လွင်မှ ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ်
အတွင်းရှိ အထင်ကရ ဘုရားများ ဖြစ်သော ဟိုပုံးမြို့နယ်ရှိ ထန်းစမ်းလှိုဏ်ဂူ၊ ကျောက်တလုံးကြီးမြို့ရှိ
ကက္ကူဘုရားနှင့် ပင်းတယမြို့ရှိ ပင်းတယ ရွှေဥမင်လှိုဏ်ဂူ တို့ကို COVID-19 ကြိုတင်ကာကွယ်ရေး
အဖြစ် မတ်လ ၂၈ ရက်မှ စတင်၍ ပိတ် ထားခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
.
COVID-19
အတည်ပြုလူနာ ၈ ဦး အနက် လူနာအမှတ်(၈) ဖြစ်သည့် အသက် ၆၀ နှစ်အရွယ် အမျိုးသမီးနှင့်
အတူ ပါရှိလာသည့် ပြင်သစ်နိုင်ငံသားများ သွားရောက်လည်ပတ်ခဲ့သည့် ကလောမြို့ရှိ HiLL
top Villa ဟိုတယ်နှင့် ညောင်ရွှေမြို့ရှိ GIC One ဟိုတယ် နှစ်ခုနှင့် စားသောက်ဆိုင်များကို
ဆေးဖြန်းခြင်း ၊ Lock Down ပြုလုပ်ခြင်းနှင့် ဟိုတယ် ဝန်ထမ်း အားလုံးကို Hotel Quarantine
ပြုလုပ်ထားပြီး ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ပြုလုပ်ပေးနေကြောင်း သိရသည်။
.
ရှမ်းပြည်နယ်
အစိုးရအနေဖြင့့် COVID-19 အတည်ပြု လူနာနှင့်အတူ ခရီးသွားရောက်ခဲ့သည့် နိုင်ငံခြားသား
၁၁ ဦး သွားရောက်ခဲ့သော နေရာများကို ပိုးသတ်ဆေးများ ဖြန်းခြင်း ၊ Lock down လုပ်ခြင်းများ
ပြုလုပ်၍ ကျန်းမားရေး စောင့်ရှောက်မှု လုပ်ငန်းများအား အရှိန်အဟုန် မြှင့်
ဆောင်ရွက်နေလျက်ရှိပြီး ပြည်သူများအနေဖြင့် သတိရှိရှိနှင့် မိမိ၏ ပတ်ဝန်းကျင်တွင် သံသယ
ရှိသူများကို သက်ဆိုင်ရာ ရပ်ကျေးအုပ်ချူပ်ရေးမှူးမှ တစ်ဆင့် အနီးစပ်ဆုံး ဆေးရုံများသို့
အကြောင်းကြားပေးရန်အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ အထူး မေတ္တာရပ်ခံ တိုက်တွန်းထားသည်။